Main menu

Background

Monday, 4 Oct 2010

ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးပြီးဈေးငြိမ်     ပြည်ပဲစင်းငုံဈေးမှာ ယခုတစ်ပတ်အထိ ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ တောင်သူများမှာ လက်ကျန်များ ရှိနေ သော်လည်း ကြိုက်ဈေးမရတဲ့အတွက် ထုတ်မရောင်းသေးဘဲ ဈေးကောင်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ အဝင်အထွက်မရှိဘဲ အရောင်းအဝယ်အေး နေခဲ့တာ ကို တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေး ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                  ဆုမွန်ဆွေ

Monday, 4 Oct 2010

 အိန္ဒိယပဲစင်းငုံဈေး တစ်လအတွင်းတည်ငြိမ်နေ        အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန် အထိုက် အလျောက်ရှိနေပေမဲ့ အဝယ် လိုက်နေတာကြောင့် အခြားပဲဈေးတွေလို ကျဆင်း မသွားဘဲ တစ်လအတွင်းငြိမ်နေတာတွေ့ရပါတယ်။ ယခုနှစ် စက်တင်ဘာလ ၁ဝရက် နေ့ စာရင်းအရ ပဲစင်းငုံစိုက်ပျိုးမှုဟာ ဟက်တာ ၄၃ ဒသမ ၅၆ သိန်းရှိတာကြောင့် ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၃၂ ဒသမ ၂၆ သိန်းထက် ဟက်တာ ၁ဝ သိန်းကျော် ပိုမိုတာကို တွေ့ရပါတယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ လက်ရှိရာသီဥတုက သီးနံှအထွက်ကောင်းဖို့ အခြေအနေပေးတာကြောင့် ကာလတို အတွင်း ဈေးနှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြဂုတ်လကုန်နဲ့ စက်တင်ဘာလ ကုန်ဈေးနှုန်းများ နှိုင်းယှဉ်ဖာ်ပြလိုက်ပါတယ် -                                                                            ဒေါ်လာ/တန်                 မွန်ဘိုင်း                 ချန်နိုင်း၃ဝ-၉-၁ဝ     ၇၇၉-၇၉၆               ၇၉ဝ၃ဝ-၈-၁ဝ     ၇၃၇-၇၄၂               ၇၆၉MIRT(MAPT)

Monday, 4 Oct 2010

 ယခုတစ်ပတ်ပဲစင်းငုံတန် ၄ဝဝဝ ခန့်ထိ တင်ပို့မှုရှိ        ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂ဝဝဝ ဝန်းကျင်သာရှိရာမှ ယခု တစ်ပတ်မှာ တန်ချိန် ၄ဝဝဝ ခန့်ထိ တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှုပိုလာသလို ရန်ကုန် FOB ဈေးလည်း အနည်းငယ်တက်လာခဲ့ ပါတယ်။  FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်က ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ၊ ပဲစင်းငုံဖြူနီနဲ့အဖြူတစ်တန်ကို ကန်ဒေါ်လာ ၆၅ဝ-၆၆ဝ ရှိရာမှ အောက်တိုဘာလ ၁ ရက်မှာ ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ ကိုတိုးတက်ခဲ့ပြီး၊ ပဲစင်းငုံဖြူနီနဲ့အဖြူမှာ ဈေးပြောင်းလဲခြင်း မရှိကြောင်း သိရပါတယ်။

Monday, 27 Sep 2010

 ဝယ်လက်စုံလို့ ဈေးအနည်းငယ်တက်လာတဲ့ မုံရွာဗွီတူးဈေးကွက်        မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ တတိယပတ်အတွင်း ဝယ်လက်စုံလာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာသလို ရောင်းဝယ်မှုသွက်လာတဲ့ ပဲကတော့ ဗွီတူးပါ။ပဲဈေးမှာ တစ်တင်း ၁၉၂ဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ်အထိ ဈေးအနည်းငယ် မြင့်တက်လာပြီး နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ပုံမှန်ဖြစ်နေရာမှအရောင်းအဝယ်သွက်လာပြီး စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက်များမှာ အိတ်၁ဝဝဝ ခန့်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝယ်လက်များမှာ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်များအပြင် မန္တလေး၊ရန်ကုန် ဝယ်လက်များရှိလာတယ်လို့ သိရပါတယ်။                                                                                                                                    အောင်မင်း၊

Monday, 27 Sep 2010

 ခွဲစက်၊ နယ်လက်နဲ့ မျိုးအတွက် ကုလားပဲဈေးကွက် အဝယ်သွက်        မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလ တတိယပတ် ကုလားပဲဈေးကွက်မှာခွဲစက်၊ နယ်လက်နဲ့ မိုျးအဝယ်ရှိလာလို့အနည်းငယ် အရောင်း အဝယ်သွက်လာပါတယ်။ ဒေသတွင်းပဲလက်ကျန်တောင့်တင်းနေသလို ခွဲစက်သမား အချို့က တစ်နှစ်စာလည်ပတ်ရမဲ့ ကုန်ကြမ်းပမာဏထက် ပိုနေလို့ ထုတ်ရောင်းမှုတွေရှိလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပဲသစ်ပေါ်ချိန်က မိုျးအထွက် မချန်ဘဲ ထွက်သမျှရောင်းခဲ့ကြတဲ့ တောင်သူအချို့ လာမဲ့လတွေမှာ စိုက်ပျိုးချိန်ရောက် တော့မှာမို့မျိုးအစားထိုးဝယ်ယူမှုလဲ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲပေါက်ဈေးအနေနဲ့ ကုလားပဲ (ရိုးရိုး) ၁၉ဝဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂ဝဝကျပ်မှ ၁၉၄ဝဝ ကျပ်၊ ဗွီတူး ၁၉၄ဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အနည်းဆုံး တင်း ၃ဝဝ မှ အများဆုံး တင်း ၁ဝဝဝ ထိအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်စက်တင်ဘာ တတိယပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေမန္တလေးကို တင်း ၂၇ဝဝ နဲ့ ရန်ကုန်ကို တင်း ၁၅ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။            ထွန်းလှိုင်

Monday, 27 Sep 2010

 ပြည်မှာ ကုလားပဲဈေးမာ         ပြည်ဈေးကွက် ကုလားပဲဈေးမှာ ယခင်တစ်ပတ်တွင် တစ်တင်းကို၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခု တစ်ပတ်တွင် ၂ဝ၅ဝဝ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်မြင့်လာပါတယ်။ ကုလားပဲ ဗွီတူး အမိုျးအစား မှာလည်းတစ်တင်းကို ၂ဝ၇ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ (ဟော်လန်) ကတော့ တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပဲခွဲ စက်သမားများ ပုံမှန်အဝယ်ရှိပြီး တင်ပို့မှုအနေဖြင့် ယခုတစ်ပတ်အတွင်း ပြည်မှ မကွေးသို့ ကုလားပဲအိတ် ၈ဝဝခန့် တင်ပို့ရောင်းချမှု ရှိတယ်လို့ သိရပါတယ်။                                                                                                                      လွင်လွင်ဆန်း

Monday, 27 Sep 2010

 ရန်ကုန်အဝယ်ရှိလာတဲ့ မုံရွာပဲတီစိမ်းဈေးကွက်       မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ တတိယပတ်အတွင်း ရန်ကုန်ဝယ်လက်ပုံမှန်ရှိလာပြီး အရောင်းအဝယ် သွက်တဲ့ပဲမှာ ပဲတီစိမ်းပါ။ တစ်တင်း ၂၃၅ဝဝ ကျပ်၊ ၂၄ဝဝဝ ကျပ်ဈေးရှိနေပြီး စက်တင်ဘာလ ၁၈ ရက်၊ ၁၉ ရက်များမှာ တစ်တင်း၂၅ဝဝဝ ကျပ်၊ ၂၄၅ဝဝ ကျပ်အထိ ဈေးဖြစ်ခဲ့ပြီး အရောင်းသွက်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်လက်အဝယ် ရှိနေတဲ့ အတွက်စက်တင်ဘာ ၂၂ ရက်နေ့မှာ အိတ် ၁၅ဝဝ ထိ အရောင်းသွက်ခဲ့ကြောင်း သိရပါတယ်။    အောင်မင်း

Monday, 27 Sep 2010

 အဝင်နည်းပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ပြည်ပဲတီစိမ်း   ပြည်ဈေးကွက်သို့ ယခင်အပတ်က ပဲတီစိမ်းအဝင်မရှိသလောက်ဖြစ်ခဲ့ရာမှ ယခုစက်တင်ဘာလ နောက်ဆုံးပတ်မှာတစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ ခန့်ပြန်လည်အဝင်ရှိလာခဲ့ပါတယ်။ အဝင်ရှိသလောက် အရောင်းအဝယ်လည်းဖြစ်နေတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၂ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး မျိုးပဲကတော့ တစ်တင်းကို ၂၅ဝဝဝ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုစက်တင်ဘာလအတွင်း ပဲတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။                                                 ခင်ဆွေဝင်း 

Monday, 27 Sep 2010

 မူဆယ်နယ်စပ်မှ ပဲတီစိမ်းအဝယ် ပြန်လိုက်       စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ပဲတီစိမ်း ၁၂၅၄ တန်နှင့် ပဲတီစိမ်းလုံးခြမ်း ၁၄၂တန်၊စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ၃၉၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၈ တန်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ၈၂၆ တန်ပိုမို တင်ပို့နိုင်သကဲ့သို့ ပဲတီစိမ်းလုံးခြမ်းလည်း ၃၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ သြဂုတ်လကုန်အထိ ပဲတီစိမ်းတန်ချိန် ၆၅၈ဝဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန်ချိန် ၁၁၇ဝ ကျော်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ယခုအပတ်မှာ တစ်ဖက်နိုင်ငံမှာ ဈေးပိုမိုခဲ့ပြီး အဝယ်လိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                               မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ယွမ်/တန်)            ယခု        ယခင်         ပြောင်းလဲမှု     ရာခိုင်နှုန်း      ယခု        ယခင်     ပြောင်းလဲမှု       ရာခိုင်နှုန်းပဲတီစိမ်း ၈၆၂၈၅၄  ၇၃၄၉၄၈     ၁၂၇၉ဝ၅          ၁၅           ၁၁၉၂    ၁ဝ၉၂           ၁ဝဝ              ၈MIRT (DOBT)

Monday, 27 Sep 2010

 ပုံမှန်ရောင်းဝယ်နေတဲ့ ပဲကြီး        မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ်စက်တင်ဘာလဆန်းက ပဲကြီး တစ်ပိဿာ ၁၄၂၁ ကျပ်မှ ယခု တတိယပတ် မှာ ၁၅၇၉ ကျပ်သို့ ဈေးအနည်းငယ် တက်လာကြောင်း သိရပါတယ်။ယခု အချိန်က ပဲကြီးစိုက်ပိုျးချိန်ဖြစ်ပြီးအောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များမှာ ထွက်ပေါ်မှာ ဖြစ်ပါတယ်။တောင်သူနဲ့ ကုန်သည်များ လက်ဝယ်လက်ကျန်နည်းပြီး တိုင်းပြင်ပ စီးထွက်မှု မရှိခဲ့ပါ။ တိုင်းအတွင်း စားသုံးမှုနဲ့ပဲကြော်ဖိုလုပ်ငန်းရှင်များရဲ့ နေ့စဉ် သုံးစွဲမှု ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၁ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ပဲကြီးစိုက်ပျိုး ရန်လျာထားဧက ၆၆၆၄အနက် ၅၂၅၈ ဧကစိုက်ပျိုးပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၇၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။               သန်းသန်းတင်

Pages