Background
ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့ အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၁ သန်းတန်ဖိုးရှိ နနွင်းတက် ၃၅၇ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ထို့အပြင် မြဝတီနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၆၂ သန်း တန်ဖိုးရှိ နနွင်းတက်၉၇ တန်လည်း အပို့ရှိခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှနနွင်းတက် ၄၅၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၅၀ ကျော် အပို့ပိုတာ တွေ့ရပါတယ်။ MIRT(DOBT)
မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ မြဝတီနယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၄ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅ တန်ခန့်အပို့ပိုခဲ့ပါတယ်။ မြဝတီအပြင် ယခုအပတ်နယ်စပ်မှ မန်ကျည်းမှည့် အစေ့ပါ တင်ပို့တဲ့စခန်းကတော့ စစ်တွေနယ်စပ်ဖြစ်ပါတယ်။ ယခုအပတ်မန်ကျည်းမှည့်အစေ့ပါ ၂၈ တန် တန်ဖိုး အားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းကို မြဝတီနဲ့စစ်တွေမှအပို့ရှိခဲ့ပြီး၊ စစ်တွေမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၃၂ တန် ကျော်ကိုလည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းကုန်သွယ်မှုမှ မေ ၁၃ ရက်မှ ၁၉ရက်တာ ကာလအတွင်း မန်ကျည်း ၅၇၂ ဒသမ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က မလေးရှားနိုင်ငံကို ၂၆၀ ဒသမ ၉၉ တန်၊ ပါကစ္စတန် နိုင်ငံကို၂၂ ဒသမ ၂ တန်၊ စင်ကာပူနိုင်ငံကို ၁၈၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၁၀၀ တို့ဖြစ်ပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ် ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ ဈေးဖိတ်နေ့ တွေဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၂၀၀၀ မှ ၄၀၀၀ ခန့် ဝင်တယ်လို့လည်းသိရပါ တယ်။ အဝင်များပေမဲ့ အဝယ်ကသိပ်မလိုက်ပါဘူး။ ပြည်မမှာ အပူချိန်လွန်ကဲနေ တာကြောင့်ချင်း (စို) တွေက ဒီတိုင်းနွမ်းပြီးခြောက်သွေ့သွားတာကြောင့် ချင်းအဝယ် နည်း လာတယ်လို့သိရပါတယ်။ ချင်းထိုးသမားတွေက ၅ ရက်တစ်ဈေးမှာမှ ပိဿာ ချိန် ၃၀၀၀ ခန့်သာ ဝယ်ယူနေတယ် လို့လည်းသိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ချင်းခြောက် ၆ တန်ကျော်ကို မေ ၁၆ ရက်မှ ၂၂ ရက် အထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မြဝတီနယ်စပ်မှ ဒေသထွက်ချင်းများ အခြောက်ခံတင်ပို့ခြင်းဖြစ်ရာ တင်ပို့မှုပမာဏမှာအနည်းငယ်ခန့်သာရှိတာ ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် ၄ တန်ကျော်အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၉၈၆ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ရာယခင်အပတ်ကထက်တန် ၇၆၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။ ပဲတီစိမ်းလုံးပြည့်များသာအပို့ရှိပြီး လုံးခြမ်း တင်ပို့နိုင်မှုတော့ မရှိဘူးလို့သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံမြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်းအရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့ဖို့အရည်အသွေးကောင်းများဝယ်ယူမှုရှိလို့ ယခုတစ်ပတ် (မေလ ၁၈ ရက်-၂၄ ရက်) အတွင်းမှာ တန်ချိန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၉၅၀၀ ခန့်ထက် ပိုမိုခဲ့ပါတယ်။
ယခင်တစ်ပတ်က ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့မှုတက်ခဲ့ပြီး ယခုတစ်ပတ်(မေလ ၁၄-၁၈) အတွင်းမှာတော့ တန်ချိန် ၉၂၀၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း အပတ်စဉ်တင်ပို့မှု ပမာဏတွေထက်တော့ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ စုစု ပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၅၅၀၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။