Main menu

Background

Tuesday, 26 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ် ထက်ဝက်လျော့ကျ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ပြည်ပဝယ်လက် အဝယ်အေးတဲ့အပြင် ဈေးပိတ်ရက်ရှိတာကြောင့် FOB အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ယခင် သီတင်းပတ်ထက် ထက်ဝက်လျော့ကျပြီး တန်ချိန် ၆၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်း အိန္ဒိယပဲစိုက်ဒေသများမှာ မိုးပြန်လည်ရွာသွန်းလာ တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်လာတဲ့အတွက် အဝယ်ပြန်အေးလာခြင်းဖြစ်တယ် လို့ သိရပါတယ်။ဒါပေမဲ့ ဇူလိုင်လ နောက်ဆုံး သီတင်းပတ်လောက်မှာတော့ ဒီပါ ဝတီပွဲတော်အတွက် အဝယ်ပြန်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။                      ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်း စုစုပေါင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် အားလုံး စုစုပေါင်း တန်ချိန် ငါးသောင်းနီးပါးရှိတယ် လို့ သိရပါတယ်။ ရန်ကုန် FOBမှာ အရောင်းအဝယ်ပါးလို့ ဈေးအနည်းငယ်အေး လာခဲ့ပါတယ်။                     ဒေါ်လာ/တန်               မတ်ပဲ(FAQ )     မတ်ပဲ(SQ)၂၁-၇-၁၁       ၇၅ဝ-၇၇ဝ        ၈၃၅-၈၅၅၁၄-၇-၁၁       ၇၆ဝ-၇၈ဝ        ၈၄ဝ-၈၆ဝMIRT(MAPT)

Tuesday, 26 Jul 2011

ဒီတစ်ပတ် မတ်ပဲသင်္ဘောအတင်လျော့               ယခင်သီတင်းပတ်များက မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ဝန်းကျင်ထိ တင်ပို့မှုရှိခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်းမှာတော့ တန်ချိန် ၁၁ဝဝဝ ကျော်ကို လျော့ကျတင်ပို့လာပါတယ်။ အိန္ဒိယဝယ်လက်များ ၎င်းတို့နိုင်ငံမှာ ပဲ စိုက်ပိုျးဖို့ ရာသီဥတုပြန်လည် ကောင်းမွန်လာတဲ့အတွက် ပဲအဝယ်လျော့သွားတာ ကြောင့်လို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီး မှုဟာ တန်ချိန် နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုသီတင်းပတ် တွေမှာလည်း အရောင်းအဝယ် အေးတာကြောင့် လာမယ့်အပတ် ပဲတင်ပို့မှုမှာ အနည်းငယ် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။   MIRT - MAPT

Sunday, 17 Jul 2011

ကမ္ဘာ့သကြားဈေးတစ်တန် ကန်ဒေါ်လာ ၈၇၄ နဲ့ စံချိန်သစ်တင်                    ကမ္ဘာ့ဈေးကွက်( LIFFE ကြိုပွိုင့်ဈေးကွက်) မှာ သကြားဈေးဟာ တစ်တန် ကန်ဒေါ်လာ ၈၇၄ ဒသမ ၅ ထိ မြင့်တက်ခဲ့လို့ ဇန်နဝါရီလ ဈေး ကန်ဒေါ်လာ ၈၆ဝ ထက် ပိုမိုပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ သကြားအများဆုံး ထုတ်လုပ်သူ၊ တင်ပို့သူဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ သကြားထုတ်လုပ်မှု မရေရာတဲ့ သတင်းများကြောင့် ကမ္ဘာ့သကြားဈေး မြင့်တက်လာတာဖြစ်ပါတယ်။ ဘရာဇီးသကြားထုတ်လုပ်မှုဟာ ကြံတန်ချိန် ၅၃၆ သန်းကြိတ်ခွဲနိုင်ပါက သကြားတန်ချိန် ၃၃ ဒသမ ၇ သန်းထွက် ရှိနိုင်လို့ အစောပိုင်းခန့်မှန်းထားတဲ့ ကြံတန်ချိန် ၅၇၃ သန်းနဲ့ ကြံတန်ချိန် ၃၅ ဒသမ ၉ သန်းထက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။                   အိန္ဒိယသကြားဈေးနှုန်းမှာ တစ်တန်ကန်ဒေါ်လာ ၆၅၅ ဒသမ ၉၆ ဖြစ်လို့ နိုင်ငံတကာဈေးက ၃၃ ရာခိုင်နှုန်းပိုမိုနေပါတယ်။ ကမ္ဘာ့သကြားဈေးဟာ လွန်ခဲ့တဲ့ ၂ ပတ်က တစ်တန်ကန်ဒေါ်လာ ၇၅ဝ မှ ၇၆၂ အတွင်း ရှိခဲ့ရာမှ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မှ ၁၁၂ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက် နေခြင်းကြောင့် သကြားစက်များ အကိုျးအမြတ်ရရှိတော့မယ်လို့ ထုတ်လုပ်သူ များက ဆိုပါတယ်။                      အိန္ဒိယ မဟာရပ်ရှတရာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ သကြားတစ်တန်ကို စက်ရုံ ပြင်ပပေါက်ဈေး တစ်တန် ရူပီး ၂၆ဝဝဝ-၂၈ဝဝဝ (ကန်ဒေါ်လာ ၅၈၄-၆၂၉) ရှိနေပြီး မကြာခင်က အစိုးရရဲ့ နောက်ထပ်သကြားတန် ၅ သိန်း တင်ပို့ခွင့်ပြု လိုက်ပြီးနောက် တစ်တန်ကို ရူပီး ၃၂ဝဝဝ-၃၃ဝဝဝ (ကန်ဒေါ်လာ ၇၁၉-၇၄၂) အထိမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက ပြည်တွင်းသကြားလုပ်ငန်းများအတွက် အကူအညီဖြစ်စေမှာဖြစ်ပြီး နောက်ထပ်တန်ချိန် ၁ဝ သိန်းတင်ပို့ခွင့်ပြုနိုင် တယ်လို့လည်း မဟာရပ်ရှတရာ သကြားပွဲစားကုန်သည်များအသင်း တည်ထောင် သူ Yogesh Pande က ဆိုပါတယ်။ ၂ဝ၁၁-၁၂ သကြားရာသီမှာ တန်ချိန် ၂၆ သန်းဝန်းကျင် ထွက်ရှိမယ်ဆိုလျှင် လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၄ သန်းထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ ကြိတ်ခွဲရာသီကုန်မှာ သကြားတန်ချိန် ၃ သန်း တိုးတက်ထွက်ရှိခဲ့တာကြောင့် ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက နိုင်ငံ အတွင်း သကြားစက်ပိုင်ရှင်များအတွက် ဝမ်းသာစရာဖြစ်လာခဲ့တယ်လို့ သကြား စက်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ပြည်တွင်းသကြားဈေးမြင့်လာတဲ့အတွက် သကြား စက်များ ဝင်ငွေပိုရလာတဲ့အတွက် တောင်သူတွေဆီက ကြံကို ဈေးပိုပေးဝယ်ယူ လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: business standard

Sunday, 17 Jul 2011

ပြောင်းဖူးစေ့ တန် ၁၂ဝဝဝ နီးပါး မူဆယ်နယ်စပ်မှ အပို့ရှိ               မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁ဝ၂၈ တန်ကျော်နဲ့ နံှစားပြောင်း ၈၉၅ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၇၂၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ ၁၂ ရက်ထိ နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၄၄၁၁ဝ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ နံှစားပြောင်းရော ပြောင်းဖူးစေ့များရဲ့ မိမိဘက်ဈေးများ ကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိပါဘူး။ နှစ်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်                                                 မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု             ယခင်     ပြောင်းလဲမှု    %         ယခု    ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၁၇ဝ၃၈      ၂၁၈၉၃၈     ၁၉ဝဝ        ဝ .၉     ၂၉၄     ၂၉၄          -              -နံှစားပြောင်း     ၂၁၄၅၉၉     ၂၁၇၁၂၈    ၂၅၂၉         ၁ .၂      ၂၉၄    ၂၉၄          -               -MIRT (DOBT)

Sunday, 17 Jul 2011

ပင်လယ်ရေကြောင်းမှ တန် ၆ဝဝဝ ကျော်တင်ပို့နိုင်                     ဇူလိုင်လ ၈ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၆၃၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ပဲဖြစ်ပါတယ်။ ယခင်လဆန်းပိုင်းက တန် ၈ဝဝ ကျော်သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတစ်ရှိန်ထိုး တက်လာတယ်လို့ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တန်ချိန် ၁ဝဝဝဝ ကျော်ကို ပုံမှန်တင်ပို့ နေရတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြားဈေးပေါက်လျက်ရှိပါတယ်။                    KZW

Sunday, 17 Jul 2011

တာယာကုမ္ပဏီများ အရှေ့တောင်အာရှတွင် ရော်ဘာစိုက်ခင်းဝယ်ယူလို                   အပိုလိုနဲ့ ဂျေကေတာယာကုမ္ပဏီများက ကာရာလာဈေးကွက်ကို မှီခိုအားထားပြီး သဘာဝရော်ဘာ ဝယ်ယူနေရတာကို လျှော့ချဖို့အတွက် အရှေ့တောင်အာရှမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းအတွက်ရှာဖွေနေ ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရောင်းလိုအားပြတ်လတ်ကာ ဝယ်လိုအားတိုးတက် လျက်ရှိတာကြောင့် အဓိကကျတဲ့ ကုန်ကြမ်း ဈေးမြင့်နေကြောင်းသိရပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်ပါ တယ်။ အိန္ဒိယမှာတော့ ကာရာလာဒေသ ကထိပ်တန်းရော်ဘာ ထုတ်လုပ်ရာဒေသဖြစ်ပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်း ကို ထုတ်လုပ်ကြောင်းသိရပါတယ်။ ဂျေကာတာယာ ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှမှာ ရော်ဘာစိုက်ခင်းတွေကို အပူတပြင်း ဝယ်ယူလိုတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ မန်းနေဂျင်းဒါရိုက်တာကပြောကြားပါတယ်။ အိန္ဒိယမှာတော့ ရော်ဘာစိုက်ခင်း ဝယ်ယူဖို့ခက်ခဲပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထုတ်လုပ်သူနဲ့ ကုန်သည်တွေအများဆုံးရှိသလို မြေနေရာလဲဈေးပေါတာ ကြောင့် ဝယ်ယူလိုခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။                  ပင်လယ်ရပ်ခြားမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ဖို့လိုအပ်နေပြီး ရော်ဘာစိုက်ခင်းဝယ်ယူတာဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်တာဖြစ်ဖြစ် ဆောင်ရွက်လိုပြီး အရေးအကြီးဆုံးကတော့ မိမိတို့ရဲ့ စီးပွားရေးအတွက် ဗျူဟာပြောင်းဖို့ လိုအပ်နေပြီး ရေရှည် ရည်မှန်းချက်ဖြစ်ကြောင်း အပိုလိုတာယာရဲ့ မန်းနေဂျင်းဒါရိုက်တာက ပြောကြားခဲ့ပါတယ်။              လွန်ခဲ့တဲ့ ၂ နှစ်အတွင်းသဘာဝရော်ဘာဈေးနှုန်း ၁၉၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တိုကျိုကုန်စည်ဒိုင် ရဲ့အလားအလာလည်း ၂၁၇ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ဖွယ်ရှိတာကြောင့်တာယာကုမ္ပဏီတွေကို ထိခိုက်နိုင် ကြောင်းသိရ ပါတယ်။ တာယာ ကုမ္ပဏီတွေက ရော်ဘာရနိုင်ခြေနည်းလမ်းတွေရှာဖွေနေကြပြီး အဓိကအကြောင်း ကတော့ အိန္ဒိယရဲ့ ပြင်ပမှာ အကျိုး အမြတ်ရှာဖွေလိုကြတာဖြစ်ပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးမြေအခက်အခဲရှိတာ လည်းပြဿနာ တစ်ခုဖြစ်ကြောင်း မော်တော်ကား တာယာ ထုတ်လုပ်သူများအသင်း (ATMA ) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ တာယာကုမ္ပဏီတွေက ပြည်တွင်း ဈေးကွက်ကနေအဓိက ဝယ်ယူနေပြီး အရှေ့တောင် အာရှနိုင်ငံတွေကနေ တင်သွင်းနေရဆဲဖြစ်ပါတယ်။ ရော်ဘာ စိုက်ခင်းများ ဝယ်ယူခြင်းအားဖြင့် အပိုလိုနဲ့ ဂျေကေကုမ္ပဏီ (၂) ခုလုံးအနေနဲ့ အကျိုးအမြတ်ရတဲ့အပြင် ကုန်ကျစရိတ် တွေမြင့်တက်မှုကိုလည်း ခံနိုင်ရည်ရှိမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source; business standard,KZW 

Sunday, 17 Jul 2011

တာယာထုတ်လုပ်ရေးများ၏ ဝယ်လိုအားကြောင့် ရော်ဘာဈေးတက်နိုင်                         တာယာထုတ်လုပ်ရေးများရဲ့ ဝယ်လိုအားတွေ တက်တာကြောင့် အိန္ဒိယရဲ့ သဘာဝရော်ဘာ ဈေးနှုန်းတွေ တက်လိုပေမယ့် လှောင်ကုန်တွေများနေတာကြောင့် တောင်သူတွေနဲ့ ကုန်သည်တွေ အခက်တွေ့နေကြောင်း သိရပါတယ်။ လှောင်ကုန် အဟောင်းတွေကို တောင်သူတွေက ထုတ်ရောင်းဖို့အတွက် ဈေးတက်ဖို့ ခက်နေပြီး ၎င်းတို့ရဲ့ လှောင်ကုန်တွေက အချိန် အတော်ကြာခဲ့ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာရောင်းဝယ်သူများအသင်း(IRDF) ကပြောကြားပါတယ်။ မေလကုန်မှာ အိန္ဒိယရဲ့ သိုလှောင်မှု တန်ချိန် (၂၄၉၄၇ဝ) ရှိပြီး ယခင်နှစ်အလားတူကာလက (၁၈၇၇၅ဝ) တန်ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ အများဆုံးရော်ဘာထုတ်လုပ်တဲ့ ကာရာလာဒေသမှာ မိုးရွာမှုနည်းသေးတာကြောင့် တောင်သူတွေ အစေးပိုမို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကာရာလာက တော့တစ်ယန်ဈေးကွက်မှာ ကြပ်တင်ရော်ဘာပြား RSS-4   ရဲ့ ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၄၅ဝ (၄၈၇ ဒေါ်လာ) ဖြစ်ပြီး အိန္ဒိယအမျိုးသားကုန်စည်ဒိုင်(NMCE) မှာ သြဂုတ် လရဲ့ စာခုျပ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၆၅၂ ( ၄၉၂ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ အိန္ဒိယက ကမ္ဘာ့စတုတ္ထ ရော်ဘာအများဆုံးထုတ်လုပ်သူဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ ကနေ ရော်ဘာတင်သွင်းပါတယ်။ ၂ဝ၁၁ မှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့ အထွက်နှုန်းကျဆင်းတာကြောင့် တန်ချိန် ၉ ဒသမ ၉၃၆ သန်းကို ရောက်ရှိနိုင်ကြောင်း ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  ကပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ အိန္ဒိယရဲ့ထုတ်လုပ်မှု က ခန့်မှန်းခြေ တန်ချိန် (၉ဝ၂ဝဝဝ) ရှိနိုင်ပြီး သုံးစွဲမှုတန်ချိန် (၉၇၇ဝဝဝ) ရှိ မှာ ဖြစ်ပါတယ်။  Source: Reuters,     KZW 

Sunday, 17 Jul 2011

ယခုအပတ် နယ်စပ်မှာ ရော်ဘာအဆင့်စုံတန် ၃ဝဝ ခန့်အပို့ရှိ                   မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၂၉၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်စုံ တန် ၂၂ဝ နဲ့ ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာအဆင့်စုံ ၇၅ တန် ကျော်တင်ပို့ခဲ့တာဖြစ်ပြီး ယခုအပတ်နယ်စပ်မှ ရော်ဘာ အဆင့်လိုက်တင်ပို့နိုင်မှုများမှာ RSS-1 ၇ တန်၊ RSS-3 ၁၈၃ တန်ကျော်၊ ွှRSS-5  တန် ၇ဝ နဲ့ MSR-50 ၃၅ တန်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့မှုဟာ ယခင်အပတ်တင်ပို့မှုအောက် ၂ တန်လျော့နည်းခဲ့သော်လည်း ချင်းရွှေဟော်နယ်စပ်မှ ၆၅ တန်ကျော် ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တနင်္သာရီ၊ မွန်၊ ကရင်ဒေသထွက် ရော်ဘာများကို တင်ပို့တာဖြစ်ပြီး မွန်ပြည်နယ်ဘက် ရော်ဘာပေါက်ဈေးများမှာRSS-1 တစ်တန်လျှင် ကျပ် ၄ ဒသမ ၁၈၉ သန်းနဲ့RSS-3 တစ်တန်လျှင် ကျပ် ၃ ဒသမ ၈၅ သန်းများဖြစ်ပါတယ်။ မူဆယ်နယ်စပ်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးများကို ကြည့်တဲ့အခါ ယခင်အပတ်ကထက်ဈေးများကျလျက်ရှိပါတယ်။                                      မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု            ယခင်        ပြောင်းလဲမှု   %    ယခု     ယခင်   ပြောင်းလဲမှု    %RSS-3     ၃၄၁၃၁၉၈     ၃၄၈၄၆၉၂     ၇၁၄၉၄       ၂     ၄၃၃၂    ၄၃၃၁        ၁        ဝ . ဝ၂RSS-5     ၃၁၈၃၅၃၅     ၃၂၉၉၈ဝဝ     ၁၁၆၂၆၅     ၄     ၄၂၅၄    ၄၂၅၂        ၂        ဝ . ဝ၅MIRT(DOBT)

Sunday, 17 Jul 2011

ပင်လယ်ရေကြောင်းမှ ပြန်လည်တင်ပို့နိုင်ပြီ                    ဇူလိုင်လ ၈ ရက်မှ ၁၃ ရက်ထိကာလအတွင်းပင်လယ် ရေကြောင်းမှ ရော်ဘာတန် ၂ဝဝ ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၈၇ သန်းကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့ ခဲ့ပါတယ်။ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်း ကာလတွေမှာတင်ပို့မှု လုံးဝမရှိဘဲ ယခုရက်ပိုင်းမှာမှ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၃ဝဝ နီးပါး တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3  တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊  RSS-5  တစ်တန်ကို ၄၃ဝဝ ဒေါ်လာနဲ့ MSR-5  တစ်တန်ကို ၃၃ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၄ဝဝ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ 

Sunday, 17 Jul 2011

အရောင်းအဝယ်အေးတဲ့ ကျောက်ပန်းတောင်း ထန်းလျက်                      ကျောက်ပန်းတောင်း ထန်းလျက်အကြမ်းများကို မန္တလေး သကြားစက်များနဲ့ ကြာညို့စက်၊ ငံပြာရည်စက် များသို့ ယခင်က တစ်နေ့ကုန်ချိန် ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ နေ့စဉ် တင်ပို့နေရသော်လည်း ခုရက်ပိုင်း ပိဿာ ၅ဝဝဝ- ၇ဝဝဝ ဝန်းကျင်သာ နေ့စဉ်တင်ပို့နေရတဲ့အတွက် အရာင်း အဝယ် အေးလျက်ရှိပါတယ်။                       သကြားစက်ရုံများအနေနဲ့ သကြားဈေးနဲ့ ထန်းလျက် ဝယ် ဈေးမကိုက်တာရယ်၊ ပြည်ပတရုတ်သကြား အဝင်ရှိတာရယ်၊ ပြည်တွင်းထုတ်လုပ်မှုနည်းတာရယ်ကြောင့် ထန်းလျက် ဝယ်လိုအားနည်းတယ်လို့ သိရပြီး မန်းအရက်ချက်စက်ရုံ တင်ပို့မှုအနေနဲ့ တစ်နေ့ ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ ခန့် တင်ပို့မှု ရှိပါတယ်။ လက်ရှိ ထန်းလျက်ရောင်းဈေးတွေက အကြမ်း လုံးကြီး တစ်ပိဿာ ၄၅ဝ ကျပ်၊ အလုံးသေး ၅ဝဝ ကျပ်နဲ့ ဆေးခတ် ထန်းလျက်ဖြူ တစ်ပိဿာ ၆ဝဝ ကျပ်နှုန်းနဲ့ အရောင်းရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း 

Pages