Background
ဟိုပုံးချင်းဈေးကွက်မှာအရောင်းအဝယ်အေးနေပါတယ်။အဝယ်မရှိသလောက် ဈေးအေးနေပြီး ချင်းအခက် ကြီး၊ တစ်ပိဿာ ၂၅၀ ကျပ်၊ အခက်ညံ့ တစ်ပိဿာ ၂၀၀ ကျပ်ရှိပါတယ်။ အရောင်းအဝယ်အေးလို့ အဝင်လည်း အနည်း ငယ်နည်းနေ တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နနွင်း တက် ၉၈ တန်ခန့်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ဧပြီလမှ ဖေဖော်ဝါရီလထိ ၁၁ လတာ ကာလမှာ နယ်စပ်မှ နနွင်းတက် တန် ၃၁၅၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို တန် ၅၀၅ တို့ဖြစ် ပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်မှာ ၇ တန်တင်ပို့ ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံ ဘက်မှအဝင်ရှိပြီး၊ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက်လည်း အဝယ်ရှိပါ တယ်။ မြို့ပေါ်ခွဲစက်နဲ့ နယ်ဝယ်လက်များမှလည်း အဝယ်ရှိတာကြောင့် တစ်နေ့အိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန် တို့မှကန်ဒေါ်လာ သုည ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ၄၄၁ တန်ကျော်နဲ့ ပဲတီစိမ်းခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၁၉၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာ ပြောင်းလဲမှုမရှိပါ။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းရောင်းဝယ်မှု ယခင်သီတင်းပတ်ထက် လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ၃ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာ တန်ချိန် ၁၆၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း
ပဲအားလုံးတွေထဲမှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း စံချိန်တင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်အထိ ပဲတီစိမ်းတန်ချိန် ၁၄၃၀၀ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၄၆၅၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇ သန်း ကျော်ရရှိခဲ့ပါတယ်။
အခြား ပဲအုပ်စုတွေထဲမှာ ပြည်ပ ကို ရောင်းဝယ်တင်ပို့မှု အားကောင်းနေ တဲ့ ပဲကတော့ ပဲလွန်းဖြူပဲဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း တင်ပို့မှု တန် ချိန် ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ယူ အေအီးနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ပမာဏ များများ သွားတာကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ဖြစ်ပါတယ်။