Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်းအရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့ဖို့အရည်အသွေးကောင်းများဝယ်ယူမှုရှိလို့ ယခုတစ်ပတ် (မေလ ၁၈ ရက်-၂၄ ရက်) အတွင်းမှာ တန်ချိန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၉၅၀၀ ခန့်ထက် ပိုမိုခဲ့ပါတယ်။
ယခင်တစ်ပတ်က ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့မှုတက်ခဲ့ပြီး ယခုတစ်ပတ်(မေလ ၁၄-၁၈) အတွင်းမှာတော့ တန်ချိန် ၉၂၀၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း အပတ်စဉ်တင်ပို့မှု ပမာဏတွေထက်တော့ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ စုစု ပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၅၅၀၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။
ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေ ကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်နဲ့ မြဝတီနယ်စပ်ကုန် သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၂ တန်ခန့်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်တင်ပို့မှု ထက် ၁၄ တန် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေ ကတော့မူဆယ်မှ ၃၇ တန်ခန့်နဲ့ မြဝတီ မှ ၁၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နဲ့ရွှေလီမြေပြင်ဈေးများ အနည်း ငယ်ကျလျက်ရှိတယ်လို့ သိရပါတယ်-
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်း မှာတော့ တန်ချိန် ၉၀၀ ခန့်သာတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံများကတော့ အီဂျစ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲစင်းငုံ အရောင်းအဝယ်ပမာဏ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်ထိုင်းတဲ့အတွက် မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်နှောင်းပိုင်းမှာတော့ တစ်ရက်ထက်တစ်ရက် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် တစ်ဆပိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၄၃၀၀ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၄-၁၈ ရက်) အတွင်းမှာ တန်ချိန် ၈၉၀၀ အထိ ပိုမိုတင်ပို့လာခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ် မေလ ၁၈ ရက်အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့မှု တန်ချိန် သုံးသောင်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၆ သန်းကျော် ရရှိကာ ယခင်ဘဏ္ဍနှစ် ကာလတူမှာ တန်ချိန် ၁၆၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခုတစ်ပတ် ရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းဖွယ်ရှိပါတယ်။ MIRT-MAPT
မုံရွာမြို့နယ်ရဲ့ ပဲစင်းငုံနီစိုက်ချိန်ကာလဟာ နှစ်စဉ်ကဆုန်လပြည့်ဝန်းကျင်မှာ အများစု စိုက်ပျိူးနိုင်ပြီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တစ်နယ်လုံး မိုးခေါင်ခဲ့လို့ အခုထိ မြေပြုပြင်မှုတောင် မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် အစပိုင်းမှာ ရောင်းဝယ်မှုပါးခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ အရောင်းအဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကြောင့် ဝယ်လက်များအဝယ်ဆိုင်းခဲ့ပေမဲ့ ဒီရက်ပိုင်း ရူပီး တန်ဖိုးပြန်မာလာခဲ့တဲ့ အတွက်ဈေးကွက်မှာ အဝယ်ပြန်လိုက်လာကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ဆက်လက်အားကောင်းနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀၀ နီးပါးတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍနှစ် ၂၀၁၂-၂၀၁၃ မေလ ၁၈ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။
