Main menu

Background

Sunday, 6 Feb 2011

ပဲတီစိမ်းနဲ့ ဈေးပြိုင်လိုက်နေတဲ့ ပဲနောက်                 ပြည်ဈေးကွက်တွင် ပဲနောက်သီးနံှဈေးနှုန်းမှာလည်း ပဲတီစိမ်းနဲ့ဈေးပြိုင် လိုက်နေကြောင်းတွေ့ရပါတယ်။ ပဲနောက်သီးနံှမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက် မှု မရှိတော့ပေမယ့် ပဲလက်ကျန်များ လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပဲနောက်သီးနံှဈေးမှာ ယခင်နှစ် ဇန်နဝါရီလတွင် တစ်တင်း ၃၉ဝဝဝ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီတွင်တော့ တစ်တင်း ၂၈ဝဝဝ ကျပ်သာရရှိခဲ့တဲ့အတွက် ယခင်နှစ်ဈေးကို မမှီဘူးလို့သိရပါတယ်။ ယခုတစ်ပတ်တွင်လည်း တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                                       ခင်ဆွေဝင်း

Sunday, 6 Feb 2011

ပြည်ဘိုကိတ်ပဲ အဝင်ပါးပြီး အရောင်းအဝယ်အေးနေ                ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေ ကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၂၃ဝဝဝ ကျပ်ဖြင့် တစ်နေ့လျှင် ၁ဝ အိတ် - ၁၅ အိတ် ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ် တွင် ဘိုကိတ်စိုက်ဧက ၁၅ဝဝဝ စိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားဧကထက် အနည်းငယ် လျော့နည်းကာ ဧက ၁၄၉ဝဝ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘိုကိတ်ပဲ အသစ်များ ထွက်ပေါ်ကာနီးပြီ ဖြစ်တာကြောင့် အဟောင်းမှာ အဝင်ပါးပြီး အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။                                                        ဆုမွန်မွန်ဆွေ

Sunday, 6 Feb 2011

ပြည်ဈေးကွက် ပဲကြီးဈေးနှုန်းများ သိသိသာသာကျဆင်းလာ                        ဖေဖော်ဝါရီလဆန်းပတ်ပြည်ဈေးကွက်မှာ ပဲကြီဈေးနှုန်း သိသိသာသာ ကျဆင်းလာပါတယ်။ ယခင်အပတ်က ပဲကြီး (ကမ်းနား) မှာတစ်တင်း ၃၂ဝဝဝ ကျပ်၊ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၃၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်းမှာ ပဲကြီး (ကမ်းနား) မှာ တစ်တင်းကို ၂၈၅ဝဝ ကျပ်၊ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃ဝဝဝဝ ကျပ်ထိဈေးကျဆင်းသွား သဖြင့် တစ်တင်းကို ၃ဝဝဝ ကျပ်ကျော်ခန့် သိသိသာသာ ဈေးကျသွားခဲ့ပါတယ်။ ဈေးကျသွားပေမယ့် ပဲကြော်လုပ်ငန်းသမားများကြောင့် အိတ် ၁၅ဝ ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                                                  ခင်ဆွေဝင်း

Sunday, 6 Feb 2011

ထောပတ်နဲ့ ပဲယင်းအသစ်များ ဒီတစ်ပတ်တင်ပို့မှုအနည်းငယ်ပို                  ယခင်သီတင်းပတ်ကစပြီး ပင်လယ်ရေကြောင်းက တင်ပို့မှုရှိလာတဲ့ ထောပတ်ပဲနဲ့ ပဲယင်းဟာ ယခုတစ်ပတ် (ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်)အတွင်းမှာလည်း ပဲယင်း၇၅ တန်နဲ့ ထောပတ်ပဲ ၂၁ တန်နဲ့ ဆက်လက် တင်ပို့ခဲ့ပါတယ်။ ထောပတ်ပဲကတော့ ဂျပန်နိုင်ငံကိုဖြစ်ပြီး ပဲယင်းကတော့ ဖိလစ်ပိုင် ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလတင်ပို့မှုအနေနဲ့ ထောပတ်ပဲ ၄၂ တန်နဲ့ ပဲယင်း ၁၃၈ တန် တင်ပို့ခဲ့ပြီး ဒီဇင်ဘာလမှာ ပဲယင်း ၆၇ တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာထောပတ်ပဲ ၂၁၇ တန်နဲ့ပဲယင်း ၂၉၅ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။                 ရန်ကုန် FOB  ဈေးများအနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၇၁ဝ-၇၃ဝ ဖြစ်ကြောင်း သိရပါတယ်။                                 MIRT- MAPT

Sunday, 6 Feb 2011

ဟုမ္မလင်းမြေထောက် ရေလမ်းခရီးမှ မုံရွာရောက်                   စစ်ကိုင်းတိုင်းဒေသကြီး ၂ဝ၁ဝ-၂ဝ၁၁ မြေထောက်ပဲလျာထားစိုက်ဧက ၅ သောင်း ၄ ထောင်ကျော်အနက် ၅ သောင်း ၆ ထောင်ကျော်စိုက်လို့ ၁ဝ၃ ရာခိုင်နှုန်းစိုက်ပိုျးခဲ့ပါတယ်။ ဟုမ္မလင်းမြို့မှာ မြေထောက်ပဲများ စတင်ထွက်ပေါ် နေပြီး ရေလမ်းခရီးမှ မုံရွာမြို့သို့ စတင်ဝင်ရောက်ခဲ့ရာ မြေထောက်ပဲတစ်တင်း ၁၆၅ဝဝ ကျပ်၊ တစ်ပိဿာ ၉၁၇ ကျပ်နဲ့ ဈေးဖွင့်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် ပျမ်းမျှတင်း ၅ဝ ကျော်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Sunday, 6 Feb 2011

မြေထောက်ပဲတန် ၂ဝဝ ကျော် တင်ပို့မှုရှိ                 ယခင်သီတင်းပတ်က မြေထောက်ပဲတန် ၂၆ဝ ခန့်အထိ တင်ပို့်မှုရှိခဲ့ပြီး ယခုသီတင်းပတ်မှာ တန်ချိန် ၂၂ဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ မန္တလေးနဲ့ မုံရွာ ဈေးကွက်ကို မြေထောက်ပဲအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး အရောင်းအဝယ် လည်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှာ မြေထောက်ပဲတန် ၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ တန်ချိန် ၂၃ဝ ကျော်သာ တင်ပို့နိုင် ခဲ့ပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာလည်း တန်ချိန် ၁ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့ပါ တယ်။                ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြေထောက်ပဲ (polished) တစ်တန်ကို ကန်ဒေါ်လာ ၈၁၄၊ (unpolished)တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၃ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 6 Feb 2011

အီသီယိုးပီးယားက ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ဖို့ အိန္ဒိယတောင်သူများကို ဖိတ်ခေါ်                အာဂျင်တီးနားနဲ့ ဥရုဂွေးလို လက်တင်အမေရိကန်နိုင်ငံများပြီးရင် အီသီယိုးပီးယားနိုင်ငံကလည်း အာဖရိကနိုင်ငံအတွင်း ပဲမျိုးစုံစီးပွားဖြစ်ထုတ်လုပ်မှု မြှင့်တင်နိုင်ဖို့ အိန္ဒိယတောင်သူတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ အာဖရိကနိုင်ငံမှာ စီးပွားဖြစ် စိုက်ပျိုးဖို့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ အိန္ဒိယကို ပြန်လည်တင်ပို့နိုင်ဖို့ လယ်ယာမြေများ အိန္ဒိယတောင်သူများကို အသုံးချခွင့် ပေးသွားမှာဖြစ်ကြောင်း အီသီယိုးပီးယား စိုက်ပျိုးရေးဝန်ကြီးTafera Derbew  မှ လေ့လာရေးလာရောက်စဉ် အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနဲ့ အများပြည်သူဖြန့်ဝေရေး ဝန်ကြီး ကေဗွီသော မတ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။                    ယခုလိုဆောင်ရွက်မယ်ဆိုရင် စားဆီ ၅ဝ ရာခိုင်နှုန်းနဲ့ ပဲစားသုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းတင်သွင်းနေရခြင်းအပေါ် အထောက်အပံ့ဖြစ်စေမယ်လို့ သောမတ်စ်က ဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ နည်းပညာအထောက်အပံ့ များပေးသွားမှာဖြစ်ပြီး အိန္ဒိယစံနှုန်းနဲ့ စိုက်ပျိုးရေး သုတေသနဗျူရိုကလည်း အီသီယိုပီးယားမှ ကျွမ်းကျင်သူများဖြစ်စေဖို့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ အီသီယိုးပီးယားမှာ ပြည်ပရင်းနှီးမြှုပ်နံှမှု အများ ဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နံှထားတဲ့အနက် ၄ဝ ရာခိုင်နှုန်းက စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများမှာ မြူပ်နံှထားတယ်လို့ သိရပါ တယ်။ ယမင်းခင်၊Source: Financial Express

Sunday, 6 Feb 2011

ရောင်းလိုအားများလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                    ယခင်သီတင်းပတ်က ကုလားပဲဈေးမြင့်တက်ခဲ့ရာမှ ပဲဝင်ရောက်မှု တိုးတက်မယ့် မျှော်လင့်ချက်တွေကြောင့် ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ ယခင်နှစ်က ရာသီမဟုတ်တဲ့ မိုးရွာသွန်းမှု တွေကြောင့် ထုတ်လုပ်မှုကျဆင်းမယ့် သတင်းများအရ ပဲဝင်ရောက်မှု နှောင့်နှေးမယ့် သီတင်းလည်း ထွက်လာပါတယ်။                    ယခုကုလားပဲအထွက်မြင့်တက်မယ့် အလားအလာရှိပေမဲ့ သြစတြေးလျ မှာ ရေလွှမ်းမှုကြောင့် သီးနံှတွေထိခိုက်ခဲ့ရခြင်းက အိန္ဒိယက တင်သွင်းမှု လျော့ကျဖို့ ဖြစ်လာစေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ကုလားပဲနေ့စဉ်ဝင်ရောက်မှုဟာ ကားအစီးရေ ၅ဝ-၅၅ စီးဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်မှာ ကုလားပဲ တစ်တန်ကို ၅၁ ဒသမ ၅ ရူပီးလျော့ကျပြီး ရူပီး ၂၆၃၇ဝ (ကန်ဒေါ်လာ ၅၈ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline

Sunday, 6 Feb 2011

မုံရွာကုလားပဲဈေးကွက် ဗွီတူးအသစ်အဝယ်သွက်                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဇန်နဝါရီလကုန်ပတ်က ပဲဟောင်းအားလုံးနီးပါး လက်ကျန်ပြတ်ခဲ့လို့ အရောင်းအဝယ်အေးနေရာက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဗွီတူးအသစ်တွေ မုံရွာဝန်းကျင်ကနေ ဈေးကွက်ထဲ စတင် ဝင်လာခဲ့ပြီး တစ်တင်း ကျပ် ၂၃၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက် က ကြားသိရပါတယ်။ မုံရွာ၊ ယင်းမာပင်၊ ပုလဲစတဲ့ နယ်တွေက မုန်တိုင်း မိုးကြောင့် ထိခိုက်မှုနည်းခဲ့ပြီး မြေပြင်ချိန်စောတော့ တောင်သူတွေရဲ့ ဗွီတူးတွေ အခုလို ဈေးကွက်ထဲစောစောဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်း မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ပေါက်ဈေးတွေကတော့ ထိုင်ဝမ်အဟောင်း တစ်တင်း ၂၄၅ဝဝ ကျပ်၊ ဗွီတူးအသစ်တစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ၉၂၉ အဟောင်း တစ်တင်း ၂၅ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ လောလော ဆယ်မှာ ဗွီတူး အသစ်တစ်ရက်ကို တင်း ၃ဝဝခန့် ဝင်ရောက်လျက်ရှိပြီး၊ ဇန်နဝါရီလ အတွင်း ကုလားပဲ တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၃၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။         ထွန်းလှိုင်

Sunday, 6 Feb 2011

ပြည်ပဲတီစိမ်း အဝင်ပါးပြီးဈေးငြိမ်                ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှများ ၂ဝ၁ဝ နှစ်ကုန်အထိ အဝင်များခဲ့ပြီး အရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလတွင် ပဲတီစိမ်းအဝင်နည်းလာခဲ့သလို ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၂၅ဝဝဝ မှ ၂၈ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းမှာ လက်ကျန်သမားများသာ လာရောက်ရောင်းချကြတဲ့အတွက် အဝင်ပါးလာခဲ့ပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၂၈၅ဝဝ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာ တစ်ရက်လျှင် အိတ် ၁၅ဝ-၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ်လို့သိရ ပါတယ်။ ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုမှာ အိတ် ၇၂ဝဝ ခန့်ရှိခဲ့ပြီး၊ ရန်ကုန်သို့ ၆၄ဝဝ အိတ်၊ မန္တလေးသို့ အိတ် ၅ဝဝ နဲ့ မကွေးသို့ အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။                                                                                  ခင်ဆွေဝင်း 

Pages