Background
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ ၂၀၁၂-၂၀၁၃ ဆောင်းသီးနှံမြေထောက်ပဲ စိုက်ပျိုးရန် လျာထားဧက ၉၈၁ မှ စိုက်ပျိုးဧက ၁၈၈၈ စိုက်ပျိုးခဲ့လို့ လျာထားချက်အပေါ် ၁၉၂ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ မြေ ထောက်ပဲစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက်အရ ကလေးမြို့ရဲ့ အဓိကမြစ် ၂ စင်းဖြစ်တဲ့ မြစ်သာမြစ် နဲ့ နေရဉ္စရာမြစ်ဆုံရာနေရာရှိ သဲသောင်တွေမှာ မြေ ဆီ မြေနှစ်၊ မြေသြဇာ အလွန်ကောင်းတာကြောင့် တစ်ဧကကို မြေထောက်ပဲ ၂၅ တင်းလောက်ထွက်နိုင်ကြောင်း၊ ဖေဖော်ဝါရီလဆန်း ၁၀ ရက်လောက်အတွင်း သူရဲ့ ပဲခင်းကို ရိတ်သိမ်းမှာဖြစ်ကြောင်းပြောပါတယ်။ ယခုလက်ရှိကတော့ ပဲဈေးကွက်ကို ကျေးရွာများမှ တစ်ရက် ကို မြေထောက်ပဲ တင်း ၁၅၀-၂၀၀ ခန့်ဝင်ရောက်ပြီး၊ ဇန်နဝါရီ ၃၀ ရက်နေ့ပေါက်ဈေးမှာ တစ်တင်းကို ၂၁၀၀၀ ကျပ်ရှိပြီး၊ မုံရွာ ကုန်စည်ဒိုင်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ပေါက်ဈေးတစ်တင်း ၂၃၅၀၀ ကျပ် ဖြစ် ကြောင်း ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ သန်းသန်းတင်-ကလေး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၄၆၅ သန်းဖိုးရှိ ပဲတီစိမ်း လုံးပြည့် တန် ၅၆၀ နီးပါးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၆ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် မူဆယ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၀၃ တန်ကျော်ကိုလည်း တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်သစ် ကူးကာလနီးကပ်လာပြီး ကြိုတင်စုဆောင်းကြတဲ့အတွက် စားသောက်ကုန် ပစ္စည်း တွေကို ယခုလိုပိုမိုတင်ပု့ိနိုင်တာပါ။ ပြီးခဲ့တဲ့အပတ်က မူဆယ်နဲ့ စစ်တွေက ပဲတီစိမ်း လုံးပြည့်တန် ၅၂၀ ပို့ခဲ့တာမို့ ယခုအပတ် ၄၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ လ တစ်လလုံးအနေနဲ့ ပဲတီစိမ်းလုံးပြည့် ၂၆၆၃ တန်ကျော်နဲ့ လုံးခြမ်း ၅၇၁ တန် ကျော်ကို ကန်ဒေါ်လာ ၂ ဒသမ ၈၇၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။ယခုအပတ်ရဲ့ မူဆယ်-ရွှေလီ နှစ်ဖက်မြေပြင်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ်-
ရှမ်းပြည်နယ်တောင်ပိုင်း အောင် ပန်း ကုန်စည်ဒိုင်မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်း ဝယ် လက်များခဲ့တာကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ အဓိကထွက်ကုန် ၈ မျိုးမှ ကုန်စည်ပိဿာချိန် ၄၉ သိန်းကျော် ၈၁၅၂ တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက် ပိုင်များရဲ့ကထိန်တော်အသင်း၊ မန္တလေး ကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများ အများဆုံးဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချတဲ့ ပဲများမှာ ပဲစင်းငုံ၊ ပဲတီစိမ်း နဲ့ ကုလားပဲများ အဓိကဖြစ်ပါတယ်။ ၎င်း ပဲ ၃ မျိုးအနက် အများဆုံး ဝယ်ယူ သိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့ ပဲက ပဲစင်းငုံဖြစ် ပြီး၊ နှစ်စဉ်ပျမ်းမျှ တန်ချိန် နှစ်သိန်းကျော်ဖြစ်ပါတယ်။ ယင်း ပဲစင်း ငုံများကို နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ် သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်း စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲကြီးဈေးသာ အနည်းငယ် မြင့်ခဲ့ပြီး၊ အခြားပဲများကေ တာ့ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကာ ကုလားပဲသီးနှံဈေးလျော့ သွားခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲ သစ်များ ဈေးကွက်ကို စတင်ဝင် ရောက်လာပေမယ့် အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်ခဲ့တဲ့ အတွက် ပဲဟောင်း များနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါ တယ်။ ရန်ကုန်ဝယ်လက်မှ နေ့တိုင်းအဝယ်မရှိဘဲ အိတ် ၂၀၀ ကျော် တစ်ခါတစ်ရံအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲ တစ်တင်း ၁၃၆၀၀ ကျပ်နဲ့သာ အဝယ် ရှိခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလကုန်ပတ် ကုန်စည်ဒိုင် ဈေး ကွက်မှာရန်ကုန်ဝယ်လက်အဆွဲသွက်လို့ ငုံနီအရောင်း အဝယ် သွက်လာတယ်လို့ ကုန်သည်ရပ်ကွက်က ကြားရပါတယ်။ ဒီ တစ်ပတ်အတွင်း ငုံနီတစ်တင်း ၁၇၂၀၀ ကျပ်ဈေး မှာ ငြိမ်နေ ပြီး၊ မုံရွာကုန်သည်တွေနဲ့အပြိုင် ရန်ကုန်လက်တွေ အဝယ် သွက်လာတဲ့အတွက် တစ်ရက်ကို အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားအရောင်းအဝယ်အားကောင်းလာတယ်လို့ ဆိုပါတယ်။
ကုလားပဲဈေးကွက်ကတော့ ဒီတစ်ပတ်မှာ ဆက်လက်ပြီး၊ ဈေးရော၊အရောင်းအဝယ်ပါအေးနေခဲ့ပါတယ်။ မန်းနဲ့ ရန်ကုန် အဝယ်အားမရှိဘဲ ဒေသခံပဲခွဲစက်သမား၊ အမှုန့်ကြိတ်လိုင်း သမား၊ ကြာဇံစက်သမားနဲ့ ပဲလက်လီဝယ် လိုအားသာရှိလို့ အခုလို ဈေးအေးခဲ့တာဖြစ်ပြီး၊ ဒီတစ်ပတ်အတွင်း ထိုင်ဝမ် တစ်တင်း ၁၆၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၆၀၀၀ ကျပ်ဈေးတွေနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စွန်တာနီဈေးကွက်မှာတော့ ဒေသခံကြာဇံသမားတွေ အသုံးရှိပေမယ့် ဒီလထဲမှာ တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေး မြောက်ခဲ့လို့ တစ်တင်း ၉၀၀၀ ကျပ်မှ ၁၁၇၀၀ ကျပ်သာရှိတဲ့ ပဲယင်းတွေအစားထိုးအသုံးပြုတဲ့အတွက် စွန်တာနီ ဈေးလည်း ၁၃၅၀၀ ကျပ်ထိ ပြန်အေးလာတာတွေ့ရပါတယ်။ အညာ လိုင်းထွက်ကုန်ပဲတစ်မျိုးဖြစ် တဲ့ မြေထောက်ပဲ အသစ် တွေဈေးကွက်ထဲ တစ်ရက်အိတ် ၅၀-၁၀၀ ခန့်စတင်ဝင် ရောက်လာပြီး၊ ဒေသခံ ပဲလက်လီ သမားတွေအပြင် ရန်ကုန် ဘက်က ဝယ်လိုအားရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ တစ်တင်း ၂၃၅၀၀ ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှု ရှိနေကာ တမူးနဲ့ ဖောင်းပြင်ဘက်ကထွက်တဲ့ မြေထောက်ပဲကို ဈေးကွက်ကပို ကြိုက်တယ် လို့ ဆိုပါတယ်။ ဇန်နဝါရီလကုန်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ မန်း၊ ရန်ကုန်ဝယ်လက်ညီနေပြီး၊ စိမ်းကြီးတစ်တင်း ၁၁၈၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၂၀၀၀ ကျပ်ဈေးတွေမှာ ငြိမ်လျက်ရှိပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက်ကို စိမ်းကြီးအိတ် ၇၀၀ မှ ၁၀၀၀ ကြားနဲ့ စိမ်းသေးအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လိ့ု ဈေးကွက်က ဆိုပါတယ်။ ဖေ ဖော်ဝါရီ မုံရွာပဲဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြေ ထောက်ပဲတွေ ချင်းတွင်းအထက်လိုင်း အဝင် တိုးလာဖွယ်ရှိပြီး ကုလားပဲအသစ်တွေလည်း အဝင်လှိုင်လာဖွယ်ရှိတယ်လို့ လေ့ လာသိရှိရပါတယ်။ ထွန်းလှိုင် - မုံရွာ
ဇန်နဝါရီလ ၂၁ ရက်နေ့ ရော်ဘာဈေးနှုန်းများ ယခင် သတင်းပတ်ကထက်အားနည်းလာတယ်။ ဇန်နဝါရီလအ တွင်း ရော်ဘာဈေးနှုန်းများမြင့်မားလာတဲ့အတွက် အမြတ်ရဖို့ ပြန် လည်ရောင်းချမှုများ ရှိလာခဲ့ရာ ဈေးနှုန်းပြန်လည် ကျဆင်း လာတယ်လို့ သိရတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့က တစ်တန် ကို ၃၃၄၃ ဒသမ ၅၀ ဒေါ်လာရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅) ကဇန်နဝါရီလ ၂၁ ရက်နေ့မှာ တစ်တန်ကို ၃၂၉၆ ဒေါ်လာအထိ ၄၇ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၉၇၃ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၈၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၆၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အသီးသီးအလိုက်တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းဖိုးရှိRSS-1 ၁၂ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၉၇၉ သန်းဖိုးရှိRSS-3 တန်ချိန် ၇၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၇၄၆ သန်း ဖိုးရှိMSR-20 တန်ချိန်၂၇၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်းဖိုးရှိMSR-50 ၇၉ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းဖိုးရှိ RSS-3 တန်ချိန် ၁၆၆ ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်းဖိုးရှိ MSR-20 တန်ချိန် ၄၄၀ ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိRSS-3 တန်ချိန် ၂၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးရှိ MSR-20 တန်ချိန် ၁၀၀ ခန့်အသီးသီးတင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် သိသိသာသာပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။
ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၇၆ တန်ကျော်ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉၅၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာတန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မလေးရှားနိုင်ငံသို့ RSS-3 ၄၃၆ တန်ကျော်၊ MSR-20 ၂၀၁ တန်ကျော်နဲ့ RSS-1 ၁၆ တန်ခန့်ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသို့RSS-3 တန် ၂၁၀ နဲ့ MSR-20 တန် ၁၀၀ ကျော်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ MSR-20 ၂၀၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နိုင်ငံတကာ်ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းသွားပါတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်တဲ့ FOB ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3 နဲ့MSR-20 တစ်တန်လျှ င်ဒေါ်လာ ၂၉၀၀-၃၀၀၀ ၊RSS-5 နဲ့MSR-50 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၇၆ သန်းဖိုးရှိ နှံစားပြောင်း ၁၂၃၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၀၀၀ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၃၀ ပိုမိုခဲ့ပါတယ်။ နှစ်ဖက်နယ် စပ်မြေပြင် ပေါက်ဈေးများ ကိုကြည့်လျှင်မိမိဖက်ရော၊တစ်ဖက်နိုင်ငံဈေးပါ မြင့်တက်နေတာ တွေ့ ရပါတယ်။ ဒီလိုဈေးမြင့် ရတာကလဲ ပွဲတော်ရက်မတိုင်မီ ကြိုတင်ဝယ်ယူစုဆောင်း နေတဲ့အတွက် ဈေးကြီးပေးပြီး ဝယ်နေတာလို့ သိရပါတယ်-