Main menu

Background

Sunday, 2 Jan 2011

လှောင်လက်ဝယ်တဲ့ စစ်ကိုင်းက မတ်ပဲ                 ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ အရာတော်၊ ကနီ၊ ပုလဲမြို့နယ်များမှ မတ်ပဲများ မုံရွာမြို့သို့ အဝင်လှိုင်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲတစ်ပိဿာ ပေါက်ဈေး ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှာ ၁၁၂၅ ကျပ်မှ ဒီဇင်ဘာလကုန်မှာ ၉၅ဝ ကျပ်ကို ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသွားတဲ့အတွက် လှောင်လက်သမားတွေက အဝယ် များကြောင်း ကုန်သည်တစ်ဦးမှပြောပါတယ်။Export  ဝယ်လက်ကတော့ အရည်အသွေးကောင်းတာကိုစစ်ဝယ်ပြီး၊ ဒေသတွင်း ပဲခွဲစက်နဲ့ ကြာဇံစက်သမားများကတော့ အရည်အသွေးသိပ်မစစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၃ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                        သန်းသန်းတင်

Sunday, 2 Jan 2011

မတ်ပဲတင်ပို့မှု ဆက်လက်တိုးတက်               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းရှိသလို ယခုတစ်ပတ် (ဒီဇင်ဘာနောက်ဆုံးပတ်) မှာလည်း တန်ချိန် တစ်သောင်းနဲ့ ဆက်လက်တိုးတက်တင်ပို့နေပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်၊ တတိယပတ်မှာ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ အဝယ်တက် လာတာကြောင့် ဈေးလည်း အနည်းငယ်တက်လာသလို တင်ပို့မှုလည်း အားကောင်း နေတာဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                 ဒေါ်လာ/တန်                   မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၃၁-၁၂-၁ဝ      ၇၉ဝ-၈ဝဝ                     ၉၉ဝ-၁ဝဝဝ ၂၄-၁၂-၁ဝ      ၇၇ဝ-၇၈ဝ                     ၉၆ဝ-၉၇ဝ                                                                                                                              MIRT(MAPT)

Tuesday, 28 Dec 2010

အရောင်းအဝယ်အေးနေတဲ့ မန်းငရုတ် ဈေးကွက်                       ယခုနောက်ပိုင်း မန္တလေး ဈေးကွက်ရှိ ငရုတ်ဈေးမှာ အရောင်း အဝယ်အေး ဈေးအေးနေကြောင်း သိရပါတယ်။ ဈေးကွက်သို့ ကျောက်ဆည်နယ်မှ (မိုးထောင်၊ ဒီမွန်၊ သာမွန်)မိုျးများလည်းကောင်း၊ ငရုတ်ပုမှာ သဲတော ဝမ်းတွင်းနယ်မှ လည်းကောင်း ဝင်ရောက်လျက်ရှိပါတယ်။ အရောင်း အဝယ်အေးနေတဲ့အတွက် ဒီဇင်ဘာလ လဆန်းပိုင်းမှ စပြီး ငရုတ်ရှည် (မိုး ထောင်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်ဝန်းကျင် ငရုတ်ပွ တစ် ပိဿာကို ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်အနေနဲ့ ဒေသတွင်း ရောင်းဝယ်မှု သာရှိတဲ့အတွက် ဈေး အေးအရောင်းအေးကြောင်း ပွဲရုံ ဈေး ကွက်က သိရပါတယ်။                                                          ကျော်ဇင်သန်း

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်ပြည်မန်ကျည်းမှည့် ဈေးမာ                  ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များ ဈေးမာလာပါတယ်။ လက်ကျန်နည်းပြီး မန်ကျည်းမှည့် အသစ် မဝင်သေးတာကြောင့် ဈေးမာ လာတယ်လို့ သိရပါတယ်။ ယခင်လက မန်ကျည်းမှည့် တစ်ပိဿာလျှင် လက် လီ ၁၅ဝဝ ကျပ်၊ လက်ကား ၁၂ဝဝ ကျပ်မှ ယခုလက်လီတစ်ပိဿာ ၂ဝဝဝ ကျပ်၊ လက်ကားတစ်ပိဿာ ၁၈ဝဝ ကျပ် အထိ ဈေးမြင့်ခဲ့တယ်လို့ သိရပါ တယ်။                                                                                               အိရွှေစင်

Tuesday, 28 Dec 2010

မန်ကျည်းသီးမှည့်               စစ်တွေနယ်စပ်ကနေ ယခု အပတ်မှာ မန်ကျည်းသီးမှည့် အစေ့ပါ တင်ပို့မှုမရှိခဲ့ပေမဲ့ ယခင်အပတ်က ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး စစ်တွေ နယ်စပ်က တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်း သီးမှည့်များကို စစ်တွေနယ်စပ် က ပုံမှန်လေး တင်ပို့လျက်ရှိပြီး ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ မန် ကျည်းသီးမှည့် ၂၂၄ တန် တင်ပို့ထား ပြီးဖြစ်ပါတယ်။စစ်တွေနယ်စပ်မှ မန်ကျည်းသီးတစ်တန်ကို မိမိဘက်မြေ ပြင် ပေါက်ဈေး ၃၇၉၄၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၃၅ဝဝဝ တာကာ ရှိတယ်လို့ သိရပါတယ်။ တင်တင်ထွန်း(MIRT)

Tuesday, 28 Dec 2010

ဘဏ္ဍာနှစ်အတွင်း နယ်စပ်က တန်ချိန် ၁ဝဝဝကျော် တင်             ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆ တန် ကန်ဒေါ်လာ ၁၁ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၆ တန်ခွဲတင်ပို့ခဲ့တာမို့နနွင်းတက်တင်ပို့မှုမှာ ပုံမှန်လေးပဲ ရှိနေပါတယ်။ ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ နနွင်းတက်တင်ပို့မှုမှာ တန်ချိန်၁ဝ၁၇တန် ကျော်ပြီဖြစ်ပါတယ်။     MIRT(DOBT) 

Tuesday, 28 Dec 2010

နနွင်းတန်ချိန်ပိုမိုတင်ပို့နိုင်ခဲ့                              ပင်လယ်ရေကြောင်း ကုန်သွယ်လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၃ဝ တန် ၊ တန်ဖိုး ကန်ဒေါ်လာ ၄၅၉ဝဝ ဖိုးကိုတင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကိုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ နနွင်းတန်ချိန် ၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်မှသာ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၄၅၉ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Tuesday, 28 Dec 2010

နယ်စပ် အပို့နည်း            ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၁၄ဝဝ တန်ဖိုးရှိ ကျောက်ချင်း ၂ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပြီး ယခင်အပတ်က ချင်းရွှေဟော်က ၂၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက်တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်း ဈေးပေါက်လျက်ရှိပါတယ်။                                                                                                 MIRT(DOBT)   

Tuesday, 28 Dec 2010

ရှမ်းချင်းသစ် ဈေးကွက်ဝင်              ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်တွေမှာ ချင်းအသစ်တွေလည်း တစိမ့်စိမ့်နဲ့ ဝင်လာနေပါပြီ၊ ကလော ဒေသတစ်ဝိုက်ကထွက်တဲ့ ချင်းတွေက ချင်းဈေးကွက်ကို အရင်ဆုံးဝင်ခဲ့ပြီး၊ ဟိုပုံးနမ့်စန်ကထွက်တဲ့ ချင်းစိုတွေကတော့ ဒီဇင်ဘာလလယ်မှသာ ဈေးကွက်ကိုဝင်လာတာဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ တုံဟေးရွာ၊ ပန်းမာရွာစတဲ့ ရွာတွေကနေစပြီး ထွက်လာတာလို့ သိရပါတယ်။ ဒီနှစ် ဟိုပုံးချင်းကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အထွက်နှုန်း နည်းနိုင်တယ်လို့ သိရပါတယ်။ အခက်လှပြီး ကြီးတဲ့ချင်းဈေးက တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။                 ပေါ်ကာစဖြစ်လို့ အထွက်လည်း နည်းနေသေးတော့ လက်လီအဖြစ်သာ ပြန်ရောင်း နေကြပြီး တစ်ပိဿာကို ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ် ဈေးရှိပါတယ်။ နမ့်စန်ချင်း တွေလည်း ၁ လပိုင်းလောက်မှသာ အဝင်လှိုင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နမ့်စန်ချင်းကလည်း တစ်ပိဿာကို ၄ဝဝ ကျပ်-၄၅ဝ ကျပ်ဈေးပဲ ရှိပါ တယ်။             အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၅၅ဝ ကျပ်- ၆ဝဝ ကျပ်- ၆၅ဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တစ်ရက်ကို ချင်းပိဿာချိန် ၅ဝဝဝ မှ ၁ဝဝဝဝ ခန့်ပုံမှန်ဝင်နေ ပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာစတဲ့မြို့တွေကနေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၁ ဒသမ ၉ သိန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                               ဧဧခိုင် 

Tuesday, 28 Dec 2010

အဝင်အေးလို့ ဈေးမြင့်လာတဲ့ ပြည်ချင်းဈေးကွက်          အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ အဝင်နည်းနေပြီး ဈေးနှုန်းမှာလည်း တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် မြင့်တက်သွားခဲ့ပါတယ်။ ဈေးမြင့်သွားလို့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နှင့် အရောင်းအဝယ်လည်း အေးနေပါတယ်။ ပြည်ဈေးကွက်၌ ယခုအပတ် ချင်းဈေးအကြီး တစ်ပိဿာ ၁၃ဝဝ ကျပ်၊ အသေး ၁၁ဝဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိတယ်လို့ သိရပါတယ်။                                                                       ဝင်းးလဲ့ဲ့ဝါ 

Pages