Main menu

Background

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၇၁၉ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၃၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန်ချိန် ၄၆၀ ကျော်တင်ပို့နိုင်ပြီး ယခု အပတ်မှာ တန်ချိန် ၃၆၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၁၀၀ နီးပါးအပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ တောဂျူး မြစ်၊ ကြောင်လျာစေ့၊ နေလဲစေ့၊ စကားပန်းပွင့်ခြောက်နဲ့ ကြက် ဆူစေ့တို့အ ပို့ လျော့ခဲ့ပြီး၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ရွေးရွက်နဲ့ ဆီးဆံတို့ကိုတော့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ တောဂျင်းကိုလည်းယခု အပတ်မှာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုအပတ်  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာသုည ဒသမ ၂၀၀သန်းဖိုးရှိေ တာင်လုံးကျော် ၁ တန် ကိုလည်းတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကတော့ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေး ကုန်ကြမ်းတင်သွင်းမှု မရှိခဲ့ကြောင်းသိရပါတယ်။MIRT (DOBT)

Friday, 1 Feb 2013

ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ပြည်ပကိုတင်ပို့နေသောနနွင်းက ဒီတစ်ပတ်မှာ ပို့အားကောင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်မှာ တန်ချိန် သုံးဆယ်ကျော် သာတင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာကျော်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို တန် ၆၀၊ မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၇၃ ဒသမ ၆၅ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ် ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်နေ့အတွင်း နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာ ကိုးသောင်းရှစ်ထောင်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။MIRT (DOT)

Friday, 1 Feb 2013

၂၀၁၂ နိုဝင်ဘာ ဒုတိယသီတင်းပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ သာ ပြန်လည်တင် ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန် နိုင်ငံဖြစ်ပြီး တင်ပို့ခဲ့တဲ့ တန်ချိန်က ၂၅ ဒသမ ၄၄ တန်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ လေးဆယ့်တစ်သိန်းကျော်ပြီလို့ သိရပါတယ်။ ယခုသီတင်းပတ် ဇန်နဝါရီ (၁၃-၁၉ ရက်) အတွင်း မန်ကျည်းတင်ပို့မှုက ၂၅ တန်ကျော်ရှိခဲ့ပြီး ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ (၁၃ ရက်မှ ၁၉ ရက်)အတွင်း မန်ကျည်းတင်ပို့မှုက တန်ချိန် သုံး ရာနီးပါးရှိခဲ့တာကြောင့် ယခုနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။MIRT (DOT)

Friday, 1 Feb 2013

အောင်ပန်းဈေးကွက်ကို ဒီတစ်ပတ်ချင်း(စို) အဝင်နည်းနေပါတယ်။ အောင်ပန်း အနီးတစ်ဝိုက်နဲ့ တီကျစ်မြို့နယ်တွေက ချင်းတွေသာအနည်းငယ်ဝင်နေတာလို့လည်း သိရပါတယ်။ ဒီလဆန်းပိုင်းမှာ ချင်းဈေး တက်လာတာကြောင့်  တစ်ရက်ကို ပိဿာ ချိန် လေးထောင်မှငါးထောင်ခန့်အဝင်ရှိနေပေမယ့် လလယ်လောက် မှာ ဈေးအနည်း ငယ်ပြန်ကျလာလို့ အဝင်လည်းပြန်နည်းသွားပါတယ်။ ဒီတစ်ပတ်ချင်းအဝင်က တစ်ရက်ကို ပိဿာချိန်တစ်ထောင်၊ နှစ်ထောင်ခန့်သာ အဝင်ရှိတော့တယ်လို့လည်း ချင်းပွဲရုံတွေကသိရပါတယ်။ အခုအပတ် မှာတော့ စစ်တွေ ဝယ်လက်ကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးက လည်း ပြန်တက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ပေါက်ဈေးတွေကပယ်ချင်းလို့ခေါ်တဲ့ ညံ့စက တစ်ပိဿာ ၃၀၀ ကျပ် ဈေးရှိပြီး၊ ချင်းတက်ကတော့ တစ်ပိဿာ ၃၅၀ ကျပ်မှ ၃၇၀ ကျပ်ဈေးရှိ ပါ တယ်။ လက်ကျန်နည်းနေ တဲ့ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ - ၁၄၀၀ကျပ် ဈေးရှိပါတယ်။

Friday, 1 Feb 2013

ပြည်ဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်သာ အဝင်ရှိနေပြီး၊ ဈေးနှုန်းမှာ ဇန်နဝါရိလ တတိယပတ်မှစပြီး၊ ဈေးတက် သွားကြောင်း သိရပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့်ရှိပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိနေ ပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ချင်း(ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Friday, 1 Feb 2013

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပဲတီစိမ်း(ဆောင်း)စိုက်ပျိုး ဧက ၂၇၀၀၀ ကျော်ရှိပါတယ်။ အဓိကစိုက်ပျိုးတဲ့ခရိုင်မှာ ကျောက် ဆည် ခရိုင်ဖြစ်ပြီး၊ ဧက ၁၁၀၀၀ ခန့် စိုက်ပျိုးပြီးဖြစ်တာကြောင့် ယခင်နှစ်စိုက်ဧက ၉၀၀၀ ခန့်ထက် ဧက ၂၀၀၀ ပိုမိုစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ယခင်နှစ်မှာတစ်ဧကအထွက်နှုန်း ၁၃ ဒသမ ၇၆ တင်း ထွက်ရှိ တာကြောင့် ၁ ဒသမ ၂၂ တင်းသိန်းထွက်ရှိပြီး၊ ယခင်နှစ် အထွက်နှုန်းအတိုင်း၊ ယခုနှစ်ထွက်ရှိပါက ၁ ဒသမ ၅၁ တင်းသိန်း ထွက်ရှိမှာဖြစ်လို့ ကျောက်ဆည်ခရိုင်အနေနဲ့ ဆောင်းပဲတီစိမ်း တင်းသုံးသောင်း ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကျောက် ဆည်မြို့နယ်မှာ ၄၈၆၁ ဧက၊ စဉ့်ကိုင်မြို့နယ်မှာ ၂၀၀၅ ဧက၊ မြစ်သားမြို့ နယ်မှာ ၁၄၂၉ ဧက၊တံတားဦးမြို့နယ်မှာ ၂၆၄၃ ဧက အသီးသီးစိုက်ပျိုးကြောင်း သိရပါတယ်။

Friday, 1 Feb 2013

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ စတုတ္ထပတ်ပဲဈေးကွက်မှာ ပဲစင်းငုံနီနည်းတူ ကုလားပဲသစ်တွေ စတင်ဝင်ရောက် လာပြီး၊ ပဲဟောင်းဈေးနဲ့သာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဘုတလင်နယ် ဘက်က 929 ပဲသစ် တစ်ရက်အိတ် ၁၀၀ ခန့် ဝင်လာသလို ပုလဲ၊ ဆားလင်းကြီး နယ်ဘက်က V2 တစ်ရက် အိတ်  ၁၅၀ ခန့် စတင်ဝင်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲမျိုးစုံအိတ်စပို့ ဝယ်လက်မရှိဘဲ ဒေသခံ စက်သမား၊ ကြာဇံသမားနဲ့ ပဲလက်လီအဝယ်သာ ရှိခဲ့လို့ ဈေးငြိမ်နေလျက်ရှိရာ ထိုင်ဝမ်တစ်တင်း ၁၆၇၀၀ ကျပ်၊ V2 တစ်တင်း ၁၆၀၀၀ ကျပ်၊ 929 တစ်တင်း ၁၆၀၀၀ ကျပ်၊ အသီးသီးဈေးပေါက်ခဲ့ပြီး နေ့စဉ်တစ်ရက်အိတ် ၁၂၀၀ ဝန်း ကျင်အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။

Monday, 21 Jan 2013

ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၈၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ တန်ချိန် ၁၀၄၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်က ထက် တန်ချိန် ၇၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ စခန်းအလိုက်တင်ပို့နို င်မှု တွေကတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ RSS-1 ၁၆ တန်ကျော်၊ကန်ဒေါ်လာ ၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ RSS-3  ၃၁၆ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၆၅၆ သန်းတန်ဖိုးရှိ MSR-20  ၂၃၈ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်း တန်ဖိုးရှိ MSR-50 ၇၆ တန်ခန့်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ ၂ ဒသမ ၂၇၆ သန်းတန်ဖိုးရှိ  RSS-3 ၈၁၆ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၈၃၀ သန်းတန်ဖိုးရှိ MSR-20  ၃၀၀ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ RSS-3  ရော်ဘာဈေးကတော့ ယခင် အပတ်က ထက် အနည်းငယ်တက်ပြီးRSS-5 ဈေးကတော့ ပြောင်းလဲမှုမရှိတာ ကိုတွေ့ရပါတယ်။ မိမိဘက်နဲ့ တဖက်နိုင်ငံနယ်စပ် မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-

Monday, 21 Jan 2013

ကန်ဒေါ်လာ ၂ ဒသမ ၆၃၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၅၁ တန်ကျော်ကို တရုတ်၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံများသို့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားနဲ့ တရုတ်နိုင်ငံနှစ်နိုင်ငံသို့သာအပို့ရှိခဲ့ပြီး ယခုအပတ်မှာယခင်အပတ်ကထက် တန် ၃၇၀ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ် နိုင်ငံသို့ RSS-3 တန် ၃၀၀၊ စင်္ကာပူသို့ RSS-5 တန် ၂၀၊ မလေးရှားသို့ RSS-3 တန် ၄၁၀၊RSS-5 တန် ၂၀ နဲ့  MSR-20  ၂၀၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာ ရော်ဘာ FOB  ပေါက်ဈေးများမှာ ယခင်အပတ်ထက်ဈေး အနည်းငယ် ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ် လုပ်သူများနဲ့ တင်ပို့သူများအသင်းကထုတ်ပြန်တဲ့ FOB  ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန် လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3  နဲ့  MSR-20  တစ်တန်လျှင် ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့  MSR-50  တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ MSR-10  တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀ နဲ့ Crepe Rubber  တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။                   MIRT (DOBT)

Monday, 21 Jan 2013

မန္တလေးမြို့သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေး သကြားကုန်စည်ဒိုင်)မှာ နေ့ စဉ် (ဥပုသ်နေ့မှအပ) သကြား၊ သကာ ရည်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီ လလယ် သကြား၊ သကာရည် တစ်ပိဿာပေါက် ဈေးများမှာ သကြား A ၈၅၀ ကျပ်၊B ၈၄၀ ကျပ်၊ C  ၈၃၀ ကျပ် ဖြင့် လည်း ကောင်း၊ သကာပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်ဖြင့် လည်း ကောင်း အရောင်း အဝယ် ပြုလုပ် ကြောင်းသိရပါတယ်။ မန်းသကြား ဒိုင်မှာ ပွက်ရည်၊ စက်ကျရည်ထက် သကြား (ကုန်ချော) ကိုသာ အဓိက ထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒီဇင်ဘာလလယ်မှာ ပွက်ရည်များ စတင်ထွက်ရှိရာ ယခုဇန်နဝါရီလလယ် မှာ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်လို့ ပွက်ရည် ဈေးအနည်းငယ် ကျဆင်းသွားသလို ပွက်ရည်ကိုမှီခိုတဲ့ သကြား ဈေးလည်း အနည်းငယ်အေးတာကို တွေ့ ရပါ တယ်။ မန်းသကြားဒိုင်မှာ နေ့စဉ် (၃၀ ပိဿာဝင်အိတ်) သကြားအိတ် ၃၀၀၀ မှ ၅၅၀၀ ခန့်ထိ အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပမှသကြားအိတ်များ အဝင် ရှိသကဲ့သို့ ပြည်တွင်းမှ သကြား များကိုလည်း ပြည်ပသို့တင်ပို့ကြောင်း သကြား၊ သကာရည်ကုန်သည် စက်ပိုင် တစ်ဦးက ပြောပါတယ်။      စိုးအောင်-မန္တလေး

Pages