Main menu

Background

Tuesday, 15 Feb 2011

ဝယ်လိုအား ရောင်းလိုအားနဲ့ ပဲပုပ်ဆီဈေး အခြေအနေတွေကြောင့် သုံးနှစ်အတွင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကိုရောက်ရှိလာ                   ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေ၊ ပြင်ပအပြောင်းအလဲများအရ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သုံးနှစ်နီးပါး အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့တယ်လို့ ဈေးကွက်မှ ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒ တင်းကြပ်လိုက်ပေမဲ့ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးအပ်နံှနှုန်းထားများကို မြှင့်တင်လိုက်ခြင်းက အနည်းငယ်တော့ ထိခိုက်ဖွယ်ရှိတယ်လို့ ကွာလမ်လာပူမှ ပွဲစားတစ်ဦးကဆိုပါတယ်။ လက်ငင်းစာခုျပ်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်မှာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၄) ထိမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ စားအုန်းဆီထွက်ရှိမှုဟာ ယခင်လထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိတယ်လို့လည်း ဈေးကွက်က ခန့်မှန်းထားပါတယ်။                     မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဧပြီလစာခုျပ်ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၉၃၁ (ကန်ဒေါ်လာ ၁၂၉၁) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် မတ်လမှာ တစ်ခါမှမကြုံဖူးတဲ့ ရင်းဂစ် ၃၉၄၈ (ကန်ဒေါ်လာ ၁၂၉၇) နီးပါးကိုမြင့်တက်လာတယ်လို့ဆိုပါတယ်။ စားအုန်းဆီဈေးကို အထောက်အပံ့ ဖြစ်ခြင်းက ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ဈေးနှုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ မတ်လပဲပုပ်ဆီ ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်လာပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၅) ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံက ပဲပုပ်ဝယ်လိုအား ဆက်လက်ခိုင်မာဖွယ်ရှိခြင်းကလည်း စားအုန်းဆီဈေးကို ပိုမိုမြင့်တက် စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည် တစ်ဦးကဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေနဲ့ ဇွန်လပို့ရမယ့် စားအုန်းဆီခဲ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂၉ဝ-၁၂၉၂ ဒသမ ၅ဝ အတွင်းရှိတယ် လို့လည်းဆိုပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၄၅ (ကန်ဒေါ်လာ ၁၄ ဒသမ ၇၈) တိုးပြီး ရင်းဂစ် ၃၉၆ဝ (ကန်ဒေါ်လာ ၁၃ဝ၁) ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယုဇန၊ Source: Palmoilhq.com

Sunday, 6 Feb 2011

အရောင်းအဝယ်မှန် ဈေးငြိမ်နေတဲ့ ဟင်္သာတ ပဲပုပ်                   ဟင်္သာတ ပဲပုပ်ဈေးကွက် ဟာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၅၄ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဖေဖော်ဝါရီလ ပထမပတ်တွင် တစ်တင်းမှာကျပ် ၁၅၆ဝဝ ဈေး ထိ တက်လာပါတယ်။ ဒေသတွင်း အရောင်း အဝယ်မှာလည်း အိတ် ၃ဝဝ ခန့် နေ့စဉ်ပုံမှန်ရှိနေပြီး၊ ယခင်နှစ်ဈေး နှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးကောင်း ရနေပါတယ်။တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ နေ့စဉ် တစ်တင်းခွဲ ဝင် အိတ် ၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ အေးအေးခိုင်

Sunday, 6 Feb 2011

ပြည်ဈေးကွက်တွင် မိုးနှမ်းလက်ကျန်ရှားချိန် ဆောင်းနှမ်း အဝင်နည်း၍ နှမ်းဈေးတက်                    ပြည်ဈေးကွက်တွင် ဆီကြိတ်နှမ်းနီဈေးမြင့်လာသဖြင့် ဆီဈေးပါတက်လျက်ရှိပါတယ်။ မင်းတုန်း၊ ကံမနဲ့ အောင်လံဘက်မှ ဆောင်းနှမ်းအသစ်များ နေ့စဉ် အဝင်ရှိသော်လည်း အဝင်နည်းနေ၍ ဆီစက်သမားများ လိုသလောက် အဝင် မရှိခြင်း၊ မိုးနှမ်းလက်ကျန်ရှားချိန် ဆောင်းနှမ်းအသစ်ဝင်ရောက်မှုနည်းသဖြင့် ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဆက်လက်မြင့်တက်ခဲ့ပြီး တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဈေးမှာ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ကျပ် ၇၈ဝဝဝ၊ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ကျပ် ၇၇ဝဝဝ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ကျပ် ၃၄ဝဝ -၃၅ဝဝ ဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို ၅ ပီပါခန့် အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။                                                                                                ဝေဝေမင်း

Sunday, 6 Feb 2011

နှစ်သစ်ကူးကာလဖြစ်လို့ နယ်စပ်အပို့ ဒီတစ်ပတ် အားပျော့         ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၁၇ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၇၇၃ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။နှစ်ကူးကာလမတိုင်မီရှေ့နှစ်ပတ်က နှမ်းတင်ပို့မှုများခဲ့ပေမဲ့ယခုအပတ်မှာတော့ နှစ်သစ်ကူးပွဲတော်ချိန် အလုပ်များ စတင်နားနေကြပြီဖြစ်လို့ နှမ်းတင်ပို့မှု လျော့နည်းခဲ့ရပါတယ်။စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးတွေက ထွက်ရှိတဲ့နှမ်းများကို တင်ပို့ နေခြင်းဖြစ်ပါတယ်။ ယခုအပတ်နှမ်းဖြူ ၁ဝ တန်၊ နှမ်းနက် ၂၁၈ တန်ကျော်နဲ့ နှမ်းဖြူ အခွံချွတ် ၈၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ရွှေလီဈေးမှာတော့ နှမ်းဖြူတစ်တန် ယွမ် ၈၆ဝဝ မှ ၁ဝဝဝဝ နဲ့ နှမ်းနက်တစ်တန် ယွမ် ၁ဝ၅ဝဝ မှ ၁၂၅ဝဝ မှာတန့်နေတယ်လို့ သိရ ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်နှမ်းပေါက်ဈေးများကို ဖော်ပြ ပေး လိုက်ရပါတယ် -                                             မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု             ယခင်      ပြောင်းလဲမှု       %       ယခု      ယခင်      ပြောင်းလဲမှု      % နှမ်းဖြူ     ၁၁၉၄၉၉၃   ၁၂၁၉ဝ၈၂        ၂၄ဝ၈၉        ၂       ၁၄၁ဝ    ၁၄ဝ၇           ၃           ဝ .၂နှမ်းနက်   ၁၅၉၂၅၄၇    ၁၆၃၂၄၄၇        ၃၉၉ဝဝ     ၂ .၅     ၁၇၉ဝ    ၁၇၈၇          ၃            ဝ .၂MIRT (DOBT)

Sunday, 6 Feb 2011

ယခုတစ်ပတ်ပင်လယ်ရေကြောင်းက နှမ်းတန် ၆ဝဝ ခန့်တင်ပို့                ဇန်နဝါရီနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၆ဝဝ ခန့် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်ထက် အနည်းငယ်ပိုတင်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ဈေးကွက်တွေကို နှမ်းအသစ်လှိုင်လှိုင်ဝင်လာနေသလို ပြည်တွင်းဆီစက်သမားတွေရော၊ ပြည်ပတင်ပို့သူတွေပါ အဝယ်လိုက်နေလို့ နှမ်းဈေးလည်း မာနေပါတယ်။ ပြည်ပတင်ပို့သူတွေပါ အဝယ်လိုက်နေလို့ နှမ်းဈေး လည်းမာနေပါတယ်။ ပြည်ပပို့ကုန် ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး အတက်အကျ အပြောင်းအလဲ ရှိနေပေမဲ့ နှမ်းပြည်ပတင်ပို့သူအချို့ကတော့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်သီတင်းပတ်ထက် အနည်းငယ် လျော့ပြီး သိပ္ပံ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန် ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT- MAPT

Sunday, 30 Jan 2011

ယခင်နှစ်ထက် ဈေးကောင်းရနေတဲ့ပြည်ပဲပုပ်                ပဲပုပ်သီးနံှမှာ ယခင်နှစ် ဇန်နဝါရီလတွင် တစ်တင်းကို ၁၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်မှာတော့ ပဲပုပ်ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် ပြည်ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ လဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဈေးကောင်း ရနေသလို ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း တစ်တင်းကို ၅ဝဝ ကျပ် မြင့်တက်လာပါတယ်။ တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပန်းတောင်း မြို့နယ်များမှ နေ့စဉ်အဝင်ရှိပြီး၊ ပြည်ဈေးကွက်မှာ ပဲပုပ်အရောင်း အဝယ်ပါးကာ အိတ် ၄ဝ-၅ဝ ဝန်းကျင် သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရ ပါတယ်။             ဆုမွန်မွန်ဆွေ 

Sunday, 30 Jan 2011

ကလေး ပဲပုပ် မန္တလေး တိုက်ရိုက်သွား           ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့ နယ်များမှ ပဲပုပ်များ မုံရွာမြို့သို့ ဝင် ရောက်လာပါတယ်။ မုံရွာကုန်စည် ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ပထမ ပတ်မှာ ပဲပုပ်တစ်ပိဿာ ၇၃၉ ကျပ်မှ ဇန်နဝါရီလ တတိယပတ်မှာ ၈ဝ၆ ကျပ် ထိဈေးစွာလာကြောင်း သိရပါတယ်။ ယခုလအတွင်း မုံရွာမှ မန္တလေးသို့ ပဲပုပ် တင်း ၃ဝဝ ကျော်စီးထွက်ခဲ့သလို ကလေးမြို့မှ မန္တလေးမြို့သို့ တိုက်ရိုက် တင်း ၁၂ဝဝ ကျော်စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲပုပ်တင်း ၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။                                                   သန်းးသန်းးတင် 

Sunday, 30 Jan 2011

ဈေးအေးပြီး အရောင်းအဝယ် သွက်နေတဲ့ ဟင်္သာတပဲပုပ်          ဟင်္သာတ ပဲပုပ်ဈေးကွက် ဟာ ဇန်နဝါရီလတတိယပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၇ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊  ယခုဇန်နဝါရီ နောက်ဆုံးပတ်မှာ တစ်တင်းကို ၁၅၄ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ဈေး အေးပေမဲ့ ဒေသတွင်းအရောင်း အဝယ် ဖြစ်မှုမှာ ယခင်အပတ်ထက် နေ့စဉ် အိတ် ၂ဝဝ-၃ဝဝ ခန့် တိုးလာကာ ပဲပုပ် တစ်တင်းခွဲအိတ် ၅ဝဝ ဝန်းကျင် အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေး ကွက်ကို နေ့စဉ် တစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                                                                       အေးအေးခိုင် 

Sunday, 30 Jan 2011

လက်ကျန်နည်းလာလို့ ဈေးမာလာတဲ့ ရှမ်းမြေပဲ              ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေပဲဈေးအနည်းငယ်တက်လာပါတယ်။ ဈေးကွက်အတွင်းမှာလည်း မြေပဲများလက်ကျန်နည်းလာပါတယ်။ လက်ကျန်နည်း လာတဲ့အတွက် ဆီစက်များကလည်း အဝယ်လိုက်လာလို့ ဈေးတက်လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က မြေပဲဆီဆံ တစ်ပိဿာကို ၁၅၆ဝ ကျပ်မှ ယခုတစ်ပတ်မှာတော့ မြေပဲဆီဆံတစ်ပိဿာ ၁၆၈ဝ ကျပ်ဖြစ်လာပါတယ်။ မြေပဲဆီ တစ်ပိဿာကို ယခင်တစ်ပတ်က တစ်ပိဿာ ၃၅ဝဝ ကျပ်မှ ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များမှ သိရှိရပါတယ်။ စောယုထွေး

Sunday, 30 Jan 2011

ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း          ပြည်ဈေးကွက်သို့ ဟင်္သာတနဲ့ အောင်လံဘက်မှ ဆောင်းနှမ်း အသစ်များ တစ်နေ့လျှင် အိတ် ၁ဝဝဝ နေ့စဉ်ဝင်ရောက်လာသော်လည်း မိုးနှမ်း လက်ကျန် နည်းနေချိန်ဖြစ်လို့ ဆောင်းနှမ်းအသစ်များကို ဆီစက်သမားများအဝယ်ရှိပြီး၊ နှမ်းဈေး မှာ ယခင်အပတ်ထက် ဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ နွေနှမ်းကြားများ လည်း အနည်းငယ်ဝင်ရောက်လာသဖြင့် နှမ်းဈေးမှာ နှမ်းနက်အသစ် ၄၅ ပိဿာ တစ်အိတ်လျှင် ၇၅ဝဝဝ ကျပ်၊ အဟောင်း ၄၅ ပိဿာတစ်အိတ်လျှင် ၈ဝဝဝဝ ကျပ်နဲ့ ဆောင်းနှမ်းနီအသစ် ၄၅ ပိဿာ တစ်အိတ်လျှင် ၇၅ဝဝဝ ကျပ်၊ နွေနှမ်း ကြားအသစ် ၄၅ ပိဿာတစ်အိတ်လျှင် ၇ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်နှမ်းဈေးကွက် တွင် ဈေးမြင့်လာပေမဲ့ တစ်နေ့လျှင်အိတ် ၆ဝဝ-၇ဝဝ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ၃၃ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက်ဈေးမြင့်လာတာ တွေ့ရပါတယ်။ ဝေဝေမင်း

Pages