Main menu

Background

Monday, 27 Aug 2012

ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ  MSR-20 ၁၄ တန်ခွဲကို မူဆယ်နယ်စပ်နဲ့ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ RSS-3 ၃၆၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ MSR-20 ၈ ဒသမ ၇၂ တန်အပို့ရှိခဲ့ပါတယ်။ နယ်စပ်မှ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၃၉၁ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၈၉ တန်ခန့် အပို့လျော့ခဲ့ပါတယ်။

Monday, 27 Aug 2012

ကြံနှင့်သကြားကော်မတီအဖွဲ့အစည်းမှ အတည်ပြုချက်အရ ၂၀၁၁-၂၀၁၂ ခုနှစ်စားသုံးရန်အတွက် ထားရှိသည့် သကြားခွဲတန်း quota အား တန်ချိန် ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၃ သန်းသို့လျှော့ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျန်ရှိသော သကြား ၃၅၂၀၀၀ တန်အား ၂၀၁၁-၂၀၁၂ သကြားတန်ချိန်နဲ့ ပေါင်း မှာဖြစ်လို့ စီးပွားရေး ပြန်လည်ထူထောင်နေချိန်၌ သကြားစားသုံးမှု လုံလောက်မယ် လို့ ယုံကြည်ကြောင်း၊ ကြံနဲ့ သကြားကော်မတီက ပြောကြားခဲ့ပါတယ်။

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာသုညဒသမ ၀၆၈ သန်း တန်ဖိုးရှိ သကြား ၁၁၃ တန်ကျော်ကိုဇူလိုင်၂၅ ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှတော့ ကန်ဒေါ် လာ သုညဒသမ ၀၅၂ သန်းတန်ဖိုးရှိ သကြားဖြူ ၈၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၀၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

ရှမ်းပြောင်းကတော့ ရာသီကုန်ချိန်နီးလေ ပိုတက်လာလေပါပဲ။ ပြောင်းသစ် ကတော့ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှသာ ဈေးကွက်ကို ပြန်ပြီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်က ပြောင်းလှိုင်လှိုင်ပေါ်ချိန်မှ ဝယ်သမား သိပ်မရှိပဲ အီလည်လည် သာရှိပါတယ်။

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၁၁၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၄၂၀ ကိုဇူလိုင်၂၅ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နယ်စပ်မှ အပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အပို့ရှိလာတာ ဖြစ်ပါ တယ်။

Monday, 27 Aug 2012

စက်မှုကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်တဲ့ ပီလောပီနံဥတွေကို အချိုမှုန့်၊ ကော်မှုန့်ပြုလုပ်ရာမှာ ထည့် သွင်းအသုံးပြုကြတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စက္ကူချောတွေကိုထုတ်လုပ်ရာမှာ အပေါ်ယံကြွေ သားကောင်းမွန်စေဖို့အတွက် ပီလောပီနံမှုန့်တွေကို ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါတယ်။

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ  ဒရင်ကောက် မြစ် ၅ တန်၊ အုံတုံခေါက် ၅ တန်၊ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ၂ ဒသမ ၄၉၆ သန်းတန်ဖိုးရှိ ပရဆေး ၃၁၃၁ တန်ကျော် အပို့ရှိခဲ့ရာ နယ်စပ်မှပရဆေး ၃၁၄၁ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။

Monday, 27 Aug 2012

နနွင်းစိုက်ဧရိယာကျဆင်းမှုနဲ့ နနွင်းစိုက်နယ်မြေတွေမှာ မိုးပါးတဲ့အတွက် ဈေးကစားလိုသူတိုင်း အလှောင်များတဲ့ အတွက် နနွင်းကြိုပွိုင့်ဈေးက သြဂုတ် ၃ ရက်တွင် တစ်ကွမ် တယ်ကို ၁၁၂ ရူပီး မြင့်တက်ပြီး ၅၆၄၈ ရူပီးနှုန်းရှိခဲ့ပါတယ်။

Monday, 27 Aug 2012

ရှမ်းနနွင်းကလည်း အဝယ်လိုက်နေပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကတက်ရိပ်ပြနေပါတယ်။ အဝင် ကတော့ ထုံးစံ အတိုင်းများများစားစားမဝင်လာဘဲ လက်လီလောက်သာ အဝင်ရှိနေတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေဆီကသာ လက်လီလိုက်ပြီး ဝယ်နေရတယ်လို့လည်း သိရပါတယ်။

Monday, 27 Aug 2012

နနွင်းတက် (ရှမ်းစ) များကို မူဆယ်နယ်စပ်နဲ့ မြဝတီဒေသထွက် နနွင်းတက်များ မြဝတီနယ်စပ်တို့မှ တစ်ဖက်အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၄၆၂ သန်းတန်ဖိုးရှိ နနွင်းတက် ၂၉၈ တန်ကျော်ကို မူဆယ်နယ်စပ်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်းတန်ဖိုးရှိ နနွင်းတက် ၁၉ တန်ကျော်ကို မြဝတီနယ်စပ်တို့မှ တစ်ဖက်နိုင်ငံများသို့ အပို့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ နယ်စပ်မှနနွင်းတက် တန် ၁၅၇၀ ကျော်တစ်ဖက်နိုင်ငံများသို့ တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Pages