Main menu

Background

Thursday, 26 May 2011

ယခင်သီတင်းပတ်တွေထက် ပဲစင်းငုံသင်္ဘောတင်လျော့                 အခြားပဲတွေ တင်ပို့မှု တိုးတက်လာပေမဲ့ ယခင်သီတင်းပတ်တွေထက် လျော့ကျတင်ပို့နေတဲ့ ပဲကတော့ ပဲစင်းငုံဘဲဖြစ်ပါတယ်။ သြင်္ကန်မတိုင်မီ တန် ၃၅ဝဝ ကျော်၊ သြင်္ကန်အပြီးသီတင်းပတ်မှာ တန်ချိန် ၃ဝဝဝ အောက်နဲ့ ယခု သီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) မှာတော့ တန် ၂ဝဝဝ ခန့် သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနဲ့ အိန္ဒိယကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၇ဝဝဝ ကျော်တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၂ သောင်း နီးပါးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တော့ တန်ချိန် ၅ဝဝဝ ခန့်သာ တင်ပို့ခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုတင်လာတာ တွေ့ရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

မတ်ပဲ FOB ရောင်းဝယ်မှုတန်ချိန် ၄ သောင်းကျော်                  ယခုတစ်ပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်)အထိ တစ်ပတ်အတွင်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပဝယ်လက်များနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာ မတ်ပဲ FAQ တန်ချိန် ၃ဝဝဝဝ နဲ့ SQ တန်ချိန် ၁၈ဝဝဝ ကျော် ရှိလို့ စုစုပေါင်းတန် ၄ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးနဲ့ပြည်ပ အဝယ်ကောင်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာ တာ ဖြစ်ပါတယ်။                   ပြည်တွင်းမှာ ရောင်းချသူများလို့ ဈေးကျဆင်းလာခြင်းက ပြည်ပဝယ် လက်တွေအတွက် ဝယ်ယူဖို့ အချိန်ကောင်းဖြစ်လာပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်သီတင်းပတ်ထက် ပိုများလာတာကို တွေ့ရပါတယ်။ FOB ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။                                ဒေါ်လာ/တန်                       မတ်ပဲ(FAQ)                 မတ်ပဲ(SQ) ၆-၅-၁၁            ၈၃ဝ-၈၇ဝ                   ၉၈ဝ-၁ဝဝဝ ၂၉-၄-၁၁          ၈၅ဝ-၈၇ဝ                  ၁ဝဝဝ-၁ဝ၂ဝ MIRT(MAPT)

Thursday, 26 May 2011

ယခုတစ်ပတ် မတ်ပဲသင်္ဘောတင် တန် ၁၄ဝဝဝ ထိ တိုးတက်                     ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝဝဝ ထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်အတွင်းက တန်ချိန် ၇၅ဝဝ တင်ပို့ခဲ့ရာမှ ပြန်လည်တိုးတက်တင်ပို့လာတာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃၂ဝဝဝ ခန့်ထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလတူ တင်ပို့မှု လျော့ကျတာတွေ့ရှိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ မေလနဲ့ ဇွန်လတွေမှာ တင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။  MIRT- MAPT 

Monday, 23 May 2011

ကျောက်ပန်းတောင်း ထန်းလျက် အရောင်းသွက်                     ကျောက်ပန်းတောင်း ထန်းလျက် အကြမ်းများကို မန္တလေးသကြားစက်များ၊ ကြာညို့စက်များနှင့် ရန်ကုန် ငံပြာရည်စက်ရုံများသို့ လည်းကောင်း၊ တောင်ကြီးမြို့များသို့ လည်းကောင်း တစ်နေ့ကို ကုန်ချိန်ပိဿာ ၁၅ဝဝဝ မှ ၂ဝဝဝဝ ခန့်အထိ တင်ပို့နေရပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ် တစ်ပိဿာ ၅ဝဝ ကျပ်နှုန်းမှ ယခုတစ်ပတ်ကို ၅၄ဝ ကျပ်နှုန်းရှိသဖြင့် ထန်းလျက်ဈေး အနည်းငယ်တက်ကြောင်းသိရပါတယ်။ စားထန်းလျက် အလုံးသေးက ယခင်တစ်ပတ် ဈေးနှုန်း ကျပ် ၅၅ဝ ရှိပြီး ယခုတစ်ပတ် တစ်ပိဿာ ၆၅ဝ ကျပ်၊ ဆေးစပ်ထန်းလျက်ဖြူ ယခင် တစ်ပတ် ၆ဝဝ ကျပ်နှုန်းနဲ့ ယခုတစ်ပတ် ၇ဝဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိ နေကြောင်း၊ ၎င်းစားထန်းလျက်များကို မိတ္ထီလာ၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ တောင်တွင်းကြီးနဲ့ အခြားမြို့ အသီးသီးသို့ နေ့စဉ် ပိဿာချိန် ၁၂ဝဝဝ ဝန်းကျင်တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။                                   ထားအိဝင်း 

Monday, 23 May 2011

ပြည်တွင်းပြောင်းလက်ကျန်နည်း၍ ယခုအပတ်နယ်စပ်မှ အပို့လျော့                  မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်စခန်းများမှ တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၃ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၄၂၄ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၅ဝဝဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းဖူးစေ့ ၁၅၇၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်မှ ၆၅၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၉၃၁ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း လားရှိုးပြောင်းဈေးမှာ သိသိသာသာ ပြောင်းလဲမှုမရှိပေမဲ့ တစ်ဖက်ရွှေလီ ပေါက်ဈေး မှာ ၁ဝ ယွမ်နဲ့ ကုန်စည်ဒိုင်ပေါက်ဈေး ယွမ် ၃ဝ ခန့် တိုးမြင့်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြောင်းလက်ကျန် နည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှု လျော့နည်း ခဲ့ရတယ်လို့ ပြောင်း ကုန်သည်တစ်ဦးထံက သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု          ယခင်        ပြောင်းလဲမှု    %         ယခု    ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၃၄၁၉ဝ    ၂၃၅၄၂ဝ      ၁၂၃ဝ          ဝ .၅      ၂၈၁    ၂၇၄          ၇             ၂ .၅နံှစားပြောင်း     ၂ဝ၆၅၅၅     ၁၉၅၂၆ဝ     ၁၁၂၉၅        ၅ .၅      ၂၆၁    ၂၆၂           ၁             ဝ .၄MIRT (DOBT)

Monday, 23 May 2011

ပြောင်း ပင်လယ်ရေကြောင်း တင်ပို့မှု ပုံမှန်                  မေလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁ဝ၈ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇၉ သန်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါတယ်။ တင်ပို့ခဲ့တာကတော့ စင်ကာပူနိုင်ငံကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာ ကြား ဈေးရလျက်ရှိပါ တယ်။      KZW

Monday, 23 May 2011

နယ်စပ်အပို့လည်းလျော့           မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၅၉၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၇၈၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၈၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ MSR -20 ၃၅ တန်၊MSR -50 ၁၄၃ တန် RSS -3  ၁၈၅ တန် RSS -5 ဝ ဒသမ ၈ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ MSR -20 တန် ၁ဝဝနဲ့ RSS -3 ၁၃၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာလည်း မြိတ်နယ်စပ်မှ တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်နဲ့ ရွှေလီရှိရော်ဘာ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရ ပါတယ်                                      မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု                ယခင်           ပြောင်းလဲမှု   %        ယခု        ယခင်    ပြောင်းလဲမှု     %RSS-3    ၃ဝ၄၈ဝဝဝ     ၄၁၉၄ဝဝဝ     ၁၁၄၃ဝဝဝ     ၃၈      ၃၆၈၉     ၅ဝ၈၂     ၁၃၉၃           ၃၈RSS-5   ၂၉၈၄၅ဝဝ      ၄၁၂၇၅ဝဝ     ၁၁၄၃ဝဝဝ     ၃၈      ၃၆၁၂     ၅ဝဝ၅      ၁၃၉၃          ၃၈MIRT (DOBT)

Monday, 23 May 2011

ပင်လယ်ရေကြောင်းအပို့ မဆိုသလောက်သာရှိ                 မေလ ၁၃ ရက်နေ့မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၄၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂ဝ သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မဆိုသလောက် ဘဲ ရှိတာတွေ့ရပါတယ်။ မြန်မာ့ကုန်သည်တွေ လက်ထဲမှာ ပစ္စည်းတွေရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ စီးပွားရေး အပြောင်းအလဲများကြောင့် အဓိကရော်ဘာ သုံးစွဲတဲ့နိုင်ငံများရဲ့ ဝယ်လိုအား ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာလဲ တင်ပို့မှု နည်းနေတာဖြစ်ကြောင်း သိရပါတယ်။ တရုတ်တစ်နိုင်ငံတည်းကိုသာ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3  တစ်တန်ကို ၄၆ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၅ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရပါတယ်။ KZW 

Sunday, 22 May 2011

မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ်                ဒီနှစ်ရှမ်းနနွင်းကအထွက်နှုန်းနည်းပေမဲ့ ဝယ်လိုအားသိပ်မကောင်းတာကြောင့် လက်ကျန်တွေများနေ သေးတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အကောင်းဆုံးဆင်တောင်နနွင်းကိုတော့ မူဆယ်ဝယ်လက် တွေက ဝယ်ယူနေကြပေမဲ့ ကျန်နနွင်းကတော့ ဝယ်လက်ပျောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် အနည်းအကျဉ်းလောက်သာ ဝယ်နေ ကြတာကြောင့် နနွင်းဈေးကွက်က မနှစ်ကလောက် အရောင်းမသွက်ဘူးလို့ သိရပါတယ်။ နနွင်းနဲ့ ချင်းက စိုက်ပိုျးချိန်တူပေမဲ့ နနွင်းသစ်ကတော့ သုံးလပိုင်းလောက်မှသာ ဈေးကွက်ကို ပြန်ဝင်မှာဖြစ်ပါတယ်။ ၁၁ လပိုင်းမှာ အစိုသာဈေးကွက်ထဲဝင်မှာဖြစ်ပြီး၊ အခြောက်တွေကတော့ ၃ လပိုင်းမှသာ ဝင်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးနှုန်းကတော့ အောင်ပန်းဈေးကွက်မှာ နနွင်း (ဆင်တောင်) က တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ကျန်နနွင်းက ၂၂ဝဝ ကျပ်နဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၁၂ဝဝ ကျပ်-၁၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။    ဧဧခိုင်

Sunday, 22 May 2011

 နနွင်းတက် အနည်းငယ် မူဆယ်နယ်စပ်မှ ပို့                  မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၆ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၇ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မေလအတွင်းမှ မူဆယ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုမှာ ၁ဝ၂ တန်ရှိပြီး ဧပြီလမှ မေလ ၁၇ ရက်ထိ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝဝဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ MIRT (DOBT)

Pages