Main menu

Background

Sunday, 14 Oct 2012

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးမှု အနေနဲ့ မိုးစပါးဧက ၁၀ ဒသမ ၄၉ သိန်းနဲ့ နွေစပါးဧက ၁ ဒသမ ၂၉ သိန်း၊ စုစုပေါင်းဧက ၁၁ ဒသမ ၇၉ သိန်း နှစ်စဉ် စိုက်ပျိုးလျက်ရှိပါတယ်။ မိုးစပါးအပြီး ဒုတိယသီးနှံအဖြစ် မတ်ပဲကိုလည်း ဧက ၆ ဒသမ ၄၃ သိန်း စိုက်ပျိုးလျက်ရှိပါ တယ်။ ယခုနှစ် ရာသီဥတုအခြေအနေကြောင့် ပဲစိုက်တောင် သူများ စပါးရိတ်သိမ်းပြီး မတ်ပဲစိုက်ပျိုးရေးကို အထူးအလေး ထား ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ယခုလို ကောက်စော ပေါ်ချိန်မှာတော့ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရိတ်သိမ်းပြီး မတ်ပဲ စိုက်ပျိုးရန် အစိုဓာတ်အမီ ထွန်ရေး၊ ထယ်ရေးတွေ ဆောင် ရွက်နေရချိန်ဖြစ်ပါတယ်။ တစ်ဖက်က စပါးရိတ်သိမ်းပြီး တစ် ဖက်က ထွန်ယက်ရေးဆောင်ရွက်ရလို့ လယ်သမားအများ စုမှ စပါးကောက်လှိုင်းများကို  ကန်သင်းပေါ်ပုံပြီး   မတ်ပဲ ထွန်ယက် စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ကြလို့ စပါးများလေလွင့်ဆုံးရှုံးမှု ရှိသလို၊ အရည်အသွေးများလည်း ကျဆင်းလို့ ဆန်ထွက်နှုန်းထိခိုက်ခြင်းများလည်း ရှိခဲ့ပါတယ်။

Sunday, 14 Oct 2012

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ကုန်စီးဆင်းမှုမှာ ရန်ကုန်ကို ပဲစင်းငုံ ၅၅၅၂ အိတ်၊ ပဲတီစိမ်း ၃၂၂၅ အိတ်၊ နှမ်းမျိုးစုံ ၇၄၀၄ အိတ်၊ စားတော်ပဲ ၇၄၉ အိတ်၊ ပဲနီပြား ၂၃၀ အိတ်၊ ပဲယင်း ၈၃၀ အိတ် စီးဆင်း တယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေတာကတော့ ပဲစင်းငုံပါ အရောင်းအဝယ် ဖြစ်တယ် ဆိုပေမဲ့ ဈေးအနေနဲ့ ကျဈေးလို့ပဲပြောရမှာပါ။ အောက်တိုဘာ ၇ ရက်နေ့မှာ တစ်ပိဿာကို ၉၀၅ ကျပ်၊ တစ်တင်း ၁၈၁၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ၉ ရက်နေ့မှာ တစ်ပိဿာ ၉၀၀ ကျပ်၊ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အိတ် ၁၅၀၊ ၁၀ ရက်နေ့မှာ တစ်ပိဿာကို ၉၁၀ ကျပ်၊ တစ်တင်း ၁၈၂၀၀ ကျပ်နဲ့ ၂၀၀ အိတ်၊ ၁၁ ရက်နေ့မှာ တစ်ပိဿာ ၉၃၀ ကျပ်၊ တစ်တင်း ၁၈၆၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၂၀ ကျပ်၊ တစတင်း ၁၈၄၀၀ ကျပ်နဲ့ အိတ် ၅၇၀ အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံတစ်တင်းကို ၂၂၄၀၀ ကျပ်ကနေ ၁၇၅၀၀ ကျပ်ထိ ဆင်းနေတယ်ဆိုတော့ တစ်တင်းအပေါ်မှာ ၄၀၀၀ ကျော် ၅၀၀၀ နီးပါး အရှုံးပေါ်နိုင်တော့ ထိတဲ့သူတွေ ထိနေကြပြီဖြစ်ပါတယ်။ ကြားရက်တွေမှာ ပဲတီစိမ်းသေး ၇ ရက်နေ့မှာ တစ်ပိဿာ ၁၀၄၂ ကျပ်၊ တစ်တင်း ၁၉၈၀၀ ကျပ်၊ ၉ ရက်နေ့မှာ တစ်ပိဿာ ၁၀၆၈ ကျပ်၊ တစ်တင်း ၂၀၃၀၀ ကျပ် အရောင်းအဝယ်ဖြစ်ခဲ့ပါသေးတယ်။ အရောင်းအဝယ်ရဲ့ သဘောက မြတ်မယ်ရှုံးမယ်ဆိုတာ သဘာဝတရားပါ ရောင်းလိုအား ဝယ်လိုအား ပစ္စည်းထွက်ရှိမှုဆိုတာတွေကြောင့် အရှုံးအမြတ်သဘောရှိနေမှာပါ။ ဒါပေမဲ့ လောဘဇောနဲ့ ဖြစ်နိုင်ခြေရှိတာကို တွက်ချက်ခန့်မှန်းရင်း အရောင်းအဝယ်ရေစီးကြောင်းထဲကနေ နွံနစ်ပြီး အရောင်းအဝယ် မြောင်းပုပ်ထဲ ကျသွားမှာကိုတော့ သတိထားသင့်ကြောင်းပါ။                                   မြင့်ဦး - ပခုက္ကူ

Sunday, 14 Oct 2012

အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ဈေးကွက် မှာ ပဲကြီးဈေးနှုန်းသာ ဈေးအမြင့်နဲ့ဆက်ပြီး အရောင်း အဝယ် ဖြစ်နေပေမယ့် ကျန်ပဲဈေးများကတော့ အကျဈေးအတိုင်းသာ ရောင်းဝယ်ခဲ့ကြပါတယ်။ မတ်ပဲသီးနှံမှာ ဈေးကွက်ကို ဝင် ရောက်မှု မရှိဘဲ လက်ကျန်ပဲများနဲ့သာ ရောင်းဝယ်လျက်ရှိပြီး၊ ရန်ကုန်ဝယ်လက် ကတော့ နေ့စဉ် အဝယ်ရှိခဲ့ပေမယ့် ဈေးကျ နေတဲ့အတွက် အချို့လှောင်လက်များက ထုတ်မရောင်းဘူးလို့ သိရပါတယ်။

Monday, 8 Oct 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၅-၁၀-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု

1
မတ်ပဲ
800
810

667
667

695
675

750
-

2
ပဲစင်းငုံ

963

967

900
917

920
910

910

915

3
ပဲတီစိမ်း
1030
1030

711
676

-
895

842
842

4
ကုလားပဲရိုးရိုး
1300
1300

942
996

947
947

974
1063

5
ပဲလွန်းဖြူ
950
950

833
833

-
-

-
-

6
ထောပတ်ပဲ
780
800

978
889

737
737

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Monday, 8 Oct 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၅-၁၀-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

27/9
4/10
ပြောင်းလဲမှု
27/9
4/10
ပြောင်းလဲမှု
27/9
4/10
ပြောင်းလဲမှု

1
မတ်ပဲ
605
605

629
645

737
736

2
ပဲစင်းငုံ
710
710

746
774

761
789

3
ပဲတီရွှေဝါ
860
840

845
982

901
1001

4
ကုလားပဲဖြူလုံးကြီး
780
760

864
871

840
856

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Monday, 8 Oct 2012

အောက်တိုဘာလဆန်း ရော်ဘာဈေးနှုန်းများ စက်တင် ဘာလနှောင်းပိုင်း ရော်ဘာဈေးကွက်ထက် ပိုမိုမြင့် မားလာ တယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က တစ်တန်ကို ၃၁၃၆ ဒေါ်လာသာရှိခဲ့တဲ့ ထိုင်းရော်ဘာ  RSS-5  (မှိုင်းခံရော်ဘာ အဆင့်-၅) က အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်တန်ကို ၃၂၃၃ ဒေါ်လာအထိ ၉၇ ဒေါ်လာ ဈေးမြင့်မားလာတယ်။ မလေးရှားရော်ဘာ  SMR-20 (Standard Malaysia Rubber) ကလည်း တစ်ပတ်အတွင်း ၅၈ ဒေါ်လာဈေးမြင့် လာတယ်။

Monday, 8 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်တို့မှ ကန်ဒေါ်လာ ၁ ဒသမ ၂၀၆ သန်းတန်ဖိုးရှိ ရော်ဘာ ၄၄၁ တန်ကျော်ကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိကာလ အတွင်းမှာ တင်ပို့ထားပြီး ဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ ၂၉၁ တန်ကျော်၊ မြိတ်မှ တန် ၁၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ နယ်စပ်မှ ရော်ဘာ ၁၁၉၅ တန်ခန့်နဲ့ ဧပြီလ မှစက်တင်ဘာလကာလအတွင်းမှာ ၁၄၉၄၇  တန်နီးပါးတင်ပို့ထားပြီးဖြစ်ပါတယ်။

Monday, 8 Oct 2012

စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ Light House Manufacturing Co.Ltd   မှ ကန်ဒေါ်လာ သုည ဒသမ ၄၈၅ သန်းတန်ဖိုးရှိ  MSR-20  တန် ၁၉၄ တန်ကျော်ကို အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၅၄၆ သန်းတန်ဖိုးရှိ ရော်ဘာ MSR-20  ၁၀၁၇ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ အောက်တိုဘာ လဆန်းပိုင်းမှာ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ အနည်းငယ်မြင့်တက်မှုသာရှိတဲ့အတွက် FOB ဈေးများကို ယခင်အပတ်အတိုင်းသာ ရော်ဘာအသင်းမှထောက်ခံပေးနေ တယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာ RSS-3 ၁ တန်ကို စက်တင်ဘာ ၁၈ မှာ ၃၂၁၅ ဒေါ်လာနဲ့ စက်တင်ဘာ ၂၄ မှာ ၃၁၁၀ ဒေါ်လာ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလမှ စက်တင်ဘာလကုန်ထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၃၈ သန်းနီးပါးတန်ဖိုးရှိ ရော်ဘာဆင့်စုံ တန်ချိန် ၁၁၉၅၀ ခန့်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ ဘဏ္ဍာနှစ် ပထမ ၆ လ တာကာလမှာ မလေးရှားနိုင်ငံသို့ RSS-3  ၁၂၈၄ တန်ကျော်၊ RSS-5 တန် ၂၀၀ ခန့်၊ MSR-20  ၆၀၅ တန်ခန့်နဲ့ MSR-50  တန် ၂၄၀၊ တရုတ်နိုင်ငံသို့ RSS-3  ၃၉၆၆ တန်ကျော်၊ MSR-20  ၁၈၆၉ တန်ကျော်နဲ့ MSR-50 တန် ၂၀၀ ကျော်၊ စင်္ကာပူသို့ RSS-3 ၁၆၅ တန်နဲ့ MSR-20   ၅၄၇ တန်ခန့်၊ ဗီယက်နမ်နိုင်ငံသို့ RSS-3  တန် ၁၆၀၊MSR-20  တန် ၄၀၀ ကျော်၊ ဖိလစ်ပိုင်သို့ MSR-50  ၅၅ တန်ကျော်၊ ကိုရီးယားသို့  MSR-20   ၂၁၅၇ တန်၊ ပါကစ္စတန်သို့ MSR-50 တန် ၄၀ ခန့်နဲ့ မက္ကဆီကိုနိုင်ငံသို့ RSS-3  တန် ၆၀ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။                                                                                  CMK

Sunday, 7 Oct 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း မန်ကျည်းတန် ၅၀ ကို ပင်လယ် ရေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့ခဲ့ ပါတယ်။ ယခင် သီတင်းပတ်က အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ FOB ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Sunday, 7 Oct 2012

ဒီတစ်ပတ်လုံး နနွင်းက အရောင်းအဝယ်အေးနေပါတယ်။ အရောင်းလည်းပါးပြီး အဝင်ကလည်း ပါးပါတယ်။ ဈေးကွက် မှာလည်း အမှာရှိမှသာ ဝယ်၊ ရောင်းလုပ်ကြတာကြောင့် လက်လီလောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ နနွင်းခေါင်းကိုတော့ တရုတ်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတာကြောင့် လက်ကျန်တောင် နည်းနည်းသာ ကျန်တော့တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက ပင်လောင်းနနွင်းတစ်ပိဿာ ၅၅၀ ကျပ်၊ ဟိုပုံး(နဝလီ)က ၈၅၀ ကျပ် - ၉၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခေါင်းကတော့ တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေး ပေါက်ပါတယ်။ ဟိုပုံးမှာတော့ နနွင်းကို လက်လီသာ အဝယ်ရှိနေပြီး၊ ကားပေါ်၊ လှည်းပေါ် ပေါက်ဈေးက တစ်ပိဿာ ၇၅၀ ကျပ်ဈေးနဲ့ ဈေးဖြတ်ပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။                                                             ဧဧခိုင်

Pages