Background
မိုးနှမ်းအဝင်ပါးချိန် နှမ်းဈေးမာ ပြည်ဈေးကွက်တွင် မိုးနှမ်းများအဝင်ပါးနေချိန်ဖြစ်သဖြင့် နှမ်းဈေး အနည်းငယ်မာလာခဲ့ပါတယ်။ နှမ်းနက်ကို လိုင်းသမားများ အဝယ်ရှိနေသဖြင့် ပြည် ဈေးကွက်တွင် နှမ်းနက်ဈေးမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၈၅ဝဝဝ ကျပ်၊ ၁၂ဝဝဝဝ ကျပ်ထိ မြင့်တက်လာတာတွေ့ရပါတယ်။ နှမ်းနီဈေးမှာ ဆီစက်သမားများ အဝယ် ရှိသဖြင့် ၄၅ ပိဿာတစ်အိတ်လျှင် ၇ဝဝဝဝ ကျပ်၊ ၇၅ဝဝဝ ကျပ်ထိ ဈေးမာလာ ခဲ့ပါတယ်။ နယ်များမှ အဝင်ပါးနေသဖြင့် တစ်နေ့လျှင် နှမ်းအိတ် ၁၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ရှေ့ဆက်၍ မိုးနှမ်းများတုံးချိန်ဖြစ်သဖြင့် ဈေးဆက်မာနေမှာဖြစ်ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်တွင် အောက်တိုဘာလ ဆန်းမှ ခုချိန်ထိ ရန်ကုန်တိုင်းဒေသကြီးသို့ အိတ် ၅ဝဝ ၊ မန္တလေးတိုင်းဒေသကြီးသို့ အိတ် ၆၅ဝ နဲ့ မကွေးတိုင်းဒေသကြီးသို့ အိတ် ၇ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းဈေးတက်ပေမဲ့ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၂၈ဝဝ ကျပ်၊ ၂၉ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ဝေဝေမင်း
ဒီတစ်ပတ် နှမ်းတင်ပို့မှု တန်ချိန် ၁ဝဝဝ ကျော် ယခုတစ်ပတ် ပင်လယ်ရေကြောင်းကနေ နှမ်းတင်ပို့မှု တန်ချိန် ၁၁ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈ဝဝ ခန့်ရှိရာမှ ယခု တစ်ပတ်မှာ ပိုတင်လာတာတွေ့ရပါတယ်။ ဂျပန်ကို အဓိကတင်ပို့ပြီး ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ကိုလည်း တင်ပို့မှုရှိတာ တွေ့ရ ပါတယ်။ ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
လက်လီသမားများ အဝယ်လိုက်တဲ့ ပြည်ပဲပုပ် ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲပုပ်ဈေးအနည်းငယ်တက်လာပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်ကား ၁၇ဝဝဝ ကျပ်၊ လက်လီ ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် လက်လီသမားများ အဝယ်လိုက်နေကြောင်း သိရပါတယ်။ ပဲပုပ်ကို ပဲပြား ပြုလုပ်သူများလည်း အဝယ်ရှိပြီး တစ် နေ့ကို ၁ဝ-၁၅ အိတ်ခန့် အရောင်းအ ဝယ် ဖြစ်လျက်ရှိပါတယ်။ ဆုမွန်ဆွေ
ရှမ်းမြေပဲ အနည်းငယ်ဝင်လာပြီ တောင်ကြီးဈေးကွက်သို့ မိုးမြေပဲများအနည်းငယ် စတင်ဝင်ရောက်လျက် ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ မိုင်းရှုး၊ ညောင်ရွှေမြို့နယ်များမှ ထွက်သော မြေပဲများစတင်ဝင်ရောက်လျက်ရှိပါတယ်။ သီတင်းကျွတ်ပြီးရင်တော့ နယ်စုံမှ မြေပဲများ လှိုင်လှိုင်ဝင်တော့မယ်လို့လဲ သိရပါတယ်။ မြေပဲ (ဆီဆံ) တစ် ပိဿာ ၁၄၅ဝ ကျပ်မှ ၁၅ဝဝ ကျပ်ရှိပြီး မြေပဲအစို တစ်ပိဿာ ၁၁၅ဝ ကျပ်ဈေး ရှိပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၇ဝဝ ကျပ်ရှိပြီး မြေပဲဖတ်တစ်ပိဿာ ၈၈ဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။စောယုထွေး
ရှမ်းမိုးနှမ်းများဈေးကွက်စဝင် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး၊ မိုးနဲ၊ နမ့်စန်၊ လဲချားစသည့် မြို့နယ် များမှာ နှမ်းအများဆုံးစိုက်ပျိုးပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်မှ မိုးနှမ်းများ စတင်ထွက်ရှိလာပြီး တောင်ကြီးဈေးကွက်သို့ စတင်ဝင်ရောက်လျက် ရှိပါတယ်။ လင်းခေးမြို့နယ်မှ ထွက်တဲ့ နှမ်းညို၊ နမ့်စန်နဲ့ လဲချားမြို့နယ်များမှ ထွက်သော နှမ်းဖြူများ ဈေးကွက်သို့ ဝင်ရောက်နေပါတယ်။ နှမ်းဖြူတစ်ပိဿာ ၁၆ဝဝ ကျပ်၊ နှမ်းညို တစ်ပိဿာ ၁၃ဝဝ ကျပ်မှ ၁၃၅ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လှောင်လက် များမှ ဝယ်ယူနေတယ်လို့ သိရှိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝဝ မှ ၄ဝဝဝ အရောင်းအဝယ် ဖြစ်တယ်လို့ တောင်ကြီးကုန်စည်ဒိုင်မှ သိရှိရ ပါတယ်။ စောယုထွေး
နှမ်းတင်ပို့မှု ပိုမိုဆဲ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိ ကာလ အတွင်းမြန်မာ့နှမ်းရောင်စုံ တန်ချိန် ၃၃ဝဝ နီးပါး ကန်ဒေါ်လာ ၄ ဒသမ ၃၃ သန်းဖိုး တရုတ်နိုင်ငံက ဝယ်ယူခဲ့ပါတယ်။လွန်ခဲ့တဲ့ အပတ်ကထက် နှမ်းတန်ချိန် ၄၅၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်မုန့်စားပွဲတော် အရှိန်နဲ့ နှမ်းဝယ်အား ကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုကတော့ နှမ်းဖြူ ၂၂၂၅ တန်ကျော်၊ နှမ်းဖြူ အခွံချွတ် ၁၁၃ တန်နဲ့ နှမ်းနက်တန်ချိန် ၉၆ဝ ကျော်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ စက်တင်ဘာလ တစ်လလုံးနှမ်းတင်ပို့ နိုင်မှုက တန်ချိန် ၇ဝဝဝ ကျော်ရှိပြီး ဧပြီလမှ စက်တင်ဘာလအထိ နှမ်းတန်ချိန် ၂၁၁ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နှမ်းဖြူဈေးနှုန်းဟာ ယခင်အပတ် ကထက် ၉၂၆၈ဝ ကျပ် မြင့်တက်လာပြီး တစ်ဖက်နိုင်ငံဈေးလည်း ၅၉ ဒေါ်လာ မြင့်တက်ခဲ့ပါတယ်။ နှမ်းနက်ဈေးကတော့ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ လျော့နည်းလျက်ရှိပြီး မိမိဘက်မှာ ၄၄၆၇၉ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှ ၁၅ ဒေါ်လာ ကျဆင်းသွားပါတယ်။ ယခုအပတ် မိမိဘက် နှမ်းဖြူပေါက်ဈေးက ၁၂၅၂၇၇၁ ကျပ်နဲ့ နှမ်းနက်ပေါက်ဈေးက ၁၂၆၁၅၇၁ ကျပ်တို့ဖြစ်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂၅၂၇၇ဝ ၁၁၆ဝဝ၉ဝ ၉၂၆၈ဝ ၇ ၁၂၈၄ ၁၂၂၅ ၅၉ ၅နှမ်းနက ် ၁၂၆၁၅၇ဝ ၁၃ဝ၆၂၅ဝ ၄၄၆၈ဝ ၄ ၁၃၆ဝ ၁၃၇၅ ၁၅ ၁MIRT (DOBT)
နှမ်းတင်ပို့မှု သြဂုတ်လထက် စက်တင်ဘာမှာ ပို ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ တန်ချိန် ၈ဝဝ ခန့် ရှိပြီး တင်ပို့မှုပမာဏများကတော့ ကိုရီးယားနဲ့ တရုတ်ကိုဘဲဖြစ်ပါတယ်။ စက်တင်ဘာလတစ်လလုံး နှမ်းတင်ပို့မှုကို ကြည့်ရာမှာ တန်ချိန် ၅ဝဝဝ နီးပါးရှိလို့ သြဂုတ်လ တင်ပို့မှုတန်ချိန် ၂ဝဝဝ ခန့်ထက် ထက်ဝက်ကျော်ပိုမိုသလို ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာလည်း တန်ချိန် ၂ဝဝဝခန့်သာ ရှိလို့ ကာလတူ တင်ပို့မှုထက် ပိုမိုတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင် သီတင်း ပတ် အတိုင်းပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ- ၁၈ဝဝ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ နဲ့ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ရှိကြောင်း သိရပါတယ်။MIRT- MAPT
ပဲပုပ်ဆီနဲ့ ရေနံဈေးမြင့်လာလို့ စားအုန်းဆီကြမ်းဈေးမြင့်လာ ပဲပုပ်ဆီနဲ့ ရေနံဈေးနှုန်းမြင့်လာလို့ ရင်းနှီးမြှုပ်နံှသူများ ဝယ်ယူဖို့ စိတ်ဝင်စား လာကြတာကြောင့် အောက်တိုဘာ ၆ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးအမြင့်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ဝ၇) မြင့်ပြီး ရင်းဂစ် ၂၇၃ဝ (ကန်ဒေါ်လာ ၈၈၁) ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ စားအုန်းဆီ ထုတ်လုပ်မှုက ယခင်လထက် ၂ ရာခိုင်နှုန်း လျော့ကျခြင်းကလည်း ဈေးနှုန်းကို ပိုမိုခိုင်မာ စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ စားအုန်းဆီခဲနဲ့ ပဲပုပ်ဆီဈေးနှုန်းအကြား ကွာခြားမှု ပိုမိုခြင်းကြောင့်လည်း အောက်တိုဘာလအတွင်း ပြည်ပတင်ပို့မှု ပိုမိုနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားဆိပ်ကမ်းမှာ စားအုန်းဆီခဲ FOB ဈေးဟာ အာဂျင်တီးနားပဲပုပ်ဆီ ဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၄ဝ-၅ဝ ခန့် ဈေးသက်သာတယ်လို့ သိရပါတယ်။ ရင်းဂစ်တန်ဖိုး မာနေချိန်မှာ စားအုန်းဆီလက်ငင်း ဈေးက တစ်တန်ကို ၃ ဒေါ်လာခန့် ဈေးမြင့်ပြီး ကမ်းလှမ်းရတယ်လို့ စားအုန်းဆီ တင်ပို့သူတစ်ဦးက ဆိုပါ တယ်။ ယခုနှစ် လက်ရှိ အချိန်ထိ ကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ရင်းဂစ်တန်ဖိုးဟာ ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ စားအုန်းဆီထုတ်လုပ်မှု တိုးတက်ခြင်းနဲ့ သိုလှောင်မှုကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆၉ဝ -၂၇၅ဝ (ကန်ဒေါ်လာ ၈၆၈- ၈၈၈) အတွင်းမှာ ပြောင်းလဲနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ စားအုန်းဆီခဲ နိုဝင်ဘာပို့ရမယ့် ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉၂၇ ဒသမ ၅ဝ နဲ့ ၉၃ဝ ဈေးအရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊ Sources: palmoil / hq.com
ပြည်မြေပဲဆံဈေးငြိမ် ဆီဈေးကျ ပြည်ဈေးကွက်သို့ မိုးမြေပဲများကို အောင်လံ၊ ဒုရင်္ဂဗို၊ ပြလို့နဲ့ ပေါင်း တလည်၊ ပေါက်ခေါင်းနဲ့ ပြည်ဒေသတွင်း ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာ ဆီဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၇ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်တွင် ဈေးလှုပ်ရာမှ ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆံကြိတ် ဆီစက်များမှ အဝယ်ရှိသလို မန္တလေး သို့ အိတ် ၇ဝဝ နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်ကို စက်တင်ဘာလအတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၃ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရပါတယ်။ ဆီဈေးမှာလည်း တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွားတာကို တွေ့ရပါတယ်။ ဈေးကျပေမဲ့လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း
ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း ပြည်နှမ်းဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ပေမဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ နှမ်းနက်ထိပ်စ ၄၅ ပိဿာ တစ်အိတ်ကို ၁ဝ၅ဝဝဝ ကျပ်၊ အလတ်စ ၉ဝဝဝဝ ကျပ်နဲ့ အောက်စ ၇၅ဝဝဝ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။ အိတ်စပို့ ဝယ်လက်များမှ အဝယ်ရှိနေလို့ စက်တင်ဘာလ အတွက် ရန်ကုန်သို့ ၆၅ဝဝ အိတ်နဲ့ မန္တလေးသို့ ၁၂ဝဝ အိတ် တင်ပို့နိုင်ပါတယ်။ နှမ်းနီမှာလည်း အိတ်စပို့အဝယ်မရှိပေမဲ့ ဆီစက် သမားများမှ အဝယ်ရှိနေလို့ ၄၅ ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်နဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းများကို အောင်လံနဲ့ ပြည်မြို့ပတ်ဝန်းကျင်ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ပုံမှန်ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက် လာသလောက် အရောင်းအဝယ်ဖြစ်နေတာ တွေ့ရ ပါတယ်။ နှမ်းဆီ တစ်ပိဿာ ၂၈ဝဝ ကျပ်- ၂၉ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ်နေတာ တွေ့ရပါတယ်။ဝေဝေမင်း
