Background
မူဆယ်နယ်စပ်မှ သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၀၉၈သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၁ တန်ကျော်၊ ကန်ဒေါ် လာ သုည ဒသမ ၁၀၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၁၆၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ပဲနီကြား ၆၉ တန်ကျော်ကို တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် စွန်တာနီ/ပြာမှာ ၂ ဆကျော်၊ ထောပတ်ပဲက ၁၉ တန်ကျော်နဲ့ ပဲနီကြား ၁၄ တန်ကျော် အပို့ပိုခဲ့တယ်လို့ သိရပါ တယ်။ MIRT(DOBT)
မုံရွာကုန်စည်ဒိုင် သြဂုတ်လပထမပတ် ကုလားပဲဈေး ကွက်မှာ ရန်ကုန်အဝယ်ပါးပေမယ့် ဒေသတွင်း လုပ်ငန်းသုံး အဝယ်ပုံမှန်ရှိပြီး၊ ပဲလက်ကျန်နည်းကာရောင်းလိုအား လျော့ လာတဲ့အတွက် ဈေးအနည်းငယ်ပြန်မာ လာ ခဲ့တာတွေ့ရပါ တယ်။
ယခုတစ်ပတ် ကုလားပဲဈေးကွက်အခြေအနေကို လေ့ လာတဲ့အခါ ထိုင်ဝမ်ကုလားပဲ လက်ကျန် နည်းလာသလို ပဲ အထွက်များတဲ့ ချောင်းဦးဘက်က သိသိသာသာ အဝင်လျော့ နည်းလာခဲ့ကာ ဒေသတွင်းလှောင်လက်တွေလည်း ထုတ် မရောင်းကြသေးလို့ တစ်ပတ်အတွင်း တစ်တင်း ၂၁၈၀၀ ကျပ်ကနေ ၂၂၆၀၀ ကျပ်ထိ ဈေးပြန်မာခဲ့တယ်လို့ ကုန်သည် တွေက ပြောပါတယ်။ 929 ကုလားပဲလည်း ထိုင်ဝမ်နည်းတူ ပဲခွဲစက်နဲ့ ပဲမှုန့် လိုင်းက အဆွဲပုံမှန်ရှိလို့ တစ်တင်း ၂၂၅၀၀ ကျပ်ကနေ ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာတာတွေ့ရပါတယ်။ V2 ကုလားပဲကတော့ ရန်ကုန်ဝယ်လက်က တက်ဈေးနဲ့ မဝယ်ချင် ပေမယ့် ဒေသခံကုန်သည် တချို့ပဲစင်းငုံကြိုက်ဈေးနဲ့ ရောင်း လို့ရတဲ့ငွေနဲ့ ပစ္စည်းရှားပြီး၊ တက်ဈေးဖြစ်နိုင်မယ့် V2 ကို အစားထိုးသိုလှောင်ဖို့ အဝယ်ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တစ်တင်း ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာ ခဲ့ပါတယ်။ ယခု တစ်ပတ်တော့ ကုလားပဲမျိုးစုံ ရောင်းဝယ်မှုအနေနဲ့ ထိုင်ဝမ် ကုလားပဲ တင်း ၁၅၀၀ မှ ၂၀၀၀ ကြား၊ 929 ကုလားပဲက တင်း ၂၀၀၀ ခန့်နဲ့၊ V2ကုလားပဲကတင်း ၈၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါ တယ်။ ဒီတစ်ပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီရောင်းအားဝယ်အား ဆက်လက်ကောင်းမွန်နေခဲ့ပြီး၊ အဓိကရန်ကုန် ဝယ်လက်ဖြစ် တယ်လို့ ဆိုပါတယ်။ ငွေပြန်ဖော်လိုသူတွေ အကျိုးအမြတ်ရ နိုင်မယ့် ပဲကိုပြောင်းလဲ လှောင်လို သူတွေ ထုတ်ရောင်းခဲ့ကြ သလို ရန်ကုန်ဝယ်လက်အဆွဲ သွက်ခဲ့လို့ တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၂၃၀၀ ကျပ်ထိ တက်ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ ရပါတယ်။ အရောင်းအဝယ်ပမာဏအားဖြင့် မုံရွာကုန်စည် ဒိုင်မှာယခုတစ်ပတ်အတွင်း တင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး၊ ရန်ကုန် ကိုရေလမ်းကနေ တင်း ၃၀၀၀၀ ခန့် တင်ပို့ပြီးစီးခဲ့တယ်လို့ ကုန်သည်နဲ့ ရေယာဉ်ကိုယ် စားလှယ်များက ဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာတော့ အိန္ဒိယ တင်ဖို့ ရန်ကုန်အဝယ်တော်တချို့ ပဲစုဆောင်းဝယ်ယူမှု ရှိတဲ့အတွက် တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၁၀၀၀ ကျပ်သို့ တက်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန် နည်းပေမယ့် အရည်အသွေး အနည်းငယ်နိမ့်လို့ ဈေးအရနည်း သလို ရောင်းလက်ရှာတဲ့အတွက် တစ်ပတ်အတွင်း တင်း ၁၅၀၀ မှ ၂၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်မုံရွာ ပဲကြီးဈေးကွက်မှာတော့ လှောင် လက်တချို့ ထုတ်ရောင်းခဲ့ကြလို့ ဈေးအားဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ကနေ ၂၄၈၀၀ ကျပ်ထိ အနည်းငယ် ကျဆင်း သွားတာတွေ့ရပါတယ်။ နယ်အဝင်များတဲ့ရက်တွေမှာ တစ် ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်း လက်လီအရောင်းအနေနဲ့ တစ်ပတ်အတွင်း တင်း ၁၅၀၀ ခန့် သာ ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်
မုံရွာခရိုင် ၈ မြို့နယ်ရဲ့ မိုးသီးနှံပဲမျိုးစုံ စိုက်ဧက ၃ သိန်းခွဲနီးပါးရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုက ဧက ၂ သိန်းခွဲရှိတဲ့အတွက် စုစုပေါင်း ပဲစိုက်ဧကရဲ့ ၃ ပုံ ၂ ပုံခန့်ထိ ပမာဏများပြားခဲ့တာတွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက် ပဲမျိုးစုံသီးနှံမှာ ပဲတီစိမ်းသာ အဝင်များပြီး လက်ကျန်လည်းရှိတာကြောင့် အရောင်းအဝယ်ဖြစ်မှု ကောင်းနေပေမယ့် အခြားပဲမျိုးစုံ သီးနှံ များက ပဲအဝင်နည်းလာခဲ့သလို ဈေးကွက် အတွင်းမှာ လက် ကျန်နည်းခဲ့ပြီ ဖြစ်ပါတယ်။
ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ကမ္ဘာ့ရော်ဘာပစ္စည်းအများဆုံးထုတ်လုပ် တဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး မလေးရှားရော်ဘာလက်အိတ်ထုတ်လုပ်သူများအသင်း (Malaysia Rubber Glove Manufacturers Association - MARGMA) ဥက္ကဌ Lin Kwee Shyan ကတိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံဟာကမ္ဘာ့ရော်ဘာလက်အိတ် လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ထိပ်တန်း မှာ ရှိနေတဲ့ ရော်ဘာပစ္စည်းများ ထုတ်လုပ်တဲ့ မလေးရှားလက်အိတ်ကုမ္ပဏီတွေကတော့ Top Glove Corp: Bhd ၊ Supermax Corp: Bhd ၊ Kossan Rubber Industries Bhd နဲ့ Hartalega Holdings Bhd တို့ဖြစ်ကြပါတယ်။ လက်ရှိသဘာဝရော်ဘာဈေးများနည်းနေခြင်း ဟာ ရော်ဘာလက်အိတ်ထုတ်လုပ်သူများအား ၎င်းတို့ရဲ့ ထုတ်လုပ်မှုကိုမြင့်တက် စေပြီး ပိုမိုမြင့်မားနေတဲ့ ကမ္ဘာ့လိုအပ်ချက်ကိုဖြည့်ဆည်ပေးနိုင်မယ်လို့ဆိုပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းတွင် အများအပြား ထုတ်လုပ်နိုင်သူဟာ အောင်မြင်မှုကို ရရှိမှာဖြစ်ကြောင်း ဥပမာအားဖြင့် Top Glove ကော်ပိုရေးရှင်းဟာ မလေးရှားမှာစက်ရုံ ၁၆ ခု၊ ထိုင်းမှာ ၂ ခုနဲ့ တရုတ်မှာ ၂ ခု ပိုင်ဆိုင်မှုရှိပြီး နှစ်စဉ်လက်အိတ် ၃၈ ဘီလီယံကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒုတိယအများဆုံးထုတ်လုပ်တဲ့ Supermax ကော်ပိုရေးရှင်း ကတော စက်ရုံ ၁၁ ရုံထိ ပိုင်ဆိုင်ထားပြီးနှစ်စဉ်လက်အိတ် ၂၁ ဒသမ ၆ ဘီလီယံ ကျော် ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်သူအများစုဟာ ကိုယ်ပိုင်ရော်ဘာခြံများစိုက်ပျိုးထုတ်လုပ်ရန်စီစဉ်ထားပြီးဖြစ် ပါတယ်။ Top Glove Corp: ဟာ ကမ္ဘောဒီးယားမှာ ရော်ဘာများကို ဟက်တာ ၈၀၀၀ခန့် စိုက်ပျိုးသွားရန် စီမံချက် ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းရော်ဘာထုတ်လုပ်သူများအား လုပ်သားမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မလေးရှားရော်ဘာ လက်အိတ်ထုတ်လုပ်သူများအသင်းဥက္ကဌကပြောကြားခဲ့ပါတယ်။ အသစ်တည်ထောင်တဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှုပိုင်းမှာ အလုပ်သမားမလုံလောက်မှု အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း၊ သဘာဝဓာတ်ငွေ့ ပံ့ပိုးမှုဖြတ်တောက်ခြင်းနဲ့ အနိမ့်ဆုံး လုပ်သားခသတ်မှတ်ထားတဲ့မူဝါဒများဟာ ရော်ဘာထုတ်လုပ်မှုမှာ အခက်အခဲများ ဖြစ်စေသော်လည်း တရုတ်၊ အိန္ဒိယနဲ့ လက်တင်အမေရိကတို့မှာ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများကြောင့် ထိုနိုင်ငံများသို့ ရော်ဘာလက်အိတ်အများအပြား တင်ပို့နိုင်ခြေရှိတယ်လို့ MARGMA ကဆိုပါတယ်။Source: The Star.com,CMK
ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ MSR-20 ၁၄ တန်ခွဲကို မူဆယ်နယ်စပ်နဲ့ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ RSS-3 ၃၆၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ MSR-20 ၈ ဒသမ ၇၂ တန်အပို့ရှိခဲ့ပါတယ်။ နယ်စပ်မှ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၃၉၁ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၈၉ တန်ခန့် အပို့လျော့ခဲ့ပါတယ်။
ကြံနှင့်သကြားကော်မတီအဖွဲ့အစည်းမှ အတည်ပြုချက်အရ ၂၀၁၁-၂၀၁၂ ခုနှစ်စားသုံးရန်အတွက် ထားရှိသည့် သကြားခွဲတန်း quota အား တန်ချိန် ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၃ သန်းသို့လျှော့ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျန်ရှိသော သကြား ၃၅၂၀၀၀ တန်အား ၂၀၁၁-၂၀၁၂ သကြားတန်ချိန်နဲ့ ပေါင်း မှာဖြစ်လို့ စီးပွားရေး ပြန်လည်ထူထောင်နေချိန်၌ သကြားစားသုံးမှု လုံလောက်မယ် လို့ ယုံကြည်ကြောင်း၊ ကြံနဲ့ သကြားကော်မတီက ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာသုညဒသမ ၀၆၈ သန်း တန်ဖိုးရှိ သကြား ၁၁၃ တန်ကျော်ကိုဇူလိုင်၂၅ ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှတော့ ကန်ဒေါ် လာ သုညဒသမ ၀၅၂ သန်းတန်ဖိုးရှိ သကြားဖြူ ၈၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၀၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
ရှမ်းပြောင်းကတော့ ရာသီကုန်ချိန်နီးလေ ပိုတက်လာလေပါပဲ။ ပြောင်းသစ် ကတော့ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှသာ ဈေးကွက်ကို ပြန်ပြီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်က ပြောင်းလှိုင်လှိုင်ပေါ်ချိန်မှ ဝယ်သမား သိပ်မရှိပဲ အီလည်လည် သာရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၁၁၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၄၂၀ ကိုဇူလိုင်၂၅ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နယ်စပ်မှ အပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အပို့ရှိလာတာ ဖြစ်ပါ တယ်။