Main menu

Background

Sunday, 6 Feb 2011

နနွင်းအရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ်                  ဒီတစ်ပတ် ရှမ်းနနွင်းတွေလည်း ဈေးကွက်ကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်နေပါတယ်။ နမ့်စန်မှာတော့ နနွင်းသစ် (ခြောက်) တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်း (စို)က တစ်ပိဿာ ၂၅ဝ ကျပ်ဈေးရှိပါတယ်။ နနွင်း လည်း ချင်းလိုပါပဲ။ ပြည်ပတင်ပို့မှုမရှိသေးပေမဲ့ ပြည်တွင်းဝယ်လက်တွေကသာ ပြည်တွင်းသုံးအတွက် များများဝယ်ချင်ပေမဲ့ နနွင်း ခြောက်ကတော့ ပစ္စည်းနည်းနေပါသေးတယ်။ ယခင်လတွေထက်တော့ အဝင်များလာပြီး မန္တလေးက အများဆုံး ဝယ်ယူ နေတယ်လို့ သိရပါတယ်။                 အောင်ပန်းဈေးကွက်မှာလည်း နနွင်းကို အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေပါတယ်။ အောင်ပန်း ဈေးကွက်ကို အဓိကဝင်နေတဲ့ ဒေသတွေကတော့ ရွာငံ၊ တောင်လပို့ရွာတွေက ဖြစ်ပါတယ်။ အဝင်သိပ်မများ သေးပေမဲ့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ ခန့်သာ ဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး နနွင်းခြောက်တစ်ပိဿာ ၂၅ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ နတ်မောက်၊ မုံရွာစတဲ့ မြို့တွေက နနွင်းမှုန့် (အစစ်မှုန့်) အဖြစ်အသုံးပြုရန်၊ ပရဆေး ဖော်စပ်ရန်အတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ဝယ်ယူနေလို့ ဆင်တောင်နနွင်းက အရောင်းလိုက်နေပြီး တစ်ပိဿာကို၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                       ဧဧခိုင်

Sunday, 6 Feb 2011

စစ်တွေနယ်စပ်မှ ပုံမှန်ပို့တဲ့ နနွင်း                 ယခုအပတ်မှာလည်း စစ်တွေနယ်စပ်က ပုံမှန်အတိုင်းပဲ နနွင်းတက်တစ်တန်ကို တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလ တစ်လလုံးမှာမှ စစ်တွေနယ်စပ်က စုစုပေါင်း နနွင်းတက် ၅ တန် တင်ပို့လာနိုင်ပြီး ဧပြီလမှ ဇန်နဝါရီလထိ နနွင်းတက် တင်ပို့နိုင်မှုကတော့ တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး စစ်တွေအပြင် မူဆယ်နဲ့ မြဝတီ နယ်စပ်များကလည်း တင်ပို့မှုရှိပါတယ်။ နနွင်းတက်တစ်တန်ကို စစ်တွေဘက်မှာ ၁၅၂၆၉၄ဝ ကျပ်ဈေးပေါက် ပြီးတစ်ဖက်နိုင်ငံပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ဈေးပေါက်လျက်ရှိပါတယ်။MIRT(DOBT)

Sunday, 6 Feb 2011

ဇန်နဝါရီလအတွင်း နနွင်းအပို့သာခဲ့                   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇန်နဝါရီလ လခုျပ်အနေနဲ့ နနွင်း တန်ချိန် စုစုပေါင်း ၁ဝ၇ ဒသမ ၆၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၈၇ သန်းဖိုးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်လဖြစ်တဲ့ ၂ဝ၁ဝ ဒီဇင်ဘာမှာ စုစုပေါင်း ၇၇ ဒသမ ၅၃ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဇန်နဝါရီလက နနွင်းတန်ချိန် ၇၆ ဒသမ ၆ တန်ကိုသာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီနှစ်တော့ တင်ပို့မှုပိုခဲ့ပါတယ်။MIRT (DOT)

Sunday, 6 Feb 2011

မန်ကျည်းတင်ပို့မှု လျော့နည်းခဲ့                  ဇန်နဝါရီလအတွင်း မန်ကျည်းသီး တန်ချိန် ၄ဝ ကို တင်ပို့နိုင်ခဲ့ပြီး ယခင်လ ၂ဝ၁ဝ ဒီဇင်ဘာလမှာ တင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်နှစ် ၂ဝ၁ဝ ဇန်နဝါရီလက မန်ကျည်းသီးတန်ချိန် ၁ဝ၈၁ တန်အား ပါကစ္စတန်၊ မလေးရှား၊ အာရပ်စော်ဘွား များ ပြည်ထောင်စု၊ အိန္ဒိယနဲ့ ရီမင်နိုင်ငံများကို တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်တော့ ဈေးကွက် တင်ပို့နိုင်မှုလျော့နည်းခဲ့ပါတယ်။ MIRT (DOT)

Sunday, 6 Feb 2011

ရှမ်းချင်းအဝင်များလာ                 ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ နမ့်စန်မှာလည်း ချင်းအဝင်အနည်းငယ်များလာ ပါတယ်။ ဒီနှစ်ချင်းဈေးက မနှစ်ကထက် အေးနေတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှုမရှိသေးဘဲ၊ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူနေကြပြီး နမ့်စန်ချင်းတွေကိုတော့ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ရန်ကုန်စတဲ့ မြို့တွေကို ပြန်ဖြန့်ဖို့အတွက် အောင်ပန်းဝယ်လက်တွေက ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ နမ့်စန်မှာ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်(သစ်) က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီတစ်နှစ် ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းအထွက်နှုန်းက ယခင်နှစ်ကတွေထက် လျော့ပြီး ချင်းအရည်အသွေးတွေလည်း ညံ့တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းဈေးက အရည်အသွေးအလိုက် တစ်ပိဿာကို ၃ဝဝ ကျပ်မှ ၆ဝဝ ကျပ်ဈေး ရှိပါတယ်။                   ချင်းခြောက်တွေကတော့ ချင်းစိုတွေကို ပြန်ပြုတ်နေတဲ့ အတွက် ဈေးကွက်ကို သိပ်မဝင်သေးပါဘူး။ ဒီလကုန်လောက်မှသာ လှိုင်လှိုင်ဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Sunday, 6 Feb 2011

ပုံမှန်ရောင်းဝယ်မှုဖြစ်နေတဲ့ ပြည်ချင်းဈေးကွက်                 ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၁၁ဝဝ ကျပ်၊ ဂျွန် ၉၅ဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃ဝ ဝင် အိတ် ၁ဝဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့လျှင် ပိဿာချိန် ၃ဝဝ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ဘက်သို့ စားသုံးမှု အဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 6 Feb 2011

ဇန်နဝါရီလ ချင်းတစ်ရာ့ရှစ်တန်ပို့နိုင်                  ဇန်နဝါရီလနောက်ဆုံးပတ်မှာ ချင်းတင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် ချင်းတန် ၃ဝ တင်ပို့နိုင်ခဲ့ပြီး ဇန်နဝါရီလအတွင်း စုစုပေါင်းချင်းတန်ချိန် ၁ဝ၈ တန် သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ဒီဇင်ဘာလမှာ အပို့မရှိခဲ့ပေမဲ့ ဒီလမှာ တော့ ပြန်လည်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။            MIRT (DOT)

Sunday, 6 Feb 2011

 ၂ဝ၁၁ တွင် ရော်ဘာဝယ်လိုအား ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မည်               လာမယ့်နှစ်မှာ မော်တော်ကားရောင်းချရနှုန်းတွေ မြင့်တက်လာပြီး သုံးစွဲမှုတွေ ပိုမိုလာမှာကြောင့် သဘာဝ ရော်ဘာဝယ်လိုအား ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စု(IRSG) ကပြောကြားပါတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုက ၂ဝ၁၁ မှာ ၁၁ ဒသမ ၂ မက်ထရစ်တန်ရှိနိုင်ပြီး နောက်နှစ်မှာ ၁၁ ဒသမ ၆ မက်ထရစ်တန်အထိ ရောက်ရှိနိုင်ကြောင်း (IRSG)  ရဲ့အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ ရောင်းလိုအား လိုအပ်ချက်က တာယာနဲ့ လက်အိတ်လုပ်ငန်း များရဲ့ဈေးနှုန်းကို မြင့်တက်စေကြောင်း ၎င်းကဆက်လက်ပြောကြားပါတယ်။ အရှေ့တောင်အာရှရဲ့ ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေမှာ မိုးရွာသွန်းမှုကြောင့် အစေးထွက် ထိခိုက် ခြင်းနဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ကားရောင်းချရနှုန်း တက်လာတာကြောင့် ၂ဝ၁ဝ မှာတော့ ရော်ဘာဈေးနှုန်းက ၅ဝ ရာခိုင်နှုန်းမြင့်တက်ကာ စံချိန်တင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး သုံးစွဲသူဖြစ်တဲ့ တရုတ်ရဲ့ရော်ဘာ ဝယ်လိုအားက ၉ ရာခိုင်နှုန်း မြင့်တက်ဖွယ် ရှိပါတယ်။ ၂ဝ၁ဝ မှာ ကမ္ဘာ့ဝယ်လိုအားက တန်ချိန် ၁၃ ဒသမ ၁ သန်းရှိနိုင်ပြီး ၂ဝ၂ဝ မှာ တန်ချိန် ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ပြီး ထုတ်လုပ်မှုကတော့ တန်ချိန် ၁၃ ဒသမ ၈ သန်းသာရှိနိုင်ကြောင်း (IRSG)  ရဲ့ အတွင်းရေးမှူးက ပြောကြားပါတယ်။ ဒီခန့်မှန်းချက်က သာမန်ထုတ်လုပ်မှု အခြေအနေကို တွက်ချက်ထားတာ ဖြစ်ပြီး အသစ်စိုက်ပျိုးထုတ်လုပ်ခြင်းတွေက အစေးထွက်တိုးခဲ့ရင်တော့ ရောင်းလိုအားတွေတိုးလာမှာဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။               လာနီညာရာသီဥတုကြောင့်ဖြစ်တဲ့ မိုးရွာသွန်းမှုက ထိပ်တန်း ထုတ်လုပ်သူတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေရဲ့ အထွက်နှုန်းကို ထိခိုက်စေခဲ့ပါတယ်။ ထိုင်းမိုးလေဝသဌာနကတော့ ဇန်နဝါရီမှ ဧပြီလအတွင်း ပုံမှန်ထက်ပိုတဲ့ မိုးရွာသွန်း မှုဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ တကယ်လို့ ဝယ်လိုအားကောင်းခဲ့မယ်ဆိုရင် ဈေးကွက်ထဲမှာ အကျပ်အတည်း တွေ့နိုင်မှာဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်းက ရော်ဘာစိုက်ပိုျးသူတွေကို အကိုျးဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း သိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်အဖြစ်ဆုံးစာခုျပ်ဈေးနှုန်းက ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၅၇၂၅ ဒေါ်လာဖြစ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှုက ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၆ သန်းရှိနိုင်ပြီး အိန္ဒိယရဲ့ သုံးစွဲမှုကတော့ ၉၉၁ဝဝဝ တန်ကို ရောက်ရှိနိုင်ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကခန့်မှန်းထားပါတယ်။ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းက ၂ဝ၁ဝ မှာ ၁ဝ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး ၃ နှစ်အတွင်း အမြန်ဆုံးနှုန်းနဲ့ တိုးတက်ခဲ့တာဖြစ်ကြောင်း အစိုးရက ကြေငြာခဲ့ပါတယ်။ တရုတ်ရဲ့ကားရောင်းချနှုန်းက ၂ဝ၁ဝ မှာ ၃၂ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၈ ဒသမ ဝ၆ သန်းအထိ ရောက်ရှိခဲ့ကာ ယခုနှစ်မှာတော့ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ဖွယ်ရှိကြောင်း တရုတ် မော်တော်ကားထုတ်လုပ်သူများအသင်းက ခန့်မှန်းထားပါတယ်။ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ယခုနှစ်မှာတော့ ၄ ဒသမ ၈ ရာခိုင်နှုန်းပိုမိုက တန်ချိန် ၉ ဒသမ ၉ သန်း ထုတ်လုပ်နိုင်မယ်လို့ အသင်းကခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်ကတော့ အဖွဲ့ဝင်နိုင်ငံများရဲ့ အစိုးရပိုင်းရဲ့လျာထားချက်ကနည်းပြီး ပုဂ္ဂလိကပိုင်အသင်းအဖွဲ့တို့က ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁ဝ ဒသမ ၂ သန်း ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စု(IRSG)  မှာ အဖွဲ့ဝင် ၁၆ နိုင်ငံနဲ့ ဥရောပ ယူနီယံနိုင်ငံများပါဝင်ပါတယ်။ ကမ္ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံနဲ့ တတိယ ထုတ်လုပ်မှု အများဆုံး မလေးရှားတို့က(IRSG) ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယထုတ်လုပ်မှု အများဆုံး အင်ဒိုနီးရှားကတော့ အဖွဲ့ဝင် နိုင်ငံမဟုတ်ကြောင်း သတင်းရရှိပါတယ်။ ုKZW,Source: Blomberg.com

Sunday, 6 Feb 2011

ဒေသတွင်းဝယ်လက်ကြောင့် ပုံမှန်ရောင်းဝယ်နေတဲ့ မန်းပြောင်းဈေးကွက်             မန်းဈေးကွက်တွင် တရုတ်နှစ်သစ်ကူးကာလဖြစ်သော်လည်း ပြောင်းဖူးစေ့ ဈေးကွက်မှာ ဈေးအေးမသွားဘဲ ယခင်ပတ်ထက် ဈေးအနည်းငယ်ငြိမ်လာပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်တစ်ပတ်မှာ ပြောင်းဖူးစေ့ ရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်း(ဗမာ) ၂၅၉ ကျပ်၊ အထွက်တိုးပြောင်း ၂၉၂ ကျပ်၊ စီပီပြောင်း ၂၇၂ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြသော်လည်း ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့ ရှမ်းနဲ့ စီပီပြောင်းမှာ တစ်ပိဿာ ၂၇၂ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ) ၂၆၉ ကျပ်၊ အထွက်တိုးပြောင်း ၂၈၃ ကျပ်ဈေးတို့ဖြင့် ယခင်ပတ်ထက်ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက်အတွင်းသို့ နယ်စုံ၊ ဒေသစုံမှ ပြောင်းဖူးစေ့များဝင်ရောက်နေပြီး တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ တရုတ်ဝယ်လက် အနည်းငယ်အေးသွားပြီး လှောင်လက်သမားများနဲ့ ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဈေးအေးမသွားဘဲ ဈေးမာနေတာ ဖြစ်တယ်လို့ ပြောင်းကုန်သည်များက ပြောကြပါတယ်။ ကျော်ကျော်မိုး

Sunday, 6 Feb 2011

ပြည်တွင်းပြောင်းဈေးကျ                  ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် တစ်ဘက်တရုတ်နိုင်ငံ သို့ ပြောင်းဖူးစေ့ ၅ဝ၇၅ တန်ခန့်ကန်ဒေါ်လာ ၁ ဒသမ ၂၇၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ်နယ်စပ်တစ်ခုတည်းမှ တန် ၉၇ဝဝ တင်ပို့နိုင်ခဲ့တာမို့ ယခု အပတ်မှာ ၄၆၂၅ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ယခုအပတ်တွင်းမှာ ပြည်တွင်းပြောင်းဈေးတစ်တန် ၁၆၆၇ဝဝ ကျပ်ရှိပြီး လားရှိုးကုန်စည်ဒိုင်မှာ ပြောင်းဈေးတစ်ပိဿာ ၂၆ဝ ကျပ် (တစ်တန် ၁၅၉၂၅ဝ ကျပ်) ရှိပါတယ်။ယခု အပတ်အတွင်း ပြည်တွင်းပြောင်းဈေးအနည်းငယ်ကျဆင်းလျက်ရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးအနေနဲ့ ၁၈၂ဝ မှ ၁၉ဝဝ ယွမ်ဝန်းကျင်အထိရှိနေပါတယ်။ယခုအပတ် အတွင်းမှာ သယ်ယူစရိတ်နှုန်းထားများမှာ ၁ ပိဿာလျှင် ကျပ် ၁၆ဝ မှ ၁၇၅ ကျပ်ထိ မြင့်တက်မှုကြောင့် ဒေသထွက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ ဝင်ရောက်မှု များဆဲဖြစ်တယ်လို့သိရပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်း မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် -                                            မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု            ယခင်     ပြောင်းလဲမှု     %      ယခု       ယခင်     ပြောင်းလဲမှု      %ပြောင်းဖူးစေ့   ၂၆၄၄၂၈     ၂၈၄၂၈ဝ         ၁၉၈၅၂       ၈        ၂၈၉     ၂၉၁           ၂               ဝ .၇MIRT (DOBT)

Pages