Main menu

Background

Thursday, 7 Jun 2012

    ပြည်တွင်းမှာ နှမ်းလက်ကျန်များ လျော့နည်းလာပြီး လှောင်လက်တချို့မှာ သာ ကျန်ရှိတဲ့ နှမ်းကို ယခုတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့မှုပိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန်ချိန် ၃၀၀ ကျော်သာတင်ပို့ခဲ့ရာမှ မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်းမှာ တန်ချိန် ၉၀၀ ခန့်ထိ တင်ပို့မှု ပိုမိုလာခဲ့ပါတယ်။

Monday, 28 May 2012

    မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ပဲပုပ်စေ့  ၁၃၆ ဒသမ ၅၅၁ တန်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၆၄ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့် ရာမှာ မိမိဘက်ပေါက်ဈေးပိုမိုမြင့် တက်ခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေး ကျလျက် ရှိပါတယ် -

Monday, 28 May 2012

    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၄၁၄ သန်းတန်ဖိုးရှိ မြေပဲဆန် ၃၇၃၇ ဒသမ ၅၀၃ တန် တစ်ဖက် နိုင်ငံသို့ တင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၃၆၆၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၆၉ တန်နီးပါးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၈၇၆ တန် ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Monday, 28 May 2012

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄ သန်းတန်ဖိုးရှိ နှမ်းဖြူ ၃၃၈ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၅ တန်နီးပါး အပို့ပိုခဲ့ပါတယ်။ ယခုအပတ်နှမ်းရောင်စုံတင်ပို့မှု တွေကတော့ နှမ်းနက် ၁၄၅ တန်ခန့်နဲ့ နှမ်းဖြူ ၃၃၉ တန်ခန့်ရှိရာ ကန်ဒေါ်လာ သုည ဒသမ ၆၅၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၄၈၄ တန်နီးပါးအပို့ရှိခဲ့တာဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ မိမိဘက်နှမ်းဖြူ ဈေးမြင့် တက်နေသော်လည်း တစ်ဖက်နိုင်ငံရွှေလီဈေးကျလျက်ရှိတယ်လို့ သိရပါတယ် -

Monday, 28 May 2012

    ဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာပြီဖြစ်ပေမဲ့ ပြည်ပကို ဆက်လက်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ မေလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ လည်း တရုတ်၊ ကိုရီးယားနဲ့ စင်ကာပူကို တင်ပို့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကိုတော့ ယခင်တစ်ပတ်မှစပြီး တင်ပို့ခြင်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၁၈ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ခန့် ရှိပြီး ကန် ဒေါ်လာ ၈ သန်းနီးပါးရရှိထားပြီးဖြစ်ရာ ယခင်ဘဏ္ဍာနှစ်ကာလ တူတင်ပို့ခဲ့တဲ့တန်ချိန် ၃၂၀၀ ကျော်၊ ကန်ဒေါ်လာ ၅ သန်း ကျော်ဖိုးထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT

Monday, 21 May 2012

    တောင်ကြီးဈေးကွက်မှာ သြင်္ကန်ပြီးနောက်ပိုင်း ဆီထွက်သီးနှံဈေးများ နည်း နည်းလှုပ်လာပါတယ်။ သြင်္ကန်ရှေ့ပိုင်းကာလ ပန်းနှမ်းဈေးမှာ ၉၀၀ ကျပ်-၉၅၀ ကျပ်ကြားမှာဈေးငြိမ်နေခဲ့ပြီး သြင်္ကန်ပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဈေး တက်လာပြီး ဒီတစ်ပတ်မှာ ပန်းနှမ်းတစ်ပိဿာ ၁၀၀၀ ကျပ် ဈေးရှိခဲ့ပါတယ်။ ဆီစက်များကလည်း အဝယ်လိုက်တဲ့အတွက် အဆွဲများလာပါတယ်။

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာသုညဒသမ ၆၃၅ သန်းတန်ဖိုးရှိ နှမ်းနက် နဲ့ နှမ်းဖြူ တန် ၄၇၀ ကျော်ကို မူဆယ်နယ်စပ်မှ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၈ တန်ကျော်အပို့ပိုခဲ့ပါတယ်။ နှမ်းတင်ပို့နိုင် မှုတွေကတော့ နှမ်းနက် ၁၅၇ တန်ခန့်နဲ့ နှမ်းဖြူ ၃၁၄ တန်ကျော် ဖြစ်ပါတယ်။

Monday, 21 May 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၂၃၀ ကျော် ကို လျော့ကျတင်ပို့ခဲ့ရာမှ မေလ ၇ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန် ၆၃၀ ထိပြန်တက်လာခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာလည်း စင်ကာပူ၊ မလေးရှားနဲ့ ကိုရီးယားကို တင်ပို့တာ တွေ့ရပါတယ်။

Monday, 21 May 2012

    ဧပြီ ၉ ရက်မှ  ၁၅ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၇၃ တန် ခန့်ကို မူဆယ်နယ်စပ်မှ  အပို့ရှိခဲ့ပါ တယ်။ ယခင်အပတ် တင်ပို့မှုနဲ့ ပမာ ဏ သိပ်မကွာလှပါ။  ပဲပုပ်စေ့မြေပြင် ဈေးများ နှစ်ဖက်လုံး မှာ  ပြောင်းလဲမှု မရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ယခုအပတ် မိမိမြေပြင်ဈေးမှာ ကျပ် ၅၂၀၇၀၀ နဲ့ တစ်ဖက်နိုင်ငံဈေး ၆၆၇ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။MIRT(DOBT)

Thursday, 17 May 2012

    မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၇၁၃ သန်းတန်ဖိုးရှိ နှမ်းနက် ၂၇၁ တန်ကျော်နဲ့ နှမ်းဖြူ တန် ၁၅၀ ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန်ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာလည်း ယခင်အပတ်နည်းတူ နှမ်းဖြူအခွံချွတ်တင်ပို့ နိုင်တာ မတွေ့ရပါဘူး။ နှစ်ဖက်မြေပြင်ပေါက်ဈေးများပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။

Pages