Main menu

Background

Sunday, 21 Aug 2011

နနွင်းတန် ငါးဆယ်ကျော်တင်ပို့             သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန်၊ မလေးရှားကို ၁၃ တန်၊ ပါကစ္စတန်ကို တန် ၃ဝနဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီ တင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝ သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Sunday, 21 Aug 2011

မန်ကျည်း               မန်ကျည်းက ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၇ ရက်မှ ၁၃ ရက်တာကာလအ တွင်း တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၆၈ တန်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်သီတင်း ပတ်ထက် ၁၈ တန်လျော့နည်းပြီး တင်ပို့ခဲ့ပါတယ်။ MIRT (DOT) 

Sunday, 21 Aug 2011

ကြိုက်ဈေးစောင့်တဲ့ ဟိုပုံးချင်းဈေးကွက်                  ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ ရှမ်းချင်းဈေးတွေ အနည်းငယ်ပြန်တက်လာပါတယ်။ ဟိုပုံးချင်းကလက်ကျန်လည်း နည်းနေပါတယ်။ ခြံရှင်လက်ထဲမှာတော့ မကျန် တော့ဘဲလှောင်လက်တွေဆီမှာသာ ပိဿာချိန် ၃ သောင်း၊ ၄ သောင်းခန့် ကျန်ရှိတယ်လို့ ချင်းပွဲရုံတွေကသိရပါတယ်။ အရောင်းအဝယ်ကလည်း ခပ်အေးအေးသာ ရှိပြီး၊ တိုင်းဒေသကြီးတွေက ပြည်တွင်းသုံးအနေနဲ့ အလှူပွဲတွေမှာ ချင်းသုပ်အဖြစ် အသုံးပြုဖို့အတွက် ဝယ်ယူနေကြပါတယ်။ တစ်ပတ်ကိုပိဿာချိန် ၃ ထောင်၊ ၄ ထောင်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့လည်းသိရပါ တယ်။ ဟိုပုံးဈေးကွက်မှာ ချင်း (စို) က တစ်ပိဿာ ၂၇ဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကိုတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးဖြစ်ပေမဲ့၊ ယခင်တစ်ပတ်က ၂၂ဝဝ ကျပ်ဈေးရှိခဲ့တာကြောင့် လှောင်လက်တွေက မကိုက်လို့ မရောင်းကြဘူးလို့သိရပါတယ်။ ချင်းခြောက်က အနည်းဆုံး ၂ နှစ်၊ ၃ နှစ်အထိ အထားခံတာကြောင့် လှောင်လက်တွေကလည်း ကြိုက်ဈေးမရရင် မရောင်းဘဲထားကြပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတစ်ပိဿာ ၁၂ဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေး ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင် ကသိရှိရပါတယ်။ ဧဧခိုင် 

Sunday, 21 Aug 2011

ပြည်ချင်း(ဥမ) ဈေးငြိမ်ပြီး ဈေးချို                  ပြည်ချင်းဈေးကွက်အတွင်းသို့ ယခုတစ်ပတ်တွင်လည်း ချင်း(ဥမ)များသာ ပိဿာ ၃ဝ ဝင် အိတ် ၂၈ဝ ခန့်နဲ့ အဝင်ပုံမှန်ရှိ၍ ချင်း(အတက်)မှာ တော်သလင်းလကုန်ခါနီးတွင်မှသာ ဝင်ရောက်မှုရှိမယ်လို့ ချင်းပွဲရုံတွေက တစ်ဆင့်သိရပါတယ်။ ချင်းဓါးလှီးသမားများအတွက်ကတော့ ချင်းတက်နဲ့စာရင် ဈေးချိုတဲ့ ချင်း(ဥမ)နဲ့ ပိုပြီးတွက်ခြေကိုက်ကြောင်းလည်း သိရပါတယ်။ ချင်း(ဥမ) ဈေးနှုန်းအနေဖြင့် တစ်ပိဿာကို (ရှယ်) ၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နှင့် ဈေးငြိမ်နေပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ချင်း(ဥမ) ပိဿာချိန် ပျမ်းမျှ ၂၂ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများ၌ လက်လီ/လက်ကားရောင်းဝယ်သူများနဲ့ ချင်းဓါးလှီးအဝယ်သမားများအပါအဝင် တစ်ရက်ကို ပိဿာချိန် ၁ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 21 Aug 2011

လတ်တလောဈေးမငြိမ်လို့ အိန္ဒိယကုလားပဲဝယ်လိုအားကျ                  လွန်ခဲ့သော ရက်သတ္တပတ်တွေက ဈေးနှုန်း အတန် အသင့်ခိုင်မာမှု ရှိပေမဲ့ ကုလားပဲဝယ်လိုအား အနည်းငယ်ကျကြောင်းသိရပါတယ်။ ဈေးကွက်မတည်ငြိမ်တာ ရေတိုသာဖြစ် ပြီး ပွဲတော်ရာသီအတွက် ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယအစိုးရရဲ့နောက်ဆုံး ခန့် မှန်းချက်အရ ၂ဝ၁ဝ-၁၁ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၈ ဒသမ ဝ၉ သန်း ထုတ်လုပ်ဖွယ်ရှိပြီး ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ဖွယ် ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို အဝယ်နည်း သွားနိုင်တာကြောင့် ကုလားပဲကိုဝယ်လိုအား ပိုမိုမြင့်တက်နိုင်ကြောင်းသိရပါတယ်။ မုတ်သုံမိုးက ပဲစိုက်တဲ့ပြည်နယ်တွေ ဖြစ်တဲ့ မဟာရပ်ရှ်တရာ၊ အင်ဒရာပရာဒေ့ရှ်တို့မှ အားကောင်းတာကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ အားလုံးမြင့်တက် နိုင်ကြောင်းသိရပါတယ်။ ယခုလက်ရှိကာလမှာ ဈေးကွက်မငြိမ်သေးသော်လည်း လာမဲ့ရက်သတ္တပတ်များမှာ အရောင်း  အဝယ်ကောင်းနိုင်ကြောင်း သတင်းရရှိပါတယ်။ K.Z.W,Source: commodity online

Sunday, 21 Aug 2011

ပြည်စားတော်ပဲ ဈေးကောင်းနေဆဲပါ                ပြည်စားတော်ပဲ ယခုတစ်ပတ်မှာ ဈေးကောင်းရနေပါတယ်။ ယခင်တစ်ပတ်က တစ်တင်းလျှင် ၂၃ဝဝဝ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းလျှင် ၂၅ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ စားတော်ပဲပေါ်စတွင် မင်းတုန်းဘက်မှ အဝင်များ ရှိခဲ့ပေမဲ့ ယခုနောက်ပိုင်းမှာ အဝင်မရှိတော့ကြောင်းသိရပါတယ်။ အဝင်မရှိ တော့တဲ့အတွက် လက်ကျန်ပဲများဖြင့်သာ တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အခြားတိုင်းများသို့ တင်ပို့နိုင်ခြင်းမရှိပေမဲ့ တိုင်းအတွင်းရှိ ကြို့ပင် ကောက်၊ ပေါင်းတည်မြို့နယ်များမှ ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 21 Aug 2011

လှောင်လက်သမားများ ရောင်းချမှုရှိလာတဲ့ ပြည်ပဲကြီး                  ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်းသို့ ပဲကြီးသီးနံှမှာ ဇူလိုင်လကုန်အထိ မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိခဲ့သော်လည်း သြဂုတ်လဆန်းမှစ၍ မကွေးတိုင်းဒေသကြီးမှအဝင်မရှိတော့ဘဲ ဒေသအတွင်းမှသာ အဝင်အနည်းငယ် ရှိခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းမှာ ပဲကြီးရွှေကျွန်းတစ်တင်း ၁၆ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျသွားခဲ့ပါတယ်။ ပဲကြီးအဖွင့်ဈေးနှုန်းမှာ တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခုနှစ်အတွင်း ပဲကြီးဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာခြင်းမျိုး မရှိခဲ့တဲ့အတွက် လှောင်လက်များမှ ဈေးစောင့်ရင်းစောင့်ရင်းနဲ့ ငွေလို၍ထုတ်ရောင်းချ လာသူများ ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။           ခင်ဆွေဝင်း

Sunday, 21 Aug 2011

မူဆယ်မှ ယခုအပတ် ပဲယင်း တင်ပို့မှုလျော့                   သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ပဲယင်း ၃ဝ၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၅၃၂ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက်မှာရော တဘက်နိုင်ငံမှာပါ မြေပြင်ဈေးများ မြင့်တက်နေသော်လည်း အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို ကြည့်လျှင် မိမိဘက်ဈေးကျပ် ၁ဝဝဝ ကျနေပြီး တစ်ဘက်နိုင်ငံဈေး ဒေါ်လာ ၂ဝ ပိုမိုလျက်ရှိပါတယ်။ ယခုအပတ်မှာ ပဲယင်းကား ၁၅ စီးဝန်းကျင်သာ အဝင်ရှိပြီး ယခင်အပတ်က အစီး ၂ဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                              မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု          ယခင်     ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %ပဲယင်း ၃၂၈၃၃၂    ၃၂၉၃၃၂      ၁ဝဝဝ        ဝ .၃   ၅၁၇     ၄၉၇         ၂ဝ           ၄MIRT (DOBT)

Sunday, 21 Aug 2011

ဒေသတွင်းသာမက အခြားတိုင်းမှလည်း မှာယူမှုရှိခဲ့တဲ့ ပြည်ထောပတ်ပဲ                ပြည်ဈေးကွက်အတွင်း လက်ကျန်ပဲများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ထော ပတ်ပဲသီးနံှမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဇွန်လမှစ၍ သြဂုတ်လဆန်းအထိ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်ဈေးငြိမ်ခဲ့ပြီး၊ ယခု သြဂုတ်လ တတိယပတ်တွင် တစ်တင်း ၅ဝဝ ကျပ်ခန့် မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်း လက်လီသမားများအဝယ်ရှိသလို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မှ မှာယူမှုများရှိတဲ့အတွက်အိတ် ၄ဝ-၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါ တယ်။ ခင်ဆွေဝင်း

Sunday, 21 Aug 2011

လက်ကျန်နည်းပြီး ပြည်ပအရောင်း ဈေးအေးလာတဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲ                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲနဲ့ ထောပတ်ပဲ အရောင်းအဝယ်စာချုပ်နိုင်မှုဟာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်းမြေထောက်ပဲ FAQ ၂၄ တန်၊ ထောပတ်ပဲ တန် ၅ဝ ဝန်းကျင် စာချုပ်ရောင်းချခဲ့ပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာတာကြောင့် ယခင် အပတ်က မြေထောက်ပဲ ၈၅ တန်၊ ထောပတ်ပဲ ၁၁ဝ တန်ထက် ရောင်းချမှု လျော့ကျလာပါတယ်။                            သြဂုတ်လ ၁၈ ရက်က မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ- ၆၄ဝ၊ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ၇၃ဝ-၇၅ဝ ဖြစ်တာကြောင့် ယခင် တစ်ပတ် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ထောပတ်ပဲ  FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ထက် ဈေးအေးလာတာတွေ့ရပါတယ်။ လက်ကျန်နည်းပေမဲ့ ပြည်ပပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ဈေးအေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ MIRT-MAPT 

Pages