Main menu

Background

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင် သြဂုတ်လဆန်း ဆီထွက်သီးနှံ ဈေးကွက်မှာ တရုတ် ဝယ်လက်ကြောင့် မြေပဲဈေးတက်ခဲ့ ပြီး၊ နှမ်းဈေးငြိမ်ကာ စားသုံးဆီဈေးအေးခဲ့ တယ်လို့ သိရပါတယ်။ မြေပဲဈေးကွက် မှာ မြေပဲဆန်နီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက တစ်ပိဿာ ၁၆၂၅ ကျပ်ထိ အနိမ့်ဆုံး ကျခဲ့ရာက ယနေ့ ၁၈၀၀ ကျပ်ထိ၊ မြေပဲဆန်ဖြူဟာ ပြီးခဲ့တဲ့လက တစ်ပိဿာ အနိမ့်ဆုံး ၁၈၅၀ ကျပ် ကနေ ယနေ့ ၂၀၅၀ ကျပ်၊ မြေပဲလုံး ဆန်ဟာ ပြီးခဲ့တဲ့လက တစ်တင်း ၂၉၅၀၀ ကျပ်ထိ အနိမ့်ဆုံးကျခဲ့ရာမှ ယနေ့ ၃၃၀၀၀ ကျပ်ထိ၊ ဈေးအသီးသီး တက်လာခဲ့တာ တွေ့ရပါတယ်။

Wednesday, 31 Jul 2013

လျှော်ဖြူပင်စိုက်ပျိုးခြင်းလုပ်ငန်းဟာ စိုက်ပျိုးရလွယ်ကူခြင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း၊ ကာလတိုအတွင်း ဝင်ငွေရရှိနိုင်ခြင်း၊ စီးပွားရေး တွက်ခြေ ကိုက်ခြင်းစတဲ့ အကျိုးကျေးဇူးများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စိုက်ပျိုးမှု တိုးတက်လာတဲ့ သီးနှံဖြစ်ပါတယ်။

Wednesday, 31 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၁၉၆၆ တန်ကို ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာကာလမှာ တင်ပို့ နိုင်ခဲ့ပါတယ်။

Wednesday, 24 Jul 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့ တာကာလအတွင်း နနွင်း ၁၃၂ တန်ကို ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံကို တင်ပိုနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံကို ၃၃ တန်နဲ့ မလေးရှားနိုင်ငံကို ၉၉ တန်တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းလမ်း မှ နနွင်းတင်ပို့ တန်ချိန်က သုံးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာနနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာခြောက်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ FOB ဈေးက ယခင်တစ်ပတ် တစ် တန်ကို ကန်ဒေါ်လာ ငါးရာကိုးဆယ်ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ငါးရာနှစ်ဆယ်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။         MIRT(DOTP)

Wednesday, 24 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် တန် ၁၈၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က၁၁၈ တန် ခွဲသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၆၁ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။

Wednesday, 24 Jul 2013

ဒီနှစ်က ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပြီး၊ နနွင်းကတော့ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ် တွေကတော့ ချင်းစိုရောင်းအားကောင်းနေတာကြောင့် ချင်း ခြောက်နဲ့ နနွင်းလည်း အရောင်းအဝယ် ကောင်းလာနိုးနဲ့ လှောင်လက်တွေက စွန့်စားပြီး ဝယ်ယူလိုက်ကြပါသေးတယ်။

Wednesday, 24 Jul 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှာ လဲချား မြို့နယ်က ထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူများ ဈေးမာပြီး၊ ဝင် သလောက် အရောင်းအဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လဆန်းမှာ ခရမ်းစွဲကြက်သွန်ဖြူတစ်ပိဿာကို ၁၃၅၀ ကျပ်- ၁၄၀၀ ကျပ်ဈေးသာရှိခဲ့ရာက ဇူလိုင် ဒုတိယပတ် အကုန်မှာတော့ (အမြိတ်ပါ)တစ်ပိဿာကို ၁၆၀၀ ကျပ်အထိ ဈေးရှိခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Wednesday, 24 Jul 2013

မုံရွာခရိုင် ၈ မြို့နယ်မှာ မိုးရာသီအတွင်း ပဲမျိုးစုံဧက ၄ သိန်းကျော် နှစ်စဉ် စိုက်ပျိုးခဲ့ကြရာမှာ ပဲစင်းငုံသီးနှံ ဟာ တစ်နှစ်ပျမ်းမျှဧက ၂ ဒသမ ၄ သိန်းနီးပါးနဲ့ စိုက်ပျိုးမှုအများဆုံး Export သီးနှံတစ်မျိုးဖြစ်ပါတယ်။ မိုးသီးနှံ ဖြစ်တဲ့အတွက် ရာသီအတွင်း မိုးဘယ်လောက်ရွာရွာ ရေဝပ်မှာကလွဲပြီး၊ ရေမကြောက်တဲ့ အပင် မျိုးဖြစ်သလို ရေငတ်လည်း ခံနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ ဒေသခံတောင်သူအများစု နှစ်စဉ်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။

Wednesday, 24 Jul 2013

ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့တာကာလ အတွင်း မန်ကျည်း ၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ မန်ကျည်းက ယခင်တစ်ပတ်အပို့ပျောက်ပြီး ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ကိုး ထောင်ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။                             MIRT (DOT)

Wednesday, 24 Jul 2013

ဟိုပုံးဈေးကွက်မှာ ချင်း(ဥမ)တွေလည်း ဈေးကွက် ဝင်လာပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ အသစ်တွေစပြီး ဝင်လာပေမယ့် ဒီရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာ ကြောင့် အဝင်နည်းနည်းပါးနေပါတယ်။ ဟိုပုံးမှာတော့ ချင်း(ဥမ)က ဒီနှစ်အတွက် နည်းပါတယ်။ တောင်ကုတ်၊ တမူး၊ စစ်တွေစတဲ့ မြို့တွေက အဆွဲများလာတာ ကြောင့် ဈေးကလည်း ကောင်းနေပါတယ်။

Pages