Main menu

Background

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၈၄ တန်ကို နိုင်ငံ သုံးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ ဖိလစ်ပိုင် နိုင်ငံသို့ ၁၇၅၄ တန်၊အင်ဒိုနီးရှားနိုင်ငံသို့ ၁၁၅ တန်နဲ့ စင်္ကာပူနိုင်ငံသို့ ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၆၀၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၁၃၀၀ ကျော်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၅-၃၀၀ ဖြစ် တဲ့အတွက် ယခင် အပတ် ထက်ဈေးအနည်းငယ်ပိုရလျက်ရှိပါတယ်။               MIRT (DOBT)

Friday, 1 Feb 2013

တမူးနဲ့ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၈၈ တန်ခန့်ကိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။ ယခင်အပတ်ကတန် ၃၀၀ ကျော်တင်ပို့နိုင်တာမို့ ယခုအပတ်မှာ ၁၉ တန်လျော့နည်း တင်ပို့နိုင်ခဲ့ပါတယ်။ ကွမ်းသီးခြောက်များမှာ မြိတ်၊ ကော့သောင်း ဘက်မှလာတဲ့ ကွမ်းသီးခြောက်များလို့ သိရပါတယ်။ ယခုရာသီဟာကွမ်းသီးအသစ် ပေါ်ချိန်ဖြစ်တာမို့ ဈေးကွက်ပြောင်းလဲလျက်ရှိ တာကြောင့်တင်ပို့မှုလျော့ကျတာဖြစ် တယ်လို့ နယ်စပ်ရှိကုန်သည်တစ်ဦးထံမှ သိရပါတယ်။ ကွမ်းသီးခြောက် ၁ တန်ကို မိမိဘက်ဈေး ၁၃၀၀၀၀၀ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေး ၁ ကီလိုဂရမ်ကို ၁၀၅ ရူပီးဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ငါးရှဉ့်၊ ကဏန်းကို ကြိုက်ရောင်း ကြိုက်ဝယ်လွတ်လပ်စွာဆောင်ရွက်ရန် စမ်းသပ်ကာလ စတင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ ငါးရှဉ့်ကို  ၁၇-၁-၂၀၁၃ နေ့ကစပြီး ကြိုက်ရောင်းကြိုက်ဝယ်နဲ့ရောင်းချရာမှာ ၁၈-၁-၂၀၁၃ မှ ၂၄-၁-၂၀၁၃ ထိ ငါးရှဉ့် ပျမ်းမျှကိုတစ်တန်လျှင် ၄၇၁၉၀၀၀ ကျပ်၊ ဒေါ်လာ ၅၅၀၀ နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ကဏန်းကတော့ ဇန်နဝါရီလ ၂၁  နေ့ တွင်စတင်ခဲ့ပြီး အရွယ်အစား ခွဲခြားမှုမရှိတော့ဘဲ ကဏန်းတစ်တန်လျှင် ၃၁၁၄၅၄၀ ကျပ်၊ ဒေါ်လာ ၃၆၃၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းဖိုးရှိ  စပျစ်သီး ၇ တန်ကို ပထမဦးဆုံးအကြိမ် စတင်တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ စပျစ်သီး ၄ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ် ပါတယ်။ MIRT (DOBT)

Friday, 1 Feb 2013

ရှမ်းနနွင်းကတော့ အဝင်မရှိသလောက်ပါဘဲ၊ အသစ်တွေကလည်း နောက်တစ်လ၊ နှစ်လမှသာ အဝင်ရှိတော့ မယ်လို့လည်း ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ ရန်ကုန်ဝယ်လက်တွေကလည်း လက်ကြီးသမားတွေဆီက ဝယ်ယူနေရတယ်လို့ သိရပါတယ်။ တချို့တောင်သူတွေဆီမှာတော့ အနည်းငယ်ကျန်နေသေးပေမယ့် ကြိုက်ဈေးမရေ သးတာကြောင့် ထုတ်မရောင်း ကြသေးပါဘူး။ ဟိုပုံးနနွင်းကလည်းဈေး သာရှိပြီး၊ပစ္စည်းကဈေးကွက်မှာ မရှိဘူးဖြစ်နေ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်မှာ ပင်လောင်း နနွင်းကပိုပြီး အရောင်းအဝယ်ဖြစ်နေ တာကြောင့် ဈေးကလည်းတက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း ဈေးနိမ့်တဲ့ပင်လောင်းနနွင်းကို ပိုပြီး ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ဒီတစ်လအတွင်း နနွင်း(ညံ့)ပိဿာချိန်ပေါင်း တစ်သိန်း နှစ်သောင်းခန့်လည်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၇၁၉ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၃၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန်ချိန် ၄၆၀ ကျော်တင်ပို့နိုင်ပြီး ယခု အပတ်မှာ တန်ချိန် ၃၆၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၁၀၀ နီးပါးအပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ တောဂျူး မြစ်၊ ကြောင်လျာစေ့၊ နေလဲစေ့၊ စကားပန်းပွင့်ခြောက်နဲ့ ကြက် ဆူစေ့တို့အ ပို့ လျော့ခဲ့ပြီး၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ရွေးရွက်နဲ့ ဆီးဆံတို့ကိုတော့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ တောဂျင်းကိုလည်းယခု အပတ်မှာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုအပတ်  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာသုည ဒသမ ၂၀၀သန်းဖိုးရှိေ တာင်လုံးကျော် ၁ တန် ကိုလည်းတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကတော့ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေး ကုန်ကြမ်းတင်သွင်းမှု မရှိခဲ့ကြောင်းသိရပါတယ်။MIRT (DOBT)

Friday, 1 Feb 2013

ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ပြည်ပကိုတင်ပို့နေသောနနွင်းက ဒီတစ်ပတ်မှာ ပို့အားကောင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်မှာ တန်ချိန် သုံးဆယ်ကျော် သာတင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာကျော်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို တန် ၆၀၊ မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၇၃ ဒသမ ၆၅ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ် ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်နေ့အတွင်း နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာ ကိုးသောင်းရှစ်ထောင်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။MIRT (DOT)

Friday, 1 Feb 2013

၂၀၁၂ နိုဝင်ဘာ ဒုတိယသီတင်းပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ သာ ပြန်လည်တင် ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန် နိုင်ငံဖြစ်ပြီး တင်ပို့ခဲ့တဲ့ တန်ချိန်က ၂၅ ဒသမ ၄၄ တန်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ လေးဆယ့်တစ်သိန်းကျော်ပြီလို့ သိရပါတယ်။ ယခုသီတင်းပတ် ဇန်နဝါရီ (၁၃-၁၉ ရက်) အတွင်း မန်ကျည်းတင်ပို့မှုက ၂၅ တန်ကျော်ရှိခဲ့ပြီး ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ (၁၃ ရက်မှ ၁၉ ရက်)အတွင်း မန်ကျည်းတင်ပို့မှုက တန်ချိန် သုံး ရာနီးပါးရှိခဲ့တာကြောင့် ယခုနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။MIRT (DOT)

Friday, 1 Feb 2013

အောင်ပန်းဈေးကွက်ကို ဒီတစ်ပတ်ချင်း(စို) အဝင်နည်းနေပါတယ်။ အောင်ပန်း အနီးတစ်ဝိုက်နဲ့ တီကျစ်မြို့နယ်တွေက ချင်းတွေသာအနည်းငယ်ဝင်နေတာလို့လည်း သိရပါတယ်။ ဒီလဆန်းပိုင်းမှာ ချင်းဈေး တက်လာတာကြောင့်  တစ်ရက်ကို ပိဿာ ချိန် လေးထောင်မှငါးထောင်ခန့်အဝင်ရှိနေပေမယ့် လလယ်လောက် မှာ ဈေးအနည်း ငယ်ပြန်ကျလာလို့ အဝင်လည်းပြန်နည်းသွားပါတယ်။ ဒီတစ်ပတ်ချင်းအဝင်က တစ်ရက်ကို ပိဿာချိန်တစ်ထောင်၊ နှစ်ထောင်ခန့်သာ အဝင်ရှိတော့တယ်လို့လည်း ချင်းပွဲရုံတွေကသိရပါတယ်။ အခုအပတ် မှာတော့ စစ်တွေ ဝယ်လက်ကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးက လည်း ပြန်တက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ပေါက်ဈေးတွေကပယ်ချင်းလို့ခေါ်တဲ့ ညံ့စက တစ်ပိဿာ ၃၀၀ ကျပ် ဈေးရှိပြီး၊ ချင်းတက်ကတော့ တစ်ပိဿာ ၃၅၀ ကျပ်မှ ၃၇၀ ကျပ်ဈေးရှိ ပါ တယ်။ လက်ကျန်နည်းနေ တဲ့ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ - ၁၄၀၀ကျပ် ဈေးရှိပါတယ်။

Friday, 1 Feb 2013

ပြည်ဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်သာ အဝင်ရှိနေပြီး၊ ဈေးနှုန်းမှာ ဇန်နဝါရိလ တတိယပတ်မှစပြီး၊ ဈေးတက် သွားကြောင်း သိရပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့်ရှိပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိနေ ပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ချင်း(ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Pages