Background
စားအုန်းဆီဈေးနှုန်းများက သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ရာမှ ပို့ကုန်အလားအလာ ကျဆင်းမှုနှင့် ဈေးရနေချိန်ကို အခွင့်ကောင်းယူကာ ပြန်လည်ရောင်းချလာသဖြင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၁ ရက် မှာ ပထမအကြိမ်အဖြစ် ပြန်လည်ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်(Bursa Malaysia Derivatives Exchange)၌ ဒီဇင်ဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက စက်တင်ဘာ ၂၁ရက် ဈေးပိတ်ချိန် တွင် တစ်တန်ကို ၂၆၇၅ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၄၇)နှုန်းရှိခဲ့ရာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရင်းဂစ်တန်ဖိုးကျဆင်းမှုနဲ့ ဩဂုတ်လအကုန် စတော့ လက်ကျန်က ခြောက်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမှု တွေက စားအုန်းဆီဈေးနှုန်း မြင့်တက်ဖို့ အထောက်အကူ ဖြ စ်ခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအား ကျဆင်းတဲ့အတွက် စက်တင်ဘာ ၁၄ရက်မှာ မလေးရှားစားအုန်းဆီ ကြိုရောင်း ဈေးနှုန်းက ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ကြောင်း စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ စက်တင်ဘာ ၁၄ ရက် ဈေးပိတ် ချိန်က နိုဝင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၆၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၂) နှုန်း ရှိခဲ့ပါတယ်။ အနိမ့်ဆုံး ေ
စားအုန်းဆီရောင်းလိုအား ကျဆင်းမှုက ဈေးကွက်ကို အထောက်အကူဖြစ်စေတဲ့အတွက် သြဂုတ် ၁၇ ရက်က မလေးရှား စားအုန်းဆီကြိုရောင်းဈေးက လေးရာခိုင်နှုန်းမြင့် တက်ကာ ၁၀ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ စားအုန်းဆီရောင်းဝယ်ရာမှာ အသုံးပြုတဲ့ ငွေကြေးဖြစ် တဲ့ ရင်းဂစ်တန်ဖိုးမြင့်တက်မှုကြောင့် နိုင်ငံခြား ငွေကြေးကို အသုံးပြု ဝယ်ယူသူတွေအတွက် စားအုန်းဆီကို ဝယ်ယူတဲ့ အခါ ငွေကြေးပိုမိုစိုက် ထုတ်နေတာ ကို ေ တွ့ရပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Verivatives Exchange) မှာ အောက်တိုဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ၂၆၄၃ ရင်းဂစ် (အမေရိ ကန် ဒေါ်လာ
မလေးရှားနိုင်ငံမှာ ဇီဝလောင် စာဆီကို အသုံးပြုဖို့သတ်မှတ်ချက်မြှင့် တင်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်ကြောင့် ရင်းနှီး မြှုပ်နံှသူတွေက စားအုန်းဆီဈေးမြင့် တက်လာမယ်လို့ ယုံကြည်မှုရှိေ နချိန်မှာ ရင်းဂစ်တန်ဖိုးကလည်း ကျဆင်းလာ တဲ့အတွက် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁ ရက် နေ့မှာ ရက်သတ္တပတ်သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (Bursa Mala ysia Derivatives Ex- change) မှာ သြဂုတ်အတွက် ကြိုတင် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး မွန်းတည့် ချိန်မှာ တစ်တန်ကို ၂၆၃၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇)
မေတတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ကို မြောင်၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်နဲ့ချင်းတွင်းမြစ် အနောက် ဘက်ဒေသတွေ က နယ်စုံအဝင်သွက်လာခဲ့သလို ဝယ်လက်လည်း စုံတဲ့အတွက် အရောင်းအဝယ် သွက်ကာ ဈေးမာလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၂၆၇၅၊ လုံးဆန်နီတစ်ပိသာ ကျပ် ၂၅၅၀ နဲ့ ဆီဆန် တစ်ပိသာ ကျပ် ၂၁၀၀ အသီးသီးပေါက်ဈေးမာနေပြီး၊ မြေပဲဆန်ဖြူနဲ့ အနီ နှစ်မျိုးပေါင်း တစ်ရက် ပိဿသာ တစ်သောင်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းမျိုးစုံဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ ပို့ကုန်အတွက် အဝယ်ပါးသလို ဆီစက်သမားတွေ ကုန်ချောအရောင်းထိုင်း လို့ကုန်ကြမ်း အဝယ်ပါးခဲ့တဲ့အတွက် ကျဈေးဖြစ်ပေါ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၃၈၅၀၁၄ တန်ဖိုးရှိ ငါးစုံလေးခြောက် ၄၆၀၉၀၂ ကီလို၊ ငါးနီတူခြောက် ၉၀၀၀၀ ကီ လိုနဲ့ ငါးကုန်းညိုခြောက်ကီလို ၈၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ယခင်လထက် ငါးခြောက် ၅၉၉၉၈ ဒေါ်လာဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ ပို့ကုန်များမှာ မိုးတွင်းကာလတွင် ရေငန်ပုစွန်အများဆုံး တင်ပို့သော်လည်း ဆောင်းတွင်းနဲ့နွေရာသီတွင်ငါးခြောက်မျိုးစုံကိုသာ ပိုမိုတင်ပို့လျက်ရှိတယ်လို့ မောင်တောနယ်စပ် ငါးခြောက်ကုန်သည်များထံမှ သိရ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဝယ်လက်ပျောက်၍ ဈေးအေးနေပါတယ်။ နှမ်းနဲ့ မြေပဲဆန်ဈေးမှာ အဝယ်သိပ်မရှိသဖြင့် ဈေးကျ နေတာတွေ့ရပါတယ်။ နှမ်းအဝင်မှာ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် သာရှိ ပြီး ဆီစက်သမားများသာ အနည်းငယ်အဝယ်ရှိပါတယ်။ မြေပဲဆန်မှာလည်း တစ်နေ့ကို အိတ် ၅၀၀ သာအဝယ်ရှိကာ လုံးဆန်ကို မကွေးနဲ့ မန္တလေးဝယ်လက် များက အဝယ်ရှိသော်လည်း ဈေးမတက်ဘဲ အရောင်းအဝယ်အနည်း ငယ် သာ ဖြစ်ပါတယ်။ ဝယ်လက်အဝယ်ပျောက်နေလို့ ပြည်ဈေးကွက်မှာ ယခုအပတ်၌ ဆီထွက်သီးနှံဈေးကျလာပါတယ်။ နှမ်းဈေးမှာ နှမ်းနီတစ်တင်း ၃၁၆၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၁၆၀၀ ကျပ်နဲ့ စမုံနှမ်းနက် တစ်တင်း ၆၃၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးလျော့သလို မြေပဲဆန်ဈေးမှာလည
မုံရွာကုန်စည်ဒိုင်ဆီဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တစ် ပိဿာ ၄၇၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရာက ဒိုင်မှာမြေပဲဆန် လှိုင်လှိုင် ဝင်ခဲ့လို့ ပဲဆီဈေးလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ နိုဝင်ဘာ ပထမပတ် ထဲ တစ်ပိဿာ ၄၄၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်အသီးသီးမှာ နှမ်းအထွက် ပုံမှန်သာရှိပြီး ဒိုင်ကို ပုံမှန်အဝင်ရှိတဲ့ နှမ်းဈေးတည်ငြိမ်မှုကြောင့် နှမ်းဆီက လည်း တစ်ပိဿာ ၃၉၀၀ ကျပ်မှာ ဈေး တန့်နေတာ တွေ့ရပါတယ်။ ဒိုင်ပြင်ပ လက်လီဈေးကွက်မှာတော့ ပဲဆီသန့် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် နဲ့ နှမ်းဆီသန့် တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေကြာဆီ ကတော့ မနှစ်က ဆီထွက်သီးနှံပေါ်ချိန
မလေးရှားပို့ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိန်းဂဏန်း တွေက မူလခန့်မှန်းချက်ထက်ပိုမိုကျဆင်းခြင်းနဲ့ မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုကို အခွင့်ကောင်းယူပြီး စားအုန်းဆီကို ကုန်သည်တို့က ပြန်လည်ရောင်းချခြင်းစတဲ့ အခြေအနေများကြောင့် မလေးရှားစားအုန်းဆီကြိုရောင်းဈေးက စက်တင်ဘာ ၃၀ရက်မှာ ဆက်လက်ကျဆင်းလာတာကို တွေ့ရကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) ရဲ့ ဈေးပိတ်ချိန်မှာ ဒီဇင်ဘာလအတွက် ကြိုတင်ချုပ်ဆိုတဲ့စာချုပ်ဈေးက ၃ ဒသမ ၁ ရာခိုင် နှုန်းကျဆင်းပြီး တစ်စည်ကို ၂၃၇၄ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၅၄၀) နှုန်းထိရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၉ ရ
မလေးရှားနိုင်ငံရဲ့ ပို့ကုန်ကိန်းဂဏန်းတွေ ယခုရက်သတ္တပတ်အကုန်မှာ ထုတ်ပြန်ကြေညာမှာဖြစ်လို့ ပို့ကုန်အခြေအနေကို မသိရသေးပါဘူး။ ဒါပေမယ့် ရေနံစိမ်းနဲ့ အခြားပြိုင်ဘက် စားသုံးဆီဈေးတွေ ကျဆင်းနေတဲ့အတွက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ် စာချုပ်ဈေးကလည်း သြဂုတ် ၁၉ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် စာချုပ် တဲ့ စားအုန်းဆီရဲ့ အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို မလေးရှားရင်းဂစ် ၂၀၃၄ (အမေရိကန်ဒေါ်လာ ၄၉၅ ဒသမ ၈၆) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း စားအုန်းဆီဈေးက တစ်တန်ကို ၂၀၂၄ ရင်းဂစ်အထိ