Main menu

Background

Sunday, 21 Oct 2012

ဟိုပုံးချင်းဈေးကွက်မှာတော့ ချင်း(စို)က အဝင်မရှိတော့သလို အရောင်းအဝယ် ကလည်းမရှိ သလောက် ဖြစ်နေပါပြီ၊ ချင်းသစ်တွေက အစိုက်နောက်ကျတာကြောင့် စောရင်တောင် ၁၁ လပိုင်းကုန် ၁၂ လပိုင်းလောက်မှ သာ အရင့်တွေဝင်လာတော့ မှာဖြစ်ပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

Sunday, 21 Oct 2012

ပြည်ချင်းဈေးကွက်မှာ အောင်ပန်းနဲ့ တောင်ကြီးမှာ ချင်း(အတက်)များ ပေါ် ထွက်နေပြီဖြစ်ပေမယ့် မှာယူ တင်သွင်းရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပွဲရုံများကို လက်ကျန် ချင်း(ဥမ) အဟောင်းများသာ ပိဿာ ၃၀ ဝင်အိတ် ၅၀၀ ခန့်အဝင်ရှိပြီး၊ ယခင်အပတ်မှာထက် အဝင်များလာပါတယ်။ ချင်းတက်(အသစ်)များမှာ ရောင်းအားမရှိသေးတဲ့အတွက် မှာယူတင်သွင်းမှုမရှိဘဲ ချင်း(ဥမ)ရှယ် ၅၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ် - ၄၀၀ ကျပ်ဈေးရှိပြီး၊ ချင်းဓားလှီး သမားများလက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီ တိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်သို့ တင်ပို့မှုအပါအဝင်ပွဲရုံများမှာ ပိဿာချိန် ၄၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ ယခင်ကာလများထက် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
 

Sunday, 21 Oct 2012

၂၀၁၁ ခုနှစ်ကစပြီး၊ မြေပဲကို ပြည်ပကိုတရားဝင် တင်ပို့ခွင့်ပြုခဲ့ပါတယ်။ တရားဝင်တင်ပို့ခွင့်နဲ့အတူ မြေပဲ အများ အပြားကို ပြည်ပကို တင်ပို့ရောင်းချမှုကြောင့် တောင်သူတွေဈေးကောင်းရခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မြေပဲစိုက်ပျိုးမှု ပိုခဲ့ပါတယ်။ ဖြစ်ချင်တော့ အညာမှာ မိုးလယ်ပိုင်းမိုးတော်တော်နည်းခဲ့ပါတယ်။ သြဂုတ်လကုန်လောက်မှ မိုးကိုစမြင်ရတာပါ။ ဒါကြောင့် မိုးဦး၊ မိုးလယ်စိုက်မဲ့ သီးနှံများမစိုက်နိုင်တော့ပဲ မြေပဲကိုသာ စိုက်ရပါတော့တယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးကိုကြည့်ရင် မိုးမြေပဲလျာထားချက်က ၂၁၃၇၂၂ ဧကဖြစ်ပါတယ်။ စက်တင်ဘာလ ကုန်အထိ ၂၄၇၀၈၆ ဧက စိုက်ပြီးကြောင်း သိရပါတယ်။ လျာထားချက်ထက် ဧက ၃၃၀၀၀ ကျော်ပိုစိုက်နိုင်ခဲ့တာပါ။ ဒါပေမယ့် မြေပဲစိုက်ပျိုးမှုက အောက်တိုဘာလထဲမှာလဲ ဆက်စိုက်နေတာ တွေ့ရပါတယ်။ တစ်နှစ်လုံးမှာ မန္တလေးတိုင်းဒေသကြီးအနေနဲ့ စိုက်ဧက ၃၈၀၀၀၀ ကျော်စိုက် တာပါ။ ဒီနှစ်မှာတော့ မိုးဆောင်းပေါင်းရင် စိုက်ဧက ၄၀၀၀၀၀ ကျော်မယ်လို့ မှန်းဆရပါတယ်။ အထွက်နှုန်းကတော့ အခု မိုးလေဝသအခြေအနေက ဥ ဖက်ကို အားသန်မယ်လို့ မှန်းကြပါတယ်။ ပိုးမကျအောင်တော့ ဂရုစိုက်ရမယ်လို့ တောင်သူတွေက ဆိုပါတယ်။

Sunday, 21 Oct 2012

ပခုက္ကူကုန်စည်ဒိုင်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေ တာကတော့ ပဲစင်းငုံပါ။ ကြားရက်တွေထဲမှာ စိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ နှမ်းနီဆိုတာတွေကိုလည်း အရောင်း အဝယ်ဖြစ်ပါတယ်။အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ ပမာဏ အရ နည်းတာကိုတွေ့ရပါတယ်။ ဈေးနှုန်းတွေ၊ အရောင်း အဝယ် ပမာဏတွေအနေနဲ့ ပဲစင်းငုံနီ အောက်တိုဘာ ၁၆ ရက်မှာ တစ်ပိဿာ ၉၃၀ ကျပ်၊ တစ်တင်း ၁၈၆၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ၁၇ ရက်နေ့မှာ တစ်ပိဿာ ၉၃၅ ကျပ်၊ တစ်တင်း ၁၈၇၀၀ ကျပ်နဲ့ အိတ် ၃၀၀၊  ၁၈ ရက်နေ့မှာ တစ်ပိဿာ ၉၂၅ ကျပ်၊ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၉၂၀ ကျပ်၊ တစ်တင်း ၁၈၄၀၀ ကျပ်နဲ့ အိတ် ၁၀၀ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဈေးနှုန်း တွေ အရ တစ်ပိဿာအပေါ် ၅ ကျပ်၊ ၁၀ ကျပ်နှုန်းအကွာ တစ်တင်းအပေါ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ်အကွာနဲ့ လှုပ်ရှားနေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်အပေါ် မူ တည်လို့ အရောင်းအဝယ်ဈေးနှုန်းဖော်နေ တယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။

Sunday, 21 Oct 2012

အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၂၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၄၁ တန်အပို့ရှိခဲ့ပါတယ်။ မြေပြင်ပဲတီစိမ်းဈေးများ အနည်းငယ် မြင့်တက် နေသော်လည်း ပဲအရည်အသွေးကိုမူတည်ပြီး တရုတ်ဘက်က ဝယ်ယူနေတာဖြစ်လို့ တင်ပို့မှုပမာဏ လျော့နည်းခဲ့ရတာဖြစ်ပါတယ်။ မိမိဖက်နဲ့တစ်ဖက် မြေပြင်ပေါက် ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    % ၆၈၉၇၁၈    ၆၈၀၅၇၀       ၉၁၄၈      ၁ .၃    ၈၁၉     ၈၁၆             ၃          ၀ .၄ MIRT (DOBT)

Sunday, 21 Oct 2012

အိန္ဒိယဈေးကွက်တချို့ကို ပဲစင်းငုံအသစ်ဝင်ရောက်လာ လို့ ပဲစင်းငုံခွဲခြမ်းဈေးက လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် မှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းလာ ခဲ့ပါတယ်။ ဂူဘာကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တစ် ကီလိုကိုရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၈၇)ရှိခဲ့ရာမှ ယခု အခါ ရူပီး ၆၀(ကန်ဒေါ်လာ ၁ ဒသမ ၁၂)နဲ့ရောင်းချနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှု သိသိသာသာ ကျဆင်းတာ ကြောင့် လာမယ့် သီတင်းပတ် တွေမှာ  ပဲစင်းငုံဈေး သိသိသာ သာ မြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

Sunday, 21 Oct 2012

ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း တင်ပို့မှုမှာ ယခင် တစ်ပတ်ထက် ပိုတင်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာ အိန္ဒိယ အဝယ်ရှိခဲ့တဲ့အတွက် တင်ပို့မှု တက်လာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာန စာရင်းတွေအရ အောက်တို ဘာလ ၁၂ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှု တန်ချိန် ၈ သိန်းကျော်ပြီး၊ ကန်ဒေါ်လာ ၅၀၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၈၇၀၀၀၀ နီးပါးမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၇၂၇ သန်းနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၇ သောင်းခန့်သာ လျော့နည်း တင်ပို့ခဲ့ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၂၀ ခန့်ထိ များစွာလျော့ကျတာ တွေ့ရပါတယ်။

Monday, 15 Oct 2012

ကမ္ဘာ့ရော်ဘာ ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ရော်ဘာတင်ပို့မှုကို လျှော့ချတဲ့ အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး  အကောင်အထည်ေ ဖာ်ပြီဖြစ်ရာ အောက်တိုဘာလအတွင်း  ရော်ဘာ ဈေးနှုန်းတွေက နေ့စဉ်နဲ့ အမျှ မြင့်မားလာတယ်။

Monday, 15 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၇၅ သန်းတန်ဖိုးရှိတဲ့ RSS-3 ၃၄၆ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။  ယခင်အပတ်က ချင်းရွှေဟော်မှ ရော်ဘာအပို့နားခဲ့ပြီး ယခုအပတ်မှာမှ အပို့ရှိလာတာဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀ တန်ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာ ၃၅၆ တန်ကျော် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်စခန်းများမှ တန် ၄၄၀ ကျော်အပို့ရှိခဲ့ရာ ယခုအပတ်မှာ ၈၅ တန်ခန့်တင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မူဆယ်မှာRSS-3 ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေးမိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးမြင့်လျက် ရှိတယ်လို့ သိရပါတယ် -

Monday, 15 Oct 2012

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရော်ဘာ ၂၃၄ တန်ကျော်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနဲ့ တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ မလေးရှားသို့ RSS-3 တန် ၄၀ နဲ့ တရုတ်သို့  MSR-20 ၁၉၄ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကတော့ တရုတ်နိုင်ငံသို့ MSR-20 ၁၉၄ တန်ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၄၀ အပို့ပိုခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာရော်ဘာ ပေါက်ဈေးမှာ ကျရိပ်ရှိနေသော်လည်း ပြည်ပသို့တင်ပို့မဲ့ FOB ရော်ဘာဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိပါဘူး လို့ သိရပါတယ်။RSS-1 ၁ တန်ဒေါ်လာ၂၈၅၀ မှ ၂၉၅၀၊ RSS-3 နဲ့ MSR-20  ၁ တန် ဒေါ်လာ ၂၇၅၀-၂၈၅၀၊ RSS-5 နဲ့  MSR-50  ၁ တန် ဒေါ်လာ ၂၆၅၀-၂၇၅၀ နဲ့ Crepe Rubber ၁ တန်ကို ဒေါ်လာ ၂၆၀၀ မှ ၂၇၅၀ ဈေးနဲ့ ပြည်ပ သို့တင်ပို့နိုင်ကြတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သတင်းရရှိပါတယ်။                       CMK

Pages