Main menu

Background

Monday, 12 Mar 2012

    ယခုအချိန်ဟာ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီထွက်ရှိတဲ့ ကာလဖြစ်လို့ ပြည်ဈေးကွက်ကို ယခုတစ်ပတ်မှာ ၃၅ ပိဿာဝင်အိတ်၄၀၀၀ ခန့် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၄၀၀ ခန့်ဝင်သလောက်အရောင်းအဝယ်သွက်နေပါတယ်။ အဝင် များတဲ့ အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ပုံမှန်အတိုင်းရှိလို့ ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ (ကြီး) ၅၅၀-၅၀၀ ကျပ်၊ (အလတ်) ၄၅၀ ကျပ်၊ (အသေး) ၄၀၀ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 12 Mar 2012

             ပြည်ငရုတ်ခြောက်ဈေးမှာ ယခင်အပတ်ဈေးအတိုင်း ရှိနေပြီး၊ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ်မှာ ပိဿာ ၂၀ ဝင်အိတ်၊ ၇၅၀ ခန့် အဝင်သွက်နေပါတယ်။ အရောင်းအဝယ်အားဖြင့်လည်း အပတ်စဉ် ဝင်သလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများလက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ပြည်ဈေးကွက်ရှိ ယခုတစ်ပတ် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာကို (အရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ် တို့နဲ့ ရောင်းဝယ်နေကြပြီး၊ ရခိုင်ပြည်နယ်ကိုလည်း ပြည်ဈေး ကွက်မှ တစ်ဆင့် တစ်ရက်ကို အိတ် ၃၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                              ဝင်းဝင်းခိုင်

Monday, 12 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်းနနွင်းတင်ပို့မှုက ၁၅တန်ရှိခဲ့ပြီးဇန်နဝါရီလ နနွင်း တင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။                                                                                    MIRT (DOT)

Monday, 12 Mar 2012

    ဟိုပုံးချင်းဈေးကွက်မှာအရောင်းအဝယ်အေးနေပါတယ်။အဝယ်မရှိသလောက် ဈေးအေးနေပြီး ချင်းအခက် ကြီး၊ တစ်ပိဿာ ၂၅၀ ကျပ်၊ အခက်ညံ့ တစ်ပိဿာ ၂၀၀ ကျပ်ရှိပါတယ်။ အရောင်းအဝယ်အေးလို့ အဝင်လည်း အနည်း ငယ်နည်းနေ တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နနွင်း တက် ၉၈ တန်ခန့်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ဧပြီလမှ ဖေဖော်ဝါရီလထိ ၁၁ လတာ ကာလမှာ နယ်စပ်မှ နနွင်းတက် တန် ၃၁၅၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။                MIRT (DOBT)

Monday, 12 Mar 2012

    ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို  တန် ၅၀၅  တို့ဖြစ် ပါတယ်။

Monday, 12 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်မှာ ၇ တန်တင်ပို့ ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 12 Mar 2012

ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံ ဘက်မှအဝင်ရှိပြီး၊ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက်လည်း အဝယ်ရှိပါ တယ်။ မြို့ပေါ်ခွဲစက်နဲ့ နယ်ဝယ်လက်များမှလည်း အဝယ်ရှိတာကြောင့် တစ်နေ့အိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန် တို့မှကန်ဒေါ်လာ သုည ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ၄၄၁ တန်ကျော်နဲ့ ပဲတီစိမ်းခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၁၉၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာ ပြောင်းလဲမှုမရှိပါ။

Pages