Main menu

Background

Tuesday, 26 Jul 2011

မလေးရှားနိုင်ငံကို နနွင်း ၇၅ တန်တင်ပို့                  ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နနွင်း ၄၄ တန်ကျော်သာတင်ပို့ နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တန်ချိန် သုံးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော်ရရှိခဲ့ပါတယ်။            MIRT (DOT)

Tuesday, 26 Jul 2011

အိန္ဒိယ Icrisat  မှ အထွက်နှုန်းမြင့် ပဲစင်းငုံစပ်မျိုး ထုတ်လုပ်             အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနအဖွဲ့ဖြစ်တဲ့ Icrisat  မှ အခြားမျိုးစေ့တွေ ထက် ထွက်ရှိနိုင်မှုနှုန်း ၃ဝ ရာခိုင်နှုန်း ပိုမိုတဲ့ပဲစင်းငုံ စပ်မျိုးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးဖို့ RV ICPH 2671 စပ်မျိုးကို သတ်မှတ်ကြေညာခဲ့ပါတယ်။ ပဲစင်းငုံဟာ အိန္ဒိယလူသန်းပေါင်းများစွာအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်အတွင်း ပဲစင်းငုံထုတ်လုပ်မှုနှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ-၇ဝဝ နဲ့ အလွန်ပဲနိမ့်နေတဲ့အတွက် နှစ်စဉ်ပြည်တွင်းလိုအပ်တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကက နှစ်စဉ် ပဲစင်းငုံတန် ၅ သိန်းခန့် တင်သွင်းနေရပါတယ်။ ၁၉၇၄ ခုမှ စတင်ပြီး ICAR နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဟိုက်ဒရာဘတ်အခြေစိုက် Icrisat ဟာ လယ်ယာနမူနာ ရာကွက်ပေါင်းများစွာမှာ မျိုးစပ်ပဲစင်းငုံကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်လို့Icrisat မှ သိပ္ပံပညာရှင် Mr K B Saxena က ဆိုပါတယ်။             တစ်ဝက်တစ်ပျက်ခြောက်သွေ့တဲ့ ဒေသများအတွက် နိုင်ငံတကာသီးနံှ သုတေသန တက္ကသိုလ် (ICRISAT) ကို ၁၉၇၂ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယခုအခါ ပဲစင်းငုံစပ်မျိုး ၂ မျိုးဖြစ်တဲ့ ICPH 2671 နဲ့ ICPH 2740 တို့ကို လယ်ယာမြေစမ်း သပ်ခြင်းနဲ့ ဈေးကွက်စမ်းသပ်မှုအရ မျိုးစေ့အမြောက်အမြား ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့ တယ်လို့ သိရပါတယ်။                 ICPH 2671  ကို အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ တမီနာဒူး ပြည်နယ်များမှာ ၄ နှစ်ကြာ နမူနာအကွက်ပေါင်း ၃၅ နေရာမှာ စမ်းသပ် ချက်အရ အခြားမျိုးစေ့များထက် ၄၂ ရာခိုင်နှုန်း ပိုမိုသာလွန်တဲ့ စပ်မျိုးအဖြစ် တွေ့ရှိခဲ့တယ်လို့ Mr Saxena က ဆိုပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ICPH  ၂၇၄ဝ ကိုလည်း အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ ၄ နှစ်ကြာ စမ်းသပ်ကွက် ၃၃ နေရာမှာ စမ်းသပ်ခဲ့ရာ အကောင်းဆုံးမျိုးစေ့တွေထက် ၃၈ ရာခိုင်နှုန်းပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ Icrisat မှ သုတေသန ပညာရှင် များက စပ်မျိုးစေ့ရဲ့အထွက်နှုန်း ဟာတစ်ဟက်တာကိုကီလို ၁၅ဝဝ-၁၆ဝဝ ရိတ်သိမ်း ခဲ့ရပြီး မျိုးစေ့ကုမ္ပဏီက လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပျမ်းမျှအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၁၃၅ဝနဲ့ ရိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသအနံှ့အပြားမှာ ထုတ် လုပ်ခဲ့တဲ့ အဲဒီမျိုးစေ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သယ်ယူစရိတ်မပါဘဲ တစ်ကီလို ကို ရူပီး ၁၅-၂၅ (ကန်ဒေါ်လာ ဝ ဒသမ ၃၄- ဝ ဒသမ ၅၆) ခန့် ရှိတယ်လို့ ဆိုပါတယ်။                သီးနံှရင့်မှည့်ကာလဟာ ရက်ပေါင်း ၁၈ဝ ဖြစ်ပြီး အခြားမျိုးစေ့တွေထက် စပ်မျိူးစေ့ ရဲ့ အကျိုးအမြတ်က သာလွန်တယ်လို့ ဆိုပါတယ်။ မဟာရပ်တရာရဲ့ Amrauati နဲ့ Yavatmalခရိုင်များမှာ စမ်းသပ်စိုက်ပျိုးခြင်းအရ တောင်သူ ၃ ဦး ဟာ ပဲစင်းငုံတစ်ဟက်တာကို ကီလို ၄ဝဝဝ ကျော်ထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ Medak  ခရိုင်က လယ်သမားတစ်ဦးကတော့ တစ်ဟက်တာ ၃၃ဝဝ ကီလိုနှုန်းရိတ်သိမ်း ထွက်ရှိခဲ့လို့ ဒေသမျိုးစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုးအမြတ် ရူပီး ၂၄ဝဝဝ (ကန်ဒေါ်လာ ၅၄၁) ယှဉ်ရင် ယခုစပ်မျိုးက တစ်ဟက်တာကို ရူပီး ၈၃ဝဝဝ (ကန်ဒေါ်လာ ၁၈၇ဝ) ကျော်ထိရရှိတယ်လို့လည်း ဆိုပါတယ်။ စမ်းသပ်မှုအရ အခြားပဲစင်းငုံမျိုးတွေနဲ့ယှဉ်ရင် စပ်မျိုးရဲ့ အရသာ ကွဲပြား ခြားနားမှု မရှိဘူးလို့ ဆိုပါတယ်။ ယမင်းခင်၊Source: businessline

Tuesday, 26 Jul 2011

အိန္ဒိယကုလားပဲဈေး ခိုင်မာနေ                  အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲရောင်းချမှု အကန့်အသတ်သာရှိပြီး ဝယ်လိုအားခိုင်မာနေတာ ကြောင့် ကုလားပဲဈေးက ယခုတစ်ပတ်မှာလည်း ခိုင်မာ နေပါတယ်။ လှောင်လက်ကြီးများ လက်ထဲမှာ ပဲအမြောက်အမြား ကိုင်ဆောင်ထား ပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုကျဆင်းနေပါတယ်။ မိုးပဲစိုက်ပျိုးမှုနှေးကွေးခြင်း ကြောင့်လာမယ့်လများမှာ ဝယ်လိုအားခိုင်မာဖွယ်ရှိခြင်းကဈေးနှုန်းကို အထောက်အပံ့ ဖြစ်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီး မှာဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                     ၂၁-၇-၁၁          ၂ဝ-၇-၁၁         ၁၉-၇-၁၁               ၁၈-၇-၁၁မွန်ဘိုင်း              ၅၆၈                ၅၆၈               ၅၆၃                 ၅၆၁-၅၆၇ဒေလီ               ၆၃၆-၆၄၁          ၆၃၅-၆၄၁       ၆၂၈-၆၃၄              ၆၂၈-၆၃၄ကန်ပါ                 ၆၆၆                 ၆၆၁            ၆၅ဝ                       ၆၅၁MIRT(MAPT)

Tuesday, 26 Jul 2011

အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း                 အိန္ဒိယပြည်တွင်ဈေးကွက်များအတွင်း ဝယ်လိုအားနည်းပါးနေဆဲဖြစ်လို့ လက်ငင်းဈေး ပြောင်းလဲမှု နည်းကြောင်း သိရပါ တယ်။ ရာဂျာစသန်မှာ စိုက်ဧရိယပိုမိုခြင်းနဲ့အခြားစိုက်ပျိုးတဲ့ ဒေသများမှာလည်း ရာသီဥတုကောင်းမွန်နေခြင်း က ဈေးနှုန်းမတက် အောင်ဖိအားဖြစ်စေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ စိုက်ဧရိယာလျော့ကျလျက် ရှိပေမဲ့ ဈေးကွက်မှ စိုက်ပျိုးမှုတိုးတက်တဲ့ သတင်း များကို မျှော်လင့်နေကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်း အဝယ်ဖြစ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ဒေါ်လာ/ တန်                             ၂၁-၇-၁၁        ၂ဝ-၇-၁၁      ၁၉-၇-၁၁            ၁၈-၇-၁၁မွန်ဘိုင်း (ကင်ညာ)          ၉၉၆              ၉၉၅           ၁ဝဝ၉               ၉၈၇ဒေလီ                       ၇၈၈-၈၃၃        ၇၈၇-၈၃၂       ၇၈၅-၈၃ဝ        ၇၈၅-၈၃ဝအာကိုလာ                 ၇၈၈-၈၅၅         ၈၇၈-၈၅၅       ၇၁၈-၈၅၂        ၇၁၈-၈၅၃MIRT(MAPT)

Tuesday, 26 Jul 2011

အိန္ဒိယပဲမျိုးစုံစိုက်ပျိုးမှု ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၉၇ ရာခိုင်နှုန်းလျော့ကျနေ                 ယခုမိုးရာသီ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုဟာ ဇူလိုင်လ ၁၅ ရက်အထိ ဟက်တာ ၃၆ ဒသမ ၁၅ သိန်းရှိပြီဖြစ်ပြီး ယခင်နှစ်ကာလတူက ဟက်တာ ၄၃ ဒသမ ဝ၂ သိန်း စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာ ဒေ့ရှ်တို့မှာ အစောပိုင်းကာလက မိုးမလုံလောက်တာကြောင့် စိုက်ပျိုးမှု နောက်ကျ ရခြင်းဖြစ်ပါတယ်။                   ဒါပေမဲ့ အဲဒီဒေသတွေမှာ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာနိုင်ဖွယ် ရှိတယ်လို့သိရပါတယ်။ ယခုနှစ်အတွင်း စိုက်ဧက လျော့ကျမှုကြောင့် ပဲမိုျးစုံ ဈေးနှုန်းကျဆင်းမှုကို ရပ်တန့်စေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲအမျိုးစားအလိုက် စိုက် ဧရိယာများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                   ဟက်တာထောင်ပေါင်းပဲအမျိုးအစား        ၁၅-၇-၁၁     ၁၅-၇-၁ဝ           ပြောင်းလဲမှုပဲစင်းငုံ                 ၁၂ .၂၁      ၁၉ .၃၉             -၃၇ .ဝ၃မတ်ပဲ                   ၇ .၉၄        ၈ .၇၅              -၉ .၂၁ပဲတီစိမ်း                 ၇ .၈၁       ၁၁ .၃၃            -၃၁ .ဝ၆စုစုပေါင်း               ၃၆ .၁၅      ၄၃ .ဝ၂            -၁၅ .ဝ၇ယမင်းခင်Source: nnscommodityonline

Tuesday, 26 Jul 2011

အိန္ဒိယပဲစင်းငုံဈေး ပြန်လည်ကျဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်သီတင်းပတ်က ဈေးငြိမ်နေတဲ့ ပဲစင်းငုံဟာယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ထိုင်းတာကြောင့် ပြန်လည် ကျဆင်းလာပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စတုတ္ထအကြိမ် ပဲအမြောက်အမြား ထွက်ရှိမှု ခန့်မှန်းချက်က ဈေးကွက်ကို လွှမ်းမိုးလျက်ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံ တောင်ပိုင်းမှာ စိုက်ပျိုးမှုနောက်ကျခြင်းက ကာလတိုအတွင်း ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေမယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကစိုက်ပျိုးရာဒေသများမှာ ရာသီဥတု က သီးနံှများအတွက် အခြေအနေကောင်းမွန်ပေမဲ့ အိန္ဒိယကျွန်းဆွယ်မှာ လာမယ့် ရက်ပိုင်းအတွင်း မိုးနည်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်လိုအားတက်လာရင်တော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။  ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်          ဒေါ်လာ/ တန်                       ၂၁-၇-၁၁         ၂ဝ-၇-၁၁           ၁၉-၇-၁၁              ၁၈-၇-၁၁မွန်ဘိုင်း           ၆၄၁-၆၅၃            ၆၄၁-၆၅၂           ၆၅ဝ-၆၆၇             ၆၅၆-၆၆၇ဒေလီ             ၇ဝ၉-၇၁၁           ၇ဝ၈-၇၁၁            ၇ဝ၆-၇ဝ၉              ၇၂၉-၇၃၁ချန်နိုင်း              ၆၄၁                  ၆၄၁                  ၆၃၉                 ၆၃၉-၆၅၁MIRT(MAPT)

Tuesday, 26 Jul 2011

ပဲစိုက်ဧရိယာလျော့ပေမဲ့ ဝယ်လိုအားနည်းလို့ အိန္ဒိယမတ်ပဲဈေးလျော့                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းပါးနေဆဲဖြစ်လို့ မတ်ပဲဈေး ဆက်လက်လျော့ကျ နေပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာပြီဖြစ်ပေမဲ့ စိုက်ပျိုးမှု နောက်ကျတဲ့အတွက် လက်ရှိအချိန်ထိ စိုက်ပျိုးပြီး စီးမှုဟာ မနှစ်ကနဲ့ယှဉ်လျှင်လျော့ကျနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ရာဂျက်စသန် မှာတော့ ပိုမိုစိုက်ပျိုးထားတယ်လို့ သိရပါတယ်။ အဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ ရာသီဥတုက သီးနံှကြီးထွားဖို့အတွက် အခြေအနေကောင်းနေပေမဲ့ နိုင်ငံတောင်ပိုင်း မှာတော့ မိုးနည်းပါးနေဆဲပဲလို့ ခန့်မှန်းထားပါတယ်။ လက်ရှိဈေး ကျဆင်းနေပေမဲ့ မတ်ပဲစိုက်ပျိုးမှု နှေးကွေးနေခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                     ဒေါ်လာ/ တန်                 ၂၁-၇-၁၁        ၂ဝ-၇-၁၁         ၁၉-၇-၁၁          ၁၈-၇-၁၁မွန်ဘိုင်း         ၈၂၂                ၈၂၁          ၈၁၃-၈၁၉          ၈၂၅-၈၃ဝဒေလီ        ၈၂၂-၈၄၄          ၈၂၁-၈၄၃       ၈၃ဝ-၈၅၂          ၈၃ဝ-၈၅၃ချန်နိုင်း      ၈ဝ၅-၉၁၇          ၈ဝ၄-၉၁၇        ၈ဝ၂-၉၁၄          ၈၁၃-၉၂၆MIRT(MAPT)

Sunday, 17 Jul 2011

အိန္ဒိယ မျိုးစပ်နနွင်းကို ဝယ်လိုအားတက်လာ              အိန္ဒိယနိုင်ငံမြောက်ပိုင်း ဝယ်လက်များမှ မျိုးစပ်နနွင်းကို ဝယ်လိုအားကောင်းလာတာကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ နနွင်းလက်ငင်းဈေးမြင့်တက်ခဲ့ပါတယ်။ မြောက်ပိုင်းကုန်သည်များဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၄၈) တိုးပြီး မျိုးစပ်နနွင်းတွေကို မှာယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားနနွင်း အမျိုးအစားတွေကတော့ ဈေးအနည်းငယ် ကျဆင်းတယ်လို့ သိရပါတယ်။ နနွင်းအိတ် ၈၂ဝဝ ဝင်ရောက်ခဲ့ရာ ၄၅ ရာခိုင်နှုန်းမှာ ရောင်းထွက်ခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ Mr R. K.V  ရာဗီရှန်ကာမှ ပြောကြားပါတယ်။                နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာ နနွင်းဈေးနှုန်းအကျဘက်ဆင်းနေပါတယ်။ ကြိုပွိုင့်ဈေး တစ်တန် ရူပီး ၇၉၉ဝဝ (ကန်ဒေါ်လာ ၁၇၉၇ )နဲ့ ယခုလကုန်တိုင်အောင် အဲဒီဈေးနှုန်းမှာဘဲ ရှိနေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့သမဈေးကွက်ရှာဖွေရေးအဖွဲ့အစည်းမှာ စပ်မျိုးကောင်းနနွင်းများရောက်ရှိခဲ့ပြီး ဈေးနှုန်းလည်း တစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၉) မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်ထိန်းသိမ်းရေး ကော်မတီဝင်းမှာ ဈေးငြိမ်နေပေမဲ့ အရည်အသွေးကောင်းနနွင်းတွေ ရောင်းချရတယ်လို့ ဆိုပါတယ်။                အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရင်းဂစ် ၅၈၆၇ဝ-၇၉၆၆ဝ (ကန်ဒေါ်လာ ၁၃၂ဝ-၁၇၉၂) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၅၄၆၉ဝ-၇၂၈၉ဝ (ကန်ဒေါ်လာ ၁၂၃ဝ-၁၆၄ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Sunday, 17 Jul 2011

ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့                ဇူလိုင် ပထမပတ်အတွင်း နနွင်းတန် ၄၄ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သောင်းလေးထောင် နီးပါးကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို ၂၈ တန်နဲ့ အိန္ဒိယကို ၁၆ ဒသမ ၅၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း နနွင်းတန် လေးဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် နနွင်းတင်ပို့မှုက ယခင်သီတင်းပတ် နနွင်းတင်ပို့မှုကို မှီခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။      MIRT (DOT) 

Pages