Main menu

Background

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၅၈ သန်း တန်ဖိုးရှိ နှမ်းဖြူ ၇၄၉ တန်ခန့်၊ နှမ်းနက် ၇၅၇ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၂၀၅ တန် အပို့ရှိခဲ့ပါတယ်။

Monday, 12 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန် ဒေါ်လာ ၃ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၂၆၃ တန်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်တင်ပို့မှုတန် ၂၀၀ ခန့် လျော့နည်း ခဲ့ပါတယ်။

Monday, 12 Dec 2011

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ် ပမာဏလိုပဲ ယခု တစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာလည်း တန် ၇၀၀ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး ဂျပန်ကို တန် ၃၀၀ ကျော်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။

Monday, 12 Dec 2011

    ရာသီဥတုအပြောင်းအလဲများအရ ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်နိုင်ငံမှ ထွက်ရှိမှုလျော့နည်းမှုအပေါ် စိုးရိမ်မှုများနဲ့ အခြားကုန်စည်ဈေးနှုန်းအခြေအနေများ အရ ဒီဇင်ဘာ ၇ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေးအမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာကျင်းပတဲ့ အီးယူထိပ်သီးညီလာခံမှာ ဥရောပ ကြွေးမြီ အကျပ်အတည်းကိုဖြေရှင်းဖို့ ဥရောပခေါင်းဆောင်များ ရန်ပုံငွေတိုးမြှင့်ဖို့ သဘောတူနိုင်တဲ့ အလားအလာများ အရ ရင်းနှီးမြှုပ်နှံသူများမှ တိုးတက်လာခဲ့တယ် လို့ သိရပါတယ်။

Monday, 5 Dec 2011

                        ပြည်ဈေးကွက်သို့ နှမ်းအိတ်များကို မင်းတုန်းနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၇၀၀ ခန့် ဝင်ရောက်လာပါတယ်။ ယခင်အပတ်ကတစ်နေ့ အိတ် ၅၀၀ ခန့် သာ ဝင်ရောက်လာလို့ နှမ်းဈေးမာနေပေမဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ခန့် ဝင်ရောက်လာလို့ နှမ်းဈေးအေးလာပါတယ်။ နှမ်းဝင်ရောက်မှုပေါ်မူတည်ပြီး ဈေးအတက် အကျဖြစ်နေတာကြောင့်  ဆီစက်သမားများမှလည်း နှမ်းဈေးအတက် အကျပေါ်မူတည်ပြီး အဝယ်ရှိတာတွေ့ရ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၆၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၇၀၀၀၀ ကျပ်ဈေးနဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေေ၀မင်း

Monday, 5 Dec 2011

                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၃ ဒသမ ၃၄၀ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၂၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တန် ၂၅၀၀ကျော်တင်ပို့ခဲ့ပါတယ်။ နှမ်းအရောင်အလိုက်တင်ပို့မှု တွေ ကတော့ နှမ်းဖြူ ၈၉၂ တန်ကျော်၊ နှမ်းနက် ၁၁၈၄ တန်ကျော် နှမ်းဖြူ (အခွံချွတ်) ၂၅၀ တန်ခန့်နဲ့ နှမ်းညို ၉၈ တန် နီးပါး တင်ပို့ခဲ့ပြီး နှမ်းနီတင်ပို့နိုင်ခြင်းတော့ မရှိ ကြောင်း သိရပါတယ်။ သယ်ယူစရိတ် နှုန်းထားကတော့ နှမ်း ၁ ပိသာကို ၇ ကျပ်ခန့် လျော့နည်းသွားတာတွေ့ရပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်ဈေးနှုန်းတွေ ပြောင်းလဲမှု မရှိပေမယ့် နှမ်းညိုဈေးနှုန်း တက်လာပြီး နှမ်းနီဈေးနှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။                                      မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု               ယခင်   ပြောင်းလဲမှု    %        ယခု     ယခင်  ပြောင်းလဲမှု   %နှမ်းဖြူ           ၉၀၂၉၆၁၄      ၉၀၂၉၆၁၄        -          -        ၁၂၉၄     ၁၂၉၄        -          -နှမ်းနက်         ၁၂၂၅၈၅၄     ၁၂၂၅၈၅၄        -           -        ၁၅၃၁     ၁၅၃၁       -          -နှမ်းညို            ၈၅၁၈၀၈       ၈၃၂၀၉၅    ၁၉၇၁၃   ၂ .၃      ၁၀၇၁      ၁၀၇၅      ၄        ၀ .၄နှမ်းနီ             ၈၆၄၃၃၉          ၈၇၁၉၅၀  ၇၆၁၁      ၀ .၈      ၁၀၈၇     ၁၀၉၁      ၄         ၀ .၄MIRT(DOBT)

Tuesday, 29 Nov 2011

                  တောင်ကြီးဈေးကွက်ကို မြေပဲများ အဝင်လှိုင်လာပါတယ်။ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းစတဲ့မြို့နယ်များမှာ မြေပဲများအဝင်အနည်းငယ် နည်းလာပြီး၊ ကျေးသီး၊ မိုင်းရှူးဘက်မှ မြေပဲများလှိုင်လှိုင်ဝင်လာပါတယ်။ မြေပဲများ အဝင်လှိုင်ပြီး၊ လှောင်လက်များက အဝယ်လိုက်လာတဲ့အတွက် မြေပဲဈေးမှာလည်း မာလာပါတယ်။ မြေပဲဆီဆံ တစ်ပိဿာ ၁၄၅၀ ကျပ်ဈေးရှိပြီး၊ မြေပဲအတောင့် တစ်ပိဿာ ၈၀၀ ကျပ် - ၈၅၀ ကျပ်ဈေးရှိပါတယ်။ ရောင်းဝယ် မှုဈေးကွက်အနေနဲ့ နေ့စဉ်ကုန်ချိန် ၃ သောင်းခန့် အဝင်ရှိပြီး၊ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ S.Y.H

Tuesday, 29 Nov 2011

                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နှမ်းနီမှအပ ကန်ဒေါ်လာ ၃ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၄ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှု တွေကတော့ နှမ်းဖြူ ၇၃၂တန်ကျော်၊ နှမ်းနက် ၁၄၈၇ တန်ကျော်၊ နှမ်းဖြူ အခွံချွတ် ၂၀၂ တန်ကျော်၊ နှမ်းညို ၉၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ ၉၈ တန်ခန့် အပို့လျော့ပေမဲ့ နှမ်းနက် ၄၇၂ တန်၊ နှမ်းဖြူ အခွံချွတ် ၂၇ တန်နဲ့ နှမ်းညို ၃၆ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နှမ်းဈေး များ ယခင်အပတ်ကထက် လျော့နည်းလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                               မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု          ယခင်      ပြောင်းလဲမှု    %    ယခု   ယခင်     ပြောင်းလဲမှု   %နှမ်းဖြူ     ၉၀၂၉၆၁     ၉၅၉၂၄၃      ၅၆၂၈၂      ၆     ၁၂၉၄   ၁၂၉၇       ၃         ၀ .၂နှမ်းနက်   ၁၂၂၅၈၅၄   ၁၁၀၈၁၂၇     ၁၁၇၆၇၇   ၁၁    ၁၅၃၁   ၁၅၃၄       ၃         ၀ .၂နှမ်းညို    ၈၃၂၀၉၅     ၈၄၇၅၈၁      ၁၅၄၈၆      ၂     ၁၀၇၅    ၁၀၇၅       -           -နှမ်းနီ      ၈၇၁၉၅၀     ၈၆၀၀၅၀      ၁၁၉၀၀      ၁     ၁၀၉၁   ၁၀၉၀        ၁        ၀ .၁

Tuesday, 29 Nov 2011

                      ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှာ ယခင်တစ်ပတ်က တန်ချိန် ၂၀၀ ခန့် သာ တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ တရုတ်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ ဂျပန်ကိုဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ နိုဝင်ဘာလ ၂၅ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT

Monday, 21 Nov 2011

                  မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၉၈ သန်းကျော် တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၆၃ တန် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၇၁၅၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၁၀၇ တန်နဲ့ ကန်ပိုက်တီး မှ တန် ၃၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ပြောင်းမြေပြင်ဈေးများ ကျနေပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲ မှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်ဈေးနဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                   မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု             ယခင်     ပြောင်းလဲမှု  %        ယခု     ယခင် ပြောင်းလဲမှု   %ပြောင်းဖူးစေ့      ၂၂၁၆၁၉     ၂၂၄၆၈၀      ၃၀၆၁    ၁ .၄       ၂၉၄     ၂၉၄     -               -နံှစားပြောင်း        ၂၀၉၃၈၄     ၂၁၂၄၄၆     ၃၀၆၂    ၁ .၄        ၃၆၄     ၃၆၄    -               -MIRT(DOBT)

Pages