Main menu

Background

Tuesday, 29 Nov 2011

                 ယခင်သီတင်းပတ်က ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၄၀ သာ ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်းမှာတော့ တန်ချိန် ၃၂၀ ကျော် ထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၈ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၆၅၀၀ ကျော်ပြီဖြစ်လို့ ယခင်ဘဏ္ဍာ နှစ် ကာလတူ တင်ပို့ခဲ့တဲ့ ပမာဏကို အမီ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန်FOB ဈေးကွက်မှာလည်း ယခင်တစ်ပတ်က တန်ချိန် ၂၃၀ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု တစ်ပတ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက် အထိမှာတော့ တန်ချိန် ၃၈၀ ကျော်အထိ အရောင်းအဝယ်စာချုပ် နိုင်ခဲ့ပါတယ်။ FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၂၅ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန်ကန် ဒေါ် လာ ၉၀၀-၉၂၀နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)

Tuesday, 29 Nov 2011

             ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ဘက်မှာ ယခင်နှစ်က ပဲစင်းငုံစိုက်ဧက ၁၆၆၀၀ ကျော်ခဲ့ပြီး၊ တစ်ဧက ၁၁ တင်းနှုန်းနဲ့ တင်းပေါင်း တစ်သိန်းရှစ်ထောင်ကျော် ထွက်ရှိ ခဲ့ပါတယ်။ ပြည်ဈေးကွက်ကို ပဲစင်းငုံသစ်များ စတင်ဝင်ရောက်လာချိန်မှာတော့ တစ်တင်းကို ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်မှာတော့ ယခင်နှစ်ထက် စိုက်ဧက အနည်းငယ်တိုးကာ ၁၇၀၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရပါတယ်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ် နဲ့ အရောင်းအဝယ်မှာ ရက်ခြားသာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ် ပဲသစ်ပေါ်ချိန်ကစလို့ ယခုပဲသစ်ပေါ်ကာနီးအချိန်ထိ ပဲစင်းငုံမှာ ပုံမှန် အရောင်းအဝယ်သာဖြစ်ခဲ့တာကြောင့် တောင်သူများက ယခုနှစ်မှာတော့ ဈေး ကောင်းရပြီး၊ အရောင်းသွက်နိုင်ရန် မျှော်လင့်နေကြကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 29 Nov 2011

               ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်သွက်နေ တဲ့ ပဲကတော့ ပဲစင်းငုံ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အထိ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တန်ချိန် ၁၃၂၀၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ ပမာဏထက် ကျော်လွန်ခဲ့ပါတယ်။                 အိန္ဒိယဈေးကွက်တွေကို ပဲစင်းငုံအသစ်တချို့ ဝင်ရောက်မှုရှိပေမဲ့ အရည် အသွေးပျက် ပါဝင်မှုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယပဲစင်းငုံဝယ်ယူတဲ့ အာဖရိကမှာလည်း ပဲစင်းငုံအထွက်လျော့တယ်လို့ သိရပါတယ်။ ကာလရှည်မှာ အရည်အသွေးကောင်းတဲ့ ပဲစင်းငုံများ ပြန်လည် အရောင်းအဝယ်သွက်လာနိုင် တယ်လို့ အချို့က ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကတော့ အခြားပဲဈေးများ နဲ့အတူ လျှော့ကျခဲ့ပါတယ်။                 ဒေါ်လာ/တန်                       ပဲစင်းငုံနီ         ဖြူနီ           ငုံနီ(အဟောင်း)၂၅-၁၁-၁၁      ၅၄၀-၅၆၀   ၄၄၀-၄၆၀          ၄၄၀-၄၆၀၁၈-၁၁-၁၁       ၅၆၀-၅၈၀  ၄၆၀-၄၈၀          ၅၅၀-၅၇၀MIRT(MAPT)

Tuesday, 29 Nov 2011

              ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၂၇၀၀ ခန့်ကို တင်ပို့မှု လျှော့ကျခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်းမှာတော့ ပဲစင်းငုံတန်ချိန် ၉၅၀၀ ထိ ပြန်တက်လာခဲ့ပါတယ်။ အခြားပဲ တင်ပို့မှု လျော့ကျနေရာမှ ပဲစင်းငုံ ကတော့ ပဲအားလုံးထဲမှာ ပမာဏအများဆုံး တင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီး စီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၅၅၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၉၇ သန်းနီးပါး ရရှိခဲ့ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းမှာတော့ တန်ချိန် ၆၆၂၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆၃ သန်းကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာလည်း ပုံမှန်ပမာဏနဲ့ တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT-MAPT

Tuesday, 29 Nov 2011

                 ပြည်ရဲ့ပဲဈေးကွက်မှာ မတ်ပဲအဝယ်နည်းနေပြီး ပဲဈေးမှာ ယခင်တစ်ပတ်ထက် ဈေးပိုလျော့လာကာ ပဲတစ်တင်းကို ၁၄၅၀၀ ကျပ်ဈေးသာရှိတာကိုတွေ့ရပါတယ်။ မြို့တွင်းပွဲရုံများသို့ ပဲအဝင်မရှိတော့ဘဲ အရောင်းအဝယ်လည်း နည်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ကလည်း ဈေးမကောင်းတဲ့အတွက် ထုတ်ရောင်းချမှု နည်းတာကြောင့်တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့်သာ အရောင်းအဝယ်ရှိပြီး ရန်ကုန် ဝယ်လက်လည်း အေးနေတယ်လို့သိရပါတယ်။ မျိုးသမားများ အဝယ်ရှိပြီး ပဲတစ်တင်းကို ၁၈၀၀၀ ကျပ်ဈေးနဲ့ ယခင်နှစ်ကလောက် အဝယ်မရှိဘူးလို့ သိရပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၉၂၀ ခန့်သာရှိပါတယ်။ မိမိအေး

Tuesday, 29 Nov 2011

                   ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်ထိ အရောင်းအဝယ်ပြန်တက်လာခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်းမှာတော့ တန်ချိန် ၆၂၀၀ ကျော်စာချုပ်ချုပ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဘက်မှလည်း ယခုရက်ပိုင်းဈေးပြန်ကျနေသလို မြန်မာ မတ်ပဲတချို့ အရည်အသွေးပြဿနာရှိနေတယ်လို့ သိရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုပါးနိုင်ပြီး အိန္ဒိယမှာ ပဲလက်ကျန်လျော့ မယ့် ဒီဇင်ဘာလ နှောင်းပိုင်းလောက်မှာတော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်နိုင် တယ်လို့ခန့်မှန်းကြပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေတန်ဖိုး လျော့ တာ ကြောင့် ရန်ကုန် FOB မတ်ပဲဈေးလည်း သိသိသာသာကျဆင်းလာပါတယ်။                      ဒေါ်လာ/တန်                    မတ်ပဲ(FAQ)        မတ်ပဲ(SQ)၂၅-၁၁-၁၁      ၆၀၀-၆၂၀        ၆၅၀-၆၇၀၁၈-၁၁-၁၁        ၆၆၀-၆၈၀      ၇၀၀-၇၂၀MIRT(MAPT)

Tuesday, 29 Nov 2011

                  ယခင်သီတင်းပတ်က မတ်ပဲတင်ပို့မှု အနိမ့်ဆုံးပမာဏ တန်ချိန် ၂၅၀၀ ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၆၅၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်အချို့ က တင်ဒါအတွက် ဝယ်ယူမှုအချို့ရှိနေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ ပမာဏအားဖြင့် တန်ချိန် ၄၅၈၀၀၀ ကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၃၄၈ သန်းကျော်ရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၃၁၆၀၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၆ သန်းသာရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ မတ်ပဲတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Monday, 21 Nov 2011

                         နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၃၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၆၇ သန်းဖိုးကို ဗီယက်နမ်၊ စင်ကာပူနဲ့ အင်ဒိနီးရှားနိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်မှာ ၁၉၇၃ တန် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁၀၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ပြောင်း လက်ကျန်များရှိနေပေမယ့်လည်း အစိုဓာတ်များနေလို့ များများစားစားတင်ပို့နိုင်ခြင်း မရှိသေးတာလို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေး ကျဆင်းသွားပြီး တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ KZW

Monday, 21 Nov 2011

           ထိုင်း၊အင်ဒိုနီးရှားနဲ့ မလေးရှားရော်ဘာအသင်းများမှ ရော်ဘာဈေးနှုန်းထိုးကျနေတာကြောင့် အနိမ့်ဆုံး ရော်ဘာဈေးနှုန်း သတ်မှတ်ပြီး ရောင်းချကြရန်နဲ့ အနိမ့်ဆုံးဈေးနှုန်း တစ်ကီလိုကို ၃ ဒေါ်လာသတ်မှတ်မယ်လို့ ရော်ဘာအသင်း ၃ ခုမှ သဘော တူခဲ့ကြောင်း ထိုင်းရော်ဘာအသင်းမှ ပြောကြားပါတယ်။ လာမယ့်ရက်သတ္တပတ်မှာ ၎င်းင်း ၃ နိုင်ငံက ရော်ဘာဈေးနှုန်းသတ်မှတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဥရောပကြွေးမြီပြဿနာနဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် နိုဝင်ဘာလမှာ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးကတော့ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ မလေးရှား ဈေးကွက်မှာတော့ ဝယ်အားမရှိတဲ့အတွက် ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရဲ့ ထုတ်လုပ်မှုကလည်း ယခင်လနဲ့ နှိုင်းယှဉ်ရင် ကျဆင်းဆဲဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ထုတ်လုပ်မှု ၁၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စက်တင်ဘာမှာ ၇၇၇၂၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကတော့ ၄ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကမ္ဘာ့အထွက်နှုန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်မှာတော့ နိုဝင်ဘာအတွက် ဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။Source:Commodity online,KZW

Monday, 21 Nov 2011

                မြန်မာတရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၃၈၆ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၃၃၅ တန်ကျော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန်ကျော် လျော့နည်းခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုတွေကိုကြည့်မယ်ဆိုလျှင် ချင်းရွှေဟော်မှ RSS-3  ၂၀၇ တန်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် RSS-3  ၆၆၅ တန်ကျော်၊RSS-5 ၃၂ တန်၊MSR -20 ၂၈၈ ဒသမ ၁၂ တန်နဲ့ MSR -50  ၁၄၃ တန် အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးနှုန်းများကို နှိုင်း ယှဉ်ကြည့်တဲ့အခါ မိမိဘက်မြေပြင်ဈေးပြောင်းလဲမှု မရှိသလို တစ်ဘက်နိုင်ငံဈေးမှာလဲ ငွေလဲနှုန်းအတက်အကျကြောင့်သာ အနည်းငယ်တက်သွားတာ တွေ့ရပါတယ်                                            မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                  ယခင်     ပြောင်းလဲမှု  %        ယခု        ယခင်   ပြောင်းလဲမှု    %RSS - 3      ၃၁၈၈၆၁၂       ၃၁၈၈၆၁၂          -         -        ၃၉၅၄       ၃၉၅၂     ၂           ၀ .၀၅RSS - 5     ၂၉၁၉၈၁၂        ၂၉၁၉၈၁၂          -         -        ၃၇၉၆       ၃၇၉၄      ၂          ၀ .၀၅MIRT(DOT)

Pages