Main menu

Background

Wednesday, 6 Oct 2010

ပင်လယ်ရေကြောင်းက နို့ဆီ အဝင်တုံ့နှေး       စက်တင်ဘာလ စတုတ္ထအပတ် အတွင်း ၂ဝ ရက်နေ့ကနေ၂၆ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကနေ နို့ဆီတန်ချိန် ၇၃၄ ဒသမ ၇၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၉၃၃၈၇ ဒသမ ၂၈ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ ဘက်က တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းအဝင်တန်ချိန်ကတော့ တန် ချိန် ၄၇၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၄၈၅၆ ဖိုးကို စင် ကာပူနိုင်ငံဘက်ကပဲ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်အပတ်က နို့စိမ်းအဝင်မရှိဘဲ နို့ဆီသာအဝင်ရှိခဲ့ပါတယ်။     နို့ဆီတစ်တန်ကို C & F ၤ ကန် ဒေါ်လာ ၁ဝ၂၃ ဈေးနဲ့ စင်ကာပူနိုင်ငံ က တင်သွင်းခဲ့ပြီး၊ နို့စိမ်းတစ်တန်ကို ကန်ဒေါ်လာ ၉၈၉ ဒသမ ၆ဝ ဈေး နဲ့ စင်ကာပူဈေးကွက်ကနေ ဝယ်ယူတင် သွင်းခဲ့ပါတယ်။ နို့မှုန့်အဝင်ကတော့ တန်ချိန် ၄ ဒသမ ၉၆ တန်ရှိပြီး ထိုင်း၊ စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ဘက်မှ တင်သွင်း လာခဲ့ပါတယ်။ ယခင်အပတ်က အဝင် တန်ချိန် ၃၂ ဒသမ ၂၆ တန်ရှိခဲ့တာမို့ ယခုတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၂၇ တန်ကျော် လျော့ဝင်လာတာ တွေ့ ရပါတယ်။MIRT (DOT)

Tuesday, 5 Oct 2010

ဈေးကောင်းရနေတဲ့ ပြည်ဘိုကိတ်ပဲ      ပြည်ဈေးကွက်ရဲ့ ဘိုကိတ်ပဲမှာ တိုင်းအတွင်းရှိ လက်လီသမားများဖြင့် အရောင်းအဝယ်သွက်နေပါတယ်။ ဘိုကိတ်လက်ကျန်နည်းနေတဲ့အတွက် ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ဝက်ထီးကန်မြို့နယ်များမှ အိတ် ၂ဝ ခန့် ရက်ခြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်မြို့နယ်တွင်းနှင့် တိုင်းတွင်းရှိ အခြားမြို့နယ်များတွင်ရှိသော ပဲကြော်၊ ပဲလှော်လုပ်ငန်းဖိုများမှ နေ့စဉ် ၁၅ အိတ်ခန့် အဝယ်ရှိကြောင်း သိရပါတယ်။              ဆုမွန်ဆွေ

Tuesday, 5 Oct 2010

 ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနီပြား     ပြည်ဈေးကွက်မှာ အခြားတိုင်းသို့တင်ပို့မှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတဲ့ ပဲနီပြားဈေးနှုန်းမှာ လက်လီဈေး တစ် တင်း ၂၆ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း မြို့နယ်များမှ လက်လီပြန်လည် ရောင်းချသူများအနေဖြင့် ပြည်ဈေးကွက်တွင် လာရောက် ဝယ်ယူကြတယ်လို့ သိရပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိအရောင်းအဝယ် ဖြစ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၂၅ မှ ၃ဝ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                                                                                                               ခင်ဆွေဝင်း

Tuesday, 5 Oct 2010

တစ်တင်း ကျပ်နှစ်သောင်းနဲ့ လက်ခမောင်းခတ်တဲ့ မုံရွာစွန်တာနီ       မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကွက်လိုအပ်ချက်နဲ့ ထုတ်လုပ်မှုတို့ရဲ့ ယှဉ်ပြိုင်မှုကြား အနိုင် ရသွားတာကတော့ စွန်တာနီပဲဖြစ်ပါတယ်။ ယခင်နှစ်တွေက မုံရွာကုန်စည်ဒိုင်မှာ အမြင့်ဆုံးတစ်တင်း ၈ဝဝဝ ကျပ်မှ၁၆ဝဝဝ ကျပ်ထိသာ ရရှိခဲ့ပေမဲ့ ယခုနှစ်တောင်သူတွေရဲ့ စိုက်ပျိုးမှုအနည်းငယ်ကျဆင်းခြင်းနဲ့ ဒေသတွင်း ခွဲစက်၊ ကြာဇံစက်နဲ့ ပဲလက်လီအသုံးတွေကြောင့် စက်တင်ဘာလကုန်ရက်ပတ်မှာ တစ်တင်း ၂ဝဝဝဝ ကျပ်ထိဈေးမြောက် လာခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း တစ်ရက်တင်း ၃ဝဝ ခန့် အရောင်းအဝယ် ်ဖြစ်လျက်ရှိပါတယ်။    ယခုလိုဒေသတွင်း သုံးစွဲမှု ပမာဏတိုးတက်လာခြင်းနဲ့ ကုန်သည်လက်ကျန်လျော့ပါးလာမှုကြောင့် ဈေးကောင်းရလာတဲ့ အတွက် လာမဲ့ဆောင်းရာသီမှာ စွန်တာနီစိုက်ပိုျးမှု ပမာဏ တိုးတက်များပြားလာဖွယ်ရှိကြောင်း လေ့လာ ခန့်မှန်းရရှိပါတယ်။ထွန်းလှိုင်

Tuesday, 5 Oct 2010

ပဲကြီး (ရွှေကျွန်း) လည်းအရောင်းအဝယ်ဖြစ်လာ     ပြည်ဈေးကွက် ပဲကြီးဈေးနှုန်းများမှာ လက်လီဈေးတစ်တင်းကို ပဲကြီး(ကမ်းနား) မှာ ၂၉၅ဝဝ ကျပ်၊ လက်ကားဈေး၂၉ဝဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ယခင်အပတ်က ပဲကြီး(ကမ်းနား)သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခု တစ်ပတ်အတွင်း ပဲကြီး(ရွှေကျွန်း)လည်း အနည်း ငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လိုင်းသမားများ အဝယ်မရှိဘဲ ပဲကြော်လုပ်ငန်းများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပုံမှန် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။                                                                                                                         ခင်ဆွေဝင်း

Tuesday, 5 Oct 2010

ဒီတစ်ပတ်ပဲယင်း တန် ၂ဝဝ တင်         ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း တန်ချိန် ၂ဝဝ ထိ တိုးတက်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ဖိလစ်ပိုင်ကို တန် ၅ဝ သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်လိုပဲ FAQတစ်တန်ကို ကန်ဒေါ်လာ၆၆ဝ-၆၈ဝ ရှိတယ်လို့သိရပါတယ်။  

Tuesday, 5 Oct 2010

လက်လီဝယ်ယူမှုများရှိပေမယ့် လက်ကျန်နည်းလို့ ထောပတ်ပဲရောင်းအားကျ    ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲထောပတ်ကတော့ လက်ကျန်နည်းလာပြီဖြစ်တဲ့အတွက် အရောင်း အဝယ်လည်း သိပ်မဖြစ် ကြတော့ဘူးလို့ သိရပါတယ်။ သြဂုတ်လအတွင်းက တစ်ရက်ကို အိတ် ၃ဝ မှ ၄ဝ ခန့် လက်လီသမားများဖြင့် ပုံမှန် အရောင်း အဝယ်ဖြစ်ခဲ့ကြသော်လည်း စက်တင်ဘာလဆန်းမှစလို့ လက်ကျန် နည်းလာခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအား တွေရှိပေမယ့် ရောင်းအားကျလာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်အထိ တစ်ရက်ကို အိတ် ၂ဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး  ယခုစက်တင်ဘာလ ကုန်ရက်မှာတော့ ဈေးနှုန်းက တစ်တင်းကို ၂၆ဝဝဝ ကျပ် ရှိခဲ့ပေမဲ့ ယခင်အပတ် ကလောက် အရောင်းအဝယ် မဖြစ်တော့ကြောင်း သိရပါတယ်။                                                                                                                             ခင်ဆွေဝင်း

Tuesday, 5 Oct 2010

 လက်ကျန်နည်းသွားပြီးဖြစ်တဲ့ မြေထောက်နဲ့ထောပတ်ပဲ တင်ပို့မှုလျော့လာ     ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းသွားပြီဖြစ်တဲ့ မြေထောက်နဲ့ ထောပတ်ပဲဟာ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းတင်ပို့မှု သိသိသာသာလျော့လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း ယခုတစ်ပတ်မှာမြေထောက်ပဲတန် ၅ဝ နဲ့ထောပတ်ပဲ တန် ၂၅ ခန့်သာတင်ပို့ခဲ့ပါတယ်။ ယခုနှစ်မှာမြေထောက်ပဲဟာ ရုရှား ကိုတင်ပို့မှု များတယ်လို့ သိရပါတယ်။ ဂျပန်ကဝယ်ယူမှုများတဲ့ ထောပတ်ပဲဟာလည်း  ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ ပြည်တွင်း လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။     ရန်ကုန် FOB  ဈေးအနေနဲ့ စက်တင်ဘာလ ၃ဝ ရက် ထောပတ်ပဲဈေးမှာ ယခင်ရက်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲၤFAQ  တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိပြီး မြေတောက်ပဲ  FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၉၅-၇၁၅ ရှိရာမှစက်တင်ဘာလ ၃ဝ ရက်မှာကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက် ပေါက်ဈေး အနေနဲ့ မြေထောက်ပဲ Polished  တစ်တန်ကို ကန်ဒေါ်လာ ၇၉၁၊့Unpolished တစ်တန်ကို ကန်ဒေါ်လာ ၇၆၉ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                                                                MIRT(MAPT) 

Tuesday, 5 Oct 2010

 ပဲလွန်းဖြူမျိုးပြောင်းလဲဖို့ တောင်သူများလေ့လာ     ပဲလွန်းဖြူမျိုးပြောင်းလဲဖို့ တောင်သူများလေ့လာ ပဲခူးတိုင်းဒေသကြီးအနောက်မှာ ပဲလွန်းဖြူသီးနံှဟာ ဆောင်းသီးနံှ ဖြစ်တဲ့အတွက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်စိုက်ပိုျးရန် အတွက် စိုက်ဧက ၃၇ဝဝဝ ခန့် လျာထားပြီးဖြစ်ပါတယ်။ ပဲလွန်းဖြူသီးနံှကို မိုးညိုမြို့နယ်မှ အများဆုံးထွက်ပြီး အခြားတိုင်းများ သို့ တင်ပို့မှုနည်းကာ တိုင်းအတွင်းမှာသာ ရောင်းဝယ်မှုရှိပါတယ်။ ယခင်က ပဲလွန်းဖြူပေါ်ချိန်မှာ တစ်တင်းကို ၂ဝဝဝဝ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိပါတယ်။ ယခင်က ပဲလွန်းဖြူ ဒေသ မျိုးကိုသာ စိုက်ပျိုးမှုရှိခဲ့ရာမှ ယခုအချိန်တွင် ပဲလွန်းဖြူချက်နက်မိုျးကို မျိုးပြောင်းလဲစိုက်ပိုျးဖို့အတွက် မျိုးဈေးနှုန်းနဲ့ စိုက်ပျိုးနည်း စနစ်များကို လေ့လာနေကြတယ်လို့ သိရပါတယ်။လွင်လွင်ဆန်း

Tuesday, 5 Oct 2010

 မုံရွာကုလားပဲဈေးတန့်ပေမဲ့ ဝယ်လက်ဆွဲ          မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ စက်တင်ဘာလအတွင်း ဈေးကောင်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲကတော့ ကုလားပဲ ဖြစ်ပါတယ်။ ဒီလထဲမှာ ဒေသတွင်း ခွဲစက်၊ နယ်လက်နဲ့ မြို့အတွက် ဝယ်ယူမှုတွေအပြင် ကုန်သည်အချို့ပဲပြောင်းဝယ်ယူ သိုလှောင်မှုရှိတဲ့အတွက် အခုလိုအရောင်းအဝယ်သွက်ခဲ့ခြင်းဖြစ်တယ်လို့ ပွဲရုံရပ် ကွက် က ကြားသိရပါတယ်။ စက်တင်ဘာလအတွင်း တစ်တင်းအနိမ့်အမြင့် ပေါက် ဈေးများအနေနဲ့ ကုလားပဲ (ရိုးရိုး)    ၁၉ဝဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂ဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၁၉၂ဝဝ ကျပ်မှ ၂ဝ၈ဝဝ ကျပ် အသီးသီး အတက်အကျရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အရောင်း အဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။    စက်တင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲ စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၈ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၆ဝဝဝ ခန့် ရှိ ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။                                                                                                                                ထွန်းလှိုင်

Pages