Background
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့ စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲတစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့် တစ်တင်း ၁၅၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ရောင်းဝယ်လျက်ရှိသည့် ပဲတီစိမ်း ဈေးကွက်ကိုလေ့လာစောင့်ကြည့်ပြီးမှ ရောင်းဝယ်သင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားလျက်ရှိနေပါတယ်။ ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကတည်းက ခရမ်း-သုံးခွ နယ်အတွင်း ပဲတီစိမ်းဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၃၂၀၀၀နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။အဲဒီကာလမတိုင်ခင်ကတစ်တင်းလျင် ကျပ် ၄၂၀၀၀ ရှိခဲ့ပေမယ့် ပဲတီစိမ်း တောင်သူတွေအနေနဲ့ ဈေးမြင့်တက်မယ်အထင်နဲ့ စောင့်ဆိုင်းနေခဲ့ပါ တယ်။ဒါပေမယ့်လည်း သြင်္ကန်ကာလနီးလာလေ ပဲတီစိမ်း ဈေး နိမ့်ကျလေလေ ဖြစ်လာတာကြောင့် တောင်သူတွေဟာ ပေါက်ဈေးနဲ့ ရောင်းချနေ
နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport ဝယ်လက်၊ လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေ သက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။Export အတွက် ရန်ကုန်ဝယ် လက်တွေ ပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာ ခဲ့ရာ ယခုတစ်ပတ်မှာ ငုံနီတစ်တင်း ၄၉၇၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀၀ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ် အထိ ပေါက်ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀၀ ခန့်၊ မတ်ပဲအိတ် ၃၀၀ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ငုံနီအနေနဲ့ ဒေသခံကုန်သည် လှောင်လက
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စမှ ၂၀၁၆ ခုနှစ် မတ်၂၅ ရက်အထိ ၁၁လကျော်ကာလမှာပြည်ပသို့ကန်ဒေါ်လာ သန်း ၁၂၀ ကျော်တန်ဖိုးရှိသစ်သီးဝလံ အမျိုးမျိုး ၇၂၆၅၂၇ တန် ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါကတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆၉ သန်း၊ တန်ချိန်အားဖြင့်၂၁၂၉၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်းသစ်သီးဝလံ တင်ပို့နိုင်ခဲ့မှုအခြေအနေကို ဖော်ပြပေးလိုက်ရပါတယ်-
အိန္ဒိယနိုင်ငံက ခေါ်ထားတဲ့ပြောင်းတန်ချိန် ၂၄၀၀၀၀ တင်သွင်းရန် တင်ဒါအားပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက်က ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဌာနနဲ့အစိုးရဌာနများ မှအရာရှိ များက ယခု နွေရာသီပြောင်းစပါးဟာ အထွက်ကောင်းပြီး ပမာဏများပြားနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် ပြည်ပမှပြောင်းတင်သွင်းရန်ခေါ်ထားတဲ့တင်ဒါကို ပြန်လည်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အိန္ဒိယဟာGMO (Gene-tically modified food)များစိုက်ပျိုးခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပြည်ပမှ တင်သွင်းမှုကိုလည်းခွင့်ပြုထားခြင်းမရှိဘူးလို့သိရပါတယ်။တင်ဒါခေါ်ယူခြင်းအား မပယ်ဖျက်မီအိန္ဒိယသည်ယူကရိန်းမှပြောင်းတန် ၂၅၀၀၀၀ က
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် လိုင်းအဝယ်အေးတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အေး နေကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတစ်ပိဿာကို ၂၁၈၅ ကျပ်(တစ်တန်ကို ၁၃၃၈၀၇၂ ကျပ်) ဈေးဖြင့် ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကအရောင်းနည်းနေကြောင်းသိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကတစ်ပိဿာ ကို ၃၆၆၇ ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
မတ် ၁၃ ရက်မှ ၁၉ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေအဝင်မှာ ၉၂၄၆၆ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၃၆၇၁၅ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၅၇၅၀ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်၂၄၃၈၀ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာတန်ချိန် ၂၂၉၆၆ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ၁၄၁၅ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းရောနယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာဘိလပ်မြေကပွင့်လင်းရာသီဖြစ်တာကြောင့်အရောင်းအဝယ်ကောင်းပေမယ့် ဈေး ငြိမ်နေဆဲပဲလို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန်နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့ စိုက်ခင်း များတွင် ကြက်သွန်နီ အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင် ဈေးနှုန်းကျ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃ တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့ သိရပါတယ်။






