Background
ပြည်မတ်ပဲ ဈေးအေး ပြည်ဈေးကွက်မှာ မတ်ပဲဈေးပြန်လည်လျော့သွားပါတယ်။ စက်တင်ဘာလ ၂ဝ ရက်နေ့မှာ မတ်ပဲပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၇ဝဝဝ ကျပ်နဲ့ ဈေးမြင့်အရောင်းအဝယ်ဖြစ်ပြီး၊ ၂၁ ရက်နေ့မှာတော့ ၂၆၅ဝဝ ကျပ်ထိ ဈေးကျ သွားခဲ့ကာ၊၂၂ ရက်၊ ၂၃ ရက်နေ့မှာတော့ ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ကဈေးအတိုင်း ပြန်ဖြစ်သွားတာကိုတွေ့ရပါတယ်။ မြို့တွင်း ရောင်းဝယ်သူတွေကတော့ တစ်နေ့ကို ပဲတစ်တင်းခွဲအိတ် ၃ဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊တစ်ချို့နေ့တွေ မှာတော့ ပဲအိတ် ၆ဝဝ ၊ ၇ဝဝ ခန့်ထိ အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ တိုင်းတွင်းမှရန်ကုန်သို့ စက်တင်ဘာ တတိယပတ်အတွင်း အိတ် ၁၅ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ဈေးဆက်အေးနေတဲ့ ဟင်္သာတမတ်ပဲ မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ ဆက်လက်ငြိမ်နေပါတယ်။ယခင်အပတ်က ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပြီး ယခုစက်တင်ဘာလ စတုတ္ထပတ်မှာလည်းမတ်ပဲဈေးမှာ၂၆၅ဝဝ ကျပ်နဲ့ဈေးငြိမ်လျက်ရှိပါတယ်။ ယခုအပတ် ပဲရောင်းဝယ်မှုအနေနဲ့ကတော့ ပုံမှန်အဝယ်ရှိနေပြီး၊ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးများဖြင့်တစ်ရက်ကို ပျမ်းမျှအိတ် ၁ဝဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မတ်ပဲ တင်ပို့မှု သွက်လက်ဆဲ ပင်လယ်ရေကြောင်းကနေ မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်းသွက်လက်နေဆဲဖြစ်တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိတန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်တွေထွက်နေပြီ ဖြစ်ပေမဲ့ စက်တင်ဘာလအတွင်းမှာ မထင်မှတ်ဘဲ အိန္ဒိယဝယ်လက်အဝယ်သွက် နေတယ်လို့ သိရပါတယ်။ ဒါကြောင့် စက်တင်ဘာလကုန်ထိ တင်ပို့မှုအားကောင်းနေအုံးမယ်လို့ ကုန်သည်များက ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁ဝ-၂ဝ၁၁ ရဲ့စက်တင်ဘာလ ၁၇ ရက်အထိ တင်ပို့မှုကို လေ့လာရာမှာ တန်ချိန်၂၅ဝဝဝဝ ခန့်ရှိပြီဖြစ်လို့ ယခင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ ကာလတူတင်ပို့မှုတန်ချိန် ၂၉ဝဝဝဝ ခန့်နဲ့ နှိုင်းယှဉ်ရင်တော့ တန်ချိန် ၄ဝဝဝဝ ခန့် အတင် လျော့တာတွေ့ရှိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၂၃-၉-၁ဝ ၉၅ဝ-၉၆ဝ ၁၁၁ဝ-၁၁၂ဝ၁၇-၉-၁ဝ ၉၆ဝ-၉၇ဝ ၁၁ဝဝ-၁၁၁ဝMIRT(MAPT)
ငွေပေါ်ဖို့ ကျဈေးနဲ့ ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံ စက်တင်ဘာ စတုတ္ထပတ်မှာ ရှမ်းပဲစင်းငုံတွေကိုလည်း အကျဈေးနဲ့သာပြန်ထုတ်ရောင်းနေကြပါတယ်။ ဈေးကောင်းလာမလားလို့ မျှော်နေတဲ့ ပဲကုန်သည်တွေကတော့ အသစ်ထွက်လာတဲ့ပြောင်း၊ ပဲပုပ်၊ သနပ်ဖက်တွေ ကို ပြန်ပြီးဝယ်ယူလိုတာကြောင့် ငွေပေါ်ဖို့အတွက် အကျဈေးနဲ့သာ ထုတ်ရောင်း နေကြရပါတယ်။ ဇူလိုင်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၁၁၂ဝ ကျပ်မှ အမြင့်ဆုံး ၁၃၂ဝ ကျပ်ရှိခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီထက်ပိုဈေးတက် နိုင်မယ်ထင်ပြီး စောင့်နေကြပေမဲ့ သြဂုတ်လမှာ ဈေးပြန်ကျလာပြီး တစ်ပိဿာ ၉၅ဝ ကျပ်မှ အမြင့်ဆုံး၁၁၆ဝ ကျပ်ရှိပါတော့တယ်။ စက်တင်ဘာလဆန်းမှာ ဈေးက ထပ်ကျလာပြီးတစ်ပိဿာကို အနိမ့်ဆုံး ၉ဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၅ ကျပ်သာရှိပါတော့တယ်။ကုန်သည်တွေကလည်း ပစ္စည်းအသစ်ပေါ်တာတွေကို ဝယ်လိုတာကြောင့် လက်ထဲရှိနေတဲ့ပစ္စည်းကို အကျဈေးနဲ့သာ ထုတ်ရောင်းနေရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက တစ်ပိဿာ ၉၅ဝ ကျပ်သာရှိပါတယ်။ ဈေးကျနေပေမဲ့ အရောင်း ကတော့ သွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန် ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ပိဿာချိန် ၃ ဒသမ ၆သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧဧခိုင်
ပဲစင်းငုံတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ထက်ဝက်ကျော်လျော့နည်း ပဲစင်းငုံပြည်ပတင်ပို့မှုအနေနဲ့ ယခင်နှစ်က အရှိန်အဟုန်မြင့်ခဲ့ပေမဲ့ဒီနှစ်မှာတော့ တင်ပို့မှုအားနည်း တာတွေ့ရပါတယ်။ ယခုတစ်ပတ် စက်တင်ဘာ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ ပြည်တွင်းဈေးကွက်အရောင်းအဝယ်အခြေအနေကတော့ ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်ရှိလာတယ်လို့ သိရပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေ လိုချင်တဲ့ ဈေးမရသေးပေမဲ့ အိန္ဒိယဝယ်လက် ဈေးအနည်းငယ်တိုးဝယ်ယူမှုတော့ ရှိလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ရန်ကုန် FOB ဈေးမှာလည်း အနည်းငယ်တိုးတက်လာကာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံ ပဲစင်းငုံဖြူနီ၊ အဖြူ ၂၃-၉-၁ဝ ၇၆ဝ-၇၇ဝ ၆၅ဝ-၆၆ဝ၁၇-၉-၁ဝ ၇၅ဝ-၇၆ဝ ၆၅ဝ-၆၆ဝMIRT(MAPT)
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၆ဝ ၆၇ဝ ဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅ မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅ လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၆၅ Falcon နို့ဆီ ၆ဝဝ ၆၁၅ံ Happy Cow ၅၈ဝ ၅၉၅ ဝမ်းတီနို့ဆီ ၆၅ဝ ၆၆၅ ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များတွင်နို့စိမ်းတင်သွင်းမှုပို စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်မှသာ My boy တံဆိပ် နို့စိမ်း ကာတွန်း ၆ဝဝဝ ကန်ဒေါ်လာ ၉၈၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက်ကာတွန်း ၂၄ဝဝ ပိုမိုတင်သွင်း နိုင်ခဲ့ တယ်လို့သိရပါတယ်။ ယခုအပတ်မှာ သြဂုတ်လလယ်ခန့်မှ စပြီးတင်သွင်းမှုရပ်တန့်နေတဲ့ နို့မှုန့်ပြန်လည်တင် သွင်း လာတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံလုပ် လိပ်ပြာနှစ်ကောင်တံဆိပ်နို့မှုန့် ၇ ဒသမ ၁ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၂ဝ၂၁၅ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOBT)
လက်ကျန်ပဲယင်းတွေ ဆက်လက်တင်နေ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲယင်းကို ဒီတစ်ပတ် (စက်တင်လာလ ၉ ရက်မှ ၁၆ရက်)အတွင်းမှာလည်း တန်ချိန် ၁ဝဝ ကျော်နဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQတစ်တန်ကို ကန်ဒေါ် လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။MIRT - MAPT
လက်လီသမားများအဝယ်လိုက်လာတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်မှာ လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲနီပြား ဈေးနှုန်းမှာ တစ်တင်းကို ၂၆ဝဝဝကျပ်ဖြင့် အဝယ်လိုက်လျက်ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ ၂၅၅ဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြရာမှ စက်တင်ဘာလဆန်းမှစ၍ ယခုစက်တင်ဘာတတိယပတ်အထိ လက်လီဈေးနူန်း တစ်တင်း ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကဒေသတွင်းမြို့နယ်များမှ အဝယ်ရှိခဲ့လို့ တစ်ရက်ကို အိတ် ၃ဝ ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်းအောင်လံဘက်မှလည်း အဝယ်ရှိလာတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းသွက်လာကြောင်း သိရပါတယ်။ခင်ဆွေဝင်း
အခြားပဲတွေထဲမှာ တင်ပို့မှုများနေသေးတဲ့ ပဲလွန်းဖြူ လက်ရှိဈေးကွက်တွေမှာ အခြားပဲအမျိုးအစားတွေ လက်ကျန် လျော့နည်းလာပြီဖြစ်ပေမဲ့ ယခုတစ်ပတ်ထိ တင်ပို့မှုများနေသေးတာကတော့ ပဲလွန်းဖြူ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၈ဝ ခန့်ထိ စံချိန်တင် တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ကိုရီးယား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ယူအေအီးတို့ ဖြစ်ပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၄၉) နဲ့ ဈေးငြိမ်နေသလို ရန်ကုန် FOB ဈေးမှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့သိရပါတယ်။MIRT - MAPT