Background
အဝင်သွက်အရောင်းသွက် ပြည်ပဲစင်းငုံဈေးကွက် ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံများ အဝင်များလာ ပါတယ်။ မကွေးနဲ့ အောင်လံမြို့နယ်များအပြင် အခြားမြို့နယ်များမှာလည်း အဝင် များကြောင်းသိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ဆီဆုံကုန်းမှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ နေ့စဉ် အိတ် ၇ဝဝ- ၈ဝဝ ခန့် အဝင်ရှိပြီး၊ လှောင်လက်သမားများနဲ့ အိတ်စ်ပို့တာများမှ အဝယ်များ နေတာကြောင့် အရောင်းသွက်နေကြောင်း သိရပါတယ်။ ဈေးနှုန်းအနေ ဖြင့် ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၂၅ဝဝ ကျပ်ဖြင့် အရောင်းသွက် ခဲ့သလို ယခုတစ်ပတ်မှာလည်း တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် အနည်း ငယ် ဈေးမြင့်ကာ ဆက်လက် အရောင်းသွက်နေကြောင်းသိရပါတယ်။ ဆုမွန်မွန်ဆွေ
ပဲစင်းငုံတင်ပို့မှု တန် ၆ဝဝဝ နီးပါးသာရှိ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၃ဝဝ ကျော်ကို လျော့ကျ တင်ပို့ ရာမှ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) မှာ တန် ၆ဝဝဝ နီးပါး သာ တင်ပို့နိုင်လို့ ဆက်လက်လျော့ကျနေတာတွေ့ရပါတယ်။ အိန္ဒိယ ပေါက်ဈေး ထက် ရန်ကုန်ဈေး မြင့်တက်ကွာခြားနေလို့ အဝယ်နည်းသွားပေမဲ့ အိန္ဒိယ ဝယ်လက် အချို့က တက်ဈေးမျှော်ပြီး ဝယ်ယူမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ဖြစ်မှုတော့ နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲများကို ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ အသစ် အဟောင်း အသစ် အဟောင်း ၁ဝ-၂-၁၁ ၉၁၅-၉၃ဝ ၈၄ဝ-၈၆ဝ - ၇၃ဝ-၇၅ဝ ၄-၂-၁၁ ၉၁ဝ-၉၂ဝ ၈၄ဝ-၈၆ဝ ၈၁ဝ-၈၂ဝ ၇၄ဝ-၇၅ဝ MIRT(MAPT)
အုတ်ဖိုမတ်ပဲဈေး ခပ်အေးအေး အုတ်ဖိုမြို့နယ် မတ်ပဲဈေးကွက်မှာ ၂၂ ပိဿာတစ်တင်းကို ဇန်နဝါရီ ပထမပတ်က ၂၂၅ဝဝ ကျပ်ရှိနေခဲ့ပြီး ယခုဇန်နဝါရီ ဒုတိယပတ်မှာ တစ်တင်း ၂၃ဝဝဝ ကျပ်ထိ ခပ်အေးအေးသာ ဈေးမြင့်ခဲ့ပါတယ်။ ပထမပတ်နဲ့ ဒုတိယပတ် ကြားကာလမှာ အခိုက်အတန့် ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အနည်းငယ်ဝယ်ယူခဲ့ခြင်းကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ပြီး ရောင်းဝယ်မှု မှာတော့ အေးမြဲအေးနေပါတယ်။ စီးဝင်မှုလည်း မရှိသလောက်ဖြစ်ပါတယ်။ ကုန် သည်ပွဲစား၊ အပ်ပဲများသာ ပုံမှန်အတိုင်း ရောင်းဝယ်ကြပါတယ်။ ယခုတစ်ပတ် ရန်ကုန်တင်ပို့မှုမှာလည်း တစ်တင်းခွဲအိတ်ဖြင့် အိတ် ၁၈ဝဝ ခန့်သာ တင်ပို့နိုင် တယ်လို့ သိရပါတယ်။ မြင့်ဦး
ပြည်မတ်ပဲဈေး ဆက်အေးနေ ပြည်မတ်ပဲဈေးကွက်သို့ တိုင်းတွင်းမြို့နယ်များမှသာ ပဲသစ်များအဝင်ရှိပြီး အခြားတိုင်းမှ အဝင်မရှိဘူးလို့ သိရပါတယ်။ ပဲသစ်၊ ပဲဟောင်းတစ်တင်းကို ၂၂၅ဝဝ ကျပ်ဈေးရှိပြီး၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ခဲ့သော်လည်း ဈေးသိပ် မပြောင်းဘဲ ဈေးအေးနေတာကိုတွေ့ရပါတယ်။ မြို့တွင်းမှာ တစ်နေ့ကို ပဲသစ်၊ ပဲဟောင်း အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့ တစ်နေ့ကို အိတ် ၁၅၅ဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး
နယ်စပ်မှ မတ်ပဲတင်ပို့မှု ယခုအပတ်မရှိ ဖေဖော်ဝါရီလ ၂ ရက်မှ ၈ရက်ထိကာလအတွင်း မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ သို့ မတ်ပဲတင်ပို့နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့ ဇန်နဝါရီလအတွင်းမှာ ၂၈ တန်နဲ့ ဧပြီလမှ ဒီဇင်ဘာလထိမှာ ၈၄၈၈ တန်တင်ပို့ ထားပြီးဖြစ်ပါတယ်။မူဆယ်နယ်စပ်မှ တင်ပို့တဲ့မတ်ပဲများဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များကထွက်ရှိတာဖြစ်တယ်လို့သိရပါတယ်။အရောင်း အဝယ် မရှိသလို နှစ်ဖက်ပေါက်ဈေးများလည်း ပြောင်းလဲမှုမရှိပါဘူး။မိမိဘက် မတ်ပဲ တစ်တန်ပေါက်ဈေးက ၈၃၁၃၃ဝ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၈၇ ဒေါ်လာရှိတယ်လို့သိရပါတယ်။ MIRT(DOBT)
တစ်လအတွင်း အိန္ဒိယမတ်ပဲ လက်ရှိဈေးဝန်းကျင်မှာ တက်လိုက်ကျလိုက်ဖြစ်နေ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲတွေ မရရှိနိုင်လို့ တစ်လအတွင်း တစ်တန် ကန်ဒေါ်လာ ၉ဝဝ ဝန်းကျင်မှာ အတက် အဆင်းဖြစ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ ဝယ်လို အားတက်ချိန် ဈေးပြန်မာလာပြီး အဝယ်နည်းချိန်မှာ ဈေးလျော့သွားပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်းပဲမရရှိနိုင်တဲ့အတွက် လက်ရှိဈေးဝန်းကျင်အောက် တော့ များများကျဆင်းမသွားတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက် လက်ငင်းပေါက် ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F) ၁ဝ-၂-၁၁ ၈၈၃ ၉ဝ၅-၉၁ဝ ၁ဝ-၁-၁၁ ၈၈ဝ-၈၉၇ ၈၉၅ MIRT(MAPT)
မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက် ထက်ဝက်လျော့ကျ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၇၅ဝဝ သာရှိလို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ရဲ့ ထက်ဝက်လျော့ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းက လှောင်လက်များရဲ့ အနာဂတ်ဈေးမျှော်ပြီး ဝယ်ယူနေမှုကြောင့် လက်ရှိပြည်တွင်းပေါက်ဈေးက အိန္ဒိယ ဈေးကွက်ပေါက်ဈေးထက် မြင့်နေတဲ့အတွက် ပြည်ပတင်ပို့သူများ ဈေးမကိုက်လို့ တင်ပို့မှု လျော့ကျသလို ပြည်ပဝယ်လက်တွေလည်း ဝယ်လိုအားနည်း သွားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးလည်း လျော့ကျလာတာကို ယခင် သီတင်းပတ် ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁ဝ-၂-၁၁ ၈၉ဝ-၉ဝဝ ၉၉ဝ-၁ဝဝဝ ၄-၂-၁၁ ၉၁ဝ-၉၂ဝ ၁ဝ၃ဝ-၁ဝ၄ဝ MIRT(MAPT)
နနွင်းအရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ် ဒီတစ်ပတ် ရှမ်းနနွင်းတွေလည်း ဈေးကွက်ကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်နေပါတယ်။ နမ့်စန်မှာတော့ နနွင်းသစ် (ခြောက်) တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်း (စို)က တစ်ပိဿာ ၂၅ဝ ကျပ်ဈေးရှိပါတယ်။ နနွင်း လည်း ချင်းလိုပါပဲ။ ပြည်ပတင်ပို့မှုမရှိသေးပေမဲ့ ပြည်တွင်းဝယ်လက်တွေကသာ ပြည်တွင်းသုံးအတွက် များများဝယ်ချင်ပေမဲ့ နနွင်း ခြောက်ကတော့ ပစ္စည်းနည်းနေပါသေးတယ်။ ယခင်လတွေထက်တော့ အဝင်များလာပြီး မန္တလေးက အများဆုံး ဝယ်ယူ နေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း နနွင်းကို အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေပါတယ်။ အောင်ပန်း ဈေးကွက်ကို အဓိကဝင်နေတဲ့ ဒေသတွေကတော့ ရွာငံ၊ တောင်လပို့ရွာတွေက ဖြစ်ပါတယ်။ အဝင်သိပ်မများ သေးပေမဲ့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ ခန့်သာ ဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး နနွင်းခြောက်တစ်ပိဿာ ၂၅ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ နတ်မောက်၊ မုံရွာစတဲ့ မြို့တွေက နနွင်းမှုန့် (အစစ်မှုန့်) အဖြစ်အသုံးပြုရန်၊ ပရဆေး ဖော်စပ်ရန်အတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ဝယ်ယူနေလို့ ဆင်တောင်နနွင်းက အရောင်းလိုက်နေပြီး တစ်ပိဿာကို၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
စစ်တွေနယ်စပ်မှ ပုံမှန်ပို့တဲ့ နနွင်း ယခုအပတ်မှာလည်း စစ်တွေနယ်စပ်က ပုံမှန်အတိုင်းပဲ နနွင်းတက်တစ်တန်ကို တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလ တစ်လလုံးမှာမှ စစ်တွေနယ်စပ်က စုစုပေါင်း နနွင်းတက် ၅ တန် တင်ပို့လာနိုင်ပြီး ဧပြီလမှ ဇန်နဝါရီလထိ နနွင်းတက် တင်ပို့နိုင်မှုကတော့ တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး စစ်တွေအပြင် မူဆယ်နဲ့ မြဝတီ နယ်စပ်များကလည်း တင်ပို့မှုရှိပါတယ်။ နနွင်းတက်တစ်တန်ကို စစ်တွေဘက်မှာ ၁၅၂၆၉၄ဝ ကျပ်ဈေးပေါက် ပြီးတစ်ဖက်နိုင်ငံပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ဈေးပေါက်လျက်ရှိပါတယ်။MIRT(DOBT)
ဇန်နဝါရီလအတွင်း နနွင်းအပို့သာခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇန်နဝါရီလ လခုျပ်အနေနဲ့ နနွင်း တန်ချိန် စုစုပေါင်း ၁ဝ၇ ဒသမ ၆၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၈၇ သန်းဖိုးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်လဖြစ်တဲ့ ၂ဝ၁ဝ ဒီဇင်ဘာမှာ စုစုပေါင်း ၇၇ ဒသမ ၅၃ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဇန်နဝါရီလက နနွင်းတန်ချိန် ၇၆ ဒသမ ၆ တန်ကိုသာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီနှစ်တော့ တင်ပို့မှုပိုခဲ့ပါတယ်။MIRT (DOT)
