Main menu

Background

Sunday, 6 Mar 2011

နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်သာ နယ်စပ်မှအပို့ရှိ             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နှမ်းဖြူတင်ပို့နိုင်မှုမရှိဘဲ နှမ်းနက် ၁၅၇ တန် ကျော်နဲ့ နှမ်းဖြူ အခွံချွတ် ၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါ တယ်။ယခင်အပတ်က နှမ်းနက် ၁၉၂ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းနက်တင်ပို့မှု ၃၄ တန်ကျော်လျော့နည်းခဲ့ပြီး နှမ်းဖြူအခွံချွတ်ကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။နှမ်းဝယ်လိုအားရှိပေမဲ့ လက်ရှိပြည်တွင်းဈေး၊ သယ်ယူ စရိတ်တွေကြောင့် အရောင်းအဝယ်ပါးနေတာလို့ နှမ်းကုန်သည်တစ်ဦးထံမှ သိရပါတယ်။နှမ်းဈေးနှုန်းမှာ နှမ်းနက် (ရိုးရိုး) ၁ တန်ကျပ် ၁ ဒသမ ၁၉၈ သန်းမှ ၁ ဒသမ ၂၃၉ သန်း၊ နှမ်းနက်အလတ်စ ကျပ် ၁ ဒသမ ဝ၈၉ သန်းကျပ်မှ ပြောင်းလဲမှုမရှိပဲ ရွှေလီဘက်မှာ နှမ်းနက်တစ်တန် ယွမ် ၁ဝ၂၈ဝ မှ ၁၁၂၈ဝ ထိ ဈေးပေါက်နေပါတယ်။ မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို ယခင်အပတ်တိုင်းပဲရှိနေပြီး ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု           ယခင်   ပြောင်းလဲမှု     %       ယခု    ယခင်   ပြောင်းလဲမှု    %နှမ်းနက် (ကောင်း)     ၁၄၅ဝ၇၃ဝ    ၁၄၅ဝ၇၃၁ဝ    -             -      ၁၆၅၆    ၁၆၅၆       -             -နှမ်းဖြူ (ကောင်း)       ၁၂၅၃၇၉၁      ၁၂၅၃၇၉၁    -             -      ၁၄ဝ၉    ၁၄ဝ၉       -             -MIRT (DOBT)

Sunday, 6 Mar 2011

နှမ်းတန် ၅ဝဝ ခန့်တင်ပို့            ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုက တန်ချိန် ၅ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုကတော့ နည်းနည်းနဲ့ မှန်မှန်သွားနေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဆွီဒင်တို့ဖြစ်ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့ နှမ်းဟာ ပြည်တွင်း တောင်သူလက်ထဲမှာ တော့ လက်ကျန်မရှိသလောက်နည်းပြီး ကုန်သည်လက်ထဲ ရောက်နေပြီလို့ သိရပါတယ်။            ၂ဝ၁၁ ဇန်နဝါရီလအတွင်း နှမ်းတန်ချိန် ၂၃ဝဝ ခန့် တင်ပို့မှုရှိပြီး၊ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၇ဝဝ ခန့်ရှိပါတယ်။ ယခင်နှစ်ကာလတူ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလရဲ့ တန်ချိန် ၃ဝဝဝ ခန့်ထက်တော့ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေး အနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 6 Mar 2011

ပြည်ပ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် မြင့်တက်လို့ စားအုန်းဆီကြမ်းဈေးလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်             ဖေဖော်ဝါရီလ သိုလှောင်လက်ကျန်ပမာဏက ၇ လအတွင်း အနိမ့်ဆုံး ကို ကျဆင်းနိုင်တဲ့ မျှော်လင့်ချက်များအရ မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ မတ်လ ၂ရက်နေ့မှာ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပ စိုက်ပျိုး ရေးထွက်ကုန်ဈေးကွက်များ မြင့်တက်လာခြင်းကလည်း စားအုန်းဆီဈေးကို အထောက်အပံ့ဖြစ်စေပါတယ်လို့ ဈေးကွက်က ဆိုပါတယ်။            မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလ အခြေခံစာချုပ်ဈေးဟာ ရင်းဂစ် ၄၄ (ကန်ဒေါ်လာ ၁၄ ဒသမ ၅၁) ၊ ၁ ဒသမ ၂ ရာခိုင်နှုန်းပိုမိုလာပြီး တစ်တန်ကို ရင်းဂစ် ၃၅၉ဝ (ကန်ဒေါ်လာ ၁၁၈၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီကြိုပွိုင့်ဈေးကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၈ ဒသမ ၃၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၈၇) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။              စိုက်ပျိုးရေးကုန်စည်တွေအပေါ် ယုံကြည်မှုခိုင်မာနေပြီး ရောင်းဝယ်မှု အခြေအနေကတော့ ၎င်းတို့ရဲ့ လကုန်ထုတ်လုပ်မှုနဲ့ လက်ကျန်အစီရင်ခံစာတွေ အပေါ် ဂရုပြုရမယ်လို့ ဆစ်ဒနီအခြေစိုက် ကုန်စည်လေ့လာ ဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ မလေးရှားစားအုန်းဆီအဖွဲ့MPOB က ဖေဖော် ဝါရီလရဲ့ ထုတ်လုပ်မှု၊ လက်ကျန်နဲ့ ပြည်ပတင်ပို့မှု စာရင်းတွေကို မတ်လ ၁ဝ ရက်မှာ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရပါတယ်။ MPOB ရဲ့ အစီရင်ခံစာအရ ဇန်နဝါရီက စားအုန်းဆီကြမ်း ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ဝ၆ သန်းနဲ့ လကုန်လက် ကျန် တန်ချိန် ၁ ဒသမ ၄၂ သန်းရှိတယ်လို့ သိရပါတယ်။                 ကုန်သည်တွေနဲ့ စိုက်ပျိုးသူတွေရဲ့ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ လကုန် စားအုန်းဆီလက်ကျန်က တန်ချိန် ၁ ဒသမ ၃၅ သန်း - ၁ ဒသမ ၃၉ သန်းရှိလို့ ၇ လအတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လစ်ဗျား နိုင်ငံမှာ မတည်ငြိမ်မှု ဆက်ဖြစ်နေခြင်းက ရေနံဈေးနှုန်းကို မြင့်တက်စေတာမို့ တစ်ဆက်တည်းမှာပဲ ဇီဝလောင်စာအသုံးပြုနိုင်တဲ့ စားအုန်းဆီနဲ့ ဟင်းသီးဟင်းရွက် ဆီဈေးတွေကိုလည်း သက်ရောက်နေတာဖြစ်ပါတယ်။               မတ်လပို့ရမယ့် စားအုန်းဆီခဲဈေးဟာ တစ်တန်ကို ၁ဝ ဒေါ်လာ မြင့် တက်ပြီး ကန်ဒေါ်လာ ၁၂၅ဝ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန် ရင်းဂစ် ၃၆၆ဝ (ကန်ဒေါ်လာ ၁၂ဝ၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 27 Feb 2011

တစ်ရိပ်ရိပ်တက်ဈေးနဲ့ မုံရွာပဲပုပ်အရောင်းအဝယ်သွက်နေ              မုံရွာကုန်စည်ဒိုင် ပဲပုပ်ဈေးကွက်မှာ ဖေဖော်ဝါရီလအတွင်း တက်ဈေးအဆင့်ဆင့်ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကလေးနယ်က ပဲပုပ်တွေ မန္တလေးတိုက်ရိုက်စီးဆင်းမှုရှိလို့ မုံရွာဈေးကွက်မှာ ပစ္စည်းအဝင် လျော့လာခဲ့ကာ မန်းအဆွဲပိုလာတဲ့ အတွက် ယခုလိုတက်ဈေး ဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။ ဒီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာပဲပုပ်ဈေးတွေကို လေ့လာတဲ့အခါ လဆန်းပိုင်းမှ တစ်တင်း ၁၂၅ဝဝ ကျပ်ထိအနိမ့်ဆုံးဈေးဖြစ်ခဲ့ပြီး ယခုတတိယပတ်မှာတော့ တစ်တင်း ၁၃ဝဝဝ ကျပ်၊ ၁၄၅ဝဝ ကျပ် အဆင့်ဆင့်တက်လာခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်ဈေးကွက်မှာ တစ်တင်း ၁၅၈ဝဝ ကျပ်ထိ ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ယခုလအတွင်း တတိယပတ်အထိ မုံရွာဈေးကွက်ကနေ မန္တလေးကို ပဲပုပ်စီးဆင်း တင်ပို့နိုင်မှုမှာ တင်း ၁၅ဝဝ ခန့်ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။                                          ထွန်းလှိုင်

Sunday, 27 Feb 2011

ဆီစက်သမားများအဝယ်ရှိလို့ ဈေးမြင့်နေတဲ့ ပြည်မြေပဲဆံ                  ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးမြင့်လာတာတွေ့ရပါတယ်။ ပြည်မြို့ရှိပွဲရုံ များသို့ အောင်လံ၊ ကံမနဲ့ ရွှေတောင်မြို့နယ်ဘက်မှ တစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက် သမားများမှ ဆီကြိတ်ရန်ဈေးပေးဝယ်ယူနေသဖြင့် မြေပဲဆံဈေးမြင့်သလို မြေပဲဆီဈေးမှာလည်း ဆက်လက် မြင့်တက် လာခဲ့ပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၈၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၂ဝ၅ဝ ကျပ်ဖြင့် ယခင် အပတ်ထက် ဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၄၁ဝဝ ကျပ်- ၄၂ဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင်  တစ်နေ့လျှင် ၅ ပေပါခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                                 ဝေဝေမင်း

Sunday, 27 Feb 2011

တိုင်းပြင်ပမှ စီးဝင်လာတဲ့ မြေပဲ            ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာ အနိမ့်၊ အမြင့်ပေါက်ဈေးမှာ မြေပဲဆံနီ ၁၈ဝဝ ကျပ်-၁၉၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၉ဝဝ ကျပ်၊ မြေပဲလုံးဆံ ၂၂၈၆ ကျပ်-၂၂၉၃ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ စောစိုက်တဲ့မြေပဲများထွက်ပေါ်နေပြီး မြင်းမူမြို့နယ်မှ မြေပဲများ မုံရွာမြို့သို့ အများအပြား ဝင်ရောက်မှုအပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြိုမြို့နယ်များမှ မြေပဲများလည်း မုံရွာမြို့သို့ ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံတစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့ပေါ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်အတွင်း တင်း ၃၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မြေပဲဆံနီ (ဆီဆံ)ဈေးအတက်အကျပေါ် မူတည်ပြီး ပဲဆီဈေးအတက်အကျဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပြလို့ သိရပါတယ်။ ယခုအပတ်အတွင်း ပဲဆီတစ်ပိဿာ လက်ကား ၃၉၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်-၄၁ဝဝ ကျပ်၊ ပဲဖတ် ၆၅၅ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။                                          သန်းးသန်းးတင်

Sunday, 27 Feb 2011

အထွက်လျော့တဲ့ ရှမ်းပန်းနှမ်းအဝင်လည်းနည်းလို့ ဈေးမာ               ရှမ်းပြည်နယ်တောင်ပိုင်း ပန်းနှမ်းဈေးကွက်မှာလည်း ဈေးမာလျက်ရှိတာတွေ့ရပါတယ်။ ဒီနှစ်ပန်းနှမ်းမှာ ယခင် နှစ်ထက် အထွက်အနည်းငယ်လျော့လို့ ယခင်နှစ်ကထက်စောပြီး ပစ္စည်းပြတ်သလိုဖြစ်သွားပါတယ်။ ဈေးကွက်လက်ကျန် နည်းလာလို့ ဈေးကလဲတက်လာပါတယ်။ ယခင်တစ်ပတ်က ပန်းနှမ်းတစ်ပိဿာ ၁၃၂ဝ ကျပ်မှ ယခုတစ်ပတ်မှာတော့ တစ်ပိဿာ ၁၃၂၅ ကျပ်မှ ၁၃၃ဝ ကျပ်ဈေးရှိပါတယ်။ ပန်းနှမ်းဆီ တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ ကုန်သည်များထံမှ သိရှိရပါတယ်။                                                                             စောယုထွေး

Sunday, 27 Feb 2011

နှမ်းနက်သာပုံမှန်အဆွဲရှိ                   ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၁၉ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝ နီးပါး တင်ပို့မှုပိုမိုခဲ့ပါတယ်။စစ်ကိုင်းမန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်နှမ်းများ ကို တင်ပို့နေခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံ အနေနဲ့ နှမ်းဝယ်လိုအားရှိပေမဲ့ ပြည်တွင်းသယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု ကြောင့် အရောင်းအဝယ်သွက်လက်မှုမရှိဘူးလို့ သိရပါတယ်။ပြည်တွင်းနှမ်းဈေးနှုန်းမှာ နှမ်းဖြူ(အလတ်စ) တစ်တန်ကျပ် ၉၉၃၄၄၁ မှ ၁ဝ၃၄၄၄၄ ထိ၊ နှမ်းဖြူ(ကောင်း) တစ်တန် ကျပ် ၁ဝ၆၁၄၈၅ မှ ၁ဝ၈၈၈၈ဝ ထိ၊ နှမ်းနက်(ညံ့) တစ်တန်လျှင် ၁ဝ၈၈၇ဝ၂ နှမ်းနက်(ကောင်း) တစ်တန် ၁၂၂၄၇၉ဝ ကျပ်ရှိနေပါတယ်။ မိမိဘက်ဈေးဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် နှမ်းဖြူဈေးကျနေသော်လည်း နှမ်းနက်ဈေးကတော့ မြင့်နေပါတယ်။ တစ်ဖက်နိုင်ငံမှာတော့ ဈေးပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ ၉ဝ၈ဝ ယွမ်မှ ၉၂၈ဝ ယွမ်ထိနဲ့ နှမ်းနက် ၁ဝ၂၈ဝ ယွမ်မှ ၁၁၇၈ဝ ယွမ်ထိ ဈေးနှုန်းပေါက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်းမြေပြင် ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -                                                မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု           ယခင်        ပြောင်းလဲမှု  %     ယခု      ယခင်  ပြောင်းလဲမှု    %နှမ်းဖြူ (ကောင်း)        ၁၂၅၃၇၉ဝ     ၁၂၈၈၉၈၇     ၃၅၁၉၇      ၃     ၁၄ဝ၉     ၁၄ဝ၉      -           -နှမ်းနက် (ကောင်း)      ၁၄၅ဝ၇၃၁    ၁၄၃၇၂၅၆      ၁၃၄၇၅      ၁    ၁၆၅၆      ၁၆၅၆      -           - MIRT (DOBT)

Sunday, 27 Feb 2011

နှမ်းတင်ပို့မှု ပုံမှန်သာရှိ               ယခုဖေဖော်ဝါရီလ တတိယပတ်မှာလည်း ယခင်သီတင်းပတ်လိုပဲ နှမ်းတင်ပို့မှုက တန်ချိန် ၄ဝဝ နီးပါးသာရှိ တာတွေ့ရပါတယ်။ ဒီတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေက ကိုရီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။ ဂျပန် ဝယ်လက်တွေက မြန်မာနှမ်းကို ဝယ်လိုအားကောင်းပေမဲ့ နှမ်းတင်ပို့ရာမှာတော့ ဓာတုဓာတ်ြွကင်းပါဝင်မှုကိုတော့ အလေးထား စစ်ဆေးတင်ပို့ရတယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာလည်း ဆီစက်သမားတွေရော နယ်စပ်တရုတ်ဘက်ကပါ အဝယ်ရှိနေလို့ ဈေးကောင်းနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင် သီတင်းပတ်အတိုင်း သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅ -၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Feb 2011

ဆီထွက်သီးနံှ နယ်အဝင်နည်းလို့ မုံရွာမှာ ဈေးမာလာ                  မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ်ဆီထွက်သီးနံှဈေးကွက်မှာ နယ်စုံက နှမ်းအဝင်လျော့လို့ နှမ်းဈေးအနည်းငယ်မြင့်လာခဲ့ပေမဲ့ မြေပဲဆံဈေး ကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်အတွင်း နှမ်းနဲ့မြေပဲ နယ်အနည်း ငယ်ဆွဲခဲ့ပြီး အဓိကဝယ်လက်ကတော့ စက်မှုလုပ်ငန်းလိုင်းကဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနံှနဲ့ စားဆီပေါက်ဈေးတွေကို လေ့လာတဲ့အခါ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၄၃ဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်၊ အဖြူတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၆၂ဝဝ ကျပ်သို့ ယခုရက်ပတ်အတွင်း အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ကာ မြေပဲ လုံးဆံကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်မှာ ငြိမ်နေခဲ့ပါတယ်။ ဆီဈေးအနေနဲ့ ယခုလအတွင်း တစ်ပိဿာ ၁ဝဝ ကျပ်မှ ၁၅ဝ ကျပ်ထိဈေးမြင့်လာခဲ့ရာ မြေပဲဆီ တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၈၈ဝ ကျပ်အသီးသီး အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပတ်အတွင်း ဆီထွက် သီးနံှစီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို နှမ်းတင်း ၂ဝဝဝ ခန့်နဲ့ မြေပဲတင်း ၃ဝဝ ခန့်၊ ပခုက္ကူကို နှမ်းတင်း ၄၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                ထွန်းလှိုင်

Pages