Background
ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့စားဆီဝယ်လိုအားမြင့်တက်မဲ့အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက် ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကကုန်စည် ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ကမ္ဘာ့အကြီးဆုံးပဲပုပ် သုံးစွဲတဲ့ တရုတ်နိုင်ငံက ပဲပုပ်ပိုမိုဝယ်ယူမယ့်ခန့်မှန်းချက်များအရ ပဲပုပ်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ချီကာကိုမှာနိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေးဟာဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဘှူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ၃၄၅ (တစ်တန်ကိုကန်ဒေါ်လာ ၃၈၃)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က ယခုနှစ် အမေရိကန်ပဲပုပ်အထွက် စံချိန်တင်မြင့်တက်မယ့် ခန့်မှန်းချက်ကြောင့် ပဲပုပ်ဈေး ဝဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ် ်လို့သိရပါတယ်။ ရုရှားက ကောက်ပဲသီးနံှတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ လ ၈ ရက်နေ့မှာ ပဲပုပ်တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝဒသမ၅၇ (တစ်တန်ကိုကန်ဒေါ်လာ၃၉၁) ဈေးထိရှိခဲ့လို့ ဇန်နဝါရီ၇ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာလမှာ ပဲပုပ်တန်ချိန် ၄ ဒသမ ၇၃ သန်းခန့်တင်သွင်းဖွယ်ရှိလို့ ၂ဝ၁ဝ ခုနှစ် ပထမ၈ လအတွက် ပျမ်းမျှတင်သွင်းမှုပမာဏထက် မြင့်တက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း မုန်ညှင်းစေ့၊ ပဲပုပ်ဆီနဲ့ ပဲပုပ်ဖတ်တင်သွင်းမှုကိုလည်း တန်ချိန်၁၁၅၄ဝဝ၊ ၂၇၃၆ဝဝ နဲ့ တန် ၆ဝဝဝအသီးသီးရှိမယ်လို့ ဆိုပါတယ်။အကောက်ခွန်ဌာန စာရင်းအရသြဂုတ်လအတွင်း ပဲပုပ်တန်ချိန် ၄ဒသမ ၇၇ သန်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊ှ Source: riceonline
နယ်စပ်အပို့ ပုံမှန် စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ပဲပုပ်စေ့၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း ပဲပုပ်စေ့ ၁ဝ၈ တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၃၅ ဒသမ ၅ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲပုပ်စေ့များဖြစ်ပြီးမိမိဘက်ပေါက်ဈေးမှာ ၅၂၃၈၄၅ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ဒေါ်လာ၅၉ဝ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)
ပြည်ဈေးကွက်တွင် မိုးမြေပဲလှိုင်ချိန် ဆီဈေးငြိမ် ပြည်ဈေးကွက်သို့ မိုးမြေပဲများ တိုင်းအတွင်းမြို့နယ်များနဲ့ မင်းတုန်း၊ကံမဘက်မှ တစ်နေ့ကို အိတ် ၂ဝဝဝ-၂၅ဝဝ ခန့်ဝင်ရောက် လာတာတွေ့ရပါတယ်။ ဈေးကွက်မှာ မိုးမြေပဲများလှိုင်ချိန်နဲ့ ဆီဈေးငြိမ်နေချိန်မှာ သီးနံှဈေးအနည်းငယ်ကျဆင်းလာ တာတွေ့ရပါတယ်။ ဆီစက်များမှလည်း ဝင်သလောက် အဝယ်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်က ၁၄၇၅ကျပ်ရှိသော်လည်း စက်တင်ဘာ တတိယပတ်တွင် ၁၃၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်မှာ ၁၆ဝဝကျပ်ထိဖြစ်နေသော်လည်း စက်တင်ဘာတတိယပတ်မှာ ၁၅၇၅ကျပ်အထိ ဈေးအနည်းငယ် ကျသွားပါတယ်။ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။မြေပဲဆီ တစ်ပိဿာကိုတော့ ၄ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း
နှမ်းသစ်ပေါ်လို့ နှမ်းနဲ့နှမ်းဆီဈေးကျ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးနှမ်းအသစ်များလှိုင်လှိုင်ပေါ်ထွက်ပြီးမုံရွာဈေးကွက်အတွင်း ဝင်ရောက် လာပြီဖြစ်လို့ နှမ်းဈေးအနည်းငယ်အေးလာတယ်လို့ သိရပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်၊ ကလေး၊ တမူးမြို့နယ်များမှ နှမ်းသစ်များမုံရွာမြို့သို့ နေ့စဉ်ပျမ်းမျှတင်း ၅ဝဝ ခန့်ဝင်ရောက်လာ ပါတယ်။ ၂ဝဝ၉ ခုနှစ်သြဂုတ်လမှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ နှမ်းညို ၁၃၃၃ ကျပ်-၁၅၆၇ကျပ်၊ နှမ်းနီ ၁၄၆၇ ကျပ် -၁၅၁၃ ကျပ်၊ နှမ်းဝါ ၁၄ဝဝ ကျပ်-၁၅၆၇ ကျပ်၊ နှမ်းဖြူ၁၆၃၃ ကျပ်-၁၈၆၇ ကျပ်၊ ယခု ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အတွင်းနှမ်းညို ၁၂၃၃ ကျပ်-၁၃၃၃ ကျပ်၊ နှမ်းနီ ၁၄၁၃ ကျပ်-၁၄၃၃ ကျပ်၊ နှမ်းဝါ ၁၃၆၇ ကျပ် -၁၄ဝဝ ကျပ်၊ နှမ်းဖြူ ၁၆ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးအသီးသီးနဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။ ယခုလမှာ ဈေးအနည်းငယ် ကျသွားသော်လည်း အရောင်းအဝယ်သွက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း၁၈ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုလ စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ် အတွင်းမုံရွာမှ မန္တလေးသို့ တင်း ၁၈ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။နှမ်းဆီ ဈေးနှုန်း အနေနဲ့ မုံရွာမြို့မှာ သြဂုတ်လက တစ်ပိဿာ လက်ကားဈေးနှုန်း၂၆၅ဝ ကျပ်-၂၇ဝဝ ကျပ်မှ ယခုစက်တင်ဘာလမှာ ၂၄ဝဝ ကျပ်-၂၆ဝဝ ကျပ်သို့ကျသွားကြောင်း သိရပါတယ်။သန်းသန်းတင်
နှမ်းတင်ပို့မှု တိုးတက်လာ ယခုတစ်ပတ် (စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်) အတွင်း ပင်လယ်ရေကြောင်းကနေ နှမ်းစံချိန်တင် တိုးတက်တင်ပို့ လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်များက အများဆုံးတန် ၅ဝဝ-၆ဝဝ ထိရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တန်ချိန် ၁ဝဝဝ တင်ပို့လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့မလေးရှားဖြစ်ပြီး ပမာဏ များတာကတော့ ဂျပန်နိုင်ငံကို ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ၁၃ဝဝ-၁၃၅ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ နဲ့ သိပ္ပွံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ အသီးသီးဖြစ်ကြောင်းသိရပါတယ်။MIRT - MAPT
လက်လီထက် လက်ကား ဝယ်ယူသူများတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်ရဲ့ စက်တင်ဘာ ဒုတိ ယပတ် ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို လက်ကား ၁၆ဝဝဝ ကျပ်၊လက်လီ ၁၆၅ဝဝကျပ်နဲ့ယခင် တစ် ပတ် ဈေးအတိုင်း အပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ လက်လီထက် လက်ကား ဝယ်ယူသူများပြီး တစ်ရက်ကို အိတ် ၁ဝဝ ကျော်အရောင်းအဝယ် ဖြစ် ကြောင်းသိရှိရပါတယ်။ အရောင်းအ ဝယ် ဖြစ်သော်လည်း ရေသွင်းစိုက်ပိုျး တဲ့ မိုးပဲပုပ်အသစ်များ ဈေးကွက်တွင်း ဝင်ရောက်မှုရှိလာတဲ့အတွက် ဈေးငြိမ် နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မိုးမြေပဲဆီဆံဈေးခပ်အေးအေး မန်းဈေးကွက်အတွင်းသို့ မြေပဲဆီဆံအသစ်များ တဖြည်းဖြည်းနဲ့ လှိုင်လှိုင်ဝင်ရောက်လာပါတယ်။ အသစ်ဝင်ရောက်မှုရှိလာပေမဲ့ လည်း မြေပဲဆီဆံ ဈေးကွက်ဟာ ဆီစက်လုပ်ငန်းရှင်များမှ လိုဝယ်အဆင့်သာ ရှိနေတဲ့အတွက် ဈေး တဖြည်းဖြည်းအေးလာခဲ့ပါတယ်။ အသစ်ဝင်လာတဲ့ မကွေးဆီဆံက တစ်ပိဿာ ၁၃ဝဝ ကျပ်-၁၄၅ဝ ကျပ်၊ ကျောက်ပန်းတောင်း S1ဆီဆံက ၁၄၃၅ ကျပ်၊ ပြည်ဆီ ဆံက ၁၄ဝဝ ကျပ်၊ ကောလင်း၊ ဝန်းသို၊ ဇီးကုန်းဒေသထွက်ရှိတဲ့ သံလမ်းဆီဆံ (အဟောင်း)က ၁၅ဝဝ ကျပ်၊ ထီးခိုျင့်၊ ကသာ၊ ဗန်းမော်ဒေသ ကထွက်တဲ့ အညာ ဆီဆံက ၁၇၅ဝ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်း ပစ္စည်းအသစ်ရော၊ အဟောင်းပါရှိနေသော်လည်း ဆီစက်လုပ်ငန်းရှင်များ ဝယ်လို အားနည်းနေတဲ့အတွက် တဖြည်းဖြည်း ဈေးအေး လာနိုင်တယ်လို့ ရောင်းဝယ် ကြတဲ့ ကုန်သည် တခိုျ့မှ ပြောကြားပါတယ်။ ပဲဆီဈေးကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်-၃၄ဝဝ ကျပ်၊ ပဲဖတ်က ၇၅ဝ ကျပ်-၈၈ဝ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
ပဲပုပ်စေ့ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဆင့် ပဲပုပ်စေ့ ၁ဝ၈တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၈ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါ တယ်။နယ်စပ်စခန်းမှ ဇွန်လက နောက် ဆုံး ၃၆ တန် တင်ပို့ခဲ့ပြီး ရပ်တန့် နေ ရာမှ ယခုပြန်လည် တင်ပို့နိုင်ခြင်း ဖြစ် ပါတယ်။ ဧပြီလမှသြဂုတ်လကုန်ထိ နယ်စပ်စခန်းများမှ ပဲပုပ်စေ့၃၆ တန် သာ တင်ပို့ထားတာ ဖြစ်ပါတယ်။ MIRT (DOBT)
မိုးနှမ်းသစ်လှိုင်လှိုင်ပေါ်လို့ နှမ်းဈေးအနည်းငယ်အေး ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ နှမ်း ဈေးမှာ အရင်အပတ်ထက် ဈေးကျ သွားတာတွေ့ရပါတယ်။ သြဂုတ်လ နောက်ဆုံး ပတ်တွင် မိုးနှမ်းနီအသစ် ၄၅ပိဿာတစ်အိတ်လျှင် ၈၆ဝဝဝ ကျပ်ဖြစ်နေသော်လည်း၊ စက်တင်ဘာလဆန်းမှစ၍ ခုချိန်ထိ ၈ဝဝဝဝ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ မိုးနှမ်းနီအသစ် ၄၅ ပိဿာတစ်အိတ်လျှင် ၆၅၅ဝဝ ကျပ်ဖြင့် သြဂုတ်လ နောက်ဆုံးပတ်ထိဖြစ်နေသော်လည်း စက်တင်ဘာ လဆန်းမှ ခုချိန်ထိ ၆၅ဝဝဝ ကျပ်ဖြင့် ၅ဝဝ ကျပ်ဈေးကျလာတာတွေ့ရပါတယ်။ မိုးနှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိနေသဖြင့် ဈေးသိပ်မကျဘဲ ဈေးတန်းနေခြင်းဖြစ်ပါတယ်။ ပြည်ဈေး ကွက်သို့ မင်းတုန်း၊ ကံမ၊ မြန်အောင်၊ ကြံခင်းနဲ့ ဥသျှစ်ပင်၊ ပေါက်ခေါင်း၊ နတ်တလင်း မြို့နယ်ဘက်မှ မိုးနှမ်းနီအသစ်များ တစ်နေ့လျှင်အိတ် ၁ဝဝဝ-၁၅ဝဝ ခန့် ဝင်ရောက် လာတာတွေ့ရပါတယ်။ ဝင်ရောက်လာသလောက် အရောင်းအဝယ် ဖြစ်တာတွေ့ရ ပါတယ်။ နှမ်းဆီတစ်ပိဿာလျှင် ၂၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း
