Main menu

Background

Monday, 5 Dec 2011

             မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် စခန်းနဲ့ ကန်ပိုက်တီး စခန်းတို့ကနေ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ ပြောင်းတန်ချိန် ၂၅၈၃၁ တန်ကျော်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၂၃၃ သန်းဖိုးခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀၀၀၀ ကျော် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု ရက် သတ္တပတ်က ကန်ပိုက်တီးမှတင်ပို့မှုမရှိဘဲ ယခုအပတ်မှာ တင်ပို့နိုင်တဲ့အပြင် မူဆယ် နဲ့ ချင်းရွှေဟော်စခန်းတွေကလည်း ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ပြောင်းဖူးစေ့ဈေးနှုန်း မြင့်တက်ခဲ့ပေမယ့် နှံစားပြောင်းဈေး ကတော့ ကျဆင်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးကတော့ သိသိသာသာ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်                                         မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု            ယခင်    ပြောင်းလဲမှု     %       ယခု     ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့     ၂၂၉၁၂၆     ၂၁၇၁၇၄     ၁၁၉၅၂     ၅ .၂     ၂၉၃    ၂၉၄         ၁            ၀ .၃နံှစားပြောင်း       ၂၀၈၁၅၉     ၂၁၀၆၀၉     ၂၄၅၀       ၁ .၂      ၃၄၆    ၃၄၇        ၁           ၀ .၃MIRT(DOBT)

Monday, 5 Dec 2011

                 နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၇၈၈ တန်၊ တန်ဖိုး ကန်ဒါ်လာ သုည ဒသမ ၂၂၅ သန်းဖိုးကို စင်ကာပူကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု အပတ်မှာ တန် ၂၀၀ လောက် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ် ရေကြောင်းအပို့ကျနေပေမယ့် နယ်စပ်ကတော့ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းတွေကနေ တန် ၂၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။KZW

Monday, 5 Dec 2011

           နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများကနေ ကန်ဒေါ်လာ ၃ ဒသမ ၃၃၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၇၄ တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ MSR -20 ၁၃၅ တန်၊ RSS-3 ၃၄၃ တန်နဲ့ MSR -50  ၉၁ တန်၊ ချင်းရွှေဟော်မှ RSS-3 ၃၀၅ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ယခုတပတ်မှာတော့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာတင်ပို့နိုင်ခြင်းမရှိပါဘူး၊ မိမိဘက်ရော်ဘာဈေးများကျဆင်း နေပေမယ့် တစ်ဖက်နိုင်ငံဈေးကတော့ မြင့်တက်နေတာတွေ့ရပါတယ်။ ရော်ဘာကုန်သယ်ယူခကတော့ ယခင်အပတ်ထက် ၁ ပိသာကို ၁၀ ကျပ်နှုန်းခန့် လျော့နည်းသွားတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု               ယခင်     ပြောင်းလဲမှု    %        ယခု      ယခင်    ပြောင်းလဲမှု   %RSS - 3    ၂၅၆၄၄၀၄     ၂၅၇၀၅၈၂    ၆၁၂၄     ၀ .၂၃     ၃၃၀၇     ၃၁၅၇     ၁၅၀         ၄ .၅RSS - 5     ၂၂၂၆၈၂၂     ၂၂၃၂၉၄၆    ၆၁၂၄    ၀ .၅      ၃၁၅၀      ၂၉၉၉      ၁၅၁         ၄ .၈MIRT(DOBT)

Sunday, 4 Dec 2011

              ရေနံချောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီများဟာ အစို့ပေါက်ပစ္စည်းအဟောင်းများဖြစ်ပြီး၊ ယခုတစ်ပတ် အတွင်း တစ်နေ့ကို ၃၅ ပိဿာဝင် အိတ် ၃၀၀ ခန့်အဝင်ရှိပါတယ်။ အရောင်းအဝယ်မှာ လက်လီ၊ လက်ကားရောင်းဝယ်သူများ၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအဖြစ် ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် တစ်နေ့ အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ဝင်ရောက်မှုမှာ ကြက်သွန်နီ(အသေး)စများ အဝင်များပြီး၊ ပွဲရုံများမှာ ယခင်တစ်ပတ် အသေး တစ်ပိဿာ ၅၀၀ကျပ်မှ ယခု ၄၀၀ကျပ်ဖြစ်ပြီး၊ ကျန်အမျိုးအစားများမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို (ရှယ်) ၇၀၀ ကျပ်၊ (ကြီး) ၆၅၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 4 Dec 2011

              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၉ ဒသမ ၇၅တန်ကို တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို ၁၄ ဒသမ ၇၅ တန်နဲ့ စင်ကာပူကို ၅ တန်ဖြစ်ပါတယ်။ နိုဝင်ဘာလ ပထမပတ်အတွင်း တစ်ကြိမ်သာတင်ပို့ခဲ့တဲ့ နနွင်းက နှစ်ပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော်ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 4 Dec 2011

                      ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းအဓိကစိုက်တဲ့ ကလော၊ ရပ်စောက်၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ်တွေက ချင်းတွေလည်း ဈေးကွက်ကိုဝင်လာပြီဖြစ်တာကြောင့် အဝင်က အတော်များလာပြီး၊ ဈေးကွက်ကို မဝင်သေးတာကတော့ ဟိုပုံးချင်းနဲ့ နမ့်စန်ချင်းတွေသာဖြစ်ပါတယ်။ အဲဒီချင်းတွေကတော့ ဒီဇင်ဘာလလယ် လောက်မှသာ ဈေးကွက်ကိုစပြီး ဝင်နိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ မြို့နယ်အစုံ က ချင်းသစ်တွေ ဝင်လာတာကြောင့်ဈေးနှုန်းတွေကိုလည်း အရည်အသွေးနဲ့ မြေအရောင်တွေပေါ်မူတည်ပြီး သတ်မှတ် ကြပါတယ်။ ကလောမြို့နယ်ကဝင်တဲ့ မြေနီ ချင်း(အခက်ကြီးအလှ)တစ်ပိဿာ ၄၅၀ ကျပ် ဈေးရှိပြီး၊ မြေဝါ ချင်းက ၄၂၀ ကျပ်၊ မြေဖြူချင်းက ၄၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်းအဝင်ကလည်း ၅ ရက် တစ်ဈေးကို ပိဿာချိန် ၆ သောင်း ခန့် အဝင်ရှိနေပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေတာကြောင့် အရောင်းက လည်းတစ်ပတ်ကို ပိဿာချိန် ၅ သောင်း - ၆ သောင်းခန့် ပြန်ထွက်ပါတယ်။ ရပ်စောက်မြို့နယ် ကောင်းဘို့ရွာကဝင်တဲ့ ချင်းကိုတော့ ဓားလှီးချင်းအဖြစ်နဲ့ ဝယ်ယူနေ တာကြောင့် တစ်ပိဿာ ၃၅၀ ကျပ် - ၃၇၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေးရှိပြီး၊ လက်ကျန်အတော်များများရှိနေသေးတာကြောင့် အသစ်ပြုလုပ်ဖို့ မရှိသေးဘူးလို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်

Sunday, 4 Dec 2011

                    ပြည်ဈေးကွက်ကိုဝင်တဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများမှာ ပစ္စည်း အရည်အသွေး ကောင်းနေတဲ့ အတွက် ပွဲရုံများမှာ လက်လီ - လက်ကားရောင်း ဝယ်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါ အဝင်တစ်နေ့ကို ပျမ်းမျှပိဿာချိန် ၆၅၀ ခန့်နဲ့ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ ဝင်ရောက်မှုအား ဖြင့်လည်း ယခုတစ်ပတ်မှာ ပိဿာချိန် ၃၀ ဝင် အိတ် ၈၀၀ခန့်နဲ့ ယခင်အပတ်ထက် အဝင်များလျက်ရှိနေပါတယ်။ ချင်းများလှိုင်လှိုင် ထွက်ပေါ်နေတဲ့အတွက် ဈေးနှုန်းအနေနဲ့လည်း ယခင်အပတ်ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာ ၈၅၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ် - ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် စားသုံးသူရော၊ ရောင်းဝယ်သူများပါ အဆင်ပြေ နေတဲ့ ဈေးနှုန်းဖြစ်လို့ ယခင်နှစ် ကာလတူ ချင်းဈေး တစ်ပိဿာ(ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ နှိုင်းယှဉ်ပါက ပစ္စည်းအရည်အသွေးကောင်းပြီး ဈေးချိုလျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံများမှ ချင်းဓါးလှီးအလုပ်သမားများခေါ်ယူ၍ ကိုယ်တိုင်ရောင်းချလျက်ရှိပြီး တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 4 Dec 2011

                မန်းပဲဈေးကွက်သို့ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲတိုင်ပေတို့ ပစ္စည်း အဝင်နည်းကာ လက်ကျန်လည်း နည်းလာပြီလို့သိရပါတယ်။ နိုဝင်ဘာလ ပထမ ပတ်နဲ့ ဒုတိယပတ်တို့မှာ တောင်သူတွေ မျိုးပြန်လည်ဝယ်ယူခဲ့ခြင်း၊ ခွဲစက်များနဲ့ ရန်ကုန်ဝယ်လို အားကောင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကုလားပဲဖြူလုံး ကြီးတစ်ပိဿာ ၁၁၅၃ ကျပ်၊ ထိုင်ဝမ် ၁၀၄၀ ကျပ်နဲ့ ဈေးမြင့်ကာ အရောင်းအဝယ် လည်း သွက်တယ်လို့ ဈေးကွက်ကသိရပါတယ်။                     တတိယပတ်နဲ့ စတုတ္ထပတ်တို့မှာတော့ ဈေးကွက်အတွင်း ရန်ကုန်ဝယ်လက် အားပျော့လာကာ၊ တောင်သူတွေစိုက်ပျိုးပြီးစီးခဲ့တာကြောင့် ခွဲစက်များကလည်း အောက်ဈေးနဲ့ဝယ်ယူနေပါတယ်။ တတိယပတ်မှာ ကုလားပဲဖြူတစ်ပိဿာ ၁၀၁၃ ကျပ်၊ တိုင်ပေ ၉၄၂ ကျပ်နဲ့ အမြင့်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ဆုံးပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၇၈ ကျပ်နဲ့ ထိုင်ဝမ် ၈၈၉ ကျပ်ထိ ဈေးအေး လာကာ အရောင်းအဝယ်လည်း အေးလာကြောင်း ဈေးကွက်မှသိရပါတယ်။ မန်း ဈေးကွက်မှာ ကုလားပဲလက်ကျန်နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ်ရောင်းတာနည်းပါတယ်။ ရန်ကုန်လက် အဝယ်ပြန်လိုက်လာရင်တော့ ကုလားပဲဈေး ပြန်လည်ဦးမော့လာနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နိုင်ထွန်း

Sunday, 4 Dec 2011

               ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ လျော့ကျလက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း လက်ကျန်တန်ချိန် ၂၄၄ သာ တင်ပို့မှုရှိခဲ့ပါတယ်။ FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုမှာလည်း နိုဝင်ဘာ ၃၀ ရက်မှာ ၇၂ တန်သာ စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးလျော့ကျပြီး ဝယ်လိုအားနည်းခြင်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာလည်း ပဲခွဲစက်များအဝယ်ရှိလို့ လက်ကျန်နည်းလာပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာလ ၂ ရက်မှာ   FAQ တစ်တန် ကန်ဒေါ်လာ ၉၆၀-၉၈၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Sunday, 4 Dec 2011

                  ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းများ နယ်စုံမှဝင်ရောက်လျက်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းထိပ်စ ၁၇၃၀၀ ကျပ်၊ ရိုးရိုးစတစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၅၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း

Pages