Main menu

Background

Sunday, 17 Jul 2011

အိန္ဒိယ ကာနာတာကာမှာ ပဲစိုက်ဧရိယာ ၅၄ ရာခိုင်နှုန်းကျော်ကျဆင်း                အိန္ဒိယနိုင်ငံ ကာနာတာကာမှာ ဇူလိုင်လ ၄ ရက်အထိ ပဲမျိုးစုံစိုက်ပြီးဧရိယာဟာ ယခင်နှစ်ကာလတူက ဟက်တာ ၆ ဒသမ ၃၈ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ၂ ဒသမ ၉၂ သိန်းသာစိုက်ပြီးလို့ ၅၄ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်း တယ်လို့သိရပါတယ်။ မုတ်သုံမိုးနောက်ကျခြင်းနဲ့ မိုးနည်းပါးခြင်းတို့ကြောင့် စိုက်ပျိုးမှုနောက်ကျတဲ့ အတွက် စိုက်ဧရိယာကျဆင်းလာခြင်းဖြစ်တယ်လို့ ကုန်သွယ်မှုနဲ့ စိုက် ပျိုးရေးဆိုင်ရာ သိပ္ပံပညာရှင်များကဆိုပါတယ်။ ပဲတီစိမ်း                ဇူလိုင်လ ၄ ရက်နေ့အထိ ယင်းပြည်နယ်ရဲ့ ပဲတီစိမ်း စိုက်ဟက်တာဟာ ၁ ဒသမ ၄၅ သိန်းသာရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၂ ဒသမ ၆၄ သိန်းထက် လျော့ကျ ခဲ့ပါတယ်။ စိုက်ပိုျးရေးဆိုင်ရာသိပ္ပံတက္ကသိုလ်၊ စိုက်ပျိုးရေး အခြေခံစီးပွားရေးစီမံခန့်ခွဲမှုဌာန၊ ပြည်တွင်းပြည်ပ ဈေးကွက် ဖြန့်ဖြူးရေးဌာန (Demic) မှ Dharwadရဲ့ ပြောကြားချက် အရ ပဲတီစိမ်းထုတ်လုပ်မှုဟာ မနှစ်ကလိုဘဲ တစ်ဟက်တာကို တန် ဝ ဒသမ ၅ တန်- ဝ ဒသမ ၇ တန်နှုန်းအတိုင်း ထွက်ရှိ နိုင်တယ်လို့ဆိုပါတယ်။ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ွGadog ဈေးကွက်မှာ ပဲတီစိမ်းဈေးဟာ တစ်တန်ကို ရူပီး ၃၆ဝဝဝ နဲ့ ၃၇၅ဝဝ (ကန်ဒေါ်လာ ၈ဝ၇-၈၄၁ ) ဈေးနဲ့ အရောင်း အဝယ် ဖြစ်နိုင်တယ်လို့ Demic မှ ခန့်မှန်းထားပါ တယ်။ ၂ဝ၁ဝ ဇွန်လအတွင်း အဲဒီဈေးကွက်မှာ တစ်တန် ရူပီး ၃၄ဝဝဝ (ကန်ဒေါ်လာ ၇၆၂ ) ဈေးဝန်းကျင်ပေါက်နေ တယ်လို့ဆိုပါတယ်။ မတ်ပဲ                    ယခင်နှစ် ယခုလိုအချိန်မှာ မတ်ပဲဟက်တာ ဝ ဒသမ ၆၆ သိန်း စိုက်ပျိုးပြီးဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဟက်တာ ဝ ဒသမ ၂၉ သိန်းသာစိုက်ပျိုးပြီတယ်လို့သိရပါတယ်။ Bidar ဒေသမှာ မတ်ပဲအထွက်နှုန်းဟာ တစ်ဟက်တာကို ဝ ဒသမ ၆ တန် - ဝ ဒသမ ၈ တန်ဝန်းကျင်ထွက်မယ်လို့ ခန့်မှန်းထား ပြီး၊ သြဂုတ်-စက်တင်ဘာလတွေမှာ မတ်ပဲတစ်တန်ရူပီး ၃၂ဝဝဝ-၃၄ဝဝဝ (ကန်ဒေါ်လာ ၇၁၈-၇၆၂) အတွင်း အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ယခုနှစ်မတ်ပဲ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို တစ်တန်ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၄ဝ) လို့ ကြေညာထားပါတယ်။ ပဲစင်းငုံ                  ယခင်နှစ်ဇူလိုင်လ ၄ ရက်နေ့အထိ ပဲစင်းငုံဟက်တာ ၂ ဒသမ ၄၃ သိန်းစိုက်ပျိုးပြီးပေမဲ့ ဒီနှစ်မှာတော့ ဟက်တာ ဝ ဒသမ ၆၇ သိန်းသာရှိပါသေးတယ်။ ဂူဘာကာဒေသမှာ ပဲစင်းငုံစိုက်ပျိုးဖို့ မိုးကိုမျှော်နေကြတယ်လို့ ဆိုပါတယ်။ အစိုဓာတ်လိုအပ်နေလို့ စိုက်ပျိုးမှုနှောင့်နှေး နေတယ်လို့ဆိုပါတယ်။ တောင်သူတွေနဲ့အတူ Demic မှ ခန့်မှန်းထားတာ တော့ ယခုရာသီမှာ တစ်ဟက်တာကို ပဲစင်းငုံ ၁ တန်ကနေ ၁ ဒသမ ၂ တန်ထိထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ Sedam ဈေးကွက်မှာ ၂ဝ၁၁ နိုဝင်ဘာ-ဒီဇင်ဘာလတွေမှာ တစ်တန် ကို ရူပီး ၃၂ဝဝဝ-၃၃ဝဝဝ (ကန်ဒေါ်လာ ၇၁၈-၇၄ဝ ) ဝန်း ကျင်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ် ပဲစင်းငုံ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို တစ်တန်ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၈) လို့အစိုးရက ကြေညာထားပါတယ်။                             ယမင်းရွှေစင်၊Source: businessline

Sunday, 17 Jul 2011

အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ                  အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်ပါးပြီး ဈေးငြိမ်သလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မဟာရပ်ရှတရာမှာ မိုးပြန်လည်ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှောင့်နှေးနေတာကြောင့် ပဲတီစိမ်းစိုက်ဧရိယာတော်တော်များများဟာ ပြောင်းနဲ့ လူးတို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရေ အလုံအလောက်ရခြင်းနဲ့ အတူ သီးနံှအလား အလာ ကောင်းမွန်ခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက အဝယ်ပြန် ကောင်းရင် တော့ ကာလတိုအတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်တဲ့ ဈေးနှုန်းများကို ဖော်ပြ လိုက်ပါတယ်                                                                                                                                        ဒေါ်လာ/ တန်                                  ၁၃-၇-၁၁            ၁၂-၇-၁၁       ၁၁-၇-၁၁                 ၉-၇-၁၁မွန်ဘိုင်း (ကင်ညာ)          ၉၈၇                    ၉၈၅                -                         ၉၉၂ဒေလီ                           ၈ဝ၇-၈၅၂         ၈၅ဝ-၈၉၅       ၈၅၆-၉ဝ၂              ၈၅၆-၉ဝ၂အာကိုလာ                    ၈၃ဝ-၈၉၇          ၈၅ဝ-၉၄ဝ            -                       ၈၅၆-၉၄၇MIRT(MAPT)

Sunday, 17 Jul 2011

အိန္ဒိယ ပဲစင်းငုံ အကျဈေးနဲ့ ငြိမ်နေ                     အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ သီတင်းပတ်အစပိုင်းက တင်သွင်းပဲ ဈေးခိုင်မာနေပေမဲ့ ပြည်တွင်းပဲစင်းငုံဈေး လျော့ကျခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ တော့ ဈေးအကျမှာ ငြိမ်နေတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ပင်နီစူလာ အချို့ဒေသ တွေမှာ မိုးအနံှ့အပြား ဆက်လက်ရွာသွန်းနေခြင်းက ပဲစိုက်ပျိုးဖို့အတွက် အထောက် အကူ ဖြစ်စေနိုင်ပေမဲ့ လက်ရှိအချိန်ထိ စိုက်ပြီးစီးမှုဟာ မနှစ်က ကာလတူစိုက်ပျိုးမှုထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက် ရှိနေပြီး လှောင်လက်တွေ ထုတ်ရောင်းမယ်ဆိုရင် ဈေးပိုကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုနေသေးတဲ့အတွက် ဈေးနှုန်းပြန်လည်အားကောင်းလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                          ဒေါ်လာ/ တန်                     ၁၃-၇-၁၁          ၁၂-၇-၁၁         ၁၁-၇-၁၁              ၉-၇-၁၁မွန်ဘိုင်း          ၆၆၇-၆၈၄         ၆၆၆-၆၇၇            -                      ၆၇၆-၆၈၇ဒေလီ              ၇၂၉-၇၃၁          ၇၂၇-၇၂၉        ၇၃၂-၇၃၅          ၇၃၂-၇၃၅ချန်နိုင်း               ၆၆၂                  ၆၆ဝ                ၆၆၅                   ၆၆၅MIRT(MAPT)

Sunday, 17 Jul 2011

ပဲစိုက်ဧရိယာ အနည်းငယ်တိုးလို့ အိန္ဒိယမတ်ပဲဈေးအနည်းငယ်လျော့လာ                  အိန္ဒိယနိုင်ငံ ပဲစိုက်တဲ့ ဒေသတွေ မိုးအသင့်အတင့် ရွာသွန်းခဲ့တာကြောင့် စိုက်ဧရိယာ အနည်းငယ် တိုးတက်လာခဲ့ပြီး စိုက်ပျိုးပြီးတဲ့ အပင်တွေ အပင်ပေါက် အားကောင်းတဲ့ အခြေအနေတွေရှိလာတဲ့ သတင်းအရ လက်ငင်းဈေးကွက်တော် တော်များများမှာ မတ်ပဲဈေးလျော့နေပါတယ်။ လက်လီဈေးကွက်တွေမှာ ပြုပြင်ပြီး မတ်ပဲကို ဝယ်လိုအားနည်းနေဆဲဖြစ်တာကြောင့် လက်ကားဈေးကွက်တွေမှာလည်း အဝယ်နည်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။                       မဟာရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းနေပေမဲ့ စိုက်ပျိုးမှု နောက်ကျတဲ့အတွက် အထွက်နှုန်းကျမှာ စိုးရိမ်ကြတဲ့ တောင်သူများအခြားသီးနံှနဲ့ ဆီထွက်သီးနံှတွေကို အစားထိုး စိုက်ပျိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေပြီး တင်သွင်းပဲနဲ့ ပြည်တွင်းထွက်ပဲများ ရောင်း ချမှု အလုံအလောက်ရှိနေသေးတာကြောင့် ကာလတိုအတွင်း မတ်ပဲဈေး အားပျော့ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/ တန်                     ၁၃-၇-၁၁        ၁၂-၇-၁၁        ၁၁-၇-၁၁             ၉-၇-၁၁မွန်ဘိုင်း        ၈၅၂-၈၅၈         ၈၅ဝ-၈၅၆           -                     ၈၅၆-၈၆၈ဒေလီ           ၈၅၂-၈၉၇         ၈၇၈-၈၉၅        ၈၈၅-၉ဝ၂           ၈၈၅-၉ဝ၂ချန်နိုင်း         ၈၁၉-၉၃၆        ၈၂၂-၉၄ဝ        ၈၄ဝ-၉၅၂           ၈၄ဝ-၉၅၂MIRT(MAPT)

Tuesday, 12 Jul 2011

ထုတ်လုပ်မှု ခန့်မှန်းချက်ကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းဖွယ်ရှိ                  အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းစိုက်ပျိုးရာဒေသများမှာ မိုးရွာသွန်းလာတာကြောင့် ဝယ်လိုအား နည်းပြီး နနွင်းဈေး အကျဘက် ဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားနည်းခြင်း၊ ထုတ်လုပ်မှုနဲ့ လက်ကျန်ပမာဏမြင့်တက်တဲ့ သတင်းများ အရ ဈေးနှုန်းဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။                    အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစတင်စိုက်ပျိုးနေပြီး တိုးတက်မှုမှာ ကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု တိုးတက်နေခြင်းက နနွင်းစိုက်ပျိုးမှုအတွက် အလားအလာကောင်းစေပါတယ်။ ဒါပေမဲ့ ဈေးနှုန်း အကျဘက် ဆက်သွားနေမယ် ဆိုရင် ငွေပိုရတဲ့ ဝါဂွမ်းနဲ့ ပဲပုပ်တို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တဲ့အတွက် စိုက်ဧရိယာ တိုးတက်မှု ဟာ ဈေးနှုန်း အပြောင်းအလဲ ပေါ်မှာ မူတည်နေပါတယ်။                   နနွင်းစိုက်ပျိုးကာလဟာ ဇွန်လ- သြဂုတ်လအတွင်းဖြစ်ပြီး ဇန်နဝါရီလမှာ တဖန်ရိတ်သိမ်းတော့မှာ ဖြစ်ပါ တယ်။ ပြည်ပတင်ပို့မှု နည်းပါးနေဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်နိုင်ငံတို့က အဝယ်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပဝယ်လိုအား တက်လာရင်တော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline 

Tuesday, 12 Jul 2011

အိန္ဒိယကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ရောင်းလိုအားအကန့်အသတ်သာရှိပြီး ဝယ်လိုအားရှိနေတာကြောင့် ကုလားပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေပါတယ်။ လှောင်လက်များက ပမာဏများများ သိုလှောင်ထားကြပြီး မိုးပဲစိုက်ပျိုးမှုက နောက်ကျနေတာကြောင့် ကာလတိုအတွင်း ဈေးမကျနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်အေဂျင်စီများဖြစ်တဲ့ STC နဲ့ PEC တို့က ဇူလိုင်- သြဂုတ်လအတွင်း တင်သွင်းဖို့ တင်ဒါခေါ်ယူထားတာကြောင့် လှောင်လက်များလက်ရှိ ဈေးအမြင့်မှာ ရောင်းထုတ်ကြမယ်ဆိုရင် ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                     ဒေါ်လာ/ တန်                    ၇-၇-၁၁        ၆-၇-၁၁        ၅-၇-၁၁            ၄-၇-၁၁မွန်ဘိုင်း          ၅၅၂-၅၆၃    ၅၅၂-၅၅၈         ၅၅၁               ၅၃၈ဒေလီ             ၆၁၉-၆၂၅     ၆၂ဝ-၆၂၅     ၆၁၈-၆၂၄        ၆၁၆-၆၂၂ကန်ပါ                ၆၅၃            ၆၅၈           ၆၆၁                ၆၅၆MIRT(MAPT)

Tuesday, 12 Jul 2011

အိန္ဒိယပဲတီစိမ်းဈေးနှုန်း ခိုင်မာနေ             အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ် တစ်ပတ်လုံးလို ပဲတီစိမ်းဈေးနှုန်းခိုင်မာရာမှ ဇူလိုင်လ ၇ ရက်နေ့မှာ တော့ အချို့ဈးကွက်မှာ ဈေးလျော့ကျခဲ့ပါတယ်။ နိုင်ငံရဲ့ ပဲစိုက်တဲ့ ဒေသတွေမှာ မိုးနည်းပါးတာကြောင့် စိုက်ပိုျးမှု နှေးကွေးနေ ပြီး ဝယ်လိုအားပါးပါးရှိနေတာကြောင့် ပဲတီစိမ်းဈေးခိုင်မာနေတာဖြစ်ပါတယ်။ ပြည်တွင်းပဲအသစ်ဝင်ရောက်ဖို့ ကာလလိုနေသေး လို့ လှောင်လက်တွေက ဈေးတက်မယ်မှန်းပြီး သိုလှောင်မှုအမြောက်အမြား ထိန်းထားကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားမိုးပဲများ ဈေးကျဆင်းဖွယ်ရှိခြင်းနဲ့ ပြည်ပက တင်သွင်းပဲများရောက်လာမယ်ဆိုရင်တော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖောြ်ပလိုက်ပါတယ်                 ဒေါ်လာ/ တန်                               ၇-၇-၁၁        ၆-၇-၁၁       ၅-၇-၁၁              ၄-၇-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၉၁            ၉၉၁             ၉၈၉                  ၉၇၅ဒေလီ                     ၈၅၅-၉ဝဝ        ၈၅၆-၉၂၄     ၈၅၄-၉၂၁          ၈၁၈-၈၉၇အာကိုလာ              ၈၇၈-၉၄၆         ၉ဝ၁-၉၆၉      ၈၅၄-၉၄၄          ၉၁၉-၉၄၁MIRT(MAPT)

Tuesday, 12 Jul 2011

တောင်ကိုရီးယားက ဝယ်လိုအားရှိတဲ့ ပဲလွန်းဖြူ               ယခုတစ်ပတ်အတွင်း (ဇွန်လ ၂၄ ဇူလိုင်လ ၁ ရက်) ပင်လယ်ရေ ကြောင်း က ပဲလွန်းဖြူ တန်ချိန် ၉ဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခင်သီတင်းပတ်က တန်ချိန် ၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို တင်ပို့မှုရှိခဲ့တဲ့အနက် တောင်ကိုရီးယားကို တန် ၃ဝဝ နီးပါး တင်ပို့တာ တွေ့ရပါတယ်။  နိုင်ငံစုံက ဝယ်လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ဇွန်လ တစ်လလုံးမှာ တန်ချိန် ၂၉ဝဝ ခန့် တင်ပို့ခဲ့ပြီး မေလ အတွင်းမှာ တန်ချိန် ၃၉ဝဝ ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်း တင်ပို့မှုမှာတော့ တန်ချိန် ၃ဝဝဝ ခန့်ရှိခဲ့ တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု မှာတော့ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍနှစ် ကာလတူက တန်ချိန် ၁ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရ ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာလည်း ဆက်လက် တင်ပို့မှုရှိနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Tuesday, 12 Jul 2011

  အိန္ဒိယ PEC နဲ့ STCတို့က ပဲဝယ်ယူဖို့ တင်ဒါခေါ်               အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC နဲ့ STC တို့ဟာ ပြည်ပက ပဲတန်ချိန် ၈၅ဝဝ နဲ့ တန် ၄ဝဝဝ စီဝယ်ယူဖို့ တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ ယင်းတင်ဒါများဟာ ဇူလိုင်လ ၁၃ ရက်မှာ ပိတ်မှာဖြစ်ပါတယ်။ PEC မှ သြဂုတ်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁၁ ထွက် မြန်မာမတ်ပဲ FAQ တန် ၂ဝဝဝ နဲ့ မတ်ပဲ SQ တန် ၂ဝဝဝ၊ ဇူလိုင်လမှ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျ ဒေစီကုလားပဲလုံးတန် ၂ဝဝဝ နဲ့ ၂ဝ၁၁ ခုနှစ်ထွက် တန်ဇန်းနီးယားဒေစီ ကုလားပဲတန် ၂ဝဝဝ တို့အပြင် သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်းကို အရောက်ပို့ရမယ့် ၂ဝ၁၁ ထွက် သြစတြေးလျ ပဲတီစိမ်းတန် ၅ဝဝ တို့ တင်သွင်း သွားမယ်လို့ သိရပါတယ်။                     STC အဂျင်စီမှ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းအရောက် ပို့ရမယ့် ၂ဝ၁၁ ခုနှစ်အတွက် တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျဒေစီကုလားပဲလုံးတန် ၂ဝဝဝ တို့တင်သွင်းဖို့ တင်ဒါခေါ်ယူထားကြောင်းလည်း သိရပါတယ်။ ယမင်းခင်၊Source: nns commodityonline

Pages