Main menu

Background

Wednesday, 18 Jul 2012

     ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၈၂ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၆ ဆတင်ပု့ိနိုင်ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၂၀ နဲ့ ကိုရီးယားကို ၃၆၃ တန် တင်ပု့ိခဲ့တာဖြစ်ပါတယ်။

Wednesday, 18 Jul 2012

    ကမ္ဘာမှာ ကြံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ဘရာဇီးလ်မှာ မိုး ရွာသွန်းမှုများခြင်းကြောင့် သကြားဈေးနှုန်းတွေ ၆လ အတွင်း အမြင့် ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့တယ်။ ဇူလိုင် ၅ ရက်က နယူးယောက်မှာ သကြား ကြိုပွိုင့်ဈေးနှုန်းတွေက တစ်ပေါင်ကို ၂၂ ဒသမ ၆၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်) အထိ ရောက်ရှိလာ တယ်။

Wednesday, 18 Jul 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ စခန်းတွင်လိုင်စင်လျှောက်ထားခွင့်ပြု လိုက်တဲ့ ဇွန်လတတိယ ပတ်မှစပြီး တစ်ဖက်နိုင်ငံမှ ဂျုံတင်သွင်းလျက်ရှိနေပြီဖြစ်ရာ ယခုဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း မှာလည်း ကန်ဒေါ်လာသုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိတဲ့ ဂျုံစေ့ ၄၅၅ တန်ကျော်ကို အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုခဲ့ပြီး ဇွန် ၂၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ ၃ ပတ်တာ ကာလအတွင်းမှာ တမူးနယ်စပ်မှ ဂျုံစေ့တင်သွင်းထားရှိမှုမှာ ၈၄၃ တန်ခန့် ရှိနေပြီဖြစ်ပါတယ်။                                         MIRT(DOBT)

Wednesday, 18 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၇၂၃ တန်ကျော်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက တန်ချိန် ၁၁၈၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပြောင်းတင်သွင်းမှုအား ကိုတာ သတ်မှတ်ထားခြင်း၊ တစ်ဖက်နိုင်ငံရဲ့ စိစစ်တားဆီးမှု အခြေအနေကိုကြည့်ပြီး တင်ပို့ရခြင်းတို့ကြောင့် ပြောင်းတင်ပို့ မှု လျော့နည်းရတယ်လို့ သိရပါတယ်။ နှစ်ဖက်မြေပြင် ပြောင်းဈေးများတော့ ယခင် အပတ်ထက် ပိုမိုလျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-

Wednesday, 18 Jul 2012

     ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၃၂၀၀ ကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတင်ပို့မှုမရှိဘဲ ယခုမှသာ ပြန်လည်တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။

Sunday, 15 Jul 2012

    မန္တလေးတိုင်းဒေသကြီးက ကြက်သွန်နီအများဆုံးထွက်တဲ့ မြင်းခြံခရိုင်က တောင်သူများအနေနဲ့ ဈေးကွက်ကို ကြက်သွန်နီတင်ပို့မှုနည်းပါးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ ကြိုက်ဈေးမရလို့ ဈေးကွက်ကို အဝင်နည်းပါးခဲ့ သလို ယခုရက်များမှာ ဈေးအနည်းငယ်ပိုလာခဲ့ပေမယ့်လည်း အဝင်နည်းနေဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ကြက်သွန်နီ ထွက်ရှိတဲ့ မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ မလှိုင်၊ ပျော်ဘွယ်၊ မြစ်သားမြို့များမှ ရန်ကုန်ကို တစ်ရက် ပိဿာ ၆၀၀၀၀ - ၇၀၀၀၀ ဝန်းကျင်နဲ့ ပုံမှန်တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့  ထိပ်စ တစ်ပိဿာ ၄၈၅ ကျပ် - ၅၁၀ ကျပ်၊ အလတ်စ ၄၆၀ ကျပ် - ၄၃၅ ကျပ်၊ အသေးစ ၃၈၅ ကျပ် - ၄၁၀ ကျပ်နဲ့ ယခင်လကထက် တစ်ပိဿာ ၁၀ ကျပ်သာဈေးပို လာပြီး ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။မြင့်နိုင်

Sunday, 15 Jul 2012

    အိန္ဒိယနနွင်းဈေး ဆက်လက်မြင့်တက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်မှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၀၈၀)အထိရှိခဲ့ပါတယ်။ ဈေးကွက် တွေကို နနွင်းဝင်ရောက်မှုလျော့လာပြီး၊ လှောင်လက်များမှလည်း ဝယ်ယူနေ တာကြောင့် ဈေးကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်ကျဆင်းနိုင်လို့ လက်ရှိဈေးမှာ ကြာကြာ မရှိနိုင်ဘူးလို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။

Sunday, 15 Jul 2012

    ဒီနှစ် မန္တလေးဝယ်လက်တွေက ဟိုပုံးနနွင်းကို ကျောက်ဆည်နနွင်းထက် ပိုပြီးကြိုက်နေတယ်လို့သိရပါတယ်။  ဟိုပုံးနနွင်းက အသားကျစ်ပြီး အရောင်ကလည်းလှတာကြောင့် ဈေးကွက်ပိုဝင်နေတယ်လို့လည်းဆိုပါတယ်။ ဈေးကွက်မှာ အဝင်ကနည်းနေ ပေမဲ့ လက်ကျန်ကတော့ အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။ တချို့ ခြံရှင်တွေက ဈေးမကိုက်လို့ မရောင်းကြသေး ပါဘူး။ လုပ်အားခက တစ်ရက်ကို ၂၀၀၀ ကျပ်ပေးနေရတာကြောင့် ဒီထက်ဈေးပိုကောင်းလာမှ ဖော်ရောင်းကြမယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်း တစ်ပိဿာ ၇၃၀ ကျပ်ဈေးရှိပါတယ်။

Sunday, 15 Jul 2012

    အစေ့ပါ မန်ကျည်းမှည့်တန် ၇၀ ခန့်ကို မြဝတီနယ်စပ်မှ ထိုင်းဘက်သို ဇူလိုင် ၄ ရက်မှ ၁၀ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က အပို့မရှိဘဲ ယခု အပတ်မှာ အပို့ရှိလာတာဖြစ်ပါတယ်။ ယခင်က စစ်တွေနယ်စပ်ကလည်း အစေ့ပါ  မန်ကျည်းမှည့်ရော မန်ကျည်းစေ့ပါ ပုံမှန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ မြဝတီမှတင်ပို့တဲ့ အစေ့ပါမန်ကျည်းမှည့် တန် ၇၀ နဲ့ တန်ဖိုးက ကန်ဒေါ်လာ ၃၂၀၀၀ ဖိုးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၆၂၉၀၀ တန်ဖိုးရှိ အစေ့ပါ မန်ကျည်းမှည့် ၈၇ တန်ခန့်လည်း အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ၁၅၇ တန်ခန့် အပို့ရှိခဲ့တယ် လို့ သိရပါတယ်။                               MIRT(DOBT)

Sunday, 15 Jul 2012

    ပြည်ပကို သီတင်းပထမပတ်ဖြစ်တဲ့ ဇူလိုင် ၁ ရက်မှ ၇ ရက်တာ ကာလအတွင်း မန်ကျည်း ၉၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာတော့ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၆၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်ချိန်တစ်ရာခြောက် ဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုက တန်ချိန် ခုနှစ် ဆယ်ကျော်လျော့နည်းခဲ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ဇူလိုင်ပထမပတ် အတွင်း မန်ကျည်းတင်ပို့မှုက ၆၃ တန်သာရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာတော့ မန်ကျည်းတန်သုံးဆယ်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာတော့  FOB  ဈေးတစ်တန်ကို ကန်ဒေါ်လာ ၅၅၀-၅၇၀ ရရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ FOB  ဈေးက တစ်တန်ကိုကန်ဒေါ်လာ ၄၀၀-၄၅၀ သာရရှိခဲ့ပါတယ်။                          MIRT (DOT)

Pages