Background
ပြည်ဈေးကွက်အတွင်း ကုလားပဲတစ်တင်းကို ယခင်တစ်ပတ်က ၂၀၂၀၀ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ တိုင်းအတွင်း ပန်းတောင်း၊ ကံမဘက်မှ အိတ်အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွက် ဝယ်လက်နဲ့ ခွဲစက်သမားများမှာသာ အဝယ်ရှိကြောင်းသိရပါတယ်။ နေ့တိုင်း အဝယ်မရှိပေမယ့် တစ်ပတ်အတွင်း အိတ် ၃၀၀-၄၀၀ ခန့် အရောင်းအဝယ်ရှိ ကြောင်းသိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် မေလ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ ထိုင်ဝမ်နဲ့ 929 ဝယ်လက်အေးသွားပေမဲ့ V2 ကတော့ အဝယ်အရောင်းအားကောင်းနေဆဲဖြစ် တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အားဖြင့် V2 ကို ရန်ကုန်သမားအဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်ဈေး ကွက်မှာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်လို့ FOB ဈေးကွက်မှာ အရောင်း\အဝယ် ဖြစ်မှုေ ရာ ပြည်ပတင်ပို့မှုပါ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့မှု အနေနဲ့ မေလ ၂၁ ရက်မှ ၂၅ ရက် အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၄၆၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၅၆ တန်ကျော်ကို မေလ၂၃ ရက်မှ ၂၉ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ပုံမှန်ပမာဏအတိုင်းသာ သွားနေပါတယ်။ ယခင်တစ်ပတ် အလားတူ မေ၂၁-၂၅ ရက်အတွင်းမှာလည်းတန်ချိန် ၉၂၀၀ ကျော်သာတင်ပို့မှုရှိခဲ့ပါတယ်။အဓိကတော့ ဗီယက်နမ်မှတစ်ဆင့် တရုတ် ကို တင်ပို့မှုများကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်တွေက ပြည်တွင်းမှာ ပဲတီစိမ်းအသစ်ထွက်နေလို့ အရည်အေ သွး ကောင်းတဲ့ ပဲတီရွှေဝါ တချို့သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။
မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ် စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၆၇ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပဲလွန်း ဖြူ တန် ၃၀ ကိုအပို့ရှိခဲ့ရာ ယခင်အပတ် က ထက် ၄၅ တန်ကျော်အပို့ပိုခဲ့ပါ တယ်။ မိမိဘက် မူဆယ် မြေပြင်ဈေး အနည်းငယ် မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံဈေးမှာ သုံးဒေါ်လာခန့် လျော့နည်း ခဲ့တယ်လို့ သိရှိ ရပါတယ်။
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅ ) အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ် ပိုင်၊စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က ပဲစင်းငုံတန် ၆၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၂၅-၃၁ ရက်)အတွင်းမှာတန်ချိန် ၁၁၀၀၀ ကျော်ထိ တစ်ဆခန့် ပိုမိုခဲ့ပါတယ်။ အိန္ဒိယကုန်သည်များလက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲစင်းငုံဝယ်လိုအား ကောင်းလာခဲ့တာဖြစ်ပါတယ်။
ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုလာပါတယ်။ မေ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၉၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှုတန်ချိန် ၈၉၀၀ ထက် ပိုမိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂ သန်းနီးပါးရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၂၃၀၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၉ သန်းခန့်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် ပိုမို တင်ပို့ခဲ့သလို ဝင်ငွေမှာလည်း ပိုမိုရရှိတာတွေ့ရပါတယ်။ ယခင်နှစ်နဲ့ ယခုနှစ်ပဲစင်းငုံ ဈေးနှုန်း ကွာဟမှုနည်းတဲ့အတွက် ရရှိတဲ့ဝင်ငွေ သိသိသာသာလျော့ နည်းမှုမရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှုပိုကောင်းလာဖွယ် ရှိပါတယ်။ MIRT - MAPT
ယခင်တစ်ပတ်က ပြည်ပဲဈေးကွက်မှာ ပဲတစ်တင်းကို ၁၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ် ၁၂၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်ပါးလာခဲ့ပြီး ဝက်ထီးကန်၊ ပန်းတောင်းဘက်မှ သာ အနည်းငယ် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၂၀၀-၃၀၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။