Main menu

Background

Sunday, 3 Apr 2011

ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး အဝယ်ပုံမှန်ရှိလို့ စားအုန်းဆီကြမ်းဈေး အမြင့်နဲ့ပိတ်                   ချီကာကို ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး ဝယ်လိုအားပုံမှန်ရှိတဲ့ အလား အလာကြောင့် မတ်လ ၃ဝ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာဆာကုန်စည်ဒိုင်မှာ ဇွန်လစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၈) မြင့်တက်ပြီး ရင်းဂစ် ၃၃၁၅ (ကန်ဒေါ်လာ ၁ဝ၉၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ စားအုန်းဆီ တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၉ သန်းနဲ့ ၁ ဒသမ ၁၁ သန်း အတွင်းရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်လ တင်ပို့မှုက ဖေဖော်ဝါရီလတင်ပို့မှု ပမာဏနဲ့ ကွာခြားမှုမရှိပေမဲ့ ဝယ်လိုအားတိုးတက်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ချီကာကိုမှာ မေလပဲပုပ် ဆီဈေးက တစ်ပေါင်ကို ၅၇ ဒသမ ၁၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လေ့လာဆန်းစစ်သူများက ဒုတိယနှစ်ဝက် အတွင်း ထုတ်လုပ်မှု တိုးတက်ဖွယ်ရှိလို့ စားအုန်းဆီဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားနိုင်ငံဟာ ၂ နှစ်ဆက်တိုက် စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့ရာမှ ယခုတစ်နှစ်လုံးမှာ တန်ချိန် ၁၈ သန်းဝန်းကျင်ကို မြင့်တက်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း မလေးရှားအခြေစိုက် Intercontinental Specialty Fats Sdm. Bhd မှ  အမှုဆောင်အရာရှိ Tsutomy Usui  ခန့်မှန်းပြောကြားတာတော့ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ဝယ်လိုအားတက်နေတာ ကြောင့် စားအုန်းဆီ တစ်တန်ရင်းဂစ် ၂၈ဝဝ (ကန်ဒေါ်လာ ၉၂၅) ကိုကျဆင်းနိုင် ဖွယ်မရှိဘူးလို့ ဆိုပါတယ်။                    စားအုန်းဆီက ဈေးသက်သာပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ခြင်း၊ အခြားထုတ်ကုန်မျိုးစုံ အသုံးပြု ထုတ်လုပ်နိုင် ခြင်းတို့ကြောင့် ဝယ်လိုအား ဆက်လက် တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီလအတွင်း စားအုန်း ဆီ (Palm Olein )ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၆၅ မှ ၁၁၇၅ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၁၆) ဈေးဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယုဇန၊Soucce: palmoilhq .com

Wednesday, 30 Mar 2011

စိုက်ဧရိယာမြင့်တက်နိုင်တဲ့ သတင်းများအရ ပဲပုပ်နဲ့ ပြောင်းဈေးကျဆင်း                             သီးနံှအများဆုံးတင်ပို့တဲ့ အမေရိကန်မှာ စိုက်ဧရိယာ မြင့်တက်နိုင်တဲ့ အလားအလာများအရ ပြောင်းနဲ့ ပဲပုပ် ဈေးနှုန်းဟာ ဒုတိယနေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အလားတူ ဂုံျဈေးနှုန်းလည်း ကျဆင်း ခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့ ချီကာကိုမှာ မေလပို့ရမယ့် ပြောင်းဈေးနှုန်း ဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၇၇၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၇၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလပို့မယ့် ပဲပုပ်ဈေးလည်း ဝ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျကာ တစ်ဘူရှယ် ၁၃ ဒသမ ၄၆၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၉၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေနံဈေးနှုန်းက ၂ နှစ်ကျော် အတွင်း အမြင့်ဆုံးရောက်ရှိခဲ့တာ ကြောင့် လောင်စာဆီအသုံးပြုတဲ့ သီးနံှ ဈေးတွေကိုပါမြင့်တက်ခဲ့ရာ မတ်လ ၂၃ ရက်မတိုင်မီ ပြောင်းဈေးဟာ ၄ ရက် အတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ပဲပုပ်ဈေးနှုန်းက မတ်လ ၂၂ ရက် မတိုင်မီ ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက် ခဲ့တယ်လို့ သိရပါတယ်။ ဈေးမြင့်တက်ခဲ့ ပြီး ယခုလိုဈေးပြန်ကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်တယ်လို့ KB ကြိုပွိုင့်ကုမ္ပဏီမှ ဝါရင့်ကုန်သည် တစ်ဦးက ဆိုပါတယ်။ ရေနံဈေး တစ်စည် ဒေါ်လာ ၁ဝဝ အထက်ရှိနေ ခြင်း ကြောင့် ဇီဝလောင်စာအသုံးပြုဖို့ ဝယ်လိုအားတတ်နိုင်တဲ့အတွက် ပြောင်းဈေး လည်း တက်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တောင်သူများဟာ ဈေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ် ပြောင်းနဲ့ပဲပုပ်ပိုစိုက်လိမ့်မယ်လို့ တောင်သူ ၁၄ဝဝ ခန့်ကို စစ်တမ်း ကောက်ယူချက်အရ လယ်ယာထွက်ကုန်ကြိုပွိုင့် မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ ပြောင်း စိုက်ပျိုးမှုအနေနဲ့ ယခင်နှစ်ထက် ၃ ဒသမ ၆ ရာခိုင်နှုန်းပိုပြီး စိုက်ဧက ၉၁ ဒသမ ၄ သန်း၊ ပဲပုပ်စိုက်ဧက ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဧက ၇၈ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောင်းဈေးနှုန်းဟာ ယခင်နှစ်ထက် ၈၆ ရာခိုင်နှုန်း၊ ပဲပုပ် ဈေးက ၄ဝ ရာခိုင်နှုန်းနဲ့ ဂံျုဈေးက ၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ယမင်းခင် Source: bloomberg.net

Wednesday, 30 Mar 2011

ပြည်ပဲပုပ် အရောင်းအဝယ်အေး                  ပြည်ဈေးကွက်တွင် ယခုမတ်လ စတုတ္ထပတ်ထိ ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ဆက် လက် ဈေးငြိမ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန် ပဲဟောင်းများဖြင့်သာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ လက်လီသမားများဖြင့်သာ တစ်အိတ်စ နှစ် အိတ်စအဝယ်ရှိနေတာကြောင့် ဈေးကွက်တွင်း အရောင်းအဝယ်အေးနေတဲ့ ပဲအမျိုးအစားထဲမှာ ပဲပုပ်လည်း အပါအဝင်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Wednesday, 30 Mar 2011

ဈေးအနည်းငယ် လှုပ်လာတဲ့ စစ်ကိုင်းမြေပဲ                မုံရွာကုန်စည်ဒိုင်မှာ ယခင်အပတ် တစ်ပိဿာ ပေါက်ဈေးများမှာ မြေပဲဆံနီ (ဆီဆံ) ၁၇၅ဝ ကျပ်၊ မြေပဲဆံဖြူ (ဆီဆံ) ၁၆၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်၊ ပဲဆီ ၃၆၅ဝ ကျပ်ဈေးများမှ ယခုအပတ်မှာ မြေပဲဆံနီ (ဆီဆံ) ၁၈၅ဝ ကျပ်၊ မြေပဲဆံဖြူ (ဆီဆံ) ၁၇ဝဝ ကျပ်၊ မြေပဲလုံးဆံ ၂၁ဝ၇ ကျပ်၊ ပဲဆီ ၃၇ဝဝ ကျပ် ဈေးများသို့ သြင်္ကန်အခါနီးလို့ ဈေးအနည်းငယ်လှုပ်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပြလို့ သိရပါတယ်။                 အရာတော်၊ ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ မြင်းမူ၊ မြောင်မြို့နယ်များမှ မြေပဲအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီး တိုင်းဒေသကြီးအတွင်း ဆီကြိတ်စားသုံးရောင်းချမှုနဲ့ မြေပဲဆားလှော်ဖို လုပ်ငန်းရှင်များရဲ့ နေ့စဉ်သုံးစွဲမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ မြေပဲဆံ (ဆီဆံ)နဲ့ မြေပဲလုံးဆံတင်း ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ၂ဝ၁၁ ခု မတ်လအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ မြေပဲဆီဆံ၊ လုံးဆံတင်း ၃၁ဝဝ ကျော်စီး ထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Wednesday, 30 Mar 2011

နှမ်းဈေးငြိမ်ပြီး ဆီဈေးမြင့်လာတဲ့ ပြည်ဈေးကွက်                  ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ ငြိမ်နေပြီး ဆီဈေးမှာ ယခင်အပတ် ထက် မြင့်တက်လာတွေ့ရပါတယ်။ နှမ်းနီမှာ အဝင်မရှိဘဲ လှောင်နှမ်းများကို ဆီစက်သမားများမှ အဝယ်ရှိနေသဖြင့် တစ်နေ့ကို အိတ် ၆ဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ် ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနက်မှာ ပြည်ဈေးကွက် တွင် အရောင်းအဝယ်မဖြစ်တာ တွေ့ရပါတယ်။ နှမ်းဆီ တစ်ပိဿာကို ၃၈၅ဝကျပ် ဈေးဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။                       ဝေဝေမင်း

Wednesday, 30 Mar 2011

ယခုအပတ်နယ်စပ်မှ နှမ်းရောင်စုံတင်ပို့              မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းဖြူအခွံချွတ်များ တင်ပို့မှုရှိသလို ချင်းရွှေဟော်နယ်စပ်မှ နှမ်းဖြူ တင်ပို့မှုတွေရှိပါတယ်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ်မှ နှမ်းဖြူ တန် ၂ဝ ကျော်၊ နှမ်းနက် တန် ၃ဝ နဲ့ နှမ်းဖြူအခွံချွတ် ၁၇ တန် စုစုပေါင်း ၆၇ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၉၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်အပတ်က နှမ်းနက်တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာ တန် ၃ဝ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နှမ်းဖြူ ၇ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန် ယခင် အပတ်ကထက် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်နယ်စပ် မှလည်း ကန်ဒေါ်လာ ဝ ဒသမ ဝ၆၇၅ သန်းတန်ဖိုးရှိ နှမ်းဖြူ တန် ၅ဝ တင်ပို့နိုင် ခဲ့တာမို့ နယ်စပ်မှ နှမ်းရောင်စုံ တန် ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် နယ်စပ်မှ နှမ်းဖြူ ၅၇ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းနက်ဈေးမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိသော် လည်း နှမ်းဖြူဈေးမှာ တစ်တန် ၆၇၅ဝ ကျပ်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                               မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု         ယခင်         ပြောင်းလဲမှု    %         ယခု       ယခင်       ပြောင်းလဲမှု       %နှမ်းဖြူ     ၁၁၅၇၂၂၂    ၁၁၆၃၉၇၂     ၆၇၅ဝ       ဝ .၆    ၁၃၃၆       ၁၃၃၆             -                -နှမ်းနက်   ၁၄၄၄၃၃၁၇   ၁၄၄၄၃၃၁၇      -            -       ၁၆၇၅       ၁၆၇၄            ၁            ဝ .ဝ၆MIRT (DOBT)

Wednesday, 30 Mar 2011

အထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် စားအုန်းဆီကြမ်းဈေးနှုန်းကျဆင်း                ယခုလ ရောင်းချမှုမြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် မတ်လ ၂၃ ရက် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အကျနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လစာချုပ်အခြေခံဈေးနှုန်းဟာ ရင်းဂစ် ၂(ကန်ဒေါ်လာ ဝ ဒသမ ၆၆) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၃ဝ၆ (ကန်ဒေါ်လာ ၁ဝ၉၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                   အမေရိကန်မှာ စိုက်ဧရိယာလျော့ကျတာကြောင့် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ရောင်းချမှု နည်းနိုင်တဲ့ သတင်းများအရ ပဲပုပ်ဆီဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝါဂွမ်းစိုက်ဧရိယာပိုမိုလာတဲ့အတွက် ပဲပုပ်နဲ့ ပြောင်းစိုက်ပျိုးမှု လျော့လာတဲ့ သတင်းများအရ ကမ္ဘာ့ရောင်းချမှု လျော့ကျလာမယ့် အခြေအနေတွေကြောင့် ချီကာကိုမှာ မေလပဲပုပ်ဆီဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၅၅ ဒသမ ၉၇ (တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၃ ဒသမ ၅၈)အထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ မတ်လမှာ စားအုန်းဆီထုတ်လုပ်မှု ပိုမယ်လို့ ခန့်မှန်းချက်တွေကြောင့် မလေးရှား စားအုန်းဆီဈေးက ကျဆင်းခဲ့တယ်လို့ ကွာလာလမ်ပူအခြေစိုက် ရင်းနှီး မြှုပ်နံှမှုဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ အဓိကစိုက်ပျိုးတဲ့ Sabah  ပြည်နယ်မှာ အထွက်မြင့်တက်ခြင်းနဲ့အတူ ယခုလမှာ စားအုန်းဆီ ၁၆ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။                   အင်ဒိုနီးရှားပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံးစားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်ဆက်တိုက်အထွက်ကျဆင်းပြီးနောက် ယခုနှစ် ရာသီဥတု အခြေအနေတိုးတက်လာတဲ့အတွက် အထွက်နှုန်း မြင့်တက်လာလို့ ၂ဝ၁၁ ခုနှစ်မှာ စားအုန်းဆီအထွက် တိုးမယ်လို့ ခန့်မှန်းထားခြင်းဖြစ်ပါတယ်။  ယုဇန၊Source: palmoilhq.com

Sunday, 20 Mar 2011

လက်လီသမားများဖြင့် ပြည်ပဲပုပ် အရောင်းအဝယ်ဖြစ်နေ                  ပြည်ပဲပုပ်မှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှစလို့ ယခုမတ်လ တတိယပတ်ထိ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို ၆ အိတ်ခန့်သာ လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်တာကြောင့် ဈေးကွက်အတွင်း အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာလည်း တိုင်းအတွင်းရှိ လုပ်ငန်းသုံးသမား များဖြင့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။    ဆုမွန်ဆွေ

Sunday, 20 Mar 2011

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးငြိမ်                    ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတည်ငြိမ်နေပြီး၊ မြေပဲဆီဈေးမှာ ဈေးအနည်းငယ်ကျသွားတာ တွေ့ရပါတယ်။ ကံမနဲ့ မင်းတုန်းဘက်မှ မြေပဲဆံအိတ် တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ရန် လုံလောက်ခြင်း မြေပဲဆီကို စားသုံးသူနည်းခြင်းကြောင့် မြေပဲဆီဈေးမှာ ဈေးကျသွားခြင်းဖြစ်ပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၆၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကိုအိတ် ၁ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၉ဝဝ ကျပ်-၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးကျသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို ၃ ပေပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။           ဝေဝေမင်း

Sunday, 20 Mar 2011

ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများ အရောင်းအဝယ်ဖြစ်              ပြည်ဈေးကွက်ကို မင်းတုန်း၊ ကံမမြို့နယ်များမှ ကျွန်းမြေပဲများ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ရိုးရိုးဆီကြိတ်မြေပဲဆံများမှာ အဝင်နည်းနေသဖြင့် ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများသာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ ကျွန်းမြေပဲတစ်ပိဿာကို ၁၆၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ဈေးထက် ကျလာခဲ့တာ ကို တွေ့ရပါတယ်။                                 ဆွေဆွေမင်း

Pages