Main menu

Background

Monday, 20 Sep 2010

 ဒေသခွဲစက်နဲ့ နယ်ဝယ်လက်ရှိတဲ့ မုံရွာဗွီတူ     စက်တင်ဘာဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ဒေသတွင်းခွဲစက်အဝယ်နဲ့ နယ်အဆွဲရှိခဲ့လို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ကုလားပဲ (တိုင်ပေ) တစ် တင်း၁၉၂ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ ဗွီတူးတစ်တင်း ၁၉၂ဝဝ ကျပ်မှ ၁၉၆ဝဝ ကျပ်အတွင်း ဈေးအေးနေခဲ့ပြီး ဝယ်သူဈေး မကိုက်လို့ တစ်နေ့အိတ် ၂ဝဝ ဝန်းကျင်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း၂၇ဝဝ ခန့်ရှိခဲ့ကြောင်းလေ့လာသိရှိရပါတယ်။ထွနွန်းလှိုှုငိင်

Monday, 20 Sep 2010

 ဝယ်လက်အေးလို့ ပြည်ကုလားပဲဈေးကျ   ကုလားပဲဈေးမှာ ယခင်အပတ်တွင် ၂ဝ၃ဝဝ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်အတွင်း ၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါတယ်။ ဝယ်လက်များမှ အဝယ်လျော့လာလို့ တစ်တင်းကို ၅ဝဝ ကျပ်ကို ကျဆင်းခဲ့ ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးများကို တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းဒေသကြီးများ အတွင်း မြို့နယ်များဖြင့်သာ အရောင်းအဝယ်ရှိပြီး နေ့စဉ်ကုလားပဲအိတ် ၁၅ဝ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။                                        လွင်လွင်ဆန်း 

Monday, 20 Sep 2010

 ရန်ကုန်ဝယ်လက် အဝယ်သွက်တဲ့ မုံရွာဈေးကွက်       စက်တင်ဘာဒုတိယပတ်အတွင်း မုံရွာပဲဈေးကွက် ပဲတီစိမ်းမှာ ရန်ကုန်ဝယ်လက်သွက်လာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်သွက်ပါတယ်။တစ်တင်း ၂ဝဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အထိ ဈေးအေးခဲ့ရာမှ ယခုအပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်၊ ၂၄ဝဝဝကျပ် အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်များမှာ နေ့စဉ် အိတ် ၁ဝဝဝ ခန့် အရောင်းသွက်ခဲ့ကြောင်းသိရပါတယ်။အောင်မင်း 

Monday, 20 Sep 2010

 လက်ကျန်နည်းလု့ိ ရောင်းအားလဲ ကျလာတဲ့ပြည်ထောပတ်ပဲ      ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ ဈေးအတက်အကျမရှိဘဲဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ သြဂုတ်လအတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းဝယ် နေခဲ့ကြရာမှ သြဂုတ်လလယ်တွင် ရန်ကုန်ဝယ်လက်များ အဝယ်ရှိလာတဲ့အတွက်တစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂၆၅ဝဝကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုစက်တင်ဘာလဆန်းမှ တတိယပတ်အထိဈေးအတက်အကျမရှိဘဲ လက်လီဈေးတစ်တင်း ၂၆၅ဝဝကျပ်၊လက်ကားဈေးတစ်တင်း၂၆ဝဝဝကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်အတွင်းလက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်ကိုအိတ် ၁၅ အိတ်တစ်ပတ်လည်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း

Monday, 20 Sep 2010

 လက်ကျန်နည်းလာလို့ တင်ပို့မှုလျော့ကျလာတဲ့ မြေထောက်နဲ့ထောပတ်ပဲ    ဝယ်လိုအားကောင်း နေပေမဲ့လက်ကျန်နည်းလာလို့ တင်ပို့မှု လျော့ကျလာတဲ့ ပဲတွေကတော့ ထောပတ်ပဲနဲ့မြေထောက်ပဲ တွေဘဲဖြစ်ပါတယ်။ဂျပန်နဲ့ ကိုရီးယားဝယ်လက်များကအဝယ်ဆက်ရှိနေတဲ့ ထောပတ်ပဲဟာ ယခင်နှစ် ဆောင်းရာသီဥတု ကြောင့်အထွက် လျော့ကျခဲ့တဲ့အတွက် မျှော်မှန်းထားသလောက် မထွက်ရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဖောက်သည်ဝယ်လက်တွေ လိုသလောက်မရပေမဲ့လက်ကျန်တွေ စုစည်းပြီး တင်ပို့နေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)မှာ ပင်လယ်ရေကြောင်းက ထောပတ်ပဲ ၇၅ တန်ကျော်နဲ့ မြေထောက်ပဲ ၇၆ တန်တင်ပို့ တာတွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ပြောင်းလဲခြင်းမရှိဘဲ ယခင်ရက်များအတိုင်း ထောပတ်ပဲ  FAQ တစ်တန် ကိုကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ၊ မြေထောက်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ၆၇ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့မြေထောက်ပဲဈေး တစ်တန်ကို ရူပီး၂ဝဝဝ ခန့်စီ မြင့်တက်ပြီး polished တစ်တန်ကို ရူပီး ၃၅၅ဝဝ (ကန်ဒေါ်လာ ၇၆၈)၊ unpolished တစ်တန်ကိုရူပီး ၃၄၅ဝဝ (ကန်ဒေါ်လာ ၇၄၆ )ဈေး ဖြစ်လာတယ်လို့ သိရပါတယ်။

Monday, 20 Sep 2010

ပေါက်ဈေးအစုံနဲ့ အဝယ်သွက်လာတဲ့ပဲစင်းငုံ     မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ဟာ ယခုတစ်ပတ်အတွင်း တစ်တင်း၁၉၅ဝဝ ကျပ်မှ ၁၉၈ဝဝ ကျပ် ကြား ဝယ်သူဈေးကွက်အဖြစ် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်ထဲမှာ လက်ငင်းဈေး တစ်တင်း ၁၉၆ဝဝကျပ် နဲ့ တစ်ရက်အတွင်း တင်း ၉ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို နှစ်ရက်ဆိုင်းဈေးတစ်တင်း ၁၉၈ဝဝ ကျပ်နဲ့ တစ်ရက် အတွင်း တင်း ၁၂ဝဝ ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ယခုလို ပဲစင်းငုံဈေး ကျဆင်းခဲ့လို့ ရောင်းအားနည်းလျက်ရှိတဲ့အတွက် မုံရွာနယ်ရှိ ကုန်သည်တွေရဲ့လက်ဝယ်မှာ တင်းနှစ်သိန်းကျော်ခန့်ထိ လက်ကျန်ရှိနိုင် တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းချက်ကိုလေ့လာသိရှိရပါတယ်။      ဒီရက်အတွင်း ရန်ကုန်တင်ဖို့ အဝယ်လိုက်ခဲ့ပြီး ဒေသခံကုန်သည်အချို့လှောင်ဘို့ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေမှ ပဲစင်းငုံနီထပ်ဆင့် တင်ပို့မှုအနေဖြင့်မန္တလေးကို တင်း ၁၂ဝဝ ခန့်၊ ရန်ကုန်ကိုတင်း ၆ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝခန့် စုစုပေါင်း တင်း ၈ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ကြကြောင်း သိရပါတယ်။ထွန်းလှိုင်

Monday, 20 Sep 2010

ပြည်ပဲစင်းငုံ လက်ကျန်များပေမဲ့ အရောင်းအဝယ်မဖြစ်    ပြည်ဈေးကွက်မှာတော့ ပဲစင်းငုံဈေးများ ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၅ဝဝ ကျပ်လျော့နည်းကာ၂ဝ၅ဝဝ ကျပ်ဈေးရှိကြောင်းသိရပါတယ်။ ဈေးများတဖြည်းဖြည်း လျော့နည်းလာပေမဲ့ လက်ကျန်များများ ကျန်ရှိနေသော တောင်သူအခိုျ့မှာ ကြိုက်ဈေးမရသေးလို့ ထုတ်မရောင်း ဖြစ်သေးပဲ ကြိုက်ဈေးရမှသာထုတ်ရောင်းရန် ရည်ရွယ်ထားကြောင်းသိရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ပဲစင်းငုံအရောင်းအဝယ် မဖြစ်သလောက် ရှိခဲ့ကြောင်းသိရပါတယ်။ဆုမွန်ဆွေ

Monday, 20 Sep 2010

ယခုအပတ်လည်း တင်ပို့တာနည်း    ယခုနှစ်အတွင်း ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတင်ပို့မှု လျော့နည်းလျက်ရှိရာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁ဝဝဝ ကျော်သာရှိလို့ သိသိသာသာတင်ပို့မှု နည်းလာတာတွေ့ရပါတယ်။ ယခင်နှစ်က အိန္ဒိယမှာ ပဲစင်းငုံအထွက်သိသိသာသာပိုပြီး လက်ကျန်ကလည်း များနေတာကြောင့် အိန္ဒိယဝယ်လက်တွေအဝယ်လျော့လာခဲ့တာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း ဈေးကွက်တွေမှာအိန္ဒိယဝယ်လက်များဈေးလျော့ပေးဝယ်ယူကြပြီးမြန်မာကုန်သည်များအနေနဲ့ဈေးမြင့်ပေးဝယ်ယူသိုလှောင်ထားမှုတွေကြောင့် လက်ရှိဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ အရောင်းအဝယ်လေးနေတဲ့ ပဲစင်းငုံရဲ့ ရန်ကုန် FOB ဈေးမှာ (စက်တင်ဘာလ ၁၆ ) ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၆ဝ သာရှိပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေကတော့ တစ်တန် ဒေါ်လာ ၈ဝဝရမှ ရောင်းဆယ်ဆိုပြီး ဈေးကိုင်နေကြပါတယ်။ ပဲစင်းငုံဖြူနီနဲ့ အဖြူတစ်တန်ကိုကန် ဒေါ်လာ ၆၅ဝ-၆၆ဝ ဈေးရှိကြောင်း သိရပါတယ်။MIRT - MAPT

Monday, 20 Sep 2010

ပြည်မတ်ပဲလည်း ဈေးငြိမ်    မတ်ပဲဈေးကတော့ ပြည်ဈေးကွက်မှာဆက်လက်ငြိမ်နေပါတယ်။ယခင်တစ်ပတ်မှစပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာလည်း၂၆ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ကတော့ ရန်ကုန်ဝယ်လက်ရော မြို့တွင်းရောင်းဝယ်သူများပါ အဝယ်ပုံမှန်ရှိနေပြီးတစ်နေ့ကို ပဲတစ်တင်းခွဲအိတ် ၂ဝဝ မှ ၃ဝဝ အထိ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ တိုင်းတွင်းမှ ရန်ကုန်ကို စက်တင်ဘာလဆန်းမှ တတိယပတ်အထိပဲအိတ် နှစ်သောင်းကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                       မိမိအေး

Monday, 20 Sep 2010

ဟင်္သာတမတ်ပဲ ဈေးငြိမ်     ဟင်္သာတဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝတစ်တင်းကို ၂၆၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလတတိယပတ်မှာလည်း ယင်းဈေးနဲ့ငြိမ်နေပါတယ်။ ယခုအပတ်ရဲ့ အရောင်းအဝယ်အနေ နဲ့ ဒေသမှ မတ်ပဲလက်ကျန်နည်းသွားပြီဖြစ်လို့ ဟင်္သာတပဲဈေးကွက်သို့ဝင်ရောက်မှုလည်း နည်းသွားပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာလည်း နည်းသွားပြီးရန်ကုန် ဈေးကွက်ကို နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ်၁ဝဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                             အေးအေးခိုင်

Pages