Background
မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှမန်ကျည်း၁၄၈၆ ဒသမ ၅တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ် မန်ကျည်း တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၇၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံကို ၆၇၂ဒသမ ၅ တန်၊မလေးရှားနိုင်ငံကို ၂၆၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၃၇၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။
သြင်္ကန်နားနီးလာပြီဖြစ်တာကြောင့် ငွေလိုနေတဲ့တောင်သူတွေ ထုတ်ရောင်း လာတာကြောင့်အောင်ပန်းဈေးကွက်မှာချင်းအဝင် များလာပါတယ်။ အချို့တောင်သူ တွေက လက်လီစိတ်နဲ့ ၄ ပိဿာ၊ ၅ ပိဿာ လောက်သာ ရောင်းကြပြီး၊ တချို့ တောင်သူတွေ ကတော့ ပိဿာချိန်ဆယ်ချီပြီး လာရောင်းကြတာကြောင့် နေ့စဉ် ပိဿာချိန် ၄၀၀၊ ၅၀၀ ခန့် ဝင်နေပြီး၊ ဈေးဖိတ်နေ့မှာတော့ ပိဿာချိန် ၁၀၀၀ ခန့် ဝင်နေတယ်လို့သိရပါတယ်။
ပြည်ချင်းဈေးကွက်မှာ အောင်ပန်းမြို့နယ်မှ ချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်သာ အဝင်ရှိပြီး၊ အဝင်နည်းသွားပါတယ်။ အရောင်း အဝယ်မှာ တစ်ရက် ပိဿာချိန် ၃၅၀ ခန့်နဲ့ ပုံမှန်ရောင်းဝယ် နေပြီး၊ ဈေးနှုန်းလည်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့နဲ့ ပုံမှန်ရှိနေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်
မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်းမှာ ချင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လအတွင်း ချင်းတစ်ကြိမ်သာတင်ပို့နိုင်ခဲ့ပြီး တန်ချိန်က ၁၅ ဒသမ ၅ တန်ဖြစ် ပါတယ်။ ဖေဖော်ဝါရီလရဲ့ချင်းတင်ပို့မှုကိုကြည့်ရင် ၁၈ တန်ရှိခဲ့တာကြောင့် မတ်လ မှာ ချင်းတင်ပို့မှုအားနည်းခဲ့ပါတယ်။ MIRT (DOT)
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်အတွင်း တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပါတယ်။ ကုလားပဲသစ်များမှာ အဝင်များပြီ ဖြစ်တဲ့အတွက် ပဲဈေးမှာ ဈေးကျသွား ခဲ့ပါတယ်။ ပန်းတောင်း၊ ကံမမှတစ်နေ့ကို အိတ် ၅၀၀ ခန့် အဝင်ရှိကြောင်း သိရပါ တယ်။ ခွဲစက်သမားများနဲ့ လှောင်လက်သမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် အဝင် ရှိသလောက် အရောင်းအဝယ်လည်း ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့အိတ် ၅၀၀ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း
သြင်္ကန်ပွဲတော်မတိုင်မီ ဧပြီ ပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး V2 ဈေးဆက်လက်မာလျက်ရှိပါတယ်။ ခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို စတဲ့ ဒေသတွင်းလုပ်ငန်းသုံးအဖြစ် မပါမဖြစ်ပဲဖြစ်လို့ လုပ်ငန်းသမားတွေ ဝယ်လိုအား မြင့်လာကာ ယခုလိုဈေးမာနေခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့ရာမှာ မတ်လ တစ်လလုံးတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၄၀၀ ခန့်သာ တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၁ မတ်လ တစ်လလုံးမှာ တန်ချိန် ၄၅၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိတစ်ပတ်အတွင်းမှာလည်းတန်ချိန် ၂၈၀၀ ကျော် တင်ပို့မှုရှိတာ တွေ့ရပါတယ်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၈၉ တန် ခန့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၇ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၈၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် (မတ် ၃၁- ဧပြီလ ၅ ရက်) အတွင်း ပဲတီစိမ်း တန် ၅၀၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန် တစ်သောင်းနီးပါးရှိခဲ့လို့ ယခု တစ်ပတ်မှာ ထက်ဝက်ခန့်လျော့ကျရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့ရာမှာ မတ်လအတွင်း ပဲတီစိမ်းတင်ပို့မှုက စံချိန်တင်များပြားခဲ့ပါတယ်။ ၂၀၁၂ မတ်လမှာ ပဲတီစိမ်းတန်ချိန် ၅၄၀၀၀ နီးပါးရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၄၆၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲတီစိမ်းတန်ချိန် သုံးသောင်းနီးပါးတင်ပို့ခဲ့လို့ ယခုနှစ် မတ်လမှာ တန်ချိန် ၂၄၀၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။