Main menu

Background

Tuesday, 26 Jul 2011

ယခုအပတ်နယ်စပ်မှ ပြောင်းအပို့လျော့                 ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်အထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ၂ ဒသမ ၄၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၇၂၈ တန်ကျော်နဲ့ ကန်ဒေါ် လာ ဝ ဒသမ ၁၉၂ သန်းတန်ဖိုးရှိ နံှစားပြောင်း ၆၃၃ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၃ဝဝ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပြောင်းကြိတ် ဖတ်မှုန့်များလည်း ယခုအပတ်မှာ စပြီး ပို့နေတာတွေ့ရပါတယ်။ ကျပ် ၁၄ သန်း တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် တန်၁၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် ပြောင်း ဈေးများကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေး လိုက်ပါတယ်                                           မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု          ယခင်      ပြောင်းလဲမှု     %        ယခု    ယခင်   ပြောင်းလဲမှု     %နံှစားပြောင်း       ၂၁၁၂၂၄     ၂၁၄၅၆ဝ      ၃၃၃၆      ဝ .ဝ၂       ၂၉၄     ၂၉၄         -              -ပြောင်းဖူးစေ့     ၂၁၃၅၉၅       ၂၁၆၇၇ဝ      ၃၁၇၅       ၁ .၅      ၂၉၄      ၂၉၄          -              -MIRT (DOBT)

Tuesday, 26 Jul 2011

ပင်လယ်ရေကြောင်း အပို့ကျ                 ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၂၇၂ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇၈၄ သန်းဖိုးတင်ပို့ ခဲ့ကြပါတယ်။ ယခင်အပတ်က တန် ၆ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ စင်ကာပူ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပို့ကျ ပေမယ့် နယ်စပ်ကတော့ တန် ၈ဝဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေးရလျက်ရှိပါတယ်။              KZW

Tuesday, 26 Jul 2011

တာယာဝယ်လိုအားတိုး၍ ရော်ဘာပိုမိုတင်သွင်းဖွယ်ရှိ         ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာထုတ်လုပ်သူဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာတင်သွင်းမှုက ယခုနှစ်မှာ ကား ရောင်းချနှုန်းတက်လာပြီး တာယာနဲ့ လက်အိတ်တွေလဲ ဝယ်လိုအားကောင်းတာကြောင့် ၁၃ ရာခိုင်နှုန်း ခန့်မြင့်တက်ဖွယ် ရှိတယ်လို့သိရပါတယ်။ ယခုနှစ်ဧပြီလ ၁ ရက်နေ့ကစပြီး ဝယ်လိုအားတန်ချိန် နှစ်သိန်းလောက်အထိမြင့်တက်နိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၇၇၄၈၂ တန်သာ ရှိကြောင်း မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)  ရဲ့ညွှန်ချုပ် က ပြောကြားခဲ့ပါတယ်။ ဧပြီမှ ဇွန်လအထိ ၃ လတာအတွင်း ရော်ဘာသွင်းကုန် ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၄၂၉၂၉ တန်ရှိကြောင်း ရော်ဘာအသင်းမှ ထုတ်ပြန်ချက်များမှာပါရှိပါ တယ်။ ဇွန်လတစ်လတည်းကို ဝယ်လိုအား ၆ဝ ရာခိုင်နှုန်း တက်ခဲ့ပြီး တန်ချိန် ၁၉၁၁၈ တန်ရှိကြောင်း သိရပါတယ်။               လွန်ခဲ့တဲ့နှစ်ကလည်း တိုကျိုကုန်စည်ဒိုင်မှာ အိန္ဒိယရဲ့ ရော်ဘာ ဝယ်လိုအား ၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး MRF နဲ့ အပိုလို တာယာအပါအဝင် အိန္ဒိယတာယာထုတ်လုပ်ရေးတွေရဲ့ စရိတ်မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေး ကျဆင်း နေပေမယ့် အိန္ဒိယမှာ အဝယ်လိုက်နေတာကြောင့် ပြည်တွင်းဈေးကတော့ မကျဘူးလို့သိရပါတယ်။ တာယာကုမ္ပဏီအများစု ကတော့ ရော်ဘာအထွက်နှုန်းကျတဲ့ ပထမနှစ်ဝက်မှာ တင်သွင်းဖို့ အစီအစဉ်တွေရှိကြောင်းATMA ရဲ့ညွှန်ချုပ်ကပြောကြား ခဲ့ပါတယ်။ တိုကျိုကုန်စည် ဒိုင်မှာတော့ ဒီဇင်ဘာလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၄၈ဝ၈ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။ ဘရစ်စတုန်း၊ အပိုလိုနဲ့ MRF တာယာထုတ်လုပ်ရေးတွေကတော့ ဝယ်လိုအားတွေတက်လာတာကြောင့် ဒေါ်လာ သုံးဘီလီယံလောက် ထပ်မံရင်းနှီးမြှုပ်နံှမယ်လို့ ထုတ်လုပ်ရေးအုပ်စုများက ပြောကြားခဲ့ပါတယ်။             ကမ္ဘာ့ဒုတိယကားရောင်းချရဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၁၅ မှာ ၂ ဆမကမြင့်တက်ပြီး အစီးရေ သုံးသန်းလောက် ထုတ်လုပ်ဖွယ်ရှိတာကြောင့် ရော်ဘာဝယ်လိုအား မြင့်တက်နေကြောင်း အစိုးရမှ ပြောကြားပါတယ်။ တာယာထုတ်လုပ်ရေး တွေရဲ့ အဓိကဝယ်လိုအားကတော့ ဘတ်စ်ကားနဲ့ ထရပ်ကားဈေးကွက်အတွက် ဖြစ်ကြောင်းသိရပါတယ်။ တခြားစီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ပြီး အခြေအနေကောင်းခဲ့ရင် မော်တော်ကားဝယ်လိုအားတွေ မြင့်တက်ဖွယ်ရှိပြီး ယခုဘဏ္ဍာနှစ်မှာ ကားရောင်းချရနှုန်း ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အိန္ဒိယ ကားထုတ်လုပ် သူများက ပြောကြားပါတယ်။ ဇွန်လအထိ ရော်ဘာ ထုတ်လုပ်မှု ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် ဇူလိုင်လမှာ ရော်ဘာတင်သွင်းမှုမြင့်တက်နိုင်ကြောင်း ဗွှဗြ ရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လက ထုတ်လုပ်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီး ၅၉၂ဝဝ တန်ရှိခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ စာရင်းများအရသိရပါတယ်။ Source; Financial express ,KZW

Tuesday, 26 Jul 2011

ယခုအပတ် နယ်စပ်မှ ရော်ဘာပိုတင်ပို           ဇူလိုင်လ ၁၃ရက်မှ ၁၉ ရက်ထိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၅ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်ကထက် တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3  ၂၂၁ တန်ကျော်၊RSS-5 ၁ဝ၅ တန်၊MSR-20  ၁ဝ၅ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR-50  တန် ၇ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ယခင်အပတ်ကထက် တန် ၂၁ဝ ပိုမိုတင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ အပို့ မရှိသော်လည်း မြိတ်မှ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများ အနည်းငယ်ကျလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                 မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်       ပြောင်းလဲမှု    %         ယခု      ယခင်  ပြောင်းလဲမှု      %RSS-3    ၃၄ဝ၅၈၂ဝ    ၃၄၁၃၈ဝ၇     ၇၉၈၇          ဝ .၂     ၄၃၃၁    ၄၃၃၂          ၁           ဝ .ဝ၂RSS-5    ၃၁၇၆၂၆၉      ၃၁၈၄၃၅၈   ၇၇၈၉          ဝ .၂     ၄၂၅၄     ၄၂၅၅         ၁           ဝ .ဝ၂MIRT (DOBT)

Tuesday, 26 Jul 2011

ရော်ဘာအထွက်မရှိ၍ တင်ပို့မှု ကျဆင်း              ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ယခင်အပတ်ကတော့ တန် ၂ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းတယ်လို့ ဆိုရပါမယ်။ ပြည်တွင်းရော ပြည်ပပါ ရော်ဘာဈေးနှုန်းအနည်းငယ်တက်နေပြီး မိုးတွင်းကာလဖြစ်လို့ ရော်ဘာခြံများပါ ပိတ်ထားတဲ့အတွက် ရော်ဘာအထွက် မရှိတာကြောင့် တင်ပို့မှုကျဆင်းခြင်းဖြစ်ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေး ကနေ တန် ၅ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။                    KZW

Tuesday, 26 Jul 2011

ပြည်ပအဝယ်အော်ဒါအသစ်မရလို့ အိန္ဒိယနနွင်းဈေးကျဆင်း                အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ ဇူလိုင်လ ၂ဝ ရက်က နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) ကျဆင်းခဲ့လို့ ထုတ်လုပ်ထားတဲ့ ပမာဏရဲ့ ၇ဝ ရာခိုင်နှုန်းကို မရောင်းချဘဲ ရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များ မှာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အဝယ်အော်ဒါမရရှိတာကြောင့် လက်ငင်းဈေးမှာ ဈေးအနိမ့်နဲ့ ကမ်းလှမ်းလို့ နနွင်းတောင်သူများဟာ သိုလှောင်မှုရဲ့ ၃ဝ ရာခိုင်နှုန်းသာ ရောင်းချမှုရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗွီရှန်ကာမှ ပြောကြားပါတယ်။              လက်ရှိနှစ်အတွင်း နနွင်းအဝါမျိုးကို ဈေးမြင့်မယ်မှန်းပြီး တောင်သူတော်တော်များများ စိုက်ပျိုးကြလို့ နောက်နှစ်မှာ များများဝင်လာမယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ထုတ်လုပ်မှု နိမ့်ကျတာကြောင့် တစ်တန်ကို ရင်းဂစ် ၁၇၅ဝဝဝ (ကန်ဒေါ်လာ ၃၉၄၇) ထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာ ဝင်ရောက်မှုများလာတာကြောင့် ဈေးနှုန်း အဆက်မပြတ် ကျဆင်းလာခဲ့ပါတယ်။ စက်တင်ဘာလတိုင်အောင် ဈေးမြင့်တက်လာမယ့် အလားအလာမမြင်ဘူးလို့ ရှန်ကာမှ ပြောကြားပါတယ်။ အလားတူ နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာလည်း အိန္ဒိယမြောက်ပိုင်းကုန်သည်များက အဝယ်အော်ဒါ အကန့်အသတ်သာ ရှိလို့ ဈေးအကျ နဲ့ ရောင်းချနေတယ် လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းရုံးမှာ နနွင်းဈေး တစ်တန်ကို ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) နဲ့ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၅၅) လျော့ကျခဲ့ပြီး နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၅၁ဝ၆ဝ-၇၁၁၅ဝ (ကန်ဒေါ်လာ ၁၁၅၂-၁၆ဝ၅)၊ နနွင်းဥဈေး တစ်တန် ရူပီး ၄၈၁၉ဝ-၆၁၁၉ဝ (ကန်ဒေါ်လာ ၁ဝ၈၇-၁၃၈ဝ) ဈေးနဲ့ ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline

Tuesday, 26 Jul 2011

ရှမ်းနနွင်းဈေး ခပ်အေးအေး              ရှမ်းနနွင်းဈေးကလည်း ဒီတစ်ပတ်ခပ်အေးအေးပါပဲ၊ ပြီးခဲ့တဲ့ အပတ်က တရုတ်ဝယ်လက်တွေ နနွင်းခါးကို ပရဆေးဖော်ဖို့ ဝယ်ယူကြပေမဲ့ ဒီတစ်ပတ်မှာတော့ အနည်းငယ်မျှသာ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်းက ထွက်တဲ့ နနွင်းဖြူတွေကတော့ လက်ကျန်တွေများနေပြီး တောင်သူ၊ လှောင်လက်တွေ ဆီမှာ ပိဿာချိန် သိန်းဂဏန်းခန့် ကျန်နေပါသေးတယ်။ လက်ကျန်များပေမဲ့ စိုက်တာကတော့ အရင်နှစ်တွေလိုပဲ ပြန်စိုက်ကြပါတယ်။ ပြည်တွင်းသုံး အမှုန့်ကြိတ်ဖို့ အတွက် နနွင်းဝါ၊ ပရဆေးဖော်ဖို့ နနွင်းဖြူတွေကိုသာ လက်လီ နည်းနည်းပါးပါးဝယ်ယူနေကြတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်း နနွင်းတွေက လက်ကျန်သိန်းဂဏန်းခန့် ကျန်ပေမဲ့ ဆင်တောင်နနွင်းကတော့ သောင်း ဂဏန်း လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်း ဆိုရင်ဈေးမရှိ သလောက် ဖြစ်နေပြီး အဖြူစဆိုရင် ၃ဝဝ ကျပ်၊ အဝါစဆိုရင် ၈ဝဝ ကျပ်သာရှိပါတယ်။ ဆင်တောင်နနွင်းက တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပြီး ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။         ဧဧခိုင်

Tuesday, 26 Jul 2011

နယ်စပ်မှ နနွင်းတက် တင်ပို့မှု ပုံမှန်                      ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ စစ်တွေနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၃ သန်းတန်ဖိုးရှိ နနွင်းတက် ၁ဝ၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ နနွင်းတက် ၈၁ တန်ကျော်၊ နနွင်းခေါင်း ၂၁ တန်နဲ့ စစ်တွေနယ်စပ်မှ ၁ တန်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။             MIRT (DOBT)

Tuesday, 26 Jul 2011

ကြူကုတ် ကြက်သွန်ဖြူဈေးချိုလို့ အရောင်းသွက်                 ဒီတစ်ပတ် ပြည်ကြက်သွန်ဖြူဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာကို ယခင် ၁၄ဝဝ ကျပ်- ၁၆ဝဝ ကျပ်မှ ယခု ၁၂၅ဝ ကျပ်- ၁၃ဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပါတယ်။ (ရှမ်းမွှာ) မြန်မာကြက်သွန်ဖြူမှာတော့ ယခင်အပတ် အတိုင်း တစ်ပိဿာကို ၁၆ဝဝ ကျပ်- ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပြီး အရောင်း မသွက်ဘဲဈေးခိုျတဲ့ ကြူကုတ် ကြက်သွန်ဖြူ အရောင်းအဝယ်သွက် ကြောင်းလည်း သိရပါတယ်။ စီးဆင်းမှုအနေနဲ့ ကြူကုတ်ကြက်သွန်ဖြူ ယခုတစ်ပတ် ၁၆ ပိဿာဝင်အိတ် ၇ဝဝ ခန့် အဝင်ရှိပြီး လက်ကျန်မရှိ အရောင်းအဝယ်ဖြစ်နေပါတယ်။ (ရှမ်းမွှာ) ကြက်သွန်ဖြူမှာတော့ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး အိတ် ၁၈ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။             ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ကျောက်ပန်းတောင်းမန်ကျည်း ဈေးငြိမ်                  ဇူလိုင် ဒုတိယပတ်အတွင်း မန်ကျည်းအသားဈေးနှုန်း တည်ငြိမ်နေတာတွေ့ရ ပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းများ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ပတ် အတွင်း ကုန်ချိန် ပိဿာ ၃ဝဝဝဝ ဝန်းကျင်ခန့်တင်ပို့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန်ကျည်းအလုံးတစ်ပိဿာ ၁၄ဝဝ ကျပ်၊ မန်ကျည်း အသားတစ်ပိဿာ ၂၇ဝဝ ကျပ်နှုန်းဖြင့် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးတည် ငြိမ်နေတာတွေ့ရပါတယ်။ မန်ကျည်းဒါးစဉ်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဖြစ်၍ ယခင် တစ်ပတ်ထက် ၁ဝဝ ကျပ်ဈေးမြင့်လာကြောင်း တွေ့ရပြီး မန်ကျည်းအစေ့ တစ်တင်း ယခုတစ်ပတ် ဈေး ၂၅ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅ဝ ရာခိုင်နှုန်းလျော့ နည်းပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်း သိရပါတယ်။           ခင်မြင့်မြင့်သန်း

Pages