Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ ၃ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၆၃၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ (လုံးခြမ်း) တန် ၅၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေး စခန်းမှ လည်း ကန်ဒေါ်လာ သုည ဒသမ ၉၆၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၁၂၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 ကို ရန်ကုန်နဲ့ မန္တလေးဝယ် လက်ပါးပြီး၊ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်နဲ့ လက်လီသမားများ ပုံမှန်အသုံးရှိ လို့ ဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဇူလိုင်လ ဆန်း မှာ V2 တစ်တင်း ၁၇၃၀၀ ကျပ်မှ သြဂုတ်လ ၁ ရက်နေ့မှာ ၁၆၈၀၀ ကျပ်ကို ဈေးအေးခဲ့လို့ တောင်သူနဲ့ ကုန်သည်(လှောင်လက်)များ ထုတ်မရောင်းကြပဲ သိုလှောင်ထားကြပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင် မှာ တစ်ရက် ပျမ်းမျှ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ သြဂုတ်လ ၁ ရက်နေ့က V2 တစ်တန် ၂၂၇၀၀ ကျပ်ဈေးပေါက်ခဲ့ကြကြောင်း သိရပါတယ်။ သန်းသန်းတင် - မုံရွာ
ဇူလိုင်လကုန် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အကျဖက် ဦးတည် နေခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်ဈေးများသာ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်လည်း အသင့် အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ သီးနှံမှာ ပဲအဝင်ပါးလာသလို ရန်ကုန် ဝယ်လက်အဝယ်ရှိသော်လည်းအရောင်း အဝယ်ဖြစ်မှုမှာ တစ်ရက် အိတ် ၁၅၀ ခန့်သာ ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးနှုန်း များမှာ တစ်ပတ်ထက် တစ်ပတ်ဈေး လျော့ခဲ့တာကို တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်း ပဲဈေးကွက်မှာ Export လက် အဆွဲလေးသလို ဒေသကုန်သည် အဝယ်အေးလို့ ပဲအများစု ကျဈေးဖြစ် ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲ အုပ်စု ဈေးကွက်မှာဆိုရင် ထိုင်ဝမ် ကုလားပဲဟာ ကုန်သည်လက်ဝယ် ပဲ လက်ကျန်နည်းလာတဲ့အတွက် ရောင်း သူ ရှားကာ ဝယ်လိုအား အနည်းငယ် ကောင်းခဲ့လို့ တစ်တင်း ၁၆၇၀၀ ကျပ်၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် သြဂုတ်လဆန်း ဆီထွက်သီးနှံ ဈေးကွက်မှာ တရုတ် ဝယ်လက်ကြောင့် မြေပဲဈေးတက်ခဲ့ ပြီး၊ နှမ်းဈေးငြိမ်ကာ စားသုံးဆီဈေးအေးခဲ့ တယ်လို့ သိရပါတယ်။ မြေပဲဈေးကွက် မှာ မြေပဲဆန်နီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက တစ်ပိဿာ ၁၆၂၅ ကျပ်ထိ အနိမ့်ဆုံး ကျခဲ့ရာက ယနေ့ ၁၈၀၀ ကျပ်ထိ၊ မြေပဲဆန်ဖြူဟာ ပြီးခဲ့တဲ့လက တစ်ပိဿာ အနိမ့်ဆုံး ၁၈၅၀ ကျပ် ကနေ ယနေ့ ၂၀၅၀ ကျပ်၊ မြေပဲလုံး ဆန်ဟာ ပြီးခဲ့တဲ့လက တစ်တင်း ၂၉၅၀၀ ကျပ်ထိ အနိမ့်ဆုံးကျခဲ့ရာမှ ယနေ့ ၃၃၀၀၀ ကျပ်ထိ၊ ဈေးအသီးသီး တက်လာခဲ့တာ တွေ့ရပါတယ်။
လျှော်ဖြူပင်စိုက်ပျိုးခြင်းလုပ်ငန်းဟာ စိုက်ပျိုးရလွယ်ကူခြင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း၊ ကာလတိုအတွင်း ဝင်ငွေရရှိနိုင်ခြင်း၊ စီးပွားရေး တွက်ခြေ ကိုက်ခြင်းစတဲ့ အကျိုးကျေးဇူးများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စိုက်ပျိုးမှု တိုးတက်လာတဲ့ သီးနှံဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၁၉၆၆ တန်ကို ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာကာလမှာ တင်ပို့ နိုင်ခဲ့ပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့ တာကာလအတွင်း နနွင်း ၁၃၂ တန်ကို ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံကို တင်ပိုနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံကို ၃၃ တန်နဲ့ မလေးရှားနိုင်ငံကို ၉၉ တန်တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းလမ်း မှ နနွင်းတင်ပို့ တန်ချိန်က သုံးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာနနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာခြောက်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ FOB ဈေးက ယခင်တစ်ပတ် တစ် တန်ကို ကန်ဒေါ်လာ ငါးရာကိုးဆယ်ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ငါးရာနှစ်ဆယ်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOTP)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် တန် ၁၈၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က၁၁၈ တန် ခွဲသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၆၁ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။
ဒီနှစ်က ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပြီး၊ နနွင်းကတော့ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ် တွေကတော့ ချင်းစိုရောင်းအားကောင်းနေတာကြောင့် ချင်း ခြောက်နဲ့ နနွင်းလည်း အရောင်းအဝယ် ကောင်းလာနိုးနဲ့ လှောင်လက်တွေက စွန့်စားပြီး ဝယ်ယူလိုက်ကြပါသေးတယ်။