Main menu

Background

Tuesday, 29 Nov 2011

                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နှမ်းနီမှအပ ကန်ဒေါ်လာ ၃ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၄ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှု တွေကတော့ နှမ်းဖြူ ၇၃၂တန်ကျော်၊ နှမ်းနက် ၁၄၈၇ တန်ကျော်၊ နှမ်းဖြူ အခွံချွတ် ၂၀၂ တန်ကျော်၊ နှမ်းညို ၉၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ ၉၈ တန်ခန့် အပို့လျော့ပေမဲ့ နှမ်းနက် ၄၇၂ တန်၊ နှမ်းဖြူ အခွံချွတ် ၂၇ တန်နဲ့ နှမ်းညို ၃၆ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နှမ်းဈေး များ ယခင်အပတ်ကထက် လျော့နည်းလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                               မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု          ယခင်      ပြောင်းလဲမှု    %    ယခု   ယခင်     ပြောင်းလဲမှု   %နှမ်းဖြူ     ၉၀၂၉၆၁     ၉၅၉၂၄၃      ၅၆၂၈၂      ၆     ၁၂၉၄   ၁၂၉၇       ၃         ၀ .၂နှမ်းနက်   ၁၂၂၅၈၅၄   ၁၁၀၈၁၂၇     ၁၁၇၆၇၇   ၁၁    ၁၅၃၁   ၁၅၃၄       ၃         ၀ .၂နှမ်းညို    ၈၃၂၀၉၅     ၈၄၇၅၈၁      ၁၅၄၈၆      ၂     ၁၀၇၅    ၁၀၇၅       -           -နှမ်းနီ      ၈၇၁၉၅၀     ၈၆၀၀၅၀      ၁၁၉၀၀      ၁     ၁၀၉၁   ၁၀၉၀        ၁        ၀ .၁

Tuesday, 29 Nov 2011

                      ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှာ ယခင်တစ်ပတ်က တန်ချိန် ၂၀၀ ခန့် သာ တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ တရုတ်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ ဂျပန်ကိုဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ နိုဝင်ဘာလ ၂၅ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT

Monday, 21 Nov 2011

                  မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၉၈ သန်းကျော် တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၆၃ တန် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၇၁၅၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၁၀၇ တန်နဲ့ ကန်ပိုက်တီး မှ တန် ၃၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ပြောင်းမြေပြင်ဈေးများ ကျနေပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲ မှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်ဈေးနဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                   မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု             ယခင်     ပြောင်းလဲမှု  %        ယခု     ယခင် ပြောင်းလဲမှု   %ပြောင်းဖူးစေ့      ၂၂၁၆၁၉     ၂၂၄၆၈၀      ၃၀၆၁    ၁ .၄       ၂၉၄     ၂၉၄     -               -နံှစားပြောင်း        ၂၀၉၃၈၄     ၂၁၂၄၄၆     ၃၀၆၂    ၁ .၄        ၃၆၄     ၃၆၄    -               -MIRT(DOBT)

Monday, 21 Nov 2011

ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ (၁၈ - ၁၁ -၂၀၁၁)နေ့အကြောင်းအရာ                      တွက်ချက်နှုန်း                         တစ်ပိဿာကုန်ကျစရိတ် (ကျပ်)CIF ဈေး                            (1130 x 833)/ 612                           ၁၅၃၈ .၀၆FDA ထောက်ခံစာ                   58 .20/ 612                                    ၀ .၁၀သွင်းကုန်လိုင်စင်ကြေး              50/ 612                                         ၀ .၀၈L/C စရိတ်              (CIF 1130 x 0.25% x Earning 833/)/612        ၃ .၈၅Bill စရိတ်                (CIF 1130 x 0.50% x Earning 833/)/612        ၇ .၆၉စားအုန်းဆီအလျော့              0.5% x 1655                                     ၈ .၇၅ဆီကန်သိုလှောင်ထိန်းသိမ်းခ      5/ -1%                                          ၄ .၉၅အကောက်ခွန်          (CIF 1130 x ကောင်တာဈေး 450 x 5%) 612   ၄၁ .၅၄ဆိပ်ကမ်းခွန်                       (50000/ 1000) 612                            ၀ .၀၈MITS စစ်ဆေးခ                  (FDA အပါအဝင်)                                  ၀ .၆၀အမြတ်ခွန်                         (CIF 1130 x 35/-) 612                        ၆၄ .၆၂ဆိပ်ကမ်းကပ်ခ                   (3x Earning 833) 612                       ၄ .၀၈ရန်ကုန်ဆိပ်ကမ်းအရောက်         အရင်းဈေး                               ၁၆၇၄ .၄၀မှတ်ချက်။   ၁။ အထက်ပါတွက်ချက်မှုမှာ(၁၈-၁၁-၂၀၁၁)နေ့ (CIF ဈေး ၁၁၃၀ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈၃၃  ကျပ်)ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။               ၂။ (၁၈-၁၁-၂၀၁၁)နေ့ ဝယ်ယူပြီးနောက် (၁၀) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။               ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ ၏ အမြတ်များ မပါဝင်သေးပါ။

Sunday, 20 Nov 2011

                    ပြည်ပဲပုပ်ဈေးကွက်တွင် ယခုနိုဝင် ဘာလ တတိယပတ်ထိ တစ်တင်းကို ၁၇၅၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ အရောင်း အဝယ် ပုံမှန်ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ အခြားမြို့နယ်များနဲ့ ပြည်မြို့နယ် အတွင်းသာ အရောင်း အဝယ်ဖြစ်ပြီး၊ လက်ကျန်များရှိသော် လည်း အခြားတိုင်းများကို တင်ပို့မှုမရှိခဲ့ ကြောင်း သိရပါတယ်။ ဒေသတွင်းမှာ တော့ လက်လီဝယ်ယူသူများနဲ့ ပုံမှန်၁၄-၁၅ အိတ်အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 20 Nov 2011

                    ရှမ်းပြည်နယ်တောင်ပိုင်းက ထွက် တဲ့ရပ်စောက်အင်တောပဲပုပ်၊ လဲချား ပဲပုပ်က နာမည်ကြီး ပဲပုပ်တွေ ဖြစ်ပါ တယ်။ ထွက်ပေါ်ချိန် ကာလကလည်း တိုပြီး စက်တင်ဘာ၊ အောက်တိုဘာ နှစ်လသာ လှိုင်လှိုင်ပေါ်ပါတယ်။ ဒီနှစ် က မိုးများတာကြောင့် အရင်နှစ်က ထက်အထွက်နည်းပြီး၊ အချို့နေရာတွေ မှာဆိုရင် အခင်းလိုက် ပျက်စီးသွားတာ ကြောင့် အထွက်နှုန်း ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။ ရပ်စောက်မြို့နယ် အင်တောကျေးရွာက ထွက်တဲ့ ပဲပုပ်ကတော့ အကောင်းဆုံး လို့ ဆိုပါတယ်။ဒီနှစ်ပဲပုပ်အထွက်နှုန်းက နည်းပေမယ့်ပစ္စည်းကောင်းလည်း နည်း တာကြောင့် ဈေးက သိပ်မကောင်းခဲ့ပါဘူး။ အောက်တိုဘာလလယ်မှာစပြီး ဈေးက နည်းနည်းစီတက်လာပါတယ်။ အခု လဆန်းပိုင်းမှာတော့ မူဆယ် ဝယ်လက်တွေ ဝယ်ယူလာတာကြောင့် ပြီးခဲ့တဲ့ လကထက်ဈေးပိုကောင်းလာ ပါတယ်။ လက်ကျန်လည်း နည်းပြီး၊ အဝယ်ရှိလာတာကြောင့် ဒီတစ်ပတ်ပဲ ပုပ်ဈေးက ရပ်စောက်ပဲပုပ်(ထိပ်စ)က တစ်ပိဿာ ၉၇၅ ကျပ်၊ (လတ်စ)က ၉၂၅ ကျပ်နဲ့ (ညံ့စ)က ၈၅၀ ကျပ်ဈေး ရှိပါတယ်။ ပဲပုပ်ဆီကြိတ်တဲ့ ဆီကြိတ်ခ ကတော့ ၇၅၀ ကျပ်ဈေးရှိပြီး၊ ပဲပုပ်ဆီ ကတော့ တစ်ပိဿာ ၂၈၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်

Sunday, 20 Nov 2011

                    ပြည်ဈေးကွက်ရှိ ဆီစက်သမားများက ဆီကြိတ်ရန်မြေပဲဆံများကို အဝယ် သွက်လို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ အောင်လံဘက်မှ တစ်နေ့ အိတ် ၇၀၀ လောက်သာအဝင်ရှိပြီး၊ ဝယ်လိုအားမြင့်လာလို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ မြေပဲဆန် (ဆီဆန်) တစ်ပိဿာ ၁၃၅၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ မြေပဲဆန်အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း

Sunday, 20 Nov 2011

                      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း နှမ်းရောင်စုံ ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး တန်ချိန်အားဖြင့် ၂၂၂၅ တန် နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်း ရောင်စုံ တင်ပို့မှု ၃၇၅ တန် ပိုမိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ တန် ၈၃၀ ခန့်၊ နှမ်းနက် ၁၀၁၅ တန်၊ နှမ်းဖြူ အခွံချွတ် ၁၇၆ တန်ခန့်၊ နှမ်းညို ၅၆ တန် နဲ့ နှမ်းနီ ၄၈ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံနှမ်းဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု           ယခင်      ပြောင်းလဲမှု   %       ယခု          ယခင်  ပြောင်းလဲမှု    %နှမ်းဖြူ          ၉၀၆၀၂၃     ၈၃၁၅၁၆     ၇၄၅၀၇     ၉        ၁၂၉၇         ၁၂၉၆      ၁         ၀ .၁၈နှမ်းနက်        ၁၂၅၀၀၁၀   ၁၂၆၆၆၇၃    ၁၆၆၆၃    ၁ .၃     ၁၅၅၂          ၁၅၃၄    ၁၈         ၁ .၁၇နှမ်းညို         ၈၃၂၀၉၅      ၈၂၉၀၆၆       ၃၀၂၉    ၀ .၃၆    ၁၀၇၈          ၁၀၇၅     ၃         ၀ .၃MIRT(DOBT)

Sunday, 20 Nov 2011

                    နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း ပိတ်ရက်များခြင်းကြောင့် နှမ်းတင်ပို့မှု  သိသိသာသာ လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၈၀ ကျော်တင်ပို့ခဲ့ ရာမှ ယခုတစ်ပတ်မှာ တန် ၂၀၀ ခန့် သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ ထိုင်း၊ မလေးရှားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန် ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

              မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ၂ ဒသမ ၅၁၃ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ တန် ၁၈၅၀ ခန့် အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၆၃၅ တန်အပို့လျော့ခဲ့ပါတယ်။ နှမ်းအရောင်အလိုက် ယခုအပတ် မူဆယ်မှ တင်ပို့မှုတွေကတော့ နှမ်းဖြူ ၇၂၅ တန်၊ နှမ်းနက် ၇၀၅ တန်၊ နှမ်းဖြူ အခွံချွတ် ၂၁၆ တန်၊ နှမ်းညို ၁၂၁ တန် နဲ့ နှမ်းနီ ၈၃ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူနဲ့ နှမ်းနက်အပို့လျော့ခဲ့ပြီး နှမ်းညိုနဲ့ နှမ်းနီ အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်မှ နှမ်းရောင်စုံတန် ၄၆၈၇၀ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။                                       မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု              ယခင်        ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ       ၈၃၁၅၁၆        ၉၅၀၉၃၃     ၁၁၉၄၁၇    ၁၃       ၁၂၉၆     ၁၂၉၆          -               -နှမ်းနက်     ၁၂၆၆၆၇၃   ၁၂၁၅၉၈၀        ၅၀၆၉၃     ၄        ၁၅၄၉     ၁၅၀၆        ၄၃              ၃နှမ်းညို        ၈၂၉၀၆၆      ၈၅၂၈၇၁       ၂၃၈၀၅      ၃         ၁၀၇၈     ၁၀၇၅         ၃            ၀ .၃MIRT (DOBT)

Pages