Background
ယခုတစ်ပတ် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း တန်ချိန် ၅၈၀ ကျော်တင်ပို့ ခဲ့ပါတယ်။ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ေ တာင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ ယူအေအီးတို့ဖြစ်ပါတယ်။
ပြည်ပဲပုပ်ဈေးကွက် ဈေးငြိမ်နေ သလို အရောင်းအဝယ်မှာလည်း ငြိမ် နေပါတယ်။ လက်ကျန် ပဲဟောင်းများ သာ ရှိနေတာကြောင့် ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ငြိမ်နေခြင်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) မြို့နယ်အတွင်း ရှိ ပေါင်း တည်၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်များမှာ မိုးပဲပုပ်များစတင်စိုက်ပျိုးနေကာ ဧက ၁၀၀ ခန့်စိုက်ပျိုးပြီးဖြစ်သလို မိုးပဲပုပ် ထွက် ရှိပြီး ဈေးဖွင့်ချိန်မှာ ဈေးကောင်း ရရန်တောင်သူများမျှော်လင့်နေကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၉၅ သန်း တန်ဖိုးရှိ နှမ်းနက် ၃၁၇ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၈၁၉ သန်းတန်ဖိုးရှိ နှမ်းဖြူ ၆၃၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ နှမ်းနီ ၅ တန်လည်း တင်ပို့မှုရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၄ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ နှစ်ဖက် မြေပြင်နှမ်းဈေး များ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၃၄၀ ခန့်နဲ့ တင်ပို့မှုရှိနေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ကိုရီးယား၊ စင်ကာပူ၊ ကူဝိတ်နဲ့ ယူအေအီးတို့ကို တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁၃ ရက်နေ့အ ထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိတဲ့အတွက် ယခင်ဘဏ္ဍာနှစ် ကာလထက် နှစ်ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းက မြေပဲဆန် တင်ပို့မှု မရှိပေမဲ့ နယ်စပ်လမ်းကြောင်းမှ ပမာဏ အနည်း ငယ် တင်ပို့မှုရှိ တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မြေပဲဆန် စုစုပေါင်း တင်ပို့ပြီးစီးမှုမှာတန်ချိန် ၃၂၀၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရပါ တယ်။MIRT - MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၀၀၈ တန်ဝန်းကျင်အပို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အရောင်အလိုက်ယခုအပတ် တင်ပို့မှုတွေကတော့ နှမ်းနက် ၂၄၅ တန်ခန့်၊ နှမ်းဖြူ ၇၄၃ တန်ကျော်နဲ့ နှမ်းညို တန် ၂၀အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ် ကထက် နှမ်းရောင်စုံ တန် ၅၀ ဝန်း ကျင် အပို့ပိုခဲ့ပါတယ်။ ဇွန်လမှာ တန်ချိန် ၃၃၀၀ ကျော် အပို့ရှိပြီး ယမန်နှစ် ကာလတူထက် တန် ၂၅၅၀ ကျော်နဲ့ အနီးစပ်ဆုံးကာလ မေလတန် ၁၃၄၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်မှ ဆီထွက်သီးနှံဝယ်လိုအား များခဲ့ခြင်း၊ မြေပဲ လက်ကျန် နည်းပါးလာခြင်းတို့ကြောင့် တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေပြင်နှမ်းဈေးများ အနည်းငယ်ပိုမို ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ တဖြည်းဖြည်းလျော့ကျလာပေမဲ့ မြေပဲဆန်တင်ပို့မှုမှာတော့ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က နှမ်းတန်ချိန် ၄၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်(ဇူလိုင် ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့တန်ချိန် ၂၉၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ တောင် ကိုရီးယားနဲ့ ကူဝိတ်ကိုတင်ပို့တာဖြစ်ပြီး တောင်ကိုရီးယားကို တင်ပို့တဲ့ ပမာဏ များတာ တွေ့ရပါတယ်။ မြေပဲဆန်တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ တန်ချိန် တစ်ထောင်ကျော်တင်ပို့ခဲ့လို့ ယခင်တစ်ပတ်ထက် ပိုတင်လာတာ တွေ့ရပါတယ်။ ဆီထွက်သီးနှံ စုစုပေါင်း တင်ပို့မှုကို ကြည့်ရင် လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၆ ရက်အထိ နှမ်းတန်ချိန် ၁၄၀၀၀ နီးပါး၊ မြေပဲဆန်နှင့် မြေပဲအခွံပါ တန်ချိန် စုစုပေါင်း ၃၂၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၅၇၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆၆ သန်းကျော် ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ MIRT(MAPT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၁ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၂၀၅ တန်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၅ တန်ကျော် လျော့နည်း ခဲ့ပါတယ်။ ဇွန်လမှ ကန်ဒေါ်လာသုည ဒသမ ၆၃၃ သန်းဖိုးရှိ ပဲပုပ်စေ့ ၉၂၃ တန် တင်ပို့နိုင်ခဲ့ပြီး ဧပြီလမှဇွန်လထိ နယ်စပ် မှ ပဲပုပ်စေ့ ၂၁၁၅ တန်ခန့် တင်ပို့နိုင် ခဲ့ပါတယ်။MIRT(DOBT)
ယခုတစ်ပတ်တောင်ကြီးဈေးကွက်မှာ မြေပဲဈေးများ အနည်းငယ်တက်လာပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၅၅၀ ကျပ်မှယခုတစ်ပတ်မှာတစ်ပိဿာ ၁၆၀၀ ကျပ် - ၁၆၂၅ကျပ်နဲ့ ဈေးတက်လာပါတယ်။ လက်ကျန်လည်းနည်းသွားပြီး ရှမ်းပဲ ဖြစ် တဲ့ ကျေးသီးမိုင်းရှူးဘက်မှထွက်တဲ့ မြေပဲများသာ အဝင်ရှိပါတော့တယ်လို့ သိရပါတယ်။ ဒေသတွင်း ဆီစက်နဲ့ ဈေးကွက် ဝယ်လိုအားများလာတာကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ SYH
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၇၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၉ တန်ခန့်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၅၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နှမ်း ရောင်စုံတင်ပို့မှုတွေ ကတော့ကန်ဒေါ်လာ သုည ဒသမ ၁၉၆သန်းတန်ဖိုးရှိနှမ်းနက် ၁၃၅တန်၊ကန်ဒေါ်လာ သုည ဒသမ ၉၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ ၇၅၈ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၆၆ တန် အသီးသီးဖြစ်ပါတယ်။ ဇွန်လအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၁၆၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၈၁၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဧပြီမှ ဇွန်အထိ ဘဏ္ဍာနှစ်ပထမ ၃ လကာလမှာ နှမ်းတန်ချိန် ၂၃၂၄၆ တန်ဝန်းကျင် နယ်စပ်မှတင် ပို့ထားပြီးဖြစ်ပါတယ်။
ယခုနှစ်ဇွန်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၅၀၀ ခန့်သာရှိခဲ့ပါတယ်။ ယခုနှစ် မေအတွင်းမှာတော့တန်ချိန် ၂၅၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလတွေမှာ နှမ်းလက်ကျန် နည်းလာပြီဖြစ်လို့ပမာဏနည်းနည်းသာတင်ပို့မှုရှိရာယခုတစ်ပတ် (ဇွန် ၂၅-၂၉)ရက်အတွင်းမှာလည်း တန်ချိန် ၄၁၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကူဝိတ်၊ ယူအေအီး၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်ဇွန် ၂၉ ရက်အထိနှမ်းစုစုပေါင်းတင်ပို့ပြီးစီးမှုမှာတန်ချိန် ၁၂၄၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန် ချိန် ၆၁၀၀ ကျော်သာရှိကြောင်းသိရပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမြေပဲတင်ပို့မှုအနေနဲ့ မြေပဲအခွံပါ တန်ချိန် ၁၆၃ နဲ့ မြေပဲ ဆန်တန်ချိန် ၃၀၆၀၀ ကျော်စုစုပေါင်းတန်ချိန် ၃၀၈၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၄ သန်းကျော်ရရှိပြီးကြောင်း သိရပါ တယ်။ MIRT - MAPT
