Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၈ ရက်မှ ၁၄ ရက် တာကာလမှာ ကန်ဒေါ်လာ သုည ဒသမ ၆၆၇ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၃၆၉ တန် တင် ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေ ကတော့ နှမ်းနက် ၂၀၄ တန်နီးပါး၊ နှမ်း ဖြူ ၁၅၉ တန်ကျော်နဲ့ နှမ်းနီ ၅ တန်ခွဲ ဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ် လာ ၆၀၀၀ ဖိုးရှိ နှမ်းလှော် ၃ တန် တင်ပို့ခဲ့တာတွေ့ ရပါတယ်။ နှမ်းလှော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာလည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက် နိုင်ငံ မှာ နှမ်းလှော်ကို မုန့်ပဲသရေစာ ပြုလုပ်ရာမှာ အသုံးပြုကြတယ်လို့ သိရ ပါတယ်။ ယခင်အပတ်က နှမ်းရောင်စုံ တင်ပို့မှု တန် ၄၂၀ ကျော်ရှိခဲ့တာမို့ ယခု အပတ် ၅၁ တန် လျော့နည်းသွား ခဲ့ပါတယ်။ မိုးနည်း ရပ်ဝန်းဖြစ်တဲ့ စဉ့် ကိုင်မှာ ယခုနှစ်နွေနှမ်းစိုက် တောင်သူ များ စိုက်ထားတဲ့ နှမ်းအထွက်နှုန်း ကောင်းစေရန် မိုးလိုအပ်နေပြီး မိုး ခေါင်တာကြောင့် နှမ်းပင်ပေါက် ကျဲ ခြင်း၊ စုပ်ပိုးကျခြင်းတို့ကြောင့် ဆေးဖျန်း နေကြရတယ်လို့ သိရပါတယ်။ မူဆယ်-ရွှေလီနှမ်းပေါက်ဈေးတွေကို ကြည့်လျှင် ယခင်အပတ်ထက် ဈေးမြင့် နေတာ တွေ့ရပါတယ်။ ကုန် ပစ္စည်း ဟောင်း တွေကို လှောင်သမားတွေက ဈေး ကောင်းပေးပြီး ဝယ်နေတာမို့ ဈေးမြင့် နေရတာပါ -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၄၂၉၀၀၁ ၁၄၀၀၂၁၆ ၂၈၇၈၅ ၂ ၁၅၉၀ ၁၅၉၀ - -နှမ်းနက် ၁၅၇၅၈၄၄ ၁၅၄၄၁၀၁ ၃၁၇၄၃ ၂ ၁၇၅၃ ၁၇၅၃ - -မော်မော်အောင်၊MIRT (DCCA)
ရေတွက်ပုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်) (၁) ၆-၅-၂၀၁၃ ၈၄၅ (၂) ၇-၅-၂၀၁၃ ၈၅၀ (၃) ၈-၅-၂၀၁၃ ၈၅၅(၄) ၉-၅-၂၀၁၃ ၈၆၀(၅) ၁၀-၅-၂၀၁၃ ၈၆၀ Source: ဆီကုန်သည်များအသင်း
မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံ ဈေးကွက်မှာ ပြီးခဲ့တဲ့ ဆောင်းနှမ်းပေါ်စ ဇန်နဝါရီလကတည်း က ဈေးမာနေ တဲ့ နှမ်းမျိုးစုံဟာ မေလဆန်းဈေးကွက်ထိ ဆက်လက်ခိုင်မာမြင့်မားလျက်ရှိပါတယ်။ မေလ ပထမပတ်မှာ နှမ်းညို တစ်တင်း ၃၅၅၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၇၀၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း ၄၀၅၀၀ ကျပ် ထိ စံချိန်တင် အမြင့်ဆုံး ပေါက်ခဲ့ပါ တယ်။ တောင်သူပွဲစားနဲ့ ကုန်သည် လက်ဝယ်မှာနှမ်းလက်ကျန်မရှိသလောက် လျော့နည်းနေလို့ ဝယ်လိုအားရှိ သလောက် မရောင်းနိုင်သလို ဒေသခံ ဆီစက်သမားတွေလည်း ကုန်ကြမ်း အတွက် အဝယ်ခက်နေတယ်လို့ ဆိုပါ တယ်။ နှမ်းဖြူဈေးလည်း တစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ အမြင့်ဈေးမှာ တန့်နေပြီး၊ ပဲဆီဈေးက တစ်ပိဿာ ၃၄၅၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၁၅၄၀ ကျပ်မှာ ငြိမ်နေပါတယ်။မုံရွာခရိုင်အနီး တစ်ဝိုက် မှာ မေလဆန်းပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့ပေမယ့် လိုအပ်သလောက် မိုးရေမရလို့ ကျည်းတော ရွာတွေမှာ နှမ်း မစိုက်နိုင်သေးဘူးလို့ တောင်သူ ရပ် ကွက်က ဆိုပါတယ်။ ရေဝင်ပိုင်းဖြစ် တဲ့ အောက်တော ဒေသေ တွမှာတော့ ယခုအခါ မိုးကြိုနှမ်းတွေစိုက်ပြီး သွား ပြီလို့ သိရပါတယ်။ မြေအောက်ရေနဲ့ ကိုယ်ပိုင်တွင်းရှိတဲ့ ကျည်းတောတွေ မှာတော့ မိုးနှမ်းအချို့ စိုက်နိုင်ခဲ့ကြပြီး၊ နှမ်းနက်မျိုးစေ့တစ်တင်း ဟာ ၄၈၀၀၀ ကျပ်ထိ ရှိခဲ့တယ်လို့ နှမ်းတောင်သူ တွေ ထံမှ ကြားသိရပါတယ်။ နွေနှမ်းအနေနဲ့ မစိုက်ပျိုးမီရေ တစ်ကြိမ်သွင်းဖို့နဲ့ စိုက် ပြီးတစ်လခန့်အကြာမှာ ရေတစ်ကြိမ် သွင်းရုံနဲ့ သီးနှံအောင်မြင်နိုင်မှာဖြစ်သလို ယခုတောင်သူ အများစု စိုက်ပျိုးကြတဲ့ နှမ်းနက်ဟာ ဆင်းရတနာ - ၃ မျိုး ဖြစ်ပြီး၊ တစ်ပြည်နှစ်ပြည်ကြဲဆိုရင် ရေ သွင်းမှန်ပါက ၁၈ တင်းခန့်ထွက်လို့ စမ်း သပ်စိုက်ပျိုးသူ များပြားကြောင်း စိုက် ပျိုးရေးလောက က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ
၂၀၁၃ ဧပြီလ ပထမသီတင်းပတ်မှာ ၆၄၁ ဒသမ ၉၅ တန်၊ ဧပြီလ ၇ ရက်မှ ၁၃ ရက်အတွင်း ၃၂၉ ဒသမ ၇၇ တန်၊ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်အတွင်း ၅၂၉ ဒသမ ၉၉ တန်နဲ့ နောက်ဆုံးသီတင်းပတ်မှာ ၂၈၉ ဒသမ ၉၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နှမ်းတင်ပို့မှုက ဧပြီလ ပထမပတ်အတွင်းမှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလအတွင်း နှမ်းတင်ပို့မှု တန်ချိန် စုစုပေါင်းမှာ ၁၆၁၃ ဒသမ ၇၀ တန်ရှိခဲ့ပြီး မတ်လ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၃၈၉ ဒသမ ၀၇ တန်ရှိခဲ့တာကြောင့် ဧပြီလမှာ တန်ချိန် နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်း နှမ်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက စုစုပေါင်း ကန်ဒေါ်လာ သုံးဆယ်တစ်သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
မန်းဆီထွက်သီးနှံ ဈေးကွက်မှာ သြင်္ကန်မတိုင်မီက နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်မှ ၂၆၂၂ ကျပ်(၃ တင်း တစ်အိတ်) ၁၇၀၀၀၀ ကျပ်မှ ၁၁၈၀၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်မှ ၂၃၇၈ ကျပ်(၃ တင်းတစ်အိတ် ၁၀၆၀၀၀ ကျပ်မှ ၁၀၇၀၀၀ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ်(၃ တင်း တစ်အိတ် ၁၂၀၀၀၀ ကျပ်)၊ ဆီ နေကြာ တစ်ပိဿာ ၈၈၉ ကျပ်မှ ၉၂၆ ကျပ်(၃ တင်းတစ်အိတ် ၂၄၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်)၊ ပန်းနှမ်းတစ်ပိဿာ ၁၀၈၉ ကျပ်မှ ၁၁၁၁ ကျပ်(၃ တင်း တစ်အိတ် ၄၉၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်)၊ အညာဆီဆန် တစ်ပိဿာ ၁၆၅၀ ကျပ်မှ ၁၆၇၅ ကျပ်၊ ကျွန်းဆန် ၁၆၂၅ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်အပြီး ဧပြီ လနောက်ဆုံးပတ်မှာတော့ နှမ်းဖြူ တစ် ပိဿာ ၂၇၁၁ ကျပ်မှ ၂၈၄၄ ကျပ်(၃ တင်းတစ်အိတ် ၁၂၂၀၀၀ ကျပ်မှ ၁၂၈၀၀၀ ကျပ်)၊ နှမ်းညိုတစ်ပိဿာ ၂၄၀၀ ကျပ်မှ ၂၄၄၄ ကျပ်(၃ တင်း တစ်အိတ် ၁၀၈၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ် (၃ တင်းတစ်အိတ် ၁၂၀၀၀၀ ကျပ်)၊ အညာဆန် ၁၆၅၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ကျွန်းဆန် ၁၆၀၀ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ ဈေးမြင့်အရောင်းအဝယ် ဖြစ်လာတယ်လို့ ကုန်သည်များမှ ပြော ပါတယ်။
မန်းဆီဈေးကွက်အနေနဲ့ ဧပြီလ နောက်ဆုံးပတ်မှာ ပဲဆီတစ်ပိဿာ ၃၂၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ နှမ်းဆီ ၃၈၀၀ ကျပ်မှ ၄၂၀၀ ကျပ်၊ စားအုန်းဆီ ၁၅၃၅ ကျပ်မှ ၁၅၅၀ ကျပ်နဲ့ အတက် အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေတယ် လို့ဆီကုန်သည်များမှပြောပါတယ်။ပဲဖတ် တစ်ပိဿာ ၈၇၀ ကျပ်မှ ၈၉၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာ ၁၀၅၀ ကျပ် မှ ၁၁၀၀ကျပ်နဲ့ အရောင်းအဝယ် သွက် ကြောင်း၊ မန်းတိုင်း ဆီဈေးကွက်ကို တစ်ပတ်အတွင်း စားအုန်းဆီ တန် ၄၅၀ မှ ၅၀၀ ကြား ဆီပိဿာချိန် ၂၅၀၀၀၀ မှ ၃၀၀၀၀၀ ပုံမှန်အဝင်ရှိတယ်လို့ ဂိတ် ဖြတ်စာရင်းများအရ သိရပါတယ်။ မန်း နှမ်း မျိုးစုံဈေးကွက်မှာ ပစ္စည်းလက် ကျန်များ နည်းနေကြောင်း၊ နွေနှမ်းနက် များ အနေနဲ့ ဧပြီနောက်ဆုံးပတ် မိုး ကြောင့် အောင်မြင်ဖြစ်ထွန်းမှုအား ကောင်းပြီး၊ အထွက်စောပြီး ဈေးကွက် ဝင်ရောက်နိုင်တယ်လို့ နှမ်းကုန်သည် များမှ သုံးသပ်နေကြပါတယ်။နိုင်ထွန်း - မန္တလေး
မြန်မာ-တရုတ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်တာကာလ အတွင်း ကန် ဒေါ်လာ သုည ဒသမ ၆၈၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ တန် ၄၁၀ ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နှမ်း ရောင်စုံ တွေကတော့ နှမ်းနီတန် ၂၈၀ ခန့်၊ နှမ်းနက် ၈၉ တန်နဲ့ နှမ်းဖြူ ၄၂ တန်တို့ပဲဖြစ်ပါတယ်။ ယခင်အပတ်က နှမ်း နက် ၃၃ တန်ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၇၇ တန်ကျော်ပိုမိုလာပါတယ်။ ၂၀၁၃ ခုနှစ်ဧပြီလအတွင်း တင်ပို့ခဲ့တဲ့ နှမ်းတန်ချိန်ပေါင်း ၉၆၂ တန်ကျော်ရှိခဲ့ပါတယ်။ ယခုအပတ်မန္တလေး-မူဆယ်ကုန်စည် သယ်ယူခနှုန်းထားမှာ နှမ်း တစ်ပိသာကို သယ်ယူခ ၅၂ ကျပ်ဖြစ်၍ ယခင်အပတ်နဲ့နှိုင်းပါ က နှမ်းသယ်ယူ ခနှုန်းထားလျော့နည်းနေပါတယ်။ မူဆယ်-ရွှေလီနှစ်နိုင်ငံ နှမ်းပေါက်ဈေးတွေကိုကြည့်မယ်ဆိုလျှင် ယခင်အပတ်က ထက် ဈေးနိမ့်ကျနေတာတွေ့ရပါတယ် -
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ သြင်္ကန်နဲ့ မြန်မာနှစ်သစ်ကူးကာလ အလွန်ဧပြီလ၁၇ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်း တန်ဖိုးရှိတဲ့ နှမ်းနက် ၃၃ တန် ကျော် တစ်မျိုးတည်းသာ တင်ပို့ခဲ့တာတွေ့ ရပါတယ်။ ယခင်အပတ်ကနှမ်းနီ ၆၆ တန်၊ နှမ်းဖြူ ၂၅ တန်ကျော်နဲ့ နှမ်းနက် ၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ် မှာ နှမ်းတင်ပို့မှု ၆၁ တန်လျော့နည်း သွားပါတယ်။ နှမ်းကုန်တက် နည်းတဲ့ အတွက် နှစ်နိုင်ငံမြေပြင်ပေါက်ဈေး ကို ကြည့်လျှင် နှမ်းဖြူရောနှမ်းနက်ဈေးပါ ယခင်အပတ်ထက် ဈေးပိုမိုနေတာတွေ့ ရပါတယ် -
ပဲပုပ်စေ့ကို စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း ကလေးဒေသ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းစတဲ့ ချင်းတွင်း လိုင်း၊ ဂန့်ဂေါ၊ ယောစတဲ့ ယောဒေသနဲ့ မြင်းမူ၊ မြောင်နယ်တွေမှာ အများဆုံး စိုက်ပျိုးကြပြီး၊ ထွက်ရှိတဲ့ပဲပုပ် အများ စုဟာ မုံရွာကုန်စည်ဒိုင်မှာ အခြေပြုပြီး ပေါက်ဈေးအစုံစုံနဲ့ ရောင်းဝယ်လျက်ရှိ ကြ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေ ဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလ မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပဲပုပ်ဆီ ၁၅ တန် တင် သွင်းခဲ့ပါတယ်။ ယခင်အပတ်က ပဲပုပ် ဆီ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ချင်းရွှေ ဟော်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစပြီး ပဲပုတ်ဆီ ၅၆ တန်ကျော် စတင်တင် သွင်းခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်ထိ ၅၈၇ တန်ကျော် တင် သွင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပဲပုပ်ဆီကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ ဟင်းချက်ဆီအဖြစ် အသုံးပြုကြတာလို့ သိရပါတယ်။မော်မော်အောင်MIRT (DCCA)
ဇွန်လအတွက် ကြိုရောင်းကြိုဝယ်စာချုပ်ရဲ့ သတ်မှတ်ဈေးမှာ Malaysia Derivatives Exchange အဝယ်ဒိုင်မှာ မက်ထရစ်တစ်တန်ကို ၂၃၇၂ ရင်းဂစ် (ဒေါ်လာ ၇၇၀)ရှိခဲ့ပြီး ကွာလာလမ်ပူမှာ ဧပြီ ၂ ရက်က တစ်တန်ကို ၂၃၅၈ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေးဟာ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ ဈေးနှုန်းများဟာ ပထမသုံးလအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ကျဆင်းမှုအဆိုးဆုံးဖြစ်ခဲ့ပါတယ်။
"ကျွန်တော်တို့ရတဲ့ဈေးနှုန်းကတစ်တန်ကို ရင်းဂစ် ၂၃၄၀ ဆိုရင် ဒါက ထူးထူးခြားခြားအနိမ့်ဆုံးကျဆင်း တာပါ။ ဒီအဆင့်မှာ အောက်ဈေးနဲ့ ဝယ်တာ တွေများလာတတ်ပါတယ် " လို့ OSK Investment Bank မှ ဒုတိယ ဥက္ကဋ္ဌ ရန်းလောင်းက ကွာလာလမ်ပူမှ ပြောပါတယ်။ ယခုလထဲမှာ ထုတ်လုပ်မှုပြန် တက်မှာဖြစ်လို့ ဈေးအတက်ရပ် သွားနိုင်ပါတယ်။ ယခင်တစ်လအကြာကနဲ့နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံမှ တင်ပို့မှုဟာ ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကာ တန် ၁ ဒသမ ၃၆ သန်းထိ မြင့်တက်လာကြောင်း စစ်တမ်းကောက်ယူရေးအေဂျင်စီ Intertek က ဧပြီ ၁ ရက်ကပြောပါတယ်။ မေလအတွက် ပဲပုပ်ဆီတင်ပို့မှုဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ ချီကာကိုကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့မှ တစ်ပေါင်ကို ၄၉ ဒသမ ၉၅ ဆင့်ရှိခဲ့ပါတယ်။ ဒါလီယံကုန်စည်ဒိုင်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၆၁၇၀ ယွမ်(၉၉၅ ဒေါ်လာ)နှုန်းရှိခဲ့ ပါတယ်။ ပဲပုပ်ဆီဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၇၈၄၂ ယွမ်နှုန်းရှိခဲ့တယ်လို့ bloomberg.com မှာ ဖော်ပြထားပါတယ်။UNT
