Main menu

Background

Monday, 17 Oct 2011

                     ပြည်ဈေးကွက်တွင် ပဲပုပ်မှာ ယခင် တစ်ပတ်က လက်ကားထက် လက်လီ ဝယ်ယူသူ ပဲပြားလုပ်ငန်း လုပ်သူများ သာ အဝယ်များပြီး ပိဿာ ၂၀ တစ်တင်းကို ၁၇၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက် သို့ ပဲပုပ် အဝင်နည်းလာတာကြောင့် ပဲပုပ်ဈေးရှိ သော်လည်း ဈေးကွက်တွင်း ပစ္စည်းပြတ် နေသလောက် ဖြစ်နေပြီး၊ ယခုတစ်ပတ် မှာတော့အရောင်းအဝယ်အေးခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ဈေးမှာ ယခုနှစ်ဈေး အတိုင်း ယခင် နှစ် အောက်တိုဘာလ ကလည်း တစ်တင်းကို ၁၇၀၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 17 Oct 2011

                   မုံရွာကုန်စည်ဒိုင်အောက်တိုဘာ ဒုတိယပတ် ဆီထွက် သီးနှံ ဈေးကွက်မှာ နယ်စုံက မြေပဲတွေ အသစ်ပေါ်ခဲ့ ပေမယ့် ဒိုင်ကို ယခင်နှစ်ကထက် အဝင်လျော့ခဲ့ပြီး နယ်နဲ့ ဒေသအသုံး အတွက် ဝယ်လက်အားကောင်းလို့ ယခုပတ်မှာဈေးမော့ လာတာတွေ့ရပါတယ်။ ဘုတလင်နယ်ဘက်က မြေပဲအသစ် အဝင်ပါးသွားပြီး မြင်းမူ၊ မြောင်နယ်နဲ့ ချောင်းဦးဘက်က မြေပဲ အသစ်တွေ ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆံအသစ်ဟာ တစ်တင်း၂၈၀၀၀ကျပ်ထိဈေးမြောက် ခဲ့ပြီး၊မြေပဲလုံးဆံ အဟောင်းကတော့ တစ်တင်း ၂၉၀၀၀ ကျပ် မှာတန့်နေပါတယ်။ယခုတစ်ပတ်အတွင်း မြေပဲ စီးဆင်းမှု အနေ နဲ့ မန္တလေးကို တင်း ၉၀၀ခန့်နဲ့ ပခုက္ကူကို တင်း ၁၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Monday, 17 Oct 2011

                 ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၂၃ သန်းခန့်တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၇၆၀၀ တန်အပို့ရှိခဲ့ပြီး အနီးစပ် ဆုံးကာလထက် ၇၄၇၈ တန်ခန့်နဲ့ ယမန်နှစ်ကာလတူထက် ၉၄၁၅ တန်ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ ကန်ဒေါ်လာ ၄၁ သန်းကျော်တန်ဖိုးရှိ နှမ်းမျိုးစုံ ၂၂၂၁၇ တန်ကျော် အပို့ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၉၃၁၁တန်၊ တန်ဖိုး ၁၁ သန်းကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုရာသီဟာ တစ်ဖက်နိုင်ငံမှာ ပွဲတော်ကာလများဖြစ်တဲ့အတွက် မုန့်လုပ်ရာမှာ အသုံးပြုတဲ့နှမ်းများ ဝယ်လိုအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအား ရှိတဲ့ကာလဖြစ်လို့ အမြတ်နည်းနည်းနဲ့ ပမာဏများများ ရောင်းချနေတာတွေ့ရပါတယ်။ စက်တင်ဘာလ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ(လတ်) တစ်တန်ကို ၉၂၅၃၉၆ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန်လျှင် ၉၆၆၂၂၃ မှ ၁၀၀၇၀၄၉ ကျပ်၊ နှမ်းနက် (ကောင်း)တစ်တန်လျှင် ၁၀၈၈၇၀၂ ကျပ် ထိရှိပြီး တစ်ဖက်နိုင်ငံ ရွှေလီဈေးမှာ နှမ်းဖြူတစ်တန် ၇၈၀၀ မှ ၈၇၀၀ ယွမ်နဲ့ နှမ်းနက်တစ်တန် ၉၀၀၀ မှ ၉၄၀၀ ယွမ်အသီးသီး ရှိပါတယ်။ Source: နကသ၊MIRT (DOBT)

Monday, 17 Oct 2011

                   ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၈၀၀ ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀ ခန့် ကို ပြန်လည် တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး တင်ပို့မှု ပမာဏများတာတော့ ဂျပန်ကိုပဲ ဖြစ်ပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အောက်တိုဘာလ ၇ ရက်နေ့အထိ ပြည်ပကို စုစုပေါင်း နှမ်းတင်ပို့မှုဟာ တန်ချိန် ၄၉၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၇၀၀၀ ခန့်ရှိလို့ တန်ချိန် ၁၂၀၀၀ ခန့် ပိုတင်ပို့လာတာ တွေ့ရပါတယ်။ နှမ်းများကို နှမ်းနီ၊ နှမ်းညိုများကိုပါ တင်ပို့ခွင့်ပြုလိုက်သလို ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးမှာလည်း ငြိမ်သလောက် ရှိနေတာကြောင့် နှမ်းတင်ပို့မှု တိုးတက်လာခြင်းဖြစ်ပါတယ်။ ရန်ကုန်  FOBဈေးအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 10 Oct 2011

                  ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ယခုအပတ်တွင် မိုးအဆက်မပြတ် ရွာလို့ အရောင်းအဝယ်မဖြစ်ဘဲ ဈေး အေးနေပါတယ်။ မြို့ခံဆီစက်သမား များမှတစ်နေ့အိတ် ၅၀၀ခန့်သာ အဝယ် ရှိသဖြင့် မြေပဲဆံဈေးမှာ အနည်း ငယ် ကျလာတွေ့ရပါတယ်။ ယခင်နှစ်က ခုလိုအချိန်တွင် မြေပဲဆံတစ်ပိဿာ ၁၇၀၀ ကျပ် ဈေးထိရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၂၅၀ ထိ ဈေးကျလာတာ တွေ့ရပါတယ်။ လုံးဆံကို ပဲလှော်သမား များက အဝယ်ရှိလို့ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပါတယ်။ မြေပဲဆံများကို အောင်လံဘက်မှ အောက်တိုဘာလ ဆန်းမှ ခုချိန်ထိ ၁၂၀၀ ခန့်စီးဝင်လာပြီး၊ ရန်ကုန်သို့ အိတ် ၇၀၀ ခန့်စီးထွက်တယ် လို့သိရပါတယ်။ ဝေေ၀မင်း

Monday, 10 Oct 2011

                 ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ မြောင်နယ်၊ ချောင်းဦးနဲ့ဘုတလင်နယ်ဘက်က မိုးမြေပဲသစ်တွေ ပေါ်ပြီး မုံရွာဈေးကွက်ထဲ အနည်းအကျဉ်းဝင်ရောက်လာခဲ့ပါတယ်။ ဈေးကွက်မှာတော့ မြေပဲလုံးဆံအဟောင်း တစ်တင်း ၂၈၅၀၀ ကျပ်မှာငြိမ်နေပြီး အသစ်ကတော့ တစ်တင်း ၂၆၀၀၀ ကျပ်ဈေးဖွင့်လာပါတယ်။ ယခုတစ်ပတ် ရာသီဥတုအခြေအနေအရ မိုးအဆက်မပြတ်ရွာနေလို့ နှမ်းဈေးလည်းအေးခဲ့ရာ နှမ်းညိုတစ်တင်း ၁၉၃၀၀ ကျပ်၊ နှမ်းဝါ၊ နှမ်းနီတစ်တင်း ၂၀၂၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးပေါက်ခဲ့ကြပါတယ်။ မြေပဲနဲ့နှမ်း ဈေးအေးခဲ့လို့ ယခုတစ်ပတ်မှာ ဆီဈေး လည်းအေးခဲ့ရာ ပဲဆီတစ်ပိဿာ ၃၀၅၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၅၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၈၀၀ ကျပ် အသီးသီးအနိမ့်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက်သီးနှံစီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို မြေပဲတင်း ၅၀၀၊ ပခုက္ကူကို တင်း ၁၀၀၀၊ ရန်ကုန်ကို တင်း ၃၀၀ စီးထွက်ခဲ့ပြီး နှမ်းစီးဆင်းမှု အနေနဲ့ တစ်ပတ်အတွင်း တင်း ၁၆၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Monday, 10 Oct 2011

                စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၆၀၉ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်း တန်ဖိုးရှိ နှမ်းနက် ၁၇၁၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၅၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နှမ်း ၁၆၃၇၃ တန်ကျော်နဲ့ ဧပြီလမှ စက်တင်ဘာလထိ တန်ချိန် ၃၀၈၉၈ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်မြင့် တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ ကျလျက်ရှိပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                ယခင်      ပြောင်းလဲမှု  %        ယခု            ယခင်  ပြောင်းလဲမှု        %နှမ်းဖြူ       ၉၈၅၀၀၀       ၈၈၆၆၉၆     ၉၈၃၀၄       ၁၁       ၁၃၁၈      ၁၃၃၁          ၁၃               ၁နှမ်းနက်     ၁၀၉၀၀၀၀     ၁၀၇၅၈၅၁   ၁၄၁၄၉       ၁         ၁၄၁၁      ၁၄၅၆         ၄၅               ၃MIRT-MAPT

Monday, 10 Oct 2011

                  ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅၀ ကျော်ထိ တိုးတက်ခဲ့ရာမှ စက်တင်ဘာလကုန်နောက်ဆုံးပတ်မှာ တန်ချိန် ၈၀၀ ကို ပြန်လည်လျော့ကျခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလ တစ်လလုံးမှာ နှမ်းတန်ချိန် ၄၈၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန်၂၃၄၀ ခန့် တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ စက်တင်ဘာ  အတွင်းမှာလည်း နှမ်းတန်ချိန် ၄၇၇၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်စက်တင်ဘာလအထိ နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၃၄၀၀၀ ခန့်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီ နဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိပါတယ်။ MIRT-MAPT

Monday, 10 Oct 2011

               ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ မေလမှစ တင်၍ ပုဂ္ဂလိကကုမ္ပဏီများကို ပြည်ပ မှ စားအုန်းဆီများ တင်သွင်း၍ ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိပါတယ်။               စားအုန်းဆီတင်သွင်းရာမှာ တင်ပို့ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စားသုံးရန် သင့်လျော်ကြောင်း ထောက် ခံချက် ပါဝင်ရမှာဖြစ်သလို Third Party စစ်ဆေးရေးအဖွဲ့ စစ်ဆေးမှုများ ပါဝင်ရမှာဖြစ်ပြီး သင်္ဘောရောက်ရှိလာ ချိန်မှာလည်း စစ်ဆေးရေး (Survey) အဖွဲ့များက နမူနာရယူ၍ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့က နေအများပြည်သူအတွက် စားသုံးရန် သင့် လျော်ကြောင်း ထောက်ခံချက်ရရှိမှ သာ ဖြန့်ဖြူးရမှာဖြစ်ပါတယ်။                မကြာမီရက်အတွင်းက ကုမ္ပဏီ တစ်ခုကနေ တင်သွင်းလာတဲ့ စားအုန်းဆီများကို ပြည်တွင်းမှာ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချခဲ့ရာမှာ ဈေးကွက်ထဲ မှာ အနံ့အနည်းငယ်ရရှိနေကြောင်း သတင်းရရှိတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုယ်တိုင် ဆီသိုလှောင် ကန်ကို သွားရောက်စစ်ဆေးပြီး ထုတ် ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့အပြင် ၎င်းင်းဆီများ ပြည်တွင်းမှာ ဖြန့်ဖြူးနေတာကိုလည်း ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။              ယခုလိုတင်သွင်းလာတဲ့ စားအုန်း ဆီများမှာ အနံ့အနည်းငယ်ရရှိခဲ့တာနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းခဲ့ရာမှာ ထုတ်လုပ်မှုဖြစ်စဉ်ကြောင့်မဟုတ်ဘဲ သယ်ယူတဲ့ သင်္ဘောအခြေအနေ၊ ကိုင်တွယ်သိုလှောင်မှုအခြေအနေ၊ ပင်လယ် ထဲမှာ ရက်ကြာမြင့်ခဲ့တဲ့အတွက် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုအခြေအနေ တွေကြောင့် အနံ့ထွက်ပေါ်ခြင်းဖြစ်နိုင် တယ်လို့ ပညာရှင်များက သုံးသပ်ကြ ကြောင်း သိရှိရပါတယ်။                 ယခု Prime Rose သင်္ဘောဟာ လည်း အင်ဒိုနီးရှားနိုင်ငံက တင်သွင်း လာတာဖြစ်ပြီး သက်ဆိုင်ရာကျန်းမာ ရေးဝန်ကြီးဌာနရဲ့ စားသုံးရန်သင့်လျော် ကြောင်း ထောက်ခံချက်များ ပါရှိလာခဲ့ ကြောင်းနဲ့ Third Party စစ်ဆေးရေး အဖွဲ့ဖြစ်တဲ့ Intertek အဖွဲ့ရဲ့ စစ်ဆေး ချက်အရFFA 0.064 PCT, Iodine Value 56.38, Melting Point 22.8 C, Colour 2.7 Red  ရှိကြောင်း သင်္ဘောတင် စစ်ဆေးချက်များ ပြည့်စုံ စွာပါရှိလာပြီး တင်သွင်းခဲ့တယ်လို့ သိရှိ ခဲ့ပါတယ်။                သင်္ဘောရောက်ရှိလာချိန်မှာ MITS စစ်ဆေး၍ နမူနာရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် (FDA) တာဝန်ရှိသူများမှဆီလှောင်ကန်နဲ့ တင်သွင်းလာတဲ့ သင်္ဘောကို ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ လူအများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ကို လည်း ရရှိခဲ့ပါတယ်။ အနံ့အနည်းငယ် ထွက်ပေါ်နေတာကို အပူပေးခြင်း၊ လေသလပ်ခံခြင်းများ ပြုလုပ်ပါက အနံ့ များပျောက်သွားကြောင်း စစ်ဆေးတွေ့ ရှိရပါတယ်။ စားအုန်းဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာန က အရည်အသွေးစံချိန်စံညွှန်းများ မှန်ကန်ရေးနဲ့ စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့် စားအုန်းဆီများ တင်သွင်းတဲ့ နေရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စနစ်တကျဆောင်ရွက်သွားရန် လိုကြောင်းနဲ့ ယခုရောက်ရှိတဲ့ ဆီများနဲ့ ပတ်သက်လို့ စားသုံးသူပြည်သူများ အနေနဲ့ စိတ်ပူပန်မှုမရှိဘဲ စိတ်လက် ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်တယ်လို့ သတင်းရရှိကြောင်းတင်ပြလိုက်ပါတယ်။

Sunday, 2 Oct 2011

ယခုအပတ် ချင်းရွှေဟော်မှ ပဲပုပ်စေ့ အပို့ရှိ                   စက်တင်ဘာလ ၂၁ ရက်မှ ၂၇ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် စခန်း မှ ကန်ဒေါ်လာ ၀ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ တန် ၁၅၀ တရုတ် နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသထွက် ပဲပုပ်စေ့များ ကို တင်ပို့တာဖြစ်ပါတယ်။ မိမိဘက် မူဆယ်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်            မိမိဘက် (ကျပ်/ တန်)       ယခု        ယခင်        ပြောင်းလဲမှု    %၄၈၉၄၇၀     ၄၆၅၉၆၆        ၂၃၅၀၄       ၅           တစ်ဘက်နိုင်ငံ (ကျပ်/ တန်)      ၆၇၄          ၆၇၄                -           -MIRT(MAPT)

Pages