Main menu

Background

Sunday, 21 Aug 2011

ယခုတစ်ပတ်မြေထောက်ပဲတင်ပို့မှု ပိုပြီး ထောပတ်ပဲတင်ပို့မှုလျော့                  ပင်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်နိုင်မှုဟာ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိ မြေထောက်ပဲတန် ၂၅ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၁ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ တင်ပို့ခဲ့ပြီး၊ ထောပတ်ပဲကို တရုတ်နဲ့ စင်ကာပူနိုင်ငံများသို့ တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၉ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၁ဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄၄ဝဝ ကျော်၊ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်မှာ ပို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT-MAPT 

Sunday, 21 Aug 2011

Export  ဝယ်လက်သွက်လို့ ဈေးကောင်းပြီး ရောင်းအားတက်တဲ့ မုံရွာ V2                    မုံရွာကုန်စည်ဒိုင်တတိယပတ်ကုလားပဲဈေးကွက်မှာ V2 အရောင်းအဝယ်ဆက် လက်အားကောင်းနေပြီး၊ ဈေးအနေနဲ့လည်း အထက်ဈေးမှာ တန့်နေတာတွေ့ရပါတယ်။ အခုလို V2 အပါအဝင် ကုလားပဲဈေးအားလုံး နီးပါး ဈေးကောင်းရနေလို့ နယ်တောင်သူတွေရဲ့ပဲတွေ မုံရွာပွဲရုံတွေကို တစိမ့်စိမ့်ဝင်လာနေတယ်လို့ ဈေးကွက် က သိရပါတယ်။ V2  ဈေးကွက်ရဲ့ အဓိကဝယ်လက်က ရန်ကုန်ဖြစ်ပြီး၊ မန်းကုန်သည်အချို့လည်း အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ V2 တစ်တင်း ၂၁၄ဝဝ ကျပ်မှ ၂၁၆ဝဝ ကျပ်၊ တိုင်ပေ တစ်တင်း ၁၆၈ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်၊ V2 တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆ဝဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ V2  အရောင်းအဝယ်ဟာ တစ်နေ့ပုံမှန် အိတ် ၁၅ဝဝ ခန့်ရှိကာ ကြိုက်ဈေးရရင် ရန်ကုန်ဝယ်လက်အဆွဲပိုလို့ တစ်နေ့တင်း ၅ဝဝဝ ခန့်ထိ ရှိခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအားဖြင့် ယခုတစ်ပတ်အတွင်း ရန်ကုန်ကို တင်း ၁ဝဝဝဝ ကျော်နဲ့ မန္တလေးကို တင်း ၅ဝဝဝ နီးပါးရှိခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင် 

Sunday, 21 Aug 2011

ယခုအပတ် ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းရှိ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOBဈေးကွက်မှာ သြဂုတ် လ ၁၂ ရက်မှ ၁၈ ရက်အတွင်း အရောင်းအဝယ်စာချူပ် ချုပ်ဆိုမှုဟာ ကုလားပဲဖြူလုံးကြီး FAQ တန် ၂၂ဝဝ ကျော်ရှိပြီး၊ ယခင်အပတ်က စာချုုပ် ချုပ်ဆို ရောင်းချ နိုင်မှုတန်ချိန် ၂၇ဝဝ ကျော်ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိတယ်ဆိုရမှာ ဖြစ်ပါတယ်။                   ဝယ်လိုအားရှိနေပေမဲ့ အခြားပဲဈေးများနည်းတူ ရန်ကုန် FOB ဈေးနှုန်းအနေ နဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကုလားပဲဖြူလုံးကြီး၊ FAQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်တာကြောင့် ယခင်အပတ် သြဂုတ် ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ထက် ဈေးလျော့လာပါတယ်။             MIRT - MAPT 

Sunday, 21 Aug 2011

ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပကို ပိုမိုတင်ပို့လာ                     ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ဇူလိုင်နောက်ဆုံးပတ် မှာ တန် ၃၂ဝဝ ကျော်၊ သြဂုတ်လ ပထမပတ်မှာ တန် ၂၈ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်ထိ တန်ချိန် ၄၉ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ကုလားပဲဖြူလုံးကြီးတန်ချိန် ၄၅ဝဝဝ ကျော် တင်ပို့နိုင်တာကြောင့် ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၃ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT 

Sunday, 21 Aug 2011

လက်ကျန်ပဲများနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း                  ယခုတစ်ပတ် ပြည်ပဲတီစိမ်းဈေးကွက်မှာ အရည်အသွေးအလိုက် ကွာခြားမှုရှိခဲ့ပါတယ်။ ရိုးရိုးစမှာ တစ်တင်း ၁၄၅ဝဝ ကျပ်နဲ့ ထိပ်စမှာ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်မှုရှိခဲ့ကြပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှုမှာ တဖြည်းဖြည်းနည်းလာခဲ့ပြီး၊ လက်ကျန်ပဲများဖြင့် တစ်ရက်ကို အိတ် ၁ဝဝ ကျော် ရောင်းဝယ်ခဲ့ကြသလို အရောင်းအဝယ်သွက်တဲ့ ရက်များမှသာ တစ်ရက် အိတ် ၃ဝဝ၊ ၄ဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုသြဂုတ်လ တတိယပတ်အထိ ရန်ကုန်သို့ အိတ် ၁၈ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ မန္တလေးဝယ်လက်များ အဝယ်အေးနေခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း 

Sunday, 21 Aug 2011

အညာစ အဝင်များ၊ ခရမ်းစ နည်း               မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၄ဝ သန်း တန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း ၃၇၈၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်အတွင်းမှာ ပဲတီစိမ်းကား အစီး ၁၃ဝ ကျော်လောက်သာအဝင်ရှိပြီး၊ ယခင်အပတ်က ကား ၂၆ဝ ဝန်းကျင်အဝင်ရှိတာဖြစ်ပါတယ်။ ပဲတီစိမ်းအညာစများသာ အဝင်များပြီး ခရမ်းရွှေဝါ အဝင်နည်း လျက်ရှိပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာလည်း ဈေးများကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု          ယခင်     ပြောင်းလဲမှု       %       ယခု    ယခင်   ပြောင်းလဲမှု    %ပဲတီစိမ်း ၆ဝ၇၄၅၃   ၆၁၅၆၂ဝ          ၈၁၆၇     ၁ .၃၄    ၈၁၅    ၉၃၁          ၁၁၆       ၁၂MIRT (DOBT)

Sunday, 21 Aug 2011

ယခုအပတ် ပဲတီစိမ်း  FOB ဈေးအေးပြီး အရောင်းအဝယ်ပိုဖြစ်          ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၁၃၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် ပဲတီစိမ်းရွှေဝါ တန်ချိန် ၉၈ဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၆၆ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှာ ပိုမိုအရောင်းအဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အရောင်းအဝယ်ပိုဖြစ်ပေမဲ့ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ကျ လာတာကို တွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                                                                    ဒေါ်လာ/ တန်                    ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး         ပဲတီရွှေဝါအကြီး၁၈-၈-၁၁         ၇၁ဝ-၇၃ဝ            ၉၄ဝ-၉၆ဝ                ၁ဝ၁ဝ-၁ဝ၃ဝ၁၁-၈-၁၁         ၇၃ဝ-၇၅ဝ            ၉၈ဝ-၁ဝဝဝ              ၁ဝ၅ဝ-၁ဝ၇ဝMIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် ပဲတီစိမ်း ပြည်ပသင်္ဘောတင်မှု ပုံမှန်ရှိနေ                 ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်က တန် ၄ဝဝဝ ကျော်၊ သြဂုတ်လ ပထမပတ်မှာ တန် ၃၂ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း တန်ချိန် ၃၃ဝဝ ခန့် တင်ပို့ခဲ့တဲ့အတွက် သြဂုတ်လအတွင်း ပုံမှန်တင်ပို့နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။                 လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂ သြဂုတ်လ ၁၂ ရက်ထိ တင်ပို့မှုတန်ချိန် ၁ ဒသမ ၅၄ သိန်းကျော် ရှိပြီး ယခင်နှစ် ကာလတူက တင်ပို့ခဲ့တဲ့တန်ချိန် ၁ ဒသမ ဝ၃သိန်းကျော်ဖြစ်လို့ ယခုနှစ်မှာပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းစာချုပ် ချုပ်ဆိုရောင်းဝယ်မှုဟာ အပတ်စဉ် မြင့်တက်နေတာကြောင့်လာမဲ့ ရက်သတ္တပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT

Sunday, 21 Aug 2011

ပြည်ပဲလွန်းဖြူ လက်ကျန်နည်းလာသလိုဈေးလဲငြိမ်               ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲအဝင်ပြတ်သလောက်ရှိနေပြီး လက်ကျန်နည်းလာခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။ ပဲဈေးကတော့ ငြိမ်နေပြီး ယခင် တစ်ပတ်က ဈေးအတိုင်း ပဲတစ်တင်းကို ၁၈၅ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ကလည်း မြို့တွင်း အဝယ်သာရှိပြီး တစ်နေ့ကို ၁ အိတ်၊ ၂ အိတ်လောက်သာ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 21 Aug 2011

ပစ္စည်းလက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအေး ဈေးအေးလာတဲ့ ပဲလွန်းဖြူ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၁၂ ရက်မှ ၁၈ ရက် ပဲလွန်းဖြူ ရောင်းဝယ်မှုမှာ တန် ၁၃ဝ ဖြစ်ပြီး၊ ယခင်တစ်ပတ်က တန် ၃ဝဝ ဝန်းကျင် ဖြစ်တာကြောင့် အရောင်းလျော့လာ ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ သြဂုတ်လ ၁၈ ရက်က ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ SQ တစ်တန် ကန်ဒေါ်လာ ၉၄ဝ-၉၆ဝ ဖြစ်ပြီး ယခင်တစ်ပတ် သြဂုတ်လ ၁၁ ရက်ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်တာ ကြောင့် ယခုတစ်ပတ်မှာ အရောင်း အေးသလို ဈေးလည်း အေးလာတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန် ပြတ် သလောက်ရှိတာကြောင့် အရောင်း အေးပြီး အခြားပဲများ ဈေးလျော့ကျ ခြင်းကြောင့် ဈေးအေးရတယ်လို့ ဈေး ကွက်က ဆိုပါတယ်။ MIRT-MAPT

Pages