Background
ဒီနှစ်ထွက်တဲ့ ပဲစင်းငုံက ပေါ်ကာစ ဇန်နဝါရီလမှာ တစ်ပိဿာ ၇၀၀ ကျပ် ဈေးနဲ့စပြီး ဈေးကွက်ကို ဝင်လာပါတယ်။ အဟောင်းလက်ကျန်တွေကလည်း ရှိနေ သေးတာကြောင့် အဟောင်းတွေကတော့ တစ်ပိဿာကို ၆၈၀ ကျပ်ဈေးပေါက်ပါ တယ်။ အဟောင်းတွေကိုတော့ အကျဈေးနဲ့သာထုတ်ရောင်းနေကြရတယ်လို့ လည်း သိရပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ဝယ် ယူမှု လျော့ကျတဲ့အတွက် ပဲစင်းငုံဈေး အနည်းငယ်ပြန်လည်လျော့ကျလာခဲ့ပါတယ်။ အချို့ပြည်နယ်တွေမှာ မိုးရွာသွန်းမှု အနည်းငယ်ရှိတဲ့အပြင် ရူပီး တန်ဖိုးပြန်ခိုင်မာ လာတာကြောင့် ပဲစင်းငုံဈေး ပြန်ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း ပဲဝင်ရောက်မှုလျော့လာပြီး ဝယ်လိုအားတက်လာတဲ့အတွက် ပဲစင်းငုံ ဈေးမြင့်တက်ခဲ့တာဖြစ်ပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို ဇွန် ၂၉ ရက်မှာ မြန်မာပဲစင်း ငုံ ကွန်တိန်နာ ၈၀ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၄၀၀၀ ခန့် ရှိခဲ့ရာမှ ယခု တစ်ပတ်မှာ တန်ချိန် ၉၆၀၀ ခန့်ကို လျော့ကျခဲ့ကြောင်းသိရပါတယ်။ လတ် တလောမှာ အိန္ဒိယဝယ်လက် အဝယ်အနည်းငယ်ငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းလာပြီဖြစ် လို့ လှောင်လက်များ က ဈေးလျှော့မရောင်းနိုင်တာကြောင့် အရောင်းအဝယ်လျော့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပကို ပဲစင်းငုံတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ဇွန် ၂၅ ရက်မှ ၂၉ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ဇွန် တစ်လလုံးမှာတန်ချိန် ၅၄၀၀၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ ၂၀၁၂ မေမှာ တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁ ဇွန်လအတွင်းမှာ တန်ချိန် ၂၁၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခုနှစ် ဇွန်မှာ တင်ပို့မှုသိသိသာသာ ပိုနေပါ တယ်။
ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ကို ၁၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး၊ ယခုတစ်ပတ် မတ်ပဲဈေးကွက် မှာ ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်များ အဝယ်လိုက်လာတဲ့အတွက် တစ် တင်းကို ၁၅၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ မတ်ပဲဈေးမြင့်တက်လာတာကြောင့် အရောင်းအဝယ်ဖြစ်မှုလည်း ပိုများလာပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်လည်း မတ်ပဲရောင်းဝယ်မှု အားကောင်းေ နကြောင်း သိရပါတယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၂၅၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ယခုနှစ် ပြည်တွင်းသကြားဈေးနှုန်းမှာ ဈေးနည်းပြီးဈေးနှုန်းငြိမ်နေခြင်းကြောင့် ပြည်ပမှသကြားများနယ်စပ်မြို့ အချို့ တွင်သာ အဝင်ရှိပြီး၊ ပြည်တွင်းကို အဝင်မရှိသလောက်နည်းကြောင်း သကြားစက်ပိုင်အချို့ထံမှ သိရပါတယ်။
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၉၂၁၃၀ တန်ဖိုးရှိ သကြား ၁၅၄ တန်ခန့်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ်များက သကြားကို တရုတ်ပြည်ကတင်သွင်းနေရပေမဲ့ ယခုနှစ်မှာ မြန်မာသကြားများ တင်ပို့ ခွင့်ရနေတာ တွေ့ရပါတယ်။ ယခုအပတ် အတွင်းမှာ သကြားချည်းပဲ သီးသန့်ကားစီးလုံးတိုက် ဝင်လာမှုကို ထူးထူးခြားခြားတွေ့ရတယ်လို့ သိရပါတယ်။ MIRT(DOBT)
ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။
တရုတ်နဲ့မလေးရှားနိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ ၄၂၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၃ ဆကျော်ပိုမို ခဲ့ပါတယ်။ တရုတ်သို့ကန်ဒေါ်လာ ၁ ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ MSR-50 ၄၀၆ တန်ခန့်နဲ့ မလေးရှားသို့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ RSS-5 တန် ၂၀ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်ရန်ကုန် FOB ပျမ်းမျှပေါက်ဈေး တွေကတော့ RSS-1 ဒေါ်လာ ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့MSR-20 ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-5 နဲ့ MSR-50 ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)