Main menu

Background

Sunday, 29 Jul 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း တန်ဖိုးရှိ ဂျုံစေ့ ၆၆၅ တန်ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၂၆၃ တန်ခန့်သာ တင်သွင်းခဲ့ရာ ယခုအပတ်မှာ ၄၀၂ တန် ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။     MIRT(DOBT)

Sunday, 29 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၃ သန်းတန်ဖိုးရှိ သကြားဖြူ ၃၂၂ တန်ခန့်နဲ့ကန်ဒေါ်လာသုညဒသမ ၀၂၈ သန်းတန်ဖိုးရှိ သကြားညို ၄၇ ဒသမ ၄၀၀ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သကြားဖြူ ၁၅၆ တန် အပို့ပိုခဲ့ သော်လည်း သကြားညို ၁၄၁ တန်ကျော် အပို့လျော့ခဲ့ပါတယ်။   MIRT(DOBT)

Sunday, 29 Jul 2012

    ဟင်္သာတပြောင်းဈေးကွက်ရှိ အစေ့ထုတ်ပြောင်းဈေးမှာ တဖြည်းဖြည်းမြင့်လာ သော်လည်း ပြောင်းဝင်ရောက်မှု နည်းပါးလာပါတယ်။ယခင်တစ်ပတ်ကအစေ့ထုတ် ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၈၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြု လုပ်ကြပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၉၃၀၀ ကျပ်ဈေးအထိ မြင့်တက်လာတာ တွေ့ရပါတယ်။

Sunday, 29 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၃၀၀ ကို ဇူလိုင်လ ၁၈ ရက် မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်တယ်လို့ သိရပါတယ်။

Sunday, 29 Jul 2012

    ယခုနှစ်မိုးနဲ့မျိုးကြောင့်ငရုတ်အထွက်နည်းခဲ့တယ်လို့ သိရ ပါတယ်။ မန္တလေးဈေးကွက်ကို ယခုကာလ မှာ ကျောက်ဆည်၊ မြစ်သားနယ်များမှ ဝင်ရောက်လေ့ရှိပါတယ်။ မန္တလေးမှ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် စတဲ့ ဒေသစုံကို တင်ပို့ လျက် ရှိပြီး၊ ယခုနောက်ပိုင်း လားရှိုးမှ အဝယ် ပိုလိုက်တယ်လို့ သိရပါတယ်။

Sunday, 29 Jul 2012

    ရှမ်းနနွင်းက ဒီတစ်ပတ်ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ အဝင်နည်းနေပေမယ့် လက်ကျန်တွေ အတော်များများ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Sunday, 29 Jul 2012

    ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်း ၁၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် တင်ပို့မှု ပျောက်နေတဲ့ နနွင်းကို ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ နနွင်းကို FOB  ဈေးကန်ဒေါ်လာ ၅၀၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။                                 MIRT (DOT)

Sunday, 29 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၂၈၃ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့ ၃၇ တန်နဲ့ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန် ဖိုးရှိ သီဟိုဠ်စေ့ ၁၄ တန်ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ ပါတယ်။ MIRT(DOBT)

Sunday, 29 Jul 2012

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၃၃ တန်နဲ့ မန်ကျည်းစေ့ ၇၇ တန် ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါ တယ်။MIRT(DOBT)

Sunday, 29 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံသို့ မန်ကျည်း တင်ပို့မှု ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်နေ့တာ ကာလအတွင်း ၂၁ တန်ကို တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်တန် တစ်ရာ့ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၄၅၀-၄၇၀ ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ တစ်တန်ကို FOB  ဈေးကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။                                                                                     MIRT (DOT)

Pages