Main menu

Background

Friday, 20 May 2011

ဒေသတွင်းအဝယ်အရောင်းနဲ့ ဈေးပြောင်းလဲနေတဲ့ မုံရွာငုံနီ                      မေလ ဒုတိယပတ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ကတော့ ဧပြီလကုန်ပတ် အနိမ့်ဆုံးဈေး တစ်တင်း ၁၆၅ဝဝ ကျပ်နဲ့ မေလအနိမ့်ဆုံးတစ်တင်း ၁၄၈ဝဝ ကျပ်ကြားမှာ ဈေးပြောင်းလဲကာ ဒေသတွင်း ကုန်သည်တွေ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယနေ့ပဲစင်းငုံနီဈေးကွက်အနေနဲ့ တောင်သူ အရောင်း မရှိတော့ဘဲ ရန်ကုန်အိတ်စပို့ ဝယ်လက်ဈေးအတက်ကို မျှော်မှန်းပြီး ကုန်သည်အချို့ ပစ္စည်းဝယ်ယူထားရှိမှုသာရှိခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Friday, 20 May 2011

ပြည်ထောပတ်ပဲဈေးကျပြီး လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်                 ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးလည်း ကျဆင်းခဲ့ပါတယ်။ ထောပတ်ပဲဈေးမှာ ဧပြီလလယ်မှစ၍ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး မေလပထမပတ်တွင် တစ်တင်း ၁၃၅ဝဝ ကျပ်၊ ယခုဒုတိယပတ်တွင် တစ်တင်း= ၁၃ဝဝဝ ကျပ်ဖြင့် တဖြည်းဖြည်း ဈေးကျလာခဲ့ပါတယ်။ ထောပတ်ပဲမှာ အဝင်ပါးလာခဲ့ပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လိုင်းသမားများအဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ် တာကြောင့် တစ်ရက်ကို ၁ဝ အိတ်၊ ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Friday, 20 May 2011

FOB အဝယ်တက်လို့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ပင်လယ်ရေကြောင်းက ပိုမိုတိုးတင်လာ                    ယခင်သီတင်းပတ်များက တင်ပို့မှုအားကောင်းနေတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲဟာ ယခုသီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း အရှိန်ရနေပါတယ်။ ယခုတစ်ပတ်မှာ ထောပတ်ပဲတန်ချိန် ၈ဝဝ ကျော်ပြီး မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် မေလ ၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၃ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ကျော်ရှိပြီး ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်ကာလတူအတွင်း ထော ပတ်ပဲတန်ချိန် ၃၂ဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၄ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။                    ရန်ကုန် FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပြည်ပအဝယ်တက် လာတယ်လို့ သိရပါတယ်။ဧပြီလ တစ်လလုံးအတွင်း ပြည်ပဝယ်လက်နဲ့ အရောင်း အဝယ် စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲ တန် ၂၇ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၈ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။                      FOB  ဈေးအနေနဲ့ မြေထောက်ပဲ FAQ မှာ ယခင်သီတင်းပတ်အတိုင်း တစ် တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ပြောင်းလဲမှုမရှိပေမဲ့ ထောပတ်ပဲကတော့ ယခင် သီတင်းပတ်က ကန်ဒေါ်လာ ၈ဝဝ-၈၃ဝ ရှိရာမှ မေလ ၁၃ ရက်မှာ ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT

Friday, 20 May 2011

ကုလားပဲဖြူလုံးကြီး FOB နေ့စဉ်အရောင်းအဝယ်ရှိ                      ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ပမာဏနည်းပေမဲ့ FOB  အရောင်းအဝယ် နေ့စဉ်ဖြစ်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ပါကစ္စတန်ဘက်က အဝယ်လိုက်လာတယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။  FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း တန်ချိန် ၄၃ဝဝ ခန့်ရှိပြီး ဧပြီလ တစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ကျော်ဖြစ်တာ တွေ့ရပါတယ်။ ဒီနှစ်အတွက် ကုလားပဲဖြူလုံးကြီးက အရောင်းအဝယ်အခြေအနေကောင်း မွန်ဦးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။                                   MIRT - MAPT 

Friday, 20 May 2011

ကုလားပဲဖြူလုံးကြီး တကျော့ပြန် ပြည်ပတင်ပို့မှုတက်                ယခင်တစ်နှစ်၊ နှစ်နှစ်က ပြည်ပကို တင်ပို့မှု ကျဆင်းလာခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုနှစ်အတွင်းမှာတော့ တကျော့ပြန် တိုးတက်တင်ပို့လာနိုင်ခဲ့ပါပြီ။ ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့သလို ယခု တစ်ပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၄၅ဝဝ ခန့် အထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခု ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် အတွင်း ကုလားပဲဖြူလုံးကြီး ပြည်ပ တင်ပို့မှုကို လေ့လာကြည့်ရာမှာ မေလ ၆ ရက်နေ့အထိ တန်ချိန် ၁ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်းမှာ တန် ၄ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ယခု အချိန်ထိ တင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၈၅ဝဝ ထက်ပိုမိုပြီး တင်ပို့မှုရှိလာခဲ့ပါတယ်။MIRT - MAPT

Friday, 20 May 2011

ကမ္ဘာတစ်ဝန်းလုံး ပဲမျိုးစုံစားသုံးမှုနဲ့ ထုတ်လုပ်မှု တိုးမြှင့်ရမယ်လို့ ၂ဝ၁၁ ကမ္ဘာ့ပဲညီလာခံမှာ ပြော            ကမ္ဘာ့တစ်ဝန်းလုံး ပဲထုတ်လုပ်မှုအနေနဲ့ တစ်နှစ်ကို တန်ချိန် သန်း ၆ဝ ခန့်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်မှဈေးကွက်များအတွက် ကမ္ဘာ့ပဲမျိုးစုံ ကုန်သွယ်မှု ကန်ဒေါ်လာ ၁ဝဝ ဘီလီယံခန့်ရှိပါတယ်။ နိုင်ငံတကာပဲမျိုးစုံ ကုန်သွယ်မှု နဲ့ ထုတ်လုပ်မှု မဟာမိတ် (IPTIC ) ရုံးချုပ်ဟာ ဒူဘိုင်းနိုင်ငံမှာရှိပြီး နိုင်ငံတကာပဲမျိုးစုံ အသင်းများရဲ့ ထိပ်တန်း အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှု၊ စားသုံးမှုပမာဏ ကြီးထွားနေတာကြောင့် ဈေးကွက်အလေးထားလာမှုဟာ အာရှနိုင်ငံတွေဆီကို ဦးတည်ရွေ့လျားနေပါတယ်။                ဒါကြောင့်လည်း စပိန်နိုင်ငံ ဘာစီလိုနာမှာ ၂ဝ၁၁ ခုနှစ် မေလ အစောပိုင်းက နှစ်စဉ်ကျင်းပတဲ့ ပဲညီလာခံမှာ ဒူဘိုင်း အခြေစိုက် စိုက်ပျိုးရေးကုန်စည် နိုင်ငံစုံရောင်းချရေး (DMCC )ရဲ့ အမှုဆောင်အရာရှိ Mr Hakan Bahceci ကို CICILS- IPTIC ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ပေးအပ်ခဲ့ပါတယ်။ ဥက္ကဌအဖြစ် လွဲှပြောင်းယူပြီးတဲ့နောက်Hakan က Business Line နဲ့ အင်တာဗျူးမှာ ပြောကြားတာက ပဲမျိုးစုံစားသုံးမှု တိုးတက်နေတာကြောင့် ကမ္ဘာ့တစ်ဝန်း ပဲထုတ်လုပ် မှု တိုးတက်အောင်လည်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံဟာ ကမ္ဘာပေါ်က လူဦးရေ ၆ ဘီလီယံခန့်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး နောက်နှစ်များမှာ စားသုံးမှု လူဦးရေ တိုးတက်လာတာနဲ့အမျှ စားသုံးမှုနဲ့ ထုတ်လုပ်မှု ညီမျှဖို့ ကြိုးစားသွားရမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ရိုးရာနည်းများနဲ့သာမက မျိုးဗီဇပြုပြင်ထားတဲ့ ပဲမျိုးစုံ ထုတ်လုပ်ခြင်းဖြင့်လည်း ဆောင်ရွက် သွားရမယ်လို့ ဆိုပါတယ်။                ပဲမျိုးစုံထုတ်လုပ်မှုတိုးမြှင့်ဖို့ရာ အမေရိကန်မြောက်ပိုင်း ၊ သြစတြေးလျတို့မှာ ဈေးနှုန်းရရှိမှုနည်းလို့ ပဲစိုက်ပျိုးမှု လျော့ရင် ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နဲ့ အာဖရိကတို့မှာ ထိုက်သင့်တဲ့ဈေးရတဲ့ ပဲစိုက်ဖို့ အားပေးရမှာပါလို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ပြီး ပဲပိုမိုစားသုံးဖို့လည်း ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ယမင်းရွှေစင်၊Source: Businessline 

Friday, 20 May 2011

ယခုအပတ် ပဲတီစိမ်း တင်ပို့မှု ပိုမို                 မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒဿမ ၁၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၉၅၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလ အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၉ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှာ တန်ချိန် ၁၃ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှု သိသိသာသာ လျော့နည်းသွားတာတွေ့ရပါတယ်။ မိမိဘက် ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာ တစ်တန်ကို ၁၅၉၄၅ ကျပ် လျော့နည်းခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှု မရှိဘူး လို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                          မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                 ယခင်        ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု       %ပဲတီစိမ်း       ၈၅၆၉၇၅          ၈၇၂၉၂ဝ       ၁၅၉၄၅      ၂        ၁၁ဝ၅       ၁၁ဝ၅         -             -MIRT (DOBT)

Friday, 20 May 2011

ပဲတီစိမ်း ပြည်ပအဝယ် ပြန်လှုပ်လာ                ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်း ၤဥြ အရောင်းအဝယ်ဖြစ်မှု တန် ၇ဝဝဝ ကျော်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပြည်ပဝယ်လက်များနဲ့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။             တရုတ်နိုင်ငံမှာ တောင်သူများ ထုတ်ရောင်းချမှုတွေရှိလာလို့ မြန်မာနိုင်ငံမှာ အဝယ်နည်းသွားပေမဲ့ ယခုတစ်ပတ် အိန္ဒိယ အဝယ်ပြန်လှုပ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ အပြောင်းအလဲမရှိဘဲ ပဲတီစိမ်းအညာနဲ့ ပခုက္ကူ (FAQ)တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၁၃ဝ-၁၁၅ဝ နဲ့ ရွှေဝါအကြီး တစ် တန် ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT

Friday, 20 May 2011

ပဲတီစိမ်း သင်္ဘောတင်ပုံမှန်ရှိ               ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာလည်း ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၅ဝဝ တင်ပို့မှုရှိသလို ယခုတစ်ပတ်မှာလည်း တန် ၅ဝဝဝ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မေလ ၆ ရက်နေ့ထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်း တန်ချိန် ၂၈ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၉ဝဝဝ ကျော်ရှိလို့ တင်ပို့မှုအနည်းငယ် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 20 May 2011

မေ ဒုတိယပတ်အတွင်း ပဲလွန်းဖြူ ပြည်ပအဝယ်လျော့နည်း                 ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူစာချုပ်မှုအနေနဲ့ မတ်လ မှာ တန်ချိန် ၇ဝဝဝ ခန့်ရှိပြီး ဧပြီလမှာ တန်ချိန် ၅ဝဝဝ ကျော်သာရှိခဲ့ပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ တော့ ပဲလွန်းဖြူ FOB အရောင်း အဝယ် ဖြစ်မှုဟာ တန်ချိန် ၅ဝဝ ခန့်ကို လျော့ကျခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပအဝယ်သိပ်မလိုက် တာကြောင့် FOB  အရောင်းအဝယ်နည်းခြင်း ဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိဘဲ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ  တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Pages