Main menu

Background

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၁၄ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၁၁၁၅ တန် ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၀၀ ကျော်တင်ပို့မှုပိုမို ခဲ့ပါတယ်။ နှမ်းအရောင်အလိုက်တင်ပို့နိုင်မှုတွေကတော့ နှမ်းနက် ၂၂၆ တန်ကျော်၊ နှမ်းဖြူ ၇၅၈ တန်ကျော်နဲ့ နှမ်းဖြူအခွံချွတ် ၁၃၁ တန်ကျော်အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းမြေပြင်ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -

Sunday, 1 Jul 2012

    နှမ်းပြည်ပတင်ပို့မှုမှာ ပမာဏနည်းပေမဲ့ ပုံမှန်တင်ပို့မှုတော့ ရှိနေပါသေးတယ်။ ယခုတစ်ပတ်မှာလည်း တန် ၅၆၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ကူဝိတ်တို့ကိုဖြစ်ပါတယ်။  နှမ်းအသစ်မထွက်မီ လက်ကျန် နှမ်းများ တင်ပို့နေရတာဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း ပမာဏအနည်းငယ် သာ တင်ပို့နိုင်ဖွယ်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၂၂ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၁၀၀၀ နီးပါးရှိပြီး ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းခန့် ရှိလို့ယခင်နှစ်ကာလတူတင်ပို့နှုန်း တန်ချိန် ၅၅၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ် လာ ၉ သန်းနီးပါးထက် ပမာဏရော ဝင်ငွေပါပိုမိုတာ တွေ့ရပါတယ်။MIRT - MAPT

Sunday, 24 Jun 2012

        ပြည်ဈေးကွက် ပဲပုပ်မှာ တခြား တိုင်းမှ အဝင်မရှိသလို တခြားတိုင်း ကို လည်း တင်ပို့မှုမရှိဘဲ ပြည်ဈေးကွက် အတွင်းသာ မြို့နယ်တွင်းရှိ လက်လီ ဝယ်ယူသူများနဲ့ အရောင်းအဝယ်ဖြစ် နေတာကို တွေ့ရပါတယ်။ လက်လီ ဝယ်ယူသူများမှာ အများအားဖြင့် ပဲပြားလုပ်ငန်းများမှဖြစ်ပြီး၊ တစ်နေ့ကို ၄ အိတ်မှ ၆ အိတ်အထိ အဝယ်ရှိတယ် လို့ သိရပါတယ်။ ဒါ့အပြင် တခြား လက်လီဝယ်ယူသူများလည်း ရှိနေတာ ကြောင့် ပြည်ဈေးကွက်မှာ တစ်နေ့ကို ပဲပုပ် ၁၀ အိတ် ဝန်းကျင်ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခု တစ်ပတ်  ပဲပုပ်ဈေးမှာ  တစ်တင်း ၁၆၀ဝ၀ ကျပ်ဈေး ရှိတယ်လို့ သိရပါ တယ်။                      ဆုမွန်ဆွေ

Sunday, 24 Jun 2012

        ယခုချိန် မိုးနှမ်းများ စိုက်ပျိုးချိန်ဖြစ်လို့ ပြည်ဈေးကွက်မှ နှမ်းများ တခြားတိုင်းကို အထွက်မရှိသော်လည်း မြို့တွင်း လှောင်နှမ်းများကို ဆီစက်သမားများက ဆီကြိတ်ဖို့ အဝယ်ရှိ သဖြင့် ဈေးနည်းငယ်မြင့်လာတာ တွေ့ရပါတယ်။ နှမ်းများ စိုက်ပျိုးချိန်ဖြစ်လို့ နှမ်းရှားချိန် နှမ်းဈေးမြင့်လာတာတွေ့ရပါ တယ်။ နှမ်းဈေးမြင့်သလို ဆီဈေးမှာလည်း အလိုလိုမြင့်လာ တာ တွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၇၈၀ဝ၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၈၅၀ဝ၀ ကျပ်ဈေးနဲ့ တစ်နေ့ အိတ် ၃၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်တာ တွေ့ရ ပါတယ်။ နှမ်းဆီတစ်ပိဿာ ၃၃၈၀ ကျပ်ဈေးနဲ့ ဈေးမြင့်လာ တာတွေ့ရပါတယ်။ ဝေဝေမင်း

Sunday, 24 Jun 2012

        မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၉၃၄ သန်းတန်ဖိုးရှိ နှမ်းနက် ၁၃၃ ဒသမ ၄၀ဝ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၄၁၅၅ သန်းတန်ဖိုးရှိ နှမ်းဖြူ ၃၁၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ဝ၇၈ သန်း တန်ဖိုး ရှိ နှမ်းဖြူအခွံချွတ် ၅၂ တန်ကျော်ကို ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတေ့ ပမာဏနည်းနည်းနဲ့ မှန်မှန်သွားနေပါတယ်။ ယခင်တစ်ပတ်က တန် ၅၅၀ တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်းမှာလည်း နှမ်းတန်ချိန် ၅၄၅ တန် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဒီတစ်ပတ် တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။

Sunday, 24 Jun 2012

    ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ တန် ၁၃၀ ခန့်ကို မေလ ၃၀ ရက်မှဇွန်လ ၅ ရက် အတွင်း မှာ မူဆယ်နဲ့ မြဝတီနယ်စပ်များမှ အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ တန် ၈၀ နီးပါးနဲ့ မြဝတီမှ တန် ၅၀ တင်ပို့ ခဲ့တာ ဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ် က ၄၃ တန် အပို့ရှိခဲ့တဲ့အတွက် ယခု အပတ်မှာ ၃၇ တန် ပိုမို တင်ပို့နိုင်ခဲ့ပြီး မြဝတီ နယ်စပ်ကလည်း ယခင်အပတ် မှာ ပဲပုပ် အပို့မရှိသော်လည်း ယခု အပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါ တယ်။ တစ်ဘက်နိုင်ငံပေါက်ဈေးမှာ ၁ တန်ကို ၆၆၆ ဒေါ်လာဖြစ်ပြီး ပြောင်း လဲမှုမရှိခဲ့ပါဘူး။ မိမိဘက် မြေပြင်ဈေး မှာ ၅၄၁၈၀၀ ကျပ်ဖြစ်ပြီး ယခင်အပတ် ကထက် ၄၂၀၀ ကျပ် လျော့နည်းခဲ့ပါ တယ်။              MIRT(DOBT)

Sunday, 24 Jun 2012

        ၂၀၁၀-၁၁ ခုနှစ်က ပခုက္ကူမှာ မိုးမြေပဲ ၄၀၁၃ ဧက စိုက်ခဲ့ပြီး၊ ၄၀ ဒသမ ၀၇ တင်းနှုန်းထွက်ခဲ့ရာက ၂၀၁၁-၁၂ မှာ မိုးရာသီက အခြေအနေပေးလို့ ၄၈၅၇ ဧကစိုက်ပြီး၊ ၄၆ ဒသမ ၅၆ တင်းနှုန်းထိ တိုးထွက်ခဲ့ပါတယ်။ ဆောင်းမြေပဲကတော့ ၂၀၁၀-၁၁ မှာ ၉၀၅၈ ဧက စိုက်ခဲ့ရာ ၆၈ ဒသမ ၇၅ တင်း ထွက်ပေမယ့် ၂၀၁၁-၁၂ မှာ ၁၁၉၀၅ ဧကထိ  တိုးစိုက်ပေမယ့် ဥ၂ြ မုန်တိုင်းကြောင့် ၆၅ ဒသမ ၃၀ တင်းသာ ထွက်ခဲ့ပါတယ်။

Sunday, 24 Jun 2012

        ကန်ဒေါ်လာ သုည ဒသမ ၄၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၃၇ တန်ခန့်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်မှ အပို့ရှိခဲ့ပါတယ်။ နှမ်းရောင်စုံအလိုက်တင်ပို့မှုတွေကတော့ နှမ်းနက်  ၁၁၅ တန်၊ နှမ်းဖြူ ၂၀၉ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းရောင်စုံတင်ပို့မှုတန် ၉၀ ကျော် လျော့နည်းခဲ့တယ်လို့သိရပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမှာပါ နှမ်းဈေး များမြင့်တက်လျက်ရှိပါတယ် -

Sunday, 24 Jun 2012

    ပြည်တွင်းနှမ်းလက်ကျန်များ ပင်လယ်ရေကြောင်းက တင်ပို့မှု ဆက်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၀၀ တင်ပို့မှု ရှိခဲ့ပြီး ယခုတစ်ပတ် မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ နှမ်းစုစုပေါင်း တန်ချိန်  ၅၅၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်ကို တင်ပို့မှုမရှိဘဲ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Pages